နောက် ၆လ၊ ၂၀၂၆ ကုန်ရင်
ကိုယ့်ရဲ့ English Level ကို ဘယ် Levelထိ
ရောက်ချင်ကြလဲ?
Hysan Education
An epicenter dedicated to empowering youth and facilitating self discovery, where challengers thrive
အရင်တုန်းက Englishအရမ်းကြောက်တဲ့ သူတို့နှစ်ယောက် အခုဘာတွေပြောင်းလဲသွားကြလဲ? 🤔‼️
Hysanအကြောင်း အမှန်တိုင်းပြောမယ်: Box of Dares (Ep - 1 )
လူတိုင်းရဲ့ စမှတ်တွေနဲ့ ဆုံးမှတ်တွေက မတူဘူး။
အဲ့လိုပဲ ကိုယ်စီပန်းတိုင်တွေကလည်း တူကြမှာမဟုတ်ဘူး။
အဓိက စဉ်းစားရမဲ့အရာက
ကိုယ်က Consistency ရှိရှိနဲ့
ကိုယ့်လမ်းကိုယ် ဆက်လျှောက်နေလား?
Learning ဆက်လုပ်နေလား?
ဆက်မလုပ်နေဘူးလား? ကပဲ
ဘဝတွေကိုအဆုံးအဖြတ်ပေးသွားတာ။
ဘာမှ ကြိုးစားအားထုတ်မှုမရှိဘဲနဲ့
ဘဝကြီးကို တိုးတက်ပြောင်းလဲချင်နေလို့မရဘူး။
Learning လုပ်နေတဲ့ကာလတွေ၊
ကြိုးစားနေရတဲ့ကာလတွေမှာ
စိတ်ဓာတ်ကျပြီး ဘာမှမလုပ်ချင်တဲ့
နေ့ရက်တွေ၊ အခြေအနေတွေကတော့
လူတိုင်းမှာ ရှိခဲ့ဖူးမှာပဲ။
ဒီလိုအချိန်တွေမှာ
ကိုယ်လုပ်စရာရှိတာကို မပျက်မကွက်ဘဲ
တစိုက်မတ်မတ်လုပ်နေခဲ့တဲ့လူတွေကပဲ
Result ကောင်းတွေကို ပိုင်ဆိုင်သွားကြတာ။
ကိုယ့်ကိုယ်ကိုယ် သေချာပြန်တွေးကြည့်ပါ။
ဘဝမှာ နောင်တမရချင်ရင်
ကိုယ်တကယ်လုပ်ရမဲ့အရာကိုရှာဖွေပြီး
တစိုက်မတ်မတ် လုပ်ကြည့်ပါ။
ကိုယ့်ကိုယ်ကိုယ် Challenge ခေါ်ကြည့်ပါ။
Express your soul, enrich your skills.
26/06/2026
အကြောင်းပြချက်မျိုးစုံနဲ့ ဘယ်တော့မှ စာအုပ်ရှေ့ကို ရောက်မှာလဲ? 📚
English စာတော့ တိုးတက်ချင်တယ်၊ ဒါပေမဲ့ ဒီနေ့တော့ မအားလို့၊ စာလုပ်ချင်စိတ် မရှိလို့ဆိုပြီး စာအုပ်ရှေ့ကနေ ရှောင်ဖယ်သွားတဲ့နေ့တွေ ဘယ်နှရက်ရှိနေပြီလဲ? 🗓
ဒီအကြောင်းပြချက်တွေနဲ့ စာအုပ်ရှေ့ကို မရောက်လာဘူးဆိုရင် ကိုယ်ရည်ရွယ်ထားတဲ့ ပန်းတိုင်ကို ရောက်ဖို့ဆိုတာ ဝေးသထက် ဝေးလာပါလိမ့်မယ်။ Woody Allen ပြောတဲ့ “Eighty percent of success is showing up” အတိုင်း အောင်မြင်မှုရဲ့ 80 ရာခိုင်နှုန်းဟာ အခွင့်အရေးရှိတဲ့ နေရာကို အမြဲတမ်းသွားနေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ✨
ဒီလိုပဲ English Learner တွေအတွက် အောင်မြင်မှုဆိုတာ “ပြီးပြည့်စုံအောင် လေ့လာနိုင်ဖို့မဟုတ်ဘဲ နည်းနည်းပဲ လေ့လာမိရင်တောင် စာအုပ်ရှေ့ကို အရောက်သွားနေဖို့” ပဲ ဖြစ်ပါတယ်။ 🚶♂️
ကျောင်းသားအများစုက English စာလေ့လာတဲ့အခါ တစ်နေ့တည်းနဲ့ စာအများကြီးလေ့လာပြီးတော့ နောက်ရက်တွေမှာ ပျောက်သွားတတ်ကြပါတယ်။ English စာကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ ပြောတတ်နေသူတွေမှာတော့ စာအများကြီး မလုပ်နိုင်ရင်တောင် စာအုပ်ရှေ့မှာ ခဏလောက် ထိုင်ဖို့ မပျက်ကွက်တတ်ကြပါဘူး။ 🙅♂️
ဒီလို နေ့စဉ်ရှိနေပေးခြင်းကနေတဆင့် “အလေ့အထကောင်း”တစ်ခုဖြစ်လာပြီး အဲ့ဒီ အလေ့အထကောင်းတစ်ခုကပဲ ကိုယ့်ကို မထင်မှတ်ထားလောက်အောင် English လို ကျွမ်းကျင်လာစေမှာပါ။ 📈
Reading မဖတ်ချင်တဲ့နေ့မှာ English လိုရေးထားတဲ့ Post တစ်ခုလောက်ကို ဖတ်လိုက်တာ၊ ပင်ပန်းနေတဲ့နေ့မှာ English သီချင်းတစ်ပုဒ်ကို စာသားကြည့်ပြီး နားထောင်လိုက်တာ၊ Speaking မလေ့ကျင့်ချင်တဲ့နေ့မှာ English လို Podcast တစ်ပုဒ်ကို ကြည့်လိုက်တာ စတာတွေ ကိုယ့်ကို English စာနဲ့ ထိတွေ့နိုင်တဲ့ အလေ့အကျင့်ကောင်းတွေပါ။ 🎧
တစ်နေ့ကို English စာလေ့လာဖို့အတွက် 5 မိနစ်ပဲ အချိန်ပေးနိုင်တယ်ဆိုရင်တောင် နေ့စဉ် မပျက်မကွက်ဘဲ လေ့လာမယ်ဆိုရင် ကိုယ့်ကို အောင်မြင်မှုရဲ့ 80 ရာခိုင်နှုန်းဆီ အရောက်ပို့ဆောင်နေပြီ ဖြစ်ပါတယ်။ 🚀
Express your soul, enrich your skills. 🌟
အောင်မြင်မှုခရီးလမ်းဆီက ကျန်တဲ့ 20 ရာခိုင်နှုန်းကို Hysan နဲ့ အတူတူ လေ့လာဖို့အတွက် အခုပဲ Comment မှာ “Challenger” လို့ မန့်ခဲ့ပေးပါ။ 💬
26/06/2026
ရန်ကုန်မြို့က လူငယ်တွေအတွက်ပြုလုပ်ပေးခဲ့တဲ့ “လမ်းစ” Program လေးဟာ အောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီ 🎉
Hysan Yangon Campus မှာပြုလုပ်ခဲ့တဲ့ “လမ်းစ” Program လေးကို တက်ရောက်ခဲ့တဲ့လူငယ်တွေနဲ့အတူ “လမ်းစ”မှာ ကိုယ်ရဲ့ အားသာချက်တွေနဲ့ ရည်မှန်းချက်တွေကို အတူတူရှာဖွေခဲ့ပြီး ဇွန်လ 21 ရက် (တနင်္ဂနွေနေ့) က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။
ဒီပွဲလေးကနေတဆင့် လူငယ်တွေအချင်းချင်းတွေ့ဆုံပြီး Network တွေအတူတူ ဖန်တီးတာ၊ ကိုယ် စိတ်ဝင်စားပြီး ဝါသနာပါတဲ့အရာတွေကနေတဆင့် ကိုယ့်ရဲ့ အားသာချက်နဲ့ ရည်မှန်းချက်တွေကို ရှာဖွေနိုင်ခဲ့ကြတာတွေအပြင်
Scholarship Winner တွေနဲ့ နယ်ပယ်အသီးသီးက ခေါင်းဆောင်ကောင်းတွေနဲ့ တွေ့ဆုံပြီး တန်ဖိုးရှိတဲ့ အတွေ့အကြုံတွေနဲ့ Knowledge တွေကို ရယူနိုင်ခဲ့ကြပါတယ်။ 🌟
🗺️ “လမ်းစ” Program ကနေတဆင့် ကိုယ့်ရဲ့ အနာဂတ်တိုးတက်မှုအတွက် ကိုယ်ကိုယ်တိုင်ရေးဆွဲထားတဲ့ Personal Roadmap အတိုင်း နောင်တချိန်မှာလည်း အောင်မြင်တဲ့ လူငယ်တွေအဖြစ် ထွန်းတောက်နိုင်မယ်လို့ မျှော်လင့်ရင်း….
Hysan Yangon Campus မှာ ကျင်းပခဲ့တဲ့ “လမ်းစ” Program ရဲ့ ပွဲကျင်းပမှုပုံရိပ်တွေကို Hysan ကနေပြီးတော့ ဂုဏ်ယူဝမ်းမြောက်စွာ မျှဝေလိုက်ရပါတယ်။ 📸
လာမယ့် 28 ရက်နေ့မှာလည်း မန္တလေးမြို့နဲ့ တောင်ကြီးမြို့မှာရှိတဲ့ Hysan Campus တွေမှာ “လမ်းစ” Program ကို ကျင်းပသွားမယ့်အပြင် မော်လမြိုင်မြို့မှာလည်း ကျင်းပပေးသွားဦးမှာမလို့
တက်ရောက်ချင်တဲ့ လူငယ်တွေအားလုံး အောက်ပါ Link လေးကနေတဆင့် Register လုပ်ပြီး “လမ်းစ” Program မှာ ကိုယ့်ရဲ့ အားသာချက်တွေကို အတူရှာဖွေလိုက်စို့နော်….
🔗 Registration Form Link:
https://forms.gle/NdAzMRQQP3fYaiuX8
Express your soul, enrich your skills. ✨
25/06/2026
အင်္ဂလိပ်စာသာ ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်မယ်ဆိုရင် အခုလိုမျိုး ထူးထူးခြားခြား ပြောင်းလဲလာမယ် 🤔
“ကိုယ်လုပ်နေတဲ့ အလုပ်မှာ English လိုပြောရတာမှ မဟုတ်တာ English စာတတ်တော့ရော ဘာထူးမှာမလို့လဲ? ဒီအတိုင်း စာမေးပွဲအောင်ရုံ သင်တန်းပြီးရုံပဲ မဟုတ်လား?” လို့ တွေးနေပြီဆိုရင် ကိုယ်အမှားကြီး မှားနေပါပြီဆိုတာ သိသင့်ပါတယ်။🙅♂️
တကယ်တော့ English စာ ဘယ်လောက်အသုံးဝင်လဲ သိချင်တယ်ဆိုရင် ကိုယ်ကိုယ်တိုင် အသုံးချကြည့်မှ သိလာမှာပါ။ ကိုယ်က English လို တစ်လုံးတောင် ကောင်းကောင်းမပြောဖူးဘဲ English စာက ကိုယ့်ဘဝအတွက် အသုံးမဝင်ဘူးထင်နေရင် သေချာလေး ပြန်စဉ်းစားဖို့ လိုနေပါပြီ။💡
English စာဆိုတာက သင်တန်းတွေတက်ပြီး ပြီးသွားရမယ့် ဘာသာရပ် Subject တစ်ခုအနေနဲ့ စာမေးပွဲအောင်ရုံပဲ မဟုတ်ဘဲ ကိုယ့်ဘဝကို ကြီးကြီးမားမားပြောင်းလဲပေးနိုင်တဲ့ အခွင့်အလမ်းတစ်ခု ဖြစ်ပါတယ်။ 🔥
🌍 ကိုယ်မြင်ရတဲ့ ကမ္ဘာကြီးဟာ ပိုကျယ်ပြန့်လာမယ်။
ကိုယ်လိုအပ်တဲ့ Information တွေကို ဘာသာပြန်စာအုပ်ထဲမှာ ရှာနေရတဲ့ဘဝကနေ English စာ တတ်သွားမယ်ဆိုရင် လိုတာထက်ပိုတဲ့ Information တွေကို အတိုင်းအဆမရှိ ရယူနိုင်မှာပါ။ English လို ကောင်းကောင်းနားလည်သွားတဲ့အခါ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးတွေရဲ့ စာအုပ်တွေ၊ နိုင်ငံတကာက အသိပညာတွေကို တိုက်ရိုက်ရယူနိုင်မှာမလို့ ကိုယ်မြင်ရတဲ့ ကမ္ဘာကြီးဟာ ပိုကျယ်ပြန့်လာမှာပါ။📚
💼 ဘဝမှာ ရွေးချယ်စရာ အခွင့်အလမ်းတွေ ပိုပြီးများလာမယ်။
နိုင်ငံတကာက အလုပ်အကိုင်အခွင့်အလမ်းတွေကို ရယူဖို့ဆိုတာ English စာဆိုတာ မရှိမဖြစ် အရေးကြီးပါတယ်။ ကိုယ့်ရဲ့ အခွင့်အလမ်းတွေကို Local ဆိုတဲ့ ဘောင်ထဲမှာပဲ ပိတ်မိမနေတော့ဘဲ English စာသာ ကျွမ်းကျင်မယ်ဆိုရင် အိမ်မှာနေပြီး နိုင်ငံတကာက အလုပ်အကိုင်အခွင့်အလမ်းတွေကို ထိုင်ရွေးချယ်ရုံပါပဲ။🌐
🌟 ကိုယ့်ရဲ့ Confidence တွေ တဟုန်ထိုး တိုးတက်လာမယ်။
English စာကို ကျွမ်းကျွမ်းကျင်ကျင် သဘာဝကျကျ ရေးတတ်ပြောတတ်လာတဲ့အခါ ကိုယ့်ရဲ့ Confidence ကလည်း တဟုန်ထိုး တိုးတက်လာမှာပါ။ အရင်က နိုင်ငံခြားသားတွေ့ရင် ထွက်ပြေးရတဲ့အခြေအနေကနေ မရှက်မကြောက်တော့ဘဲ တန်းတူစကားပြောလာနိုင်မှာပါ။ 🔥
English စာဆိုတာ ဘာသာရပ်တစ်ခုအနေနဲ့ စာမေးပွဲအောင်ရုံလောက်ပဲ ပြောင်းလဲပေးနိုင်တာမဟုတ်ပါဘူး။ အကျိုးရှိရှိအသုံးချတတ်မယ်ဆိုရင် ကိုယ့်အနာဂတ်အောင်မြင်မှုအတွက် English စာဟာ အခွင့်အလမ်းတွေကို လမ်းဖွင့်ပေးမယ့် သော့တစ်ချောင်းပါပဲ။ 🔑
Express your soul, enrich your skills. 🌟
Hysan နဲ့အတူ ပြောင်းလဲဖို့အသင့်ဖြစ်ပြီဆိုရင်တော့ အခုပဲ Comment မှာ “Challenger” လို့ မန့်ခဲ့လိုက်ပါ။ 💬
ရန်ကုန်က လူငယ်တွေတော့ အဖြေရှာတွေ့သွားကြပြီ၊ အခု မန္တလေးနဲ့ တောင်ကြီးက လူငယ်တွေရဲ့ အလှည့်ပဲ 🤩
Grade 12 လည်း ပြီးသွားပြီ။ ရှေ့ဆက် ဘာလုပ်ရမလဲ မသိဘဲ မရေရာမှုတွေကြားမှာ လမ်းပျောက်နေတုန်းလား?
ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လုပ်ချင်ပေမဲ့ ဘယ်ကစရမှန်း မသိဘဲ အချိန်တွေ ကုန်ဆုံးနေရတာ နှမြောဖို့ကောင်းပါတယ် 😌
ဒါကတော့ ပြီးခဲ့တဲ့ အပတ်က ရန်ကုန်မြို့ကလူငယ်ပေါင်းများစွာနဲ့ အောင်မြင်စွာ ကျင်းပခဲ့တဲ့ 'လမ်းစ' ရဲ့ ပုံရိပ်တွေပါ။ အခုတော့ မန္တလေးနဲ့ တောင်ကြီးက လူငယ်တွေရဲ့ အလှည့် ရောက်လာပြီနော် 🫵
ဒီမှာ ပုံမှန် Program တွေလိုမဟုတ်ဘဲ စိတ်တူကိုယ်တူ ရည်မှန်းချက်တူတဲ့ သူငယ်ချင်းအသစ်တွေနဲ့ Network ကောင်းတစ်ခုကို တည်ဆောက်ခွင့်ရမှာပါ။
ကိုယ့်မှာရှိနေတဲ့ Potential တွေ၊ Scholarship အခွင့်အလမ်းတွေနဲ့အတူ ဘဝအတွက် သေချာရေရာတဲ့ Personal Roadmap ကို Professional Trainerတွေနဲ့အတူတူ ပုံဖော်သွားမှာပါပဲဖြစ်ပါတယ်။
ဒါကြောင့် လာမယ့် ဇွန်လ (၂၈)ရက်နေ့မှာ မန္တလေးနဲ့ တောင်ကြီးမှာ ကျင်းပသွားမဲ့ “လမ်းစ” Program အတွက် အခုပဲ “အခမဲ့” Register လုပ်ပြီး အောင်မြင်တဲ့ လမ်းစကို အတူရှာဖွေလိုက်ရအောင်နော် 🫶
👇 Registration Form Link 👇
https://forms.gle/NdAzMRQQP3fYaiuX8
#လမ်းစ
24/06/2026
အဆင်မပြေမှုတွေက ကိုယ့်ကို ပိုပြီး သန်မာလာအောင် လေ့ကျင့်ပေးနေတာပါ 💪
“Reading လေ့ကျင့်ရင် အချိန်မလောက်ဘူး၊ Speaking ပြောရင် ကောင်းကောင်းမပြောတတ်ဘူး” ဆိုတဲ့ အဆင်မပြေမှုတွေကြားမှာ ကိုယ့်ကိုယ်ကိုယ် နစ်မြုပ်နေပြီလား? 🤔
English စာကို လေ့လာနေတဲ့အခါမှာ နေ့ရက်တိုင်းက ကိုယ့်အတွက် အဆင်ပြေနေမှာတော့ မဟုတ်ပါဘူး။ အရာရာဟာ ကိုယ်စီစဉ်ထားတဲ့အတိုင်း ချောချောမွေ့မွေ့ဖြစ်မလာတဲ့အခါ ရှေ့ဆက်မလျှောက်ချင်လောက်အောင် တစ်ခါတလေ စိတ်ဓာတ်တွေလည်း ကျတတ်ပါတယ်။ 🥺
ဒါပေမဲ့ ဒီအဆင်မပြေမှုတွေက ကိုယ့်ရဲ့ အနာဂတ်လမ်းကို ပိတ်ဆို့ထားတဲ့အရာတွေ မဟုတ်ဘဲ ကိုယ့်ကို ပိုကောင်းတဲ့ Version တစ်ခုအဖြစ် ပိုမို သန်မာလာအောင် နောက်ကနေ တွန်းအားပေးပြီး လေ့ကျင့်ပေးနေတဲ့ အကောင်းဆုံး Mentor တွေပါပဲ။ 🔥
💎 ကျောက်တုံးတစ်တုံးဟာ စစ်မှန်တဲ့ စိန်တစ်တုံးဖြစ်လာဖို့အတွက် အပြင်းထန်ဆုံး ဖိအားတွေကို ခံစားရသလိုမျိုး ကိုယ့်ရဲ့ English Level တိုးတက်လာဖို့ဆိုတာကလည်း ဒီအဆင်မပြေမှုတွေကြားကနေ လေ့ကျင့်ပြောင်းလဲယူမှသာ ဖြစ်လာတဲ့အရာတွေပါ။
🗺 ဒီအဆင်မပြေမှုတွေကို ကိုယ့်အတွက် လမ်းပြမြေပုံတစ်ခုအဖြစ် အသုံးချမယ်ဆိုရင် Listening Test ဖြေဆိုတဲ့အခါ၊ Speaking ဖြေဆိုတဲ့အခါ ကိုယ်အဆင်မပြေတဲ့နေရာကို သေချာသိရှိပြီး ပြုပြင်ပြောင်းလဲနိုင်ရင်တော့ ဒါဟာ ကိုယ့်အတွက် အောင်မြင်မှုတစ်ခုပါပဲ။
🌅 အခုအချိန်မှာ English လို Fluent ရှိရှိ ပြောနိုင်နေတဲ့သူတွေဟာ အရင်တစ်ချိန်က ကိုယ့်လို အဆင်မပြေမှုတွေကြားမှာ ကျင်လည်ခဲ့တဲ့သူတွေဆိုတာ သတိရသင့်ပါတယ်။ သူတို့အားလုံးဟာ ကိုယ်ခံစားနေရတဲ့ အဆင်မပြေမှုတွေကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့လို့ လက်ရှိမှာ ဒီနေရာကို ရောက်နေတာပါ။
ဒါကြောင့်မလို့ အဆင်မပြေမှုတွေဆိုတာ လက်လျော့ပြီး ညည်းညူဖို့အတွက် မဟုတ်ပါဘူး။ တကယ်လို့ ဒီတိုက်ပွဲကို တစ်ယောက်တည်း ဆင်နွှဲရလို့ ပင်ပန်းနေပြီဆိုရင် Hysan က အမြဲအတူရှိနေပါတယ်။ ✨
Express your soul, enrich your skills. 🌟
မနေ့ကထက် ပိုပြီးသန်မာတဲ့ ကိုယ်ဖြစ်ဖို့အတွက် Hysan နဲ့အတူ လက်တွဲရအောင် အခုပဲ Comment မှာ “Challenger” လို့ မန့်ခဲ့လိုက်ပါ။ 💬
24/06/2026
🌈 မတူကွဲပြားမှုကို လက်ခံရင်း ကိုယ့်တန်ဖိုးကို ရှာဖွေကြမယ်
ချစ်ခြင်းတွေ ပြည့်နှက်နေတဲ့ Pride Month လလေးရဲ့ နွေးထွေးပြီး အဓိပ္ပာယ်ရှိတဲ့ စကားဝိုင်းလေးမှာ လူငယ်တွေအားလုံး လွတ်လွတ်လပ်လပ်နဲ့ ပါဝင်ဆွေးနွေးနိုင်ဖို့အတွက် Hysan ရဲ့ Speaking Buddy Club Yangon Team နဲ့ The Coffee Club Yangon တို့ ပူးပေါင်းပြီး အထူး Event လေးတစ်ခုကို စီစဉ်ထားပါတယ်။ ✨
ဒီ Event လေးကိုတော့ "Pride Espresso” လို့ နာမည်ပေးထားပြီး နာမည်အတိုင်းပဲ ကော်ဖီတစ်ခွက်ရဲ့ နွေးထွေးမှုနဲ့အတူ Hysan ရဲ့ နွေးထွေးတဲ့ Youth Community ထဲမှာ မတူကွဲပြားတဲ့ ဖြစ်တည်မှုတွေအကြောင်း၊ အပြန်အလှန် လေးစားမှုနဲ့ ကိုယ့်ကိုယ့်ကိုယ် လက်ခံခြင်း စတဲ့အကြောင်းအရာတွေကို အတူတူဆွေးနွေးသွားကြမှာပါ။ 💖
📌 ဒီ Event လေးမှာ ဘာတွေ ပါဝင်မလဲ?
Ice-Breaking Session: သူငယ်ချင်းအသစ်တွေနဲ့ မစိမ်းရအောင် ပျော်စရာ Game Activities တွေကို အတူတူဆော့ကစားနိုင်မယ်။
Interactive Discussion & Public Speaking: ဒီစကားဝိုင်းလေးမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေနဲ့ ကိုယ့်ရဲ့အတွေ့ကြုံတွေကို English လို မျှဝေဆွေးနွေးပြီး ကိုယ့်ရဲ့ Public Speaking Skill ကို မြှင့်တင်နိုင်မယ်။
Pride-Related Activities: Pride Month နဲ့ ပတ်သက်တဲ့ Activities လေးတွေကို အတူတူလုပ်မယ်။
Group Song & Refreshment: သီချင်းတွေအတူတူဆိုပြီး တစ်ယောက်နဲ့တစ်ယောက် ပိုမိုရင်းနှီးနိုင်မယ်။
📅 About Pride Espresso
Event Date: 28.6.2026 (Sunday)
Event Time: 1:00 PM - 4:00 PM
Location: 6th Floor (Hysanverse), A410 Building, Near CB Bank, Times City.
ချစ်ခြင်းတွေနဲ့ ပြည့်နှက်နေတဲ့ Pride Month လေးမှာ ကော်ဖီရဲ့ နွေးထွေးတဲ့ အရသာနဲ့အတူ English လို စကားတွေဖောင်ဖွဲ့ပြီး အတူတူဆုံကြရအောင်ပါ။ 🤝🌈
👇 Registration Form ဖြည့်ရန် 👇
https://docs.google.com/forms/d/e/1FAIpQLSd25oXrPboLnW-EtH7R88GaQlGu2eYiAGpJogh5uiJ6ldhGtg/viewform?usp=dialog
Idioms တွေကို ကောင်းကောင်းသုံးတတ်ချင်လား?👀
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
ShopHouse No. 410, Times City Complex, HanThar Waddy Road, Kamaryut Township
Yangon
11041
Opening Hours
| Monday | 08:00 - 22:00 |
| Tuesday | 08:00 - 22:00 |
| Wednesday | 08:00 - 22:00 |
| Thursday | 08:00 - 22:00 |
| Friday | 08:00 - 22:00 |
| Saturday | 08:00 - 22:00 |
| Sunday | 08:00 - 22:00 |