Ambitions
EC Private High School
The Prestigious School of Future Leaders : Excellence in Body, Speech and Mind : Quality Education Founded in 1998 by Dr. Saw Hla Phyu
#ဓမ္မောဟဝေရက္ခတိဓမ္မစာရီ
G12 ဖြေခါနီးတစ်ပတ်အလို
မနက်စောစော အဆောင်မှာ ဆရာက ကလေးတွေနဲ့အတူ မနက်စာနေ့စဉ်စားပါတယ်။ ဆရာ့ရှေ့က နေရာလွတ်ကလေးမှာ အတော်ဆုံးသမီးလေးက လာထိုင်ပြီး ဆရာ့ကိုပြုံးပြတယ်။ ဆရာကလည်း ဖြည်းဖြည်းလေးပြုံးပြပြီး မျက်စိလေးပိတ်ပြီး စကားဆိုတယ်။
သမီး …
#ကတံဗုဒ္ဓဿသာသနံ ဆိုတဲ့စကားမြတ်ကို
ဘုရားရှင်ရဲ့အဆုံးအမတွေလိုက်နာကျင့်သုံးပြီးလို့ ရဟန်းကိစ္စပြီးတဲ့ ရဟန္တာအရှင်မြတ်တွေက “ငါဟာ ဘုရားရှင်ရဲ့သာသနာတော်မှာ ပြုဖွယ်ကိစ္စတွေပြုပြီးပြီ” လို့ ဆိုလေ့ရှိတယ်လို့ ဆရာမှတ်သားဖူးတယ်။
အဲသလိုပဲ သမီးဟာ တစ်နှစ်တာလုံး အဆောင်မှာ ဆရာဆရာမတွေအားလုံးအပေါ်မှာ သူတော်ကောင်းတို့ရဲ့ ဂုဏ်ရည်ဖြစ်တဲ့ ဆုံးမလွယ်ခြင်း #သောဝစဿနဂုဏ် အပါအဝင် တပည့်ကောင်းတို့ရဲ့ပြုဖွယ်တွေ ပြုခဲ့တယ်။ အဆောင်နေသူငယ်ချင်းတွေအပေါ်မှာ စာတွေရှင်းပြတတ်ပြီး မေတ္တာထားခြင်း၊ #ခန္တီစ သည်းခံခြင်းစတဲ့ မိတ်ဆွေကောင်းတို့ရဲ့ ပြုဖွယ်တွေပြုခဲ့တယ်။
အဆောင်မှာရှိတဲ့ သန့်ရှင်းရေးဝန်ထမ်းလေးတွေအပေါ်မှာလည်း ဘယ်တော့မှ မလေးမစားမပြုပဲ လေးလေးစားစားကြင်ကြင်နာနာပြုမူဆက်ဆံခဲ့ဆိုတာဆရာတစ်နှစ်ပတ်လုံးတွေ့မြင်ခဲ့ရတယ်။
သမီးပြုဖွယ်ကိစ္စတွေကို ကောင်းစွာဖြည့်ဆည်းခဲ့တာဆရာဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ပါတယ်သမီး
သမီးအတွက် ဒီ Grade 12 စာမေးပွဲသာမက ဘဝတစ်လျှောက်လုံးသမီးဖြစ်ချင်တဲ့ ဆရာဝန်ကြီးဖြစ်ပြီး ကိုယ်ရော၊ စိတ်ရောချမ်းသာတော့မှာသေချာတယ်သမီး။ သမီးတစ်ဘဝလုံးအတွက် ဆရာစိတ်ချတယ်သမီး။
အဲဒါ #ဓမ္မောဟဝေရက္ခတိဓမ္မစာရီ ပဲသမီး
တရားကျင့်သူကို တရားကစောင့်ရှောက်တာ သဘာဝပဲသမီး။ #ဆရာ့ကိုယ်တွေ့လည်းဖြစ်ပါတယ်သမီး
ကျောင်းဆရာတစ်ယောက်အနေနဲ့ မချမ်းသာပေမယ့် တပည့်တွေကို ကြိုးစားစေချင်လွန်းလို့ နှစ်စကတည်းက ဆရာကတိပေးထားတဲ့အတိုင်း #မြန်မာတစ်နိုင်ငံလုံးပထမရတဲ့ သမီးအကိုကြီးတုန်းကလိုပဲ #အောင်စာရင်းထွက်တဲ့နေ့မှာပဲ ဆုချီးမြှင့်မယ်နော်။
Credit to Saya S
Thanks Saya NC. 🙏
24/05/2026
✅ နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့
ကျောင်းနေအရွယ်ကလေးအားလုံး
ကျောင်းအပ်နှံကြပါစို့
✅ ကျောင်းအပ်နှံရေးသီတင်းပတ်
✅ ၂၅-၅-၂၀၂၆ ရက်နေ့မှ ၃၁-၅-၂၀၂၆ ရက်နေ့ထိ
24/05/2026
🔹 Placement Test (အထူးအစီအစဉ်)
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
6 A, Natmauk Road, Tarmway Township
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |