09/06/2026
Vacancy Announcement
==================
Nay Bagan (Talent Sourcing) နှင့် ချိတ်ဆက်ထားသော
အဆင့်မြင့် Restaurant & Bar လုပ်ငန်းများမှ အရည်အသွေးမြင့်
ကျွမ်းကျင် ပြီးကြိုးစားလိုစိတ်နှင့် ပေါင်းသင်းဆက်ဆံရေး
ကောင်းမွန်သောအောက်ပါဝန်ထမ်းများကိုခေါ်ယူလျက်ရှိပြီး……
🔹 Restaurant & Bar Manager — (3) Post
🔹 Service Supervisor — (4) Posts
🔹 Head Chef — (3) Post
🔹 Bar Captain — (3) Post
🔹 Bartender — (12) Posts
🔹 Cashier — (5) Posts
🔹 Waiter / Waitress — (40) Posts
🔹 Hostess — (10) Posts
🔹 Kitchen Helper — (5) Posts
🔹 Steward — (7) Posts
🔹 Cleaner — (6) Posts
🔹 Parking Boy — (10) Posts
🔹 Junior Accountant — (5) Posts
🔹 Purchaser — (2) Post
🔹 M&E Technician — (4) Post
လျောက်ထားလိုသူများသည်
မကြာခင်ကရိုက်ကူးထားသောPassport ဓါတ်ပုံနှင့်
တကွ ကိုယ်ရေးအချက်အလက်များကို
[email protected],
သို့လည်းကောင်းNay Bagan, Page Chat Box
သို့လည်းကောင်း Viber No,09 4222 88 703,
သို့လည်းကောင်း CV ပေးပို့လျောက်ထားနိုင်ပါသည်။
02/06/2026
Discipline ဆိုတဲ့ စည်းကမ်း
===================
အရည်အချင်း Talent က သင့်ကို လမ်းစတစ်ခု
ရှာပေးနိုင်ပေမဲ့ စည်းကမ်း Discipline ကသာ
အောင်မြင်မှု ပန်းတိုင်ဆီ အရောက်ပို့ပေးနိုင်တာ
ဖြစ်ပါတယ်။လူငယ်အများစုဟာ အလုပ်တစ်ခုကို
စတင်တဲ့အခါ စိတ်အားထက်သန်မှု Motivation ကိုပဲ
အားကိုးတတ်ကြပါတယ်။ ဒါပေမဲ့ Motivation ဆိုတာ
ရာသီဥတုလိုပဲ အမြဲပြောင်းလဲနေတတ်ပြီး စိတ်ပါတဲ့ရက်မှပဲ
အလုပ်လုပ်တာမျိုးက ရေရှည်မှာ Career တိုးတက်မှုကို
ရပ်တန့်စေပါတယ်။ အလုပ်အကိုင်ဈေးကွက်မှာ
တကယ်အောင်မြင်သူတွေဟာ စိတ်ပါသည်ဖြစ်စေ၊
မပါသည်ဖြစ်စေ လုပ်ရမယ့်အလုပ်ကို ပြီးမြောက်အောင်
လုပ်ဆောင်တဲ့ Discipline ရှိသူတွေသာ ဖြစ်ပါတယ်။
Nay Bagan Talent Sourcing မှ မျိုးဆက်သစ်လူငယ်တွေ
ရဲ့ Career အတွက် စည်းကမ်းရှိခြင်းက ဘာကြောင့် မရှိမဖြစ်
အရေးကြီးရသလဲဆိုတဲ့ အချက် ၄ ချက်ကို ဝေမျှပေးလိုက်
ပါတယ်။
အလုပ်ခွင်မှာ အထက်လူကြီးတွေ၊ Clients တွေ အကြိုက်ဆုံး
ဝန်ထမ်းအမျိုးအစားကတော့ စိတ်ချရတဲ့သူ Reliable Person
ပါပဲ။ စည်းကမ်းရှိတဲ့ လူငယ်တစ်ယောက်ဟာ ချိန်းဆိုထားတဲ့
အချိန်ကို လေးစားတယ်၊ Deadline သတ်မှတ်ရက် ကို တိကျစွာ
လိုက်နာပါတယ်။ ယုံကြည်လာတဲ့အခါ ပိုမိုကြီးမားတဲ့
အခွင့်အလမ်းတွေနဲ့ ရာထူးတိုးမှုတွေက အလိုအလျောက်
ရောက်ရှိလာမှာပါ။
ဒီနေ့ မိုးရွာလို့ ရုံးမသွားချင်ဘူး၊ ဒီနေ့ စိတ်ညစ်လို့ အလုပ်မလုပ်
ချင်ဘူး ဆိုတဲ့ စိတ်ခံစားမှုတွေက လူငယ်တွေကို အလုပ်ခွင်မှာ
Professional မဆန်ပဲ ကလေးကလား ဖြစ်စေပါတယ်။
Discipline ရှိတဲ့သူကတော့ စိတ်ခံစားမှုကို အလုပ်နဲ့ သီးသန့်
ခွဲခြားထားနိုင်ပြီး တာဝန်ဝတ္တရားကို ဦးစားပေး ပြီးမြောက်အောင်
လုပ်ဆောင်တတ်ပါတယ်။
တစ်ရက်တည်းနဲ့ လူတော်ဖြစ်မလာနိုင်ပါဘူး။ နေ့စဉ် ခြေလှမ်း
အသေးလေးတွေကို စည်းကမ်းရှိရှိနဲ့ စဉ်ဆက်မပြတ် Consistent
လုပ်ဆောင်ခြင်းက သင့်ရဲ့ Skill ကို ထက်မြက်လာစေပါတယ်။
အလုပ်ရှင်တွေဟာ တစ်ရက်ပဲ အလုပ်ကြိုးစားပြီး ကျန်တဲ့ရက်
တွေမှာ ပျင်းနေတဲ့ ပါရမီရှင် ထက်၊ နေ့တိုင်း စည်းကမ်းရှိရှိ
တစိုက်မတ်မတ် အလုပ်လုပ်တဲ့ ကြိုးစားသူ ကိုပဲ ပိုမိုရွေးချယ်
ကြပါတယ်။
စည်းကမ်းမရှိဘဲ အလုပ်တွေကို စုပုံထားတတ်တဲ့အခါ
Deadline နီးလာရင် အလန့်တကြားနဲ့ Work Pressure အလုပ်
ဖိအား တွေ ကြုံရပြီး အမှားအယွင်းတွေ များလာတတ်ပါတယ်။
အချိန်ဇယားနဲ့ စည်းကမ်းစနစ်တကျ အလုပ်လုပ်ခြင်းက
စိတ်အေးလက်အေးနဲ့ အမှားအကင်းဆုံး လုပ်ဆောင်နိုင်အောင်
ကူညီပေးပါတယ်။
Discipline စည်းကမ်း ဆိုတာ သင့်ရဲ့ လွတ်လပ်ခွင့်ကို ချုပ်ချယ်
တာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်အထိ ချစ်သလဲ၊
ကိုယ့်အနာဂတ်ကို ဘယ်လောက်အထိ တန်ဖိုးထားသလဲဆိုတာကို
ပြသတဲ့ Self-Respect မိမိကိုယ်ကိုယ် လေးစားမှု တစ်ခု ဖြစ်ပါတယ်။
အခုကတည်းက စည်းကမ်းကောင်းတွေကို မွေးမြူပြီး ကိုယ့်ရဲ့
တန်ဖိုးကို မြှင့်တင်နိုင်ပါတယ်။
စည်းကမ်းရှိပြီး အရည်အချင်းပြည့်ဝတဲ့ လူငယ်တစ်ယောက်
အဖြစ် ထိပ်တန်းကုမ္ပဏီကြီးတွေမှာ Career လမ်းကြောင်း
စတင်ချင်တယ်ဆိုရင်တော့...
မကြာခင်ကရိုက်ကူးထားသောPassport ဓါတ်ပုံနှင့်
တကွ ကိုယ်ရေးအချက်အလက်များကို
[email protected],
သို့လည်းကောင်းNay Bagan, Page Chat Box
သို့လည်းကောင်း Viber No,09 4222 88 703,
သို့လည်းကောင်း CV ပေးပို့လျောက်ထားနိုင်ပါသည်။
02/06/2026
Retention Program
==============
လုပ်ငန်းတစ်ခုမှာ လူတော်တွေကို ရှာဖွေခန့်အပ်
ရတာထက် ရှိနေပြီးသား Top Talents တွေ အခြား
ကုမ္ပဏီကို ပြောင်းမသွားအောင် ထိန်းသိမ်းရတာက
ပိုပြီး စိန်ခေါ်မှုကြီးပါတယ်။ လူတစ်ယောက် ထွက်သွား
တိုင်း ကုမ္ပဏီမှာ အစားထိုးဖို့ စရိတ်စက Hiring Cost တွေ၊
အချိန်တွေ ကုန်ဆုံးရုံတင်မကဘဲ လုပ်ငန်းလည်ပတ်မှုကိုပါ
ထိခိုက်စေပါတယ်။
ဒါကြောင့် ဝန်ထမ်းတွေ ကုမ္ပဏီအပေါ် သစ္စာရှိရှိနဲ့ ရေရှည်
လက်တွဲလာစေဖို့ ခိုင်မာတဲ့ Retention Program ဝန်ထမ်း
မြဲအောင် ထိန်းသိမ်းသည့် အစီအစဉ် တစ်ခု ဆွဲတော့မယ်ဆိုရင်
မဖြစ်မနေ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေကို BMI ကနေ
မျှဝေပေးလိုက်ပါတယ်။ 👇
မျှတတဲ့ လစာနှင့် ခံစားခွင့် Competitive Compensation &
Benefits ကတော့ အခြေခံအကျဆုံးအချက်ပါ။ ဝန်ထမ်းတွေရဲ့
လုပ်ခလစာဟာ ဈေးကွက်ပေါက်ဈေး Market Rate နဲ့ ညီမျှရဲ့
လားဆိုတာ ပုံမှန်ဆန်းစစ်ဖို့ လိုပါတယ်။လစာတစ်ခုတည်းတင်
မကဘဲ ကျန်းမာရေးအာမခံ Health Insurance၊ စွမ်းဆောင်
ရည်အလိုက် ပေးတဲ့ Bonus တွေနဲ့ သင့်တင့်တဲ့ ခွင့်ရက် Paid
Leaves တွေပါ ပြည့်စုံအောင် စီစဉ်ပေးထားရဲ့လားဆိုတာကို
ပထမဦးဆုံးစဉ်းစားရပါမယ်။
နောက်တစ်ခုကတော့ ရှင်းလင်းတဲ့ Career Progression တစ်ခု
ရှိသင့်ပါတယ်။လူတော်တွေ အလုပ်ထွက်ရတဲ့ အဓိကအကြောင်း
ရင်းတစ်ခုက တိုးတက်လမ်းမမြင်ဘူး လို့ ခံစားရတာကြောင့်ပါ။
ဝန်ထမ်းတစ်ယောက်ချင်းစီအတွက် ရှင်းလင်းတဲ့ Individual
Development Plan (IDP) လိုမျိုးနဲ့ ၃ နှစ်အတွင်း၊ ၅ နှစ်အတွင်း
ဘယ်ရာထူးအထိ တက်လှမ်းနိုင်မလဲဆိုတဲ့ လမ်းကြောင်း
Career Path ကို ချပြပေးနိုင်ဖို့ လိုပါတယ်။
ဝန်ထမ်းတွေကို အလုပ်ပဲ နေ့တိုင်း ထပ်ခါတလဲလဲ ခိုင်းနေရင်
ငြီးငွေ့ပြီး Burnout ဖြစ်လာတတ်ပါတယ်။သင်ယူခွင့်နှင့် အရည်
အချင်းမြှင့်တင်ခြင်းဆိုတဲ့ Learning & Development အခွင့်
အလမ်းဖန်တီးပေးဖို့လဲလိုအပ်ပါတယ်။ Attitude တွေ Skills တွေ
Knowledge တွေ တိုးတက်လာအောင် Training တွေ၊ အလုပ်ရုံ
ဆွေးနွေးပွဲ Workshops တွေနဲ့ နိုင်ငံတကာ Certification တွေ
ဖြေဆိုနိုင်ဖို့ ကုမ္ပဏီက ဘတ်ဂျက်ချပေးပြီး ပံ့ပိုးပေးရပါမယ်။
ဝန်ထမ်းတွေက လုပ်ငန်းခွင်ကို စွန့်ခွာကြတာ မဟုတ်ပါဘူး၊
အဆိပ်အတောက်ဖြစ်စေတဲ့ မန်နေဂျာ တွေကိုပဲ စွန့်ခွာကြတာ
ဆိုတဲ့ စကားရှိပါတယ်။ အဆိပ်အတောက်ကင်းတဲ့ လုပ်ငန်းခွင်
ယဉ်ကျေးမှု Healthy Workplace Culture အရေးကြီးပါတယ်။
ကုမ္ပဏီမှာ အချင်းချင်း အနိုင်ကျင့်တာ၊ အဆိုးမြင်တဲ့ Toxic
Environment တွေ ရှိနေလား။ မန်နေဂျာတွေက ဝန်ထမ်းတွေကို
Micro-manage လုပ်လွန်းနေသလားဆိုတာဆန်းစစ်ပြီး ပွင့်လင်း
မြင်သာပြီး အပြန်အလှန် လေးစားတဲ့ ယဉ်ကျေးမှုမျိုး ဖြစ်အောင်
တည်ဆောက်ရပါမယ်။
ဝန်ထမ်းတစ်ယောက်က အလုပ်တွေ ဘယ်လောက်ပဲ ကြိုးစား
လုပ်လုပ် ဘယ်သူကမှ သတိမထားမိဘူး၊ ချီးကျူးမခံရဘူးဆိုရင်
စိတ်ဓာတ်ကျပြီး အလုပ်ထွက်ဖို့ ပြင်ဆင်လာပါလိမ့်မယ်။
ကြိုးစားမှုကို အသိအမှတ်ပြုခြင်း Recognition & Reward
စနစ်ကောင်းကောင်းလိုအပ်ပါတယ်။လစဉ် အကောင်းဆုံး
ဝန်ထမ်းဆု Employee of the Month လိုမျိုး တရားဝင်ဆုပေးတဲ့
စနစ်တွေအပြင်၊ ပရောဂျက်တစ်ခု အောင်မြင်တဲ့အခါ လူအများ
ရှေ့မှာ ကျေးဇူးတင် စကားပြောတာမျိုး Spot Recognition တွေ
ပုံမှန်လုပ်ပေးဖြစ်ရဲ့လားဆိုတာကိုပြန်လေ့လာသုံးသပ်ရပါမယ်။
ဝန်ထမ်းတစ်ယောက် ထွက်တော့မယ့်အချိန်ကျမှ Exit Interview
လုပ်တာထက်၊ လက်ရှိရှိနေတဲ့ လူတော်တွေကို ကိုယ့်ကုမ္ပဏီမှာ
ဘာကြောင့် ဆက်လုပ်နေတာလဲ၊ ဘာတွေ ပိုကောင်းလာစေချင်လဲ
ဆိုပြီး Stay Interview တွေကို ကြိုတင်လုပ်ဆောင်ရပါမယ်။ ဒါက
Retention Program အတွက် အကောင်းဆုံး Data တွေကို ရရှိစေပါ
လိမ့်မယ်လို့ HR Professional တွေကို အကြံပြုလိုက်ပါတယ်။
31/05/2026
Change Management
=================
စီးပွားရေးလောကက အမြဲတမ်းပြောင်းလဲ
နေပါတယ်။ နည်းပညာအသစ်တွေဝင်လာတာ၊
ကုမ္ပဏီရဲ့ Structure ပြောင်းလဲတာ၊ ဒါမှမဟုတ်
Hybrid Work လိုမျိုး အလုပ်လုပ်ပုံစနစ်သစ်တွေကို
ပြောင်းလဲကျင့်သုံးတာပဲဖြစ်ဖြစ် လုပ်ငန်းတစ်ခုမှာ
Change (အပြောင်းအလဲ) ဆိုတာ ရှောင်လွှဲလို့မရတဲ့
အရာတစ်ခုပါ။ဒါပေမဲ့ လူ့သဘာဝက အပြောင်းအလဲ
တစ်ခုကို ကြုံရတဲ့အခါ ပထမဆုံး တုံ့ပြန်တတ်တာက
ငြင်းဆန်ခြင်း" (Resistance) ဖြစ်ပါတယ်။ ဒါကြောင့်
ကုမ္ပဏီတစ်ခုလုံး အပြောင်းအလဲကို ချောချောမွေ့မွေ့
ဖြတ်ကျော်နိုင်ဖို့ HR တွေ သိထားသင့်တဲ့ Change
Management အပြောင်းအလဲကို စီမံခန့်ခွဲခြင်း
အကြောင်းကို BMI ကမျှဝေပေးလိုက်ပါတယ်။ 👇
Change Management ဆိုတာ အဖွဲ့အစည်းတစ်ခုမှာ
စနစ်သစ်၊ မူဝါဒအသစ် ဒါမှမဟုတ် ဗျူဟာအသစ်တွေကို
ပြောင်းလဲအကောင်အထည်ဖော်တဲ့အခါ ဝန်ထမ်းတွေ
စိတ်အနှောင့်အယှက်မဖြစ်ဘဲ၊ လိုလိုလားလားနဲ့
အောင်မြင်အောင် လိုက်ပါလုပ်ဆောင်လာစေဖို့ စနစ်တကျ
စီမံခန့်ခွဲတဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။HR ဆိုတာ "လူ" တွေကို
ကိုင်တွယ်ရသူဖြစ်တဲ့အတွက် အပြောင်းအလဲတစ်ခုမှာ HR ရဲ့
Role က အဓိက စကားပြောပါတယ်။
Change Management မှာ ကမ္ဘာ့အသုံးအအများဆုံး Model
တစ်ခုဖြစ်တဲ့ ADKAR Model ကို သုံးပြီး ဝန်ထမ်းတွေကို
အဆင့်ဆင့် ပြောင်းလဲပေးလို့ရပါတယ်။ ပထမကတော့ Awareness
ဆိုတဲ့ အသိပညာပေးခြင်း လုပ်ငန်းစဉ်ပါ။အပြောင်းအလဲတစ်ခု
လုပ်တော့မယ်ဆိုရင် ဘာကြောင့် ပြောင်းလဲရတာလဲ ဆိုတဲ့
Reason ကို ဝန်ထမ်းတွေကို အရင်ဆုံး ပွင့်ပွင့်လင်းလင်း
ချပြရပါမယ်။
ပြီးတော့မှ Desire ဆိုတဲ့ ပြောင်းလဲချင်စိတ်ရှိလာအောင်
ပြုလုပ်ခြင်းလုပ်ငန်းစဉ်ပြုလုပ်ရပါတယ်။ဒီလိုပြောင်းလဲလိုက်လို့
ဝန်ထမ်းတွေအတွက် ဘာအကျိုးကျေးဇူးရှိမလဲ ဆိုတာကို
ပြသရပါမယ်။ဝန်ထမ်းတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို နားထောင်ပေးပြီး
ဒီအပြောင်းအလဲက အလုပ်ကို ဘယ်လိုပိုမိုလွယ်ကူစေမလဲ၊
ဘယ်လိုတိုးတက်စေမလဲဆိုတာ တွေနဲ့ ဆွဲဆောင်ရပါတယ်။
နောက်ဆင့်ကတော့ Knowledge ဆိုတဲ့ အသိပညာ် ဗဟုသုတ
ပံ့ပိုးခြင်းလုပ်ငန်းစဉ်ပါ။ပြောင်းလဲလိုက်တဲ့ စနစ်သစ်/နည်းပညာ
အသစ်ကို ဝန်ထမ်းတွေ ဘယ်လိုအသုံးပြုရမလဲဆိုတာ ရှင်းရှင်း
လင်းလင်း သိဖို့ လိုပါတယ်။လိုအပ်တဲ့ Training တွေ၊ ဆွေးနွေးပွဲ
တွေနဲ့ လမ်းညွှန်ချက် (Handbooks) တွေကို စနစ်တကျ စီစဉ်ပေး
ရပါမယ်။
Ability လက်တွေ့လုပ်ဆောင်နိုင်စွမ်းရှိစေခြင်းကတော့ အရေးကြီးဆုံး
လုပ်ငန်းစဉ်ပါ။သင်တန်းတက်ရုံနဲ့ ချက်ချင်း တတ်မြောက်သွား
တာမျိုး မဟုတ်ပါဘူး။ လက်တွေ့လုပ်တဲ့အခါ အမှားအယွင်းတွေ၊
အခက်အခဲတွေ ရှိလာနိုင်ပါတယ်။ဝန်ထမ်းတွေ လက်တွေ့အသုံးချ
နိုင်ဖို့ အချိန်ပေးပြီး အဆင်မပြေတာရှိရင် ချက်ချင်းကူညီပေးမယ့်
Support System သို့မဟုတ် Change Champions အဖွဲ့ထဲက
စောစောစီးစီး တတ်မြောက်သွားတဲ့ အမာခံဝန်ထမ်းတွေကို
Supporting Team အဖြစ်ထားရှိပေးရပါမယ်။
နောက်ဆုံးအဆင့်ကတော့ Reinforcement ဆိုတဲ့ရေရှည်တည်တံ့
အောင် ထိန်းသိမ်းခြင်းပါပဲ။စနစ်သစ်ကို ကျင့်သုံးပြီး ရက်ပိုင်း
အတွင်းမှာ အဟောင်းကို ပြန်မပြောင်းသွားအောင် ထိန်းကျောင်း
ရတဲ့ အဆင့်ပါ။စနစ်သစ်ကို ကောင်းကောင်းလိုက်နာတဲ့သူတွေကို
ချီးကျူးပေးတာ၊ အသိအမှတ်ပြု ဆုပေးတာမျိုးတွေ လုပ်ပြီး
ဒီအပြောင်းအလဲကို ကုမ္ပဏီရဲ့ Culture အဖြစ် အမြစ်တွယ်အောင်
လုပ်ဆောင်ရပါတယ်။
ပြောင်းလဲမှုတစ်ခု လုပ်တဲ့အခါ စက်ပစ္စည်းတွေ၊ ဆော့ဖ်ဝဲတွေကို
ပြောင်းလဲရတာ လွယ်ကူပေမယ့် လူတွေရဲ့ စိတ်ဓာတ်နဲ့ အလေ့အထ
တွေကို ပြောင်းလဲရတာက အခက်ခဲဆုံးပါ။ခေတ်သစ် HR Professional
တစ်ယောက်ဟာ စာရွက်စာတမ်းကိုင်ရုံတင်မကဘဲ ကုမ္ပဏီအပြောင်း
အလဲတွေကို ဦးဆောင်မောင်းနှင်ပေးနိုင်တဲ့ Change Agent တစ်ယောက်
ဖြစ်ဖို့ လိုအပ်ပါကြောင်းတင်ပြအပ်ပါတယ်။
27/05/2026
ထိုင်းစကားတော့သင်သင့်ပြီ
===================
လက်ရှိ မြန်မာနိုင်ငံရဲ့ ရွှေ့ပြောင်းလုပ်သားဈေးကွက်၊
ကုန်သွယ်ရေးနဲ့ စီးပွားရေး အခြေအနေတွေအရ
ထိုင်းဘာသာစကား Thai Language ဟာ ယခင်ကထက်
ပိုမိုအရေးပါလာပြီး လူငယ်တွေအတွက် အလုပ်အကိုင်
အခွင့်အလမ်း အကောင်းဆုံး ဖန်တီးပေးနိုင်တဲ့ ဘာသာစကား
တစ်ခု ဖြစ်လာပါတယ်။
ထိုင်းစကားက မြန်မာနိုင်ငံအတွက် ဘာကြောင့် ဗျူဟာမြောက်
အရေးပါလာသလဲဆိုတော့လက်ရှိ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့
ပထဝီဝင်အနေအထားအရ ထိုင်းစကား တတ်ကျွမ်းခြင်းဟာ
သင့်ဘဝကို အရှိန်အဟုန်နဲ့ ပြောင်းလဲပေးနိုင်တဲ့ Superpower
တစ်ခု ဖြစ်လာပါတယ်။ဘာကြောင့် ထိုင်းစကားက ဒီလောက်
အရေးပါလာရသလဲဆိုတဲ့ အချက်တွေကို BLC ကမျှဝေပေး
လိုက်ပါတယ်…………။ 👇
နယ်စပ်ကုန်သွယ်ရေးနှင့် စီးပွားရေး အချက်အချာ ဖြစ်လာပြီး
မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံတွေထဲမှာ
ထိုင်းနိုင်ငံက ထိပ်ဆုံးက ပါဝင်လာပါတယ်။လူသုံးကုန်၊
စားသောက်ကုန်ကနေ လုပ်ငန်းသုံးပစ္စည်းတွေအထိ
ထိုင်းနိုင်ငံကနေ အဓိက တင်သွင်းနေရတာပါ။ဒါကြောင့်
ပြည်တွင်းက ထိုင်း-မြန်မာ အခြေစိုက် သွင်းကုန်ထုတ်ကုန်
ကုမ္ပဏီတွေ၊ ထိုင်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေမှာ ထိုင်းစကားပြော
စကားပြန်၊ မန်နေဂျာနဲ့ Salesသမား တွေကို လစာ ကောင်းကောင်း
ပေးပြီး အလုအယက် ခေါ်ယူနေကြရပါတယ်။
ရွှေ့ပြောင်းလုပ်သားဈေးကွက်နှင့် HR ကဏ္ဍ မှာလည်းလက်ရှိမှာ
မြန်မာလူငယ် အမြောက်အမြားဟာ ထိုင်းနိုင်ငံကို သွားရောက်
အလုပ်လုပ်ကိုင်နေကြပါတယ်။ထိုင်းနိုင်ငံမှာရှိတဲ့ စက်ရုံတွေ၊
ကုမ္ပဏီတွေဟာ မြန်မာလုပ်သားတွေကို စနစ်တကျ စီမံခန့်ခွဲဖို့
အတွက် ထိုင်း-မြန်မာ နှစ်ဘာသာကျွမ်းကျင်တဲ့ HR ဝန်ထမ်းတွေ၊
Coordinator တွေကို မရှိမဖြစ် လိုအပ်နေတာပါ။ဒီလိုရာထူးမျိုး
တွေဟာ သာမန်လုပ်သားတွေထက် လစာနဲ့ အခွင့်အလမ်း
အဆမတန် ပိုမိုမြင့်မားပါတယ်။
ပြည်ပထွက်ခွါဖို့ရန် အလွယ်ကူဆုံးနှင့် အနီးစပ်ဆုံး တံခါးပေါက်
ကတော့ထိုင်းနိုင်ငံပါ။အနောက်နိုင်ငံတွေ ဒါမှမဟုတ် ဂျပန်၊
ကိုးရီးယားနိုင်ငံတွေလို ဗီဇာလျှောက်ရတာ မခက်ခဲဘဲ ယဉ်ကျေးမှု
ချင်းလည်း နီးစပ်တဲ့ ထိုင်းနိုင်ငံဟာ လူငယ်တွေအတွက် ပညာသင်
ဖို့ရော၊ အလုပ်လုပ်ဖို့ပါ အဆင်ပြေဆုံးနိုင်ငံပါ။ထိုင်းနိုင်ငံရဲ့
အထက်တန်းကျတဲ့ ဆေးရုံတွေ၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း
Hospitality တွေမှာ ထိုင်းစကားတတ်ရင် မျက်နှာပွင့်ပွင့်လန်း
လန်းနဲ့ ဝင်ရောက်လုပ်ကိုင်နိုင်ပါတယ်။
မြန်မာလူငယ်တွေအတွက် ထိုင်းစကားက တခြားအနောက်တိုင်း
ဘာသာစကားတွေထက် သင်ယူရတာ ပိုမြန်ပါတယ်။ဗုဒ္ဓဘာသာ
ယဉ်ကျေးမှုချင်း တူညီတဲ့အတွက် အသုံးအနှုန်း အယူအဆအချို့
ဥပမာ- ပါဠိ၊ သက္ကတက ဆင်းသက်လာတဲ့ စကားလုံးတွေ က
မြန်မာစာနဲ့ ဆင်တူပါတယ်။အသံနေအသံထား (Tones) တွေ
ရှိတာချင်း တူတဲ့အတွက် မြန်မာတွေဟာ တခြားနိုင်ငံသားတွေထက်
ထိုင်းသံဝဲဝဲလေးကို ပီပီသသ ပိုထွက်နိုင်ကြပါတယ်။
ထိုင်းစကားတတ်တဲ့သူ နည်းပါးသေးတဲ့ လက်ရှိအချိန်မှာ ကိုယ်က
ကြိုတင်ပြင်ဆင် တတ်မြောက်ထားမယ်ဆိုရင် အခွင့်အလမ်းကောင်း
တွေကို လက်ဦးမှု ရယူနိုင်မှာ သေချာပါတော့တယ်။
27/05/2026
HRIS စနစ်တစ်ခု မရွေးချယ်ခင် စဉ်းစားရမည့်အချက်များ
=======================================
၂၀၂၆ ခုနှစ်ရဲ့ ခေတ်သစ်စီးပွားရေးလောကမှာ
ဝန်ထမ်းရေးရာကိစ္စတွေကို စာရွက်စာတမ်းတွေ၊
Excel တွေနဲ့ပဲ ကိုင်တွယ်နေရတာဟာ အချိန်ကုန်
လူပင်ပန်းစေရုံတင်မကဘဲ လုပ်ငန်းတိုးတက်မှုကိုပါ
နှောင့်နှေးစေပါတယ်။ ဒါကြောင့် လုပ်ငန်းအတော်များ
များဟာ အလုပ်တွေ ပိုမိုမြန်ဆန်သွက်လက်လာဖို့ HRIS
(Human Resources Information System)လို့ခေါ်တဲ့
ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှု နည်းပညာစနစ်ကို ပြောင်းလဲ
အသုံးပြုလာကြပါပြီ။ဒါပေမဲ့ ကိုယ့်ကုမ္ပဏီနဲ့ ကိုက်ညီမယ့်
HRIS Software တစ်ခုကို မဝယ်ယူခင် ဒါမှမဟုတ် မပြောင်း
လဲခင်မှာ မဖြစ်မနေ ထည့်သွင်းစဉ်းစားရမယ့် အချက်၅ချက်
ကို BCS ကနေဝေမျှပေးလိုက်ပါတယ်။
HRIS စနစ်တစ်ခု မရွေးချယ်ခင် စဉ်းစားရမည့်အချက်တွေ
ကတော့ လုပ်ငန်းရဲ့ တကယ့်လိုအပ်ချက်က ဘာလဲ? Core
Features ကိုစပြီးသတ်မှတ်ရပါလိမ့်မယ်။စျေးကွက်ထဲမှာ
Function တွေအစုံပါတဲ့ Software တွေ အများကြီးရှိပါတယ်။
ဒါပေမဲ့ ကိုယ့်လုပ်ငန်းက အခုလောလောဆယ် ဘယ်အပိုင်းကို
အဓိက ရှင်းချင်တာလဲဆိုတာ သိဖို့လိုပါတယ်။
ဝန်ထမ်းခေါ်ယူတဲ့အပိုင်း (Recruitment) လား?
နေ့စဉ် ရုံးတက်/ထွက် တိုင်းတာတာ (Attendance & Leave Management) လား?
လစာတွက်ချက်တဲ့စနစ် (Payroll) ကို အမှားနည်းအောင် လုပ်ချင်တာလား?
ကိုယ့်လုပ်ငန်းရဲ့ Pain Point ကို အထိရောက်ဆုံး ဖြေရှင်း
ပေးနိုင်မယ့် Features တွေ ပါ၊ မပါ အရင်ဆုံး စစ်ဆေးရပါမယ်။
သုံးရလွယ်ကူမှု ရှိရဲ့လား? User-Friendliness ကအရေးကြီး
ပါတယ်။စနစ်တစ်ခုက ဘယ်လောက်ပဲ ကောင်းကောင်း၊
အသုံးပြုရတာ ရှုပ်ထွေးနေရင် ဝန်ထမ်းတွေက သုံးချင်ကြမှာ
မဟုတ်ပါဘူး။ HR Team တင်မကဘဲ ရုံးတွင်းဝန်ထမ်းအားလုံး
အလွယ်တကူ သုံးနိုင်တဲ့ Dashboard မျိုး ဖြစ်ရပါမယ်။ အထူးသဖြင့်
ဝန်ထမ်းတွေ ကိုယ့်ဖုန်းကနေပဲ ခွင့်တိုင်တာ၊ လစာစာရွက် Payslip
ကြည့်တာတွေ လုပ်နိုင်မယ့် Mobile App/Employee Self-Service
ESS ပါဝင်မှုက အရေးကြီးပါတယ်။
နည်းပညာသစ်များနှင့် ချိတ်ဆက်နိုင်စွမ်း Integration &
AI Readiness ရှိမရှိကိုလည်းကြည့်ဖို့လိုအပ်ပြန်ပါတယ်။
လက်ရှိ ၂၀၂၆ မှာ AI နည်းပညာက HR လောကထဲကို အများကြီး
ဝင်ရောက်လာပါပြီ။ ကိုယ်ရွေးချယ်မယ့် HRIS က ကုမ္ပဏီမှာ
လက်ရှိသုံးနေတဲ့ အခြားစနစ်တွေ ဥပမာ - Fingerprint Device,
ERP, Fingerprint Attendance, Accounting Software နဲ့
ချိတ်ဆက်လို့ ရ၊ မရ စဉ်းစားရပါမယ်။ ဒါ့အပြင် ဒေတာတွေကို
ခွဲခြမ်းစိတ်ဖြာပေးနိုင်မယ့် AI Analytics တွေ ပါဝင်လာရင်
ဝန်ထမ်းထွက်နှုန်း ဒါမှမဟုတ် Performance တွေကို ကြိုတင်
ခန့်မှန်းရလွယ်ကူစေပါတယ်။
ဒေတာလုံခြုံရေးနှင့် ဥပဒေညီညွတ်မှု Data Security &
Compliance ကတော့ HRIS ရဲ့အသက်ပါ။ဝန်ထမ်းတွေရဲ့
ကိုယ်ရေးအချက်အလက်၊ လစာနဲ့ ဘဏ်အကောင့်တွေဟာ
အလွန်အရေးကြီးတဲ့ လျှို့ဝှက်ချက် Confidential Data တွေ
ဖြစ်ပါတယ်။ ဒါကြောင့် ရွေးချယ်မယ့် စနစ်က Data Encryption
စနစ်ကောင်းကောင်း သုံးထားရဲ့လား? Cloud ပေါ်မှာ သိမ်းဆည်း
တာ စိတ်ချရရဲ့လား? ဆိုတာ သေချာကြည့်ရပါမယ်။ တပြိုင်တည်း
မှာပဲ မြန်မာနိုင်ငံရဲ့ အလုပ်သမားဥပဒေ ခွင့်ခံစားခွင့်၊ အချိန်ပို
ကြေးတွက်ချက်မှုတွေနဲ့ ကိုက်ညီအောင် Customize ပြင်ဆင်ရ
လွယ်ကူဖို့လည်း လိုအပ်ပါတယ်။
ရေရှည်တွက်ခြေကိုက်မှုနှင့် Support ဖြစ်တဲ့ Scalability &
Vendor Support အရေးကြီးပါတယ်။အခု ဝန်ထမ်း (၅၀) ရှိတဲ့အချိန်မှာ
အဆင်ပြေပေမဲ့ နောက် ၂ နှစ်နေလို့ ဝန်ထမ်း ၅၀ ကနေ ၅၀၀ ဖြစ်လာ
ရင်ရော ဒီစနစ်က လိုက်လျောညီထွေ ဖြစ်ပါ့မလား? Scalability ဆိုတာ
တွေးထားရပါမယ်။ အရေးကြီးဆုံးအချက်ကတော့ Software ဝယ်ပြီး
တဲ့နောက်ပိုင်း တစ်ခုခုအဆင်မပြေရင် ချက်ချင်းဖြေရှင်းပေးမယ့်
Service Provider, Vendor ရဲ့ Customer Support ကောင်း၊
မကောင်းပဲ ဖြစ်ပါတယ်။
HRIS ဆိုတာ ကိရိယာ (Tool) တစ်ခုမျှသာ ဖြစ်ပါတယ်။ မဟာဗျူဟာ
မြောက်တဲ့ HR စနစ်နဲ့ သေချာ ပေါင်းစပ်အသုံးမချနိုင်ရင် ငွေကုန်ရုံပဲ
ရှိပါလိမ့်မယ်။ စနစ်သစ်တစ်ခုကို မပြောင်းလဲခင် ဝန်ထမ်းတွေကို
ကြိုတင်အသိပေးတာ၊ စနစ်တကျ Training ပေးတာတွေ လုပ်ဆောင်မှ
သာ အောင်မြင်တဲ့ ပြောင်းလဲမှု Digital Transformation တစ်ခု
ဖြစ်လာမှာဖြစ်ကြောင်းပါ။