Bright Language and Education Centre

Bright Language and Education Centre

Share

Our mission is to teach our children in a happy and relaxing learning atmosphere. We also provide weekend classes for the pupils from 5 to 15 years old.

Bright offers regular classes for nursery kids ( age starts from 2.5 years old from 4 on weekdays). Our classes are prepared for young learners exam ( Starters, Movers and Flyers). Now we are planning to provide English Proficiency Classes and IELTS preparation classes soon. Thank you for your interest at our page.

08/05/2026

ကိုယ်က ကျောင်းသားဖြစ်တယ်၊ စာလေ့လာနေတဲ့သူဖြစ်တယ်ဆိုရင် မဖြစ်မနေ သုံးတတ်ရမယ့် Digital Tools (၇) ခုကို ပြောပြမယ်နော်။

ဒီနေ့ခေတ်မှာ စာကောင်းကောင်းလုပ်မယ်၊ project တွေ အဆင်ပြေချောမွေ့အောင်လုပ်မယ်ဆိုရင် ဒီ digital tools တွေကို သုံးတတ်ဖို့က မဖြစ်မနေလိုအပ်နေပါပြီ။

၁။ Google Workspace (Docs, Sheets, Slides, Drive)
ဒါကတော့ ဘုရင်ကြီးပဲဟေ့။ Group assignment တွေ၊ စာတမ်းရေးတာ၊ ဇယားတွေလုပ်တာ၊ presentation slide တွေဖို့ဆိုရင် အကောင်းဆုံးပဲ။ အဓိကက သင်က save လိုက်တာနဲ့ cloudမှာ အလိုလိုသိမ်းသွားတာမို့ laptop ပျက်သွားရင် "အီး စာတွေမှတ်ထားတာ ပျက်ကုန်ပြီ" ဆိုတဲ့ ဝမ်းနည်းသံကြီးတွေ မကြားရတော့ဘူး။ အားလုံးက တစ်နေရာထဲမှာ collaborate လုပ်လို့ရတယ်၊ real-time ပြင်လို့ရတယ်။ မသုံးရင် နောက်ကျကုန်မယ်နော်။

၂။ Notion
ဒီ tool လေးကိုတော့ ဦးနှောက်ပြင်ပမှတ်ဉာဏ် (Second Brain) လို့ပြောရမလိုပဲ။ assignment dues တွေ၊ to-do lists တွေ၊ class notes တွေ၊ project ideas တွေ အကုန်လုံးကို organize လုပ်ဖို့အတွက် အကောင်းဆုံး tool ပါပဲ။ Template တွေလည်း အများကြီးရှိတော့ သင့်တော်မယ့် format ကို အလွယ်တကူရွေးသုံးလို့ရတယ်။

၃။ Quizlet
စာကျက်ရတာ ပျင်းလာပြီဆိုရင် Quizlet ကို သုံးကြည့်ပေါ့။ flashcard တွေလုပ်ပြီး ကိုယ့်ဘာသာ ဖြေကြည့်တာ၊ ဂိမ်းတွေနဲ့ လေ့လာတာမျိုးလုပ်လို့ရတယ်။ တစ်ယောက်တည်း မဟုတ်ဘူး၊ သူငယ်ချင်းတွေနဲ့ပါ share လုပ်ပြီး အတူတူကျက်လို့ရတယ်။ စာမေးပွဲကြိုတင်ပြင်ဆင်တဲ့အခါ အင်မတန်မှ အသုံးဝင်မယ့် tool ပါ။

၄။ Canva
PowerPoint နဲ့ presentation slide တွေ ပြန်လုပ်နေရသေးလား? ခေတ်ကုန်သွားပြီနော်။ Canva မှာ template လှလှလေးတွေ အစုံပါပဲ။ Presentation, infographic, poster, video စတာတွေကို drag & drop နဲ့အလွယ်တကူဖန်တီးလို့ရတယ်။ ပရိတ်သတ်ရှေ့မှာ ကိုယ့်ရဲ့ slide ကို ကြည့်ပြီး "အင်း ဒီကောင်လုပ်တာ လှပါလား" ဆိုအောင် ဖန်တီးနိုင်မယ်။

၅။ Khan Academy
တစ်ခုခုနားမလည်လို့ ဆရာကို ထပ်မေးဖို့အချိန်မရှိဘူးဆိုရင် ဒါမှမဟုတ် ကိုယ်တိုင်လေ့လာချင်ရင် Khan Academy ကို သုံးပေါ့။ သင်ခန်းစာတွေကို video လေးတွေနဲ့ ရှင်းပြထားတာမို့ နားလည်ရလွယ်ကူတယ်။ သချာၤ၊ science၊ economics စတဲ့ ဘာသာရပ်ပေါင်းစုံရှိပါတယ်။ အခမဲ့ဆိုတော့ မသုံးဘူးဆိုတာ မဖြစ်သင့်ဘူးနော်။

၆။ Grammarly
Grammarly က အင်္ဂလိပ်စာရေးတဲ့အခါ သဒ္ဒါအမှားတွေ၊ စာလုံးပေါင်းသတ်ပုံအမှားတွေကို အလိုအလျောက်စစ်ဆေးပေးတဲ့ Tool တစ်ခုပါ။ Essay တွေ၊ Report တွေ ရေးတဲ့အခါ အမှားအယွင်းကင်းကင်းနဲ့ ပိုမိုကောင်းမွန်တဲ့ စာသားတွေကို ရေးသားနိုင်ဖို့ အထောက်အကူပြုပါတယ်။

၇။ Zoom / Google Meet
အွန်လိုင်းကနေ သင်ယူမှုတွေ၊ အဖွဲ့လိုက် ဆွေးနွေးမှုတွေ ပိုများလာတဲ့အတွက် Zoom နဲ့ Google Meet တို့ဟာ မရှိမဖြစ်လိုအပ်တဲ့ Communication Tools တွေ ဖြစ်လာပါတယ်။ အွန်လိုင်း Meeting တွေ၊ Class တွေ တက်ရောက်တဲ့အခါ အသံနဲ့ ရုပ်ပုံကြည်လင်ပြတ်သားစွာနဲ့ ချိတ်ဆက်နိုင်ဖို့အတွက် ဒီ Tools တွေကို ကောင်းကောင်းသုံးတတ်ဖို့ လိုအပ်ပါတယ်။

ကဲ ဒီ (၇) ခုကို မဖြစ်မနေကိုင် တတ်ထားပါ။ စာလုပ်ရတာ အဆင်ပြေချောမွေ့သွားပြီး ကျောင်းသားဘဝကို ပိုပြီးအကျိုးရှိအောင်၊ ပိုပြီးစနစ်ကျအောင် ကူညီပေးနိုင်မှာပါ။
အခုပဲစပြီး လေ့လာကြည့်လိုက်ပါနော်။

အဲ့ဒီ Tool တွေကို သုံးတတ်ဖို့အပြင် အခုခေတ် Workplace တွေမှာ Google Drive, Docs, Sheets နဲ့ Slides တွေကို ကျွမ်းကျွမ်းကျင်ကျင်သုံးပြီး Team နဲ့ Real-time ပူးပေါင်းလုပ်ဆောင်တတ်မှ "Digital Skill ရှိတယ်" လို့ ခေါ်ကြတာပါ။

ဒါတင်မကသေးဘူး... Information ရှာတဲ့အခါမှာရော Google မှာ စာမျက်နှာတွေအများကြီး လိုက်ဖတ်ပြီး အချိန်ကုန်နေတုန်းလား? Perplexity AI လို Tool မျိုးသုံးပြီး စက္ကန့်ပိုင်းအတွင်း တိကျတဲ့အဖြေကို ရှာတတ်ပြီလား?

ဒီ Skill (၂) ခုစလုံးကို တစ်နေရာတည်းမှာ ရရှိမယ့်...
🚀 Smart Search & Digital Skills for the Workplace Training ရှိနေပါတယ်။

ဒီ 4-hour Training မှာ ဒါတွေကို သေချာပေါက် ရသွားမယ်။
-Media Literacy and Disinformation
-Search Engines (Perplexity & Google Advanced Search)
-Source Credibility Checklist
-Google drive/ Google sheet/ Google Docs/ Google Slides

ရုံးမဝင်ခင်၊ အလုပ်မဝင်ခင် ဒါတွေ ကြိုပြင်ဆင်ထားမှ လူရာဝင်မှာနော်။

ပြီးတော့ သေချာလိုက်တတ်ပြီး စာလိုက်လုပ်ရင်
-Certificate
-Achievement Record တွေကိုပါ ပေးအပ်သွားဖို့ ဒီ Training မှာ စီစဉ်ထားပါတယ်။

📅 Date: May 13 & 15 (6 - 8 PM)
💰 Fees: 20,000 MMK

Registration Link
https://m.me/myeo.hub?ref=workplace_digital_skills
Keyword - workplace digital skills
(တကယ်လို့ Link ကနှိပ်လို့ စာမကျလာရင် MYEO Messenger မှာအပေါ်က Keyword ကို စာရိုက်ပို့လိုက်နော်)
Digital ခေတ်ရဲ့ မျက်ကန်းတစ်ယောက် မဖြစ်ရလေအောင် အခုပဲ စာရင်းပေးသွင်းလိုက်ပါ။ နေရာအကန့်အသတ်ရှိလို့ မြန်မြန်လေးနော်။

ဒါကြောင့် ဒီ Training လေးမှာ ပါဝင်ပြီးသင်ယူချင်တယ်ဆိုရင်တော့ Comment မှာ Yes လို့ပဲ မန့်ခဲ့ပေးပါ။



03/05/2026

ကျွန်တော် online မှာ English သင်လာတာ ၂၀၂၀ ကတည်းပါ။ အဲ့ဒီအချိန်ကနေ အခုထိ အခုဖော်ပြထားတဲ့ websites တွေကို မဝင်တဲ့နေ့ တရက်မှကို မရှိပါဘူး။ ကျွန်တော့်ရဲ့ ကျောင်းသူ၊ ကျောင်းသူ၊ သင်တန်းသူ၊ သင်တန်းသားများကို ဖြည့်စွက်သင်ခန်းစာများအဖြစ် ယခုဖော်ပြထားတဲ့ websites တွေထဲက လေ့ကျင့်ခန်းများ၊ Four-skill lessons များကို အသုံးပြုတာဖြစ်ပါတယ်။ ကျွန်တော့်ဆီမှာ သင်တန်းတက်ဖူးတဲ့သူတွေဆိုရင် အခုဖော်ပြထားတဲ့ websites တွေက ရင်းနှီးပြီးသား ဖြစ်နေမှာပါ။ post ကို Share လုပ်ရုံပဲ မလုပ်ပါနဲ့၊ တကယ်အသုံးချပါ။ လေ့ကျင့်ကြည့်ပါ။ Share လုပ်ပေးရင် ကျွန်တော့်အတွက်သာ အကျိုးကျေးဇူးရမှာပါ။ Post လေးကို share ပေးပြီး ကိုယ်တိုင်လည်း မဖြစ်မနေ လေ့ကျင့်အသုံးချကြည့်ပါလို့ တိုက်တွန်းပါရစေခင်ဗျာ။ (link တွေကို comment box မှာ စုပေးထားပါတယ်ခင်ဗျာ)

အစဉ်လေ့လာသဖြင့် တိုးတက်ကြပါစေ။

မေတ္တာဖြင့်

ဆရာထက်ဇော်ထူး

Test English
Four Skills အားလုံးအတွက် လေ့ကျင့်လို့ ရပါတယ်။ သူ့မှာအကြိုက်ဆုံးကတော့ Grammar and Use of English အပိုင်းဖြစ်ပါတယ်။ လေ့ကျင့်ခန်းတွေကို ကိုယ်တိုင်လုပ်ပြီး ရှင်းလင်းချက်တွေပါ ဖတ်နိုင်ပါတယ်။ တော်တော်ကို စေတနာပါပါနဲ့ လုပ်ပေးထားတဲ့ website ပါ။ Writing အတွက်လည်း step by step ခေါင်းစဉ်တခုချင်းစီအတွက် လုပ်ပေးထားပါတယ်။ KET, PET, FCE, IELTS Mock test တွေလည်း ဖြေကြည့်လို့ပါတယ်။ (link တွေကို comment box မှာ စုပေးထားပါတယ်ခင်ဗျာ)

Perfect English
Perfect English ကတော့ Grammar လေ့ကျင့်ခန်းတွေ၊ ရှင်းလင်းချက်တွေကို တစုတစည်းတည်း လေ့လာနိုင်တဲ့နေရာ ဖြစ်ပါတယ်။ ရှင်းလင်းချက်တွေ ဖတ်ပြီးတာနဲ့ လေ့ကျင့်ခန်းလုပ်လို့ရပါတယ်။ ဆရာ မလိုဘဲ self-study လုပ်နိုင်တဲ့အထိ စီစဉ်ပေးထားတာဖြစ်ပါတယ်။ ads အချို့ တက်လာတက်ပါတယ်။ cross လေး နှိပ်ပြီး ဆက်လုပ်ပါ။ English Grammar ကို From A to Z ကကြီးကနေ အ အထိ လေ့ကျင့်နိုင်တဲ့ နေရာပါ။

English Practice Test
ဒီ website ကတော့ KET, PET, FCE စတဲ့ အတန်းတွေအတွက် လေ့ကျင့်ပေးလို့ ကောင်းတဲ့ website ပါ။ ကျွန်တော်ကတော့ listening လေ့ကျင့်ပေးဖို့ အဓိက အသုံးပြုပါတယ်။

British Council Learn English Teens
British Council Learn English ရဲ့ websites တွေကို ကျွန်တော်ဘယ်လောက်ညွှန်းလဲဆိုတာကို ကျွန်တော့် page မှာ စာဖတ်နေတဲ့သူဆို သတိထားမိမှာပါ။ Grammar, Four Skills, Vocabulary အားလုံးအတွက် အသုံးဝင်တဲ့အပြင် English Culture ကိုပါ လေ့လာနိုင်ပါတယ်။ Teens အတွက် ရည်ရွယ်ထားတဲ့ ဒီ website ကတော့ အကြောင်းအရာတွေကို teens နဲ့ဆိုင်တဲ့ ပေါ့ပေါးပါးပါးအကြောင်းအရာလေးတွေကို ဦးစားပေးထားတာ ဖြစ်ပါတယ်။

British Council Learn English
British Council Learn English teens လိုပဲ Grammar, Four Skills, Vocabulary အစုံ လေ့ကျင့်နိုင်တဲ့နေရာ ဖြစ်ပါတယ်။ Teens နဲ့ကွာတာကတော့ ဒီမှာက အကြောင်းအရာပိုင်းတွေက ပိုလေးနက်ပြီး Writing ပိုင်းမှာဆိုရင်လည်း အလုပ်အတွက် အရေးပါတဲ့ writing အမျိုးအစားတွေကို လေ့ကျင့်နိုင်မှာ ဖြစ်ပါတယ်။

British Council Learn English Kids
Teens, Adults တွေအတွက် ရှိသလိုပဲ kids တွေအတွက်လည်း British council learn English ရှိပါတယ်။ ကလေးတွေအတွက် ရည်ရွယ်တာမို့ ဂိမ်းတွေ၊ ကဗျာတွေ၊ သီချင်းတွေကနေ language ကို လေ့လာနိုင်အောင် လုပ်ပေးထားပါတယ်။ တကယ်ကောင်းတဲ့ website ဖြစ်ပါတယ်။

English Grammar Today on Cambridge Dictionary

English Grammar ရှင်းလင်းချက်တွေကို စနစ်တကျ၊ မှန်မှန်ကန်ကန်ဖတ်ဖို့ နေရာကောင်းတခုပါ။ လေ့ကျင့်ခန်းတွေတော့ မပါဝင်ပါ။ ဒီမှာ ရှင်းလင်းချက်ဖတ်ပြီး အပေါ်က ပြောခဲ့တဲ့ website တွေမှာ သွားရောက်လေ့ကျင့်တာမျိုး တွဲဖက်အသုံးပြုလို့ ရပါတယ်။ ရှင်းလင်းချက်တွေကတော့ နားလည်လွယ်ပြီး ထိရောက်ပါတယ်။

အခုဖော်ပြခဲ့တဲ့ website တွေဟာ ကျွန်တော် မသုံးဖူးဘဲနဲ့ ညွှန်းထားတဲ့ websites တွေ မဟုတ်ကြပါဘူး။ ကျွန်တော့်ရဲ့သင်တန်းတွေမှာ အကြိမ်များစွာ အသုံးပြုခဲ့ပြီးဖြစ်လို့ သူတို့ရဲ့ ကောင်းတဲ့အချက်တွေကို ကိုယ်တိုင် တွေ့ရှိပြီးမှ ညွှန်းဆိုတာ ဖြစ်လို့ စိတ်ချလက်ချ အသုံးပြုလို့ ရပါတယ်။ အချိန်ပေးပြီး နေ့စဉ် လေ့ကျင့်ပါ။ တိုးတက်မှုတွေ ရှိလာမယ်ဆိုတာ သေချာပါတယ်။ ဆရာ၊ ဆရာမတွေလည်း အသုံးချနိုင်ရင် အကျိုးကျေးဇူးများတဲ့ website များ ဖြစ်ပါတယ်။

One to one သင်တန်းများနှင့် Special Group Class များအတွက် စုံစမ်းလိုပါက chat box မှတဆင့် ဖြစ်စေ၊ သို့ တယ်လီဂရမ်မှဖြစ်စေ ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

30/04/2026

🤖 ChatGPT ကို သုံးတိုင်း ထွက်လာတဲ့စာတွေက စက်ရုပ်ဆန်နေလား?
ဒီ Formula (၅) ခုနဲ့ စမ်းကြည့်ပါ။

ChatGPT က အရမ်းတော်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က "စာစီကုံး တစ်ပုဒ်ရေးပေး" ဆိုပြီး ခပ်လွယ်လွယ် ခိုင်းလိုက်တဲ့အခါ သူကလည်း အလွယ်ဆုံးနဲ့ General ဆန်တဲ့စာတွေကိုပဲ ပြန်ထုတ်ပေးပါလိမ့်မယ်။

AI ကို ကိုယ်လိုချင်တဲ့ အဖြေအတိအကျ ရအောင်၊ လူတစ်ယောက် ရေးထားသလို သဘာဝကျအောင် ခိုင်းချင်ရင် အောက်က Prompt Formula (၅) မျိုး ထဲက တစ်ခုခုကို အခုပဲ ယူသုံးကြည့်လိုက်ပါ။

၁။ ACT Formula (ဇာတ်ကောင်ပေးခြင်း)

A - Act as: "မင်းက အတွေ့အကြုံ (၅) နှစ်ရှိတဲ့ Digital Marketer တစ်ယောက်အနေနဲ့..."
C - Create: "Skincare Product အသစ်အတွက် Facebook Post တစ်ခု ရေးပေးပါ။"
T - Tone: "ဖတ်တဲ့သူကို သူငယ်ချင်းတစ်ယောက်လို အကြံပေးတဲ့ လေသံမျိုး သုံးပါ။"

၂။ RTF Formula (ပုံစံသတ်မှတ်ခြင်း)

R - Role: "HR Manager တစ်ယောက်အနေနဲ့ စဉ်းစားပါ။"
T - Task: "Interview မေးခွန်း (၁၀) ခု ထုတ်ပေးပါ။"
F - Format: "အဲ့ဒီမေးခွန်းတွေကို ဇယား (Table) ပုံစံနဲ့ ပြပေးပါ။" (ဒီလိုခိုင်းရင် စာတွေချည်းပဲ မဟုတ်ဘဲ သေသပ်တဲ့ ဇယားထွက်လာပါမယ်)။

၃။ The "Few-Shot" Method (ဥပမာပြခြင်း)
AI ကို ကိုယ့်ရဲ့ အရေးအသား ပုံစံအတိုင်း ရေးစေချင်ရင် အရင်ဆုံး ကိုယ်ရေးထားတဲ့ စာ (၂) ပုဒ်လောက်ကို Copy ကူးထည့်ပေးလိုက်ပါ။ ပြီးမှ "အပေါ်က ငါရေးထားတဲ့ စာတွေရဲ့ Tone of Voice ကို အတုယူပြီး ဒီအကြောင်းအရာ အသစ်ကို ရေးပေးပါ" လို့ ခိုင်းကြည့်ပါ။

၄။ Chain of Thought (အဆင့်လိုက် တွေးခိုင်းခြင်း)
Content Plan တွေ၊ Project အကြီးတွေ ဆွဲခိုင်းတဲ့အခါ "ဒီ Campaign အတွက် အဆင့်လိုက် (Step-by-step) စဉ်းစားပေးပါ" လို့ ထည့်ရေးပါ။ AI က ချက်ချင်း အဖြေမပေးဘဲ၊ သူ့ရဲ့ တွေးခေါ်ပုံ အဆင့်ဆင့်ကိုပါ ချရေးပေးတဲ့အတွက် ပိုပြီး Logic ကျတဲ့ ရလဒ်ကို ရပါမယ်။

၅။ PAS Framework (Sales Copy ရေးခိုင်းခြင်း)
အရောင်းစာတွေ ရေးခိုင်းချင်ရင် ဒီအတိုင်း ခိုင်းကြည့်ပါ: "ဒီ Product အတွက် Copywriting ရေးပေးပါ။ ရေးတဲ့အခါ ဖောက်သည်ရဲ့ ပြဿနာ (Problem) ကို အရင်ပြောပါ၊ ပြီးရင် အဲ့ဒီပြဿနာရဲ့ ဆိုးကျိုး (Agitate) ကို ထောက်ပြပါ၊ နောက်ဆုံးမှ ငါတို့ Product က အဖြေ (Solution) ဆိုတာကို ချိတ်ဆက်ရေးပေးပါ။"

ဒီ Formula လေးတွေကို သိသွားရင် မနက်ဖြန်ကစပြီး သင့်ရဲ့ AI သုံးတဲ့ Skill က တခြားသူတွေထက် အများကြီး ရှေ့ရောက်သွားပါပြီ။

💬 ဒီ (၅) ခုထဲမှာ ဘယ် Formula ကို အရင်ဆုံး စမ်းသုံးကြည့်ချင်လဲ? ဒါမှမဟုတ် အခုလက်ရှိ ChatGPT ကို ခိုင်းတဲ့အခါ ဘယ်လိုအခက်အခဲတွေ အဖြစ်များဆုံးလဲ? Comment မှာ ဆွေးနွေးခဲ့ကြရအောင်။ 👇

-----------------------------

အခု ပြောပြခဲ့တာတွေက AI ရဲ့ လုပ်နိုင်စွမ်းတွေထဲက သေးငယ်တဲ့ အစိတ်အပိုင်းလေး တစ်ခုပါပဲ။

Prompt Engineering အကြောင်းကို ဒီထက်ပိုပြီး နက်နက်နဲနဲ လေ့လာချင်တယ်၊ Text သာမက Canva AI နဲ့ ပုံဖန်တီးတာ၊ စာသားကနေ Video အဖြစ် ပြောင်းလဲတာ တွေကိုပါ ကိုယ်တိုင် ကျွမ်းကျင်စွာ အသုံးချချင်တယ်ဆိုရင်တော့...

March 10 ရက်နေ့မှာ စတင်မယ့် AI for Daily Life Training ကို လာရောက် Join ဖို့ ဖိတ်ခေါ်ပါတယ်။

AI ကိုသုံးပြီး Text, Photo နဲ့ Video (၃)မျိုးလုံး ထုတ်တတ်အောင် သေချာသင်ပေးသွားဖို့ ရှိပါတယ်။

Freelance လုပ်ချင်တယ်... ဘာကနေ စရမလဲ မသိဘူး ဖြစ်နေလား? အဖြေက "AI Tool Mastery" ပါပဲ။ ဒီခေတ်မှာ AI သုံးတတ်သူက ခြေလှမ်း (၁၀၀) သာပါတယ်။

ဒီ Training (၆) နာရီ ပြီးသွားရင် သင် ဘာတွေလုပ်နိုင်သွားမလဲ?
1️⃣ Freelance Content Creator: AI Video Tools တွေသုံးပြီး Video ဖန်တီးသူအဖြစ် ရပ်တည်နိုင်မယ်။
2️⃣ SMB Designer: Canva AI ကျွမ်းကျင်သွားရင် အသေးစားလုပ်ငန်းတွေအတွက် ဒီဇိုင်းဆွဲပေးနိုင်မယ်။
3️⃣ Content Writer: ChatGPT ကိုသုံးပြီး ဘယ်လို Topic မဆို စာရေးသားနိုင်မယ်။

AI ကို အလွယ်တကူ ကူးချဖို့ (Copy-paste) သက်သက်မဟုတ်ဘဲ၊ ကိုယ့်ရဲ့ Idea တွေကို ပုံဖော်ပေးမယ့် "လက်ထောက်" တစ်ယောက်လို စနစ်တကျနဲ့ Ethic ရှိရှိ ဘယ်လိုခိုင်းမလဲဆိုတာကိုလည်း လက်တွေ့ သင်ပေးသွားမှာပါ။

စာရေးတာ (Text Generation) တစ်ခုတည်းမဟုတ်ဘဲ၊ Idea ကနေ Canva AI နဲ့ ပုံဖန်တီးတာ (Image)၊ Text-to-Video ဖန်တီးတာ (Video) တွေကိုပါ အစအဆုံး ကိုယ်တိုင်လုပ်နိုင်တဲ့အထိ သင်ပေးမယ့် အတန်းဖြစ်ပါတယ်။

⏰ အချိန် (၃) ရက်အတွင်း ရုံးသုံး၊ ကျောင်းသုံးသာမက ပိုက်ဆံပြန်ရှာနိုင်တဲ့ Skill တွေကိုပါ အကုန်သင်ပေးသွားမှာပါ။

ခေတ်နောက်ကျ မကျန်ခဲ့ဘဲ ကိုယ့်ရဲ့ Future Skill ကို Level Up လုပ်ချင်တယ်ဆိုရင် အောက်က Link မှာ Batch-6 အတွက် အသေးစိတ် လေ့လာပြီး စာရင်းပေးသွင်းနိုင်ပါပြီ။

👉 AI ကို ကျွမ်းကျင်စွာ အသုံးချဖို့ အခုပဲ နေရာယူထားလိုက်ပါ။
https://m.me/myeo.hub?ref=content_creation_with_ai

(Chatbox မှာလည်း content creation with ai လို့စာပို့ပြီး အလွယ်တကူ စာရင်းပေးလို့ရပါတယ်)

🗓 Training Date: May 5, 6, 7 (6-8 PM)
💰Training Fees: 32,000 MMK

🧑‍💻 AI video သုံးတတ်ရင် → freelance content creator လမ်းကြောင်း မြေစမ်းခရမ်းပျိုးလို့ရတယ်။
🎨 Canva AI သုံးတတ်ရင် → small business တွေအတွက် designer အနေနဲ့ လုပ်ကြည့်လို့ရတယ်။
🗣 ChatGPT သုံးတတ်ရင် → Content Writer လုပ်တဲ့အခါ အများကြီး အထောက်အကူဖြစ်တယ်။

ဆိုတော့ ဒီ Training တစ်ခုနဲ့တင် AI ကို Practical ကျကျ သုံးတတ်သွားလိမ့်မယ်။ Career path (၃)ခုတောင် ပွင့်သွားနိုင်တယ်။

⚠️ဒါပေမဲ့ ဒီ Training က သေချာသင်ပေးရအောင် လူဦးရေကန့်သတ်ထားပါတယ်။

ဒါကြောင့် မြန်မြန်လေးတော့ စာရင်းပေးထားနော်။ အခုတောင် Booking လုပ်ထားတဲ့သူတွေ ရှိနေပြီမို့လို့ပါ။

08/04/2026

English Conversations ပေါင်း 1500ကျော်ကို practice လုပ်လို့ရမယ့် free website လေးပါ။ Topics တွေလဲ အစုံပါတဲ့အပြင် အသံပါတစ်ခါထဲနားထောင်လို့ရမယ့် audio လဲပါတယ်နော်။

website - https://www.eslfast.com/robot/

▪▪▪▪▪▪▪

Speaking ကို zoom class နဲ့ English-to-English လေ့ကျင့်ချင်တဲ့ သူတွေအတွက် 5ယောက်အတန်းလေး 10ရက်နေ့ကြရင် စဖို့ရှိပါတယ်။
အသေးစိတ်ကို အောက်က linkမှာ ဖတ်လို့ရပါတယ်။

https://www.facebook.com/share/p/1DbMMEZ8Ag/

▪▪▪▪▪▪▪

Self-study အားကောင်းတဲ့သူတွေအတွက်ကျတော့ 10ရက်နေ့မှာပြန်ဖွင့်မယ့် ဒီ 2တန်းရှိတယ်နော်။

ရက် 30 အတွင်းမှာ မတူညီတဲ့ Topic အခု 30 ကိုလေ့လာပြီး ကိုယ့်ရဲ့ speaking ကို upgrade လုပ်ချင်တဲ့သူတွေအတွက် 30-Day Guided Speaking Boosting Challenge Batch 5 ကို (10.4.2026) မှာ စပြီးဖွင့်ပါတော့မယ်။
B1 to B2 - 30000
B2 to C1 - 30000
course အကြောင်းအသေးစိတ်ကို အောက်က linkမှာ ဖတ်လို့ရပါတယ်။

https://www.facebook.com/share/p/1BveuE7aK2/

▪▪▪▪▪▪▪

English စကားပြောတဲ့အခါမှာ စာကြောင်းတွေကိုစီနေရင်းကြာနေတာတို့၊ ထစ်သွားတာတို့ဖြစ်နေတတ်ရင် Topic အခု 30ရဲ့ ready-made natural speaking pattern တွေကိုလေ့လာဖို့ (10.4.2026) မှာပြန်ဖွင့်မယ့် 30-Day Guided Speaking Pattern Class ကို joinလို့ရပါပြီ။

Basic, Intermediate နဲ့ Advanced level 3ခုလုံး ဘာတက်တက် 25,000 ပဲနော်။

course အကြောင်းအသေးစိတ်ကို အောက်က linkမှာ ဖတ်လို့ရပါတယ်။

https://www.facebook.com/share/p/1HJqvvFCE2/

07/04/2026

B1 Level သမားများအတွက် American English သီးသန့် လေ့လာနိုင်မည့် YouTube Channel များ
👇👇👇
AJ Hoge - Effortless English
https://youtube.com/?si=ndGDhiytivsXH2GE

Expresso English
https://youtube.com/?si=ij4Y23suChO6cGZh

Learn English With English Class 101.com
https://youtube.com/?si=VhKEJ2DxD6w7aYUC

VOA Learning English
https://youtube.com/?feature=shared

A2 Level သမားများအတွက် American English သီးသန့် လေ့လာနိုင်မည့် Channel များ
👇👇👇
English For You
https://youtube.com/?si=EBEeHY0CUwlggDU1

Mr. Tanday's ESL Classroom
https://youtube.com/.tandyseslclassroomeasyt6011?si=rHIBLzly9Nhf9YzS

04/04/2026

၂၀၂၆ မှာ သင့်ကိုယ်သင် ပုံစံသစ်နဲ့ ပြန်လည်စတင်ဖို့ နားဆင်သင့်တဲ့ ပေါ့ဒ်ကတ်စ်များ....

၁။ TED Talks Daily
နေ့စဉ် ထွက်ပေါ်နေတဲ့ ကမ္ဘာ့အဆင့်မီ စိတ်ကူးစိတ်သန်းသစ်တွေကို နားထောင်နိုင်မှာပါ။
• YouTube: TED Talks Daily Channel
• AI ကနေ သဘာဝပတ်ဝန်းကျင်အထိ နယ်ပယ်စုံက ဗဟုသုတတွေကို နေ့စဉ် တင်ဆက်ပေးပါတယ်။

၂။ How to Be a Better Human
ကိုယ့်ကိုယ်ကိုယ် ပိုမိုကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်လာဖို့ လက်တွေ့ကျတဲ့ နည်းလမ်းတွေပါ။
• YouTube: How to Be a Better Human Playlist
• စိတ်နေစိတ်ထား၊ အလုပ်ခွင်နဲ့ ပေါင်းသင်းဆက်ဆံရေး တိုးတက်ဖို့ နည်းလမ်းကောင်းတွေကို ဆွေးနွေးပါတယ်။

၃။ ReThinking with Adam Grant
လူသိများတဲ့ စိတ်ပညာရှင် Adam Grant က ဦးဆောင်ဆွေးနွေးတဲ့ အစီအစဉ်ပါ။
• YouTube: ReThinking Series
• ကိုယ်လက်ခံထားတဲ့ အယူအဆအဟောင်းတွေကို ပြန်လည်ဆန်းစစ်ပြီး ပိုကောင်းတဲ့ အတွေးအခေါ်တွေ ဘယ်လိုမွေးမြူမလဲဆိုတာကို ပြောပြပါတယ်။

၄။ Design Matters
ဒီဇိုင်းနဲ့ တီထွင်ဖန်တီးမှု နယ်ပယ်က လူတွေကို မေးမြန်းတင်ဆက်ထားတာပါ။
• YouTube: Design Matters with Debbie Millman
• ကမ္ဘာကျော် ဖန်တီးရှင်တွေရဲ့ ဘဝအတွေ့အကြုံနဲ့ သူတို့ရဲ့ တီထွင်ဖန်တီးမှု လျှို့ဝှက်ချက်တွေကို လေ့လာနိုင်ပါတယ်။

၅။ The TED Interview
ကမ္ဘာကျော် ပညာရှင်တွေနဲ့ အတွင်းကျကျ မေးမြန်းခန်းတွေပါ။
• YouTube: The TED Interview
• သိပ္ပံ၊ အနုပညာနဲ့ နည်းပညာနယ်ပယ်က ထိပ်တန်းပုဂ္ဂိုလ်တွေရဲ့ အတွေးအမြင်တွေကို နားထောင်ရမှာပါ။

၆။ WorkLife with Adam Grant
အလုပ်ခွင်မှာ ပျော်ရွှင်အောင်မြင်ဖို့ စိတ်ပညာနည်းလမ်းတွေအကြောင်းပါ။
• YouTube: WorkLife Audio Series
• အလုပ်မှာ ပင်ပန်းနွမ်းနယ်တာ (Burnout) ကို ဘယ်လိုကျော်ဖြတ်မလဲဆိုတဲ့ အချက်တွေကို ရှင်းပြပါတယ်။

၇။ Body Stuff with Dr. Jen Gunter
ခန္ဓာကိုယ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အမှားအယွင်းတွေကို သိပ္ပံနည်းကျ ပြင်ဆင်ပေးတာပါ။
• YouTube: Dr. Jen Gunter at TED
• ကျန်းမာရေးနဲ့ ပတ်သက်တဲ့ Myths တွေ (အယူအဆအမှားတွေ) ကို ရှင်းလင်းတင်ဆက်ပါတယ်။

၈။ ZigZag
စီးပွားရေးနဲ့ ဘဝရဲ့ ဟန်ချက်ညီမှုကို ရှာဖွေတဲ့ Podcast ဖြစ်ပါတယ်။
• Link: ZigZag on TED
• နည်းပညာတွေကြားထဲမှာ လူသားဆန်ဆန် ဘယ်လိုရှင်သန်မလဲဆိုတာကို အလေးပေးထားပါတယ်။

၉။ TED Business
စီးပွားရေးနယ်ပယ်မှာ သိသင့်တဲ့ အကြံဉာဏ်ကောင်းတွေပါ။
• YouTube: TED Business Playlist
• ခေါင်းဆောင်မှုစွမ်းရည်နဲ့ စီးပွားရေးအောင်မြင်မှု လျှို့ဝှက်ချက်တွေကို ဝေမျှပေးပါတယ်။

၁၀။ Far Flung with Saleem Reshamwala
ကမ္ဘာတစ်ဝှမ်းက ထူးခြားတဲ့ ယဉ်ကျေးမှုနဲ့ စိတ်ကူးစိတ်သန်းတွေအကြောင်းပါ။
• YouTube: Far Flung Series
• ကမ္ဘာ့နိုင်ငံအသီးသီးက လူတွေ ဘယ်လိုတွေးခေါ် ရှင်သန်ကြသလဲဆိုတာကို ခရီးသွားရင်း လေ့လာတဲ့ ပုံစံမျိုးဖြစ်ပါတယ်။






18/03/2026

Reading skill မတက်တာ မဖတ်လို့ပါ။ ဖတ်ရန် နေရာများ👇

1. https://english-e-reader.net/

ဒီ website က short stories လေးတွေ novels လေးတွေရဲ့ အနှစ်ချုပ်တွေကို Level တွေအများကြီးခွဲထားပါတယ် ခုမှစလေ့လာချင်တဲ့beginner learner ကနေပြီး Advanced learner တွေအတွက်ထိပါ ထည့်သွင်းထားတာပါ ကိုယ်စိတ်ဝင်စားရာ အကြောင်းအရာကို levelအလိုက် ရှာဖတ်ပါ

2. https://www.readingskills4today.com/

ဒါလေးကတော့ level 1 to 16 ထိ တစ်ပျော်ကြီးဖတ်လို့ရမှာပါ Audio ပါထည့်ပေးထားလို့ မဖတ်ချင်ရင်တောင် အသံနားထောင်လို့ရတာကတော့ ပိုကောင်းတဲ့အချက်လေးပါ အကြောင်းအရာစုံပါတယ် တစ်နေ့တစ်ပုဒ်လောက်တော့မှန်မှန်လေးဖတ်သွားရင် အကျိုးများမှာပါ

websites အစုံ စုပေးထားတယ်နော်
3. http://read.gov/adults/
4. https://manybooks.net/
5. https://agendaweb.org/reading-exercises.html
6. http://www.5minuteenglish.com/reading.htm

❗Share ပေးခြင်းဖြင့်ကူညီပါ
✅Follow ထားပြီး နောက်ထပ်ဗဟုသုတတွေလည်း ထပ်မံလေ့လာနိုင်ပါတယ်
☘️ Speaking မှာ natural ကျကျ Vocabulary တွေနဲ့သုံးတတ်ပြီး ပြောနိုင်ဖို့အတွက်
📌 50 idioms video class
https://www.facebook.com/share/p/PHF8dfuYsFL9f3Br/

☘️ကိုယ့်ရဲ့ စာရေးသားပုံကို အဆင့်မြှင့်ဖို့အတွက်
📌 Writing Patterns video class
https://www.facebook.com/share/p/zMLvthuXmXRkbfT1/

☘️ Teacher နဲ့အတူတူ တစ်ယောက်ချင်းတက်ရောက်နိုင်တဲ့ one-on-one class

📌သင်ကြားပုံ videoကြည့်ချင်ရင် ဒီမှာကြည့်ပါ
Idioms class https://www.facebook.com/share/v/5H8ejq9RGGRD2gPM/

Writing class

https://www.facebook.com/share/v/1MkSw3hTQR/
https://www.facebook.com/share/v/19Khw8YRvn/

📌ebooks များလည်း Telegram Channel မှာ အခမဲ့ ဖတ်နိုင်ပါတယ်( စာအုပ်များလည်းဝယ်ယူနိုင်ပါတယ်)
https://t.me/masteringenglishwithyoon





Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Yangon
11111

Opening Hours

Monday 09:00 - 14:00
Tuesday 09:00 - 14:00
Wednesday 09:00 - 14:00
Thursday 09:00 - 14:00
Friday 09:00 - 14:00
Saturday 09:00 - 11:30
Sunday 09:00 - 11:30