24/06/2026
Pre-K Wow ISM with a Sustainable Fashion Show
Looking back on some of the memorable moments from the past school year, the Pre-K Sustainable Fashion Show was a truly creative and inspiring highlight. Students and teachers transformed reused and recycled materials into unique fashion designs and brought them to life on the runway through a special fashion show.
The purpose of the event was to encourage students to think about environmental responsibility and understand how even small actions can help protect the world around us. Through creativity and collaboration, our young learners discovered that they can make a positive impact on the planet in meaningful ways.
===
ပြီးခဲ့တဲ့ စာသင်နှစ်ရဲ့ အမှတ်တရအချို့ ကို ပြန် ကြည့်လိုက်မယ်ဆိုရင် Pre-K ကျောင်းသားလေးတွေရဲ့ " Sustainable Fashion Show" က ဖန်တီးနိုင်စွမ်းအပြည့် နဲ့ စိတ်ဝင်စားဖို့ ကောင်းခဲ့ပါတယ်။ ကျောင်းသား/သူ နဲ့ ဆရာမတွေက ပြန်လည် အသုံးပြုနိုင်တဲ့ (reused and recycled) ပစ္စည်းတွေကို ဖက်ရှင်ဒီဇိုင်းများအဖြစ် ပြောင်းလဲခဲ့ကြပြီး fashion show အဖြစ်နဲ့ ဖန်တီးခဲ့ကြပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ယူမှုနဲ့ သေးငယ်တဲ့ လုပ်ဆောင်ချက်များက ပဲ နေထိုင်ရာ ကမ္ဘာပတ်ဝန်းကျင်ကို ဘယ်လိုမျိုး ကာကွယ်ပေးနိုင်မလဲဆိုတာ စဥ်းစားတတ်ဖို့ကို ကျောင်းသားတွေအတွက် တိုက်တွန်းပေးခဲ့တာဖြစ်ပါတယ်။
The Power To Make A New Tomorrow
22/06/2026
KG Students Discover the Hidden World of Plants
During the previous school year, our Elementary students participated in a variety of STEMSCAPE learning experiences. Among them, the Plant = Tastic Science exploration for Kindergarten students was especially engaging, combining hands-on activities with exciting discoveries. From solving plant-themed puzzles to creating their own mini gardens, our young learners explored the fascinating world of plants through interactive learning.
One of the greatest strengths of STEMSCAPE is its emphasis on learning by doing. These hands-on experiences help nurture children’s curiosity, creativity, and confidence during the early childhood years, laying a strong foundation for future learning and growth.
=====
ပြီးခဲ့တဲ့ ကျောင်းစာသင်နှစ်အတွင်းမှာ Elementary ကျောင်းသားလေးတွေ အတွက် STEMSCAPE လေ့လာမှုတွေ အများအပြားရှိခဲ့ပါတယ်။ အဲ ထဲကမှ KG ကျောင်းသားလေးတွေရဲ့Plant = Tastic Science လေ့လာရေးက လက်တွေ့လုပ်ဆောင်ချက်တွေနဲ့အတူ စိတ်ဝင်စားဖို့ကောင်းခဲ့ပါတယ်။ Puzzle game ကနေ Mini garden လေးတစ်ခု ပုံဖော်လာတဲ့အထိ အပင်တွေရဲ့အကြောင်းကို KG ကလေးတွေက လေ့လာခဲ့ကြတာပါ။ Stemscape သင်ယူမှုရဲ့ အဓိက အားသာချက်က လက်တွေ့လုပ်ဆောင်ရတဲ့အချက်ပါပဲ။ ဒီလက်တွေ့သင်ယူမှုကပဲ Early Childhood Stage မှာ သူတို့ရဲ့ သိချင်စိတ်၊ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ ယုံကြည်မှုကိုရရှိလာဖို့အထောက်အကူ ဖြစ်စေတာ ဖြစ်ပါတယ်။
The Power To Make A New Tomorrow
19/06/2026
From Classroom Inquiry to Published Magazine
Students gain the greatest value from education when they are able to apply their knowledge in meaningful and practical ways. During the previous academic year, Grade 4 students integrated what they had learned in Science, Social Studies, and Language Arts to produce a class magazine titled Waves and Technology.
Working collaboratively as researchers, writers, editors, and designers, the students took ownership of every stage of the process, bringing their magazine to life through teamwork and dedication. On the day of the launch, they shared their learning journey with parents and teachers and presented the purpose and outcomes of their publication with confidence.
ISM is always proud of the achievements of our elementary students, especially when they are able to create and publish work of this quality. Moving forward, the school remains committed to supporting students’ continued growth and development in partnership with the wider ISM community.
=====
ကျောင်းသားတွေ ပညာသင်ယူရခြင်းရဲ့ အကျိုးရှိဆုံး ကဏ္ဍကတော့ သူတို့ရရှိတဲ့ ဗဟုသုတတွေကို လက်တွေ့ပြောင်းလဲနိုင်အောင် ဖန်တီးရခြင်းပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စာသင်နှစ်အတွင်းမှာ Grade 4 ကျောင်းသားလေးတွေက Science ၊ Social Studies နဲ့ Language arts ဘာသာရပ်များမှ သင်ယူခဲ့သမျှကို ပေါင်းစပ်ပြီး Waves and Technology ခေါင်းစဥ်ဖြင့် Class Magazine ကို ထုတ်ဝေခဲ့ကြပါတယ်။
ကျောင်းသားလေးတွေက researchers ၊ writers၊ editors နဲ့ designers တွေအဖြစ် ကဏ္ဍအသီးသီးမှ သူတို့ကိုယ်တိုင် ပူးပေါင်းပါဝင်ပြီး Magazine တစ်ခုထွက်ပေါ်လာတဲ့အထိ အကောင်ထည်ဖော်ခဲ့ကြတာပါ။ Launch လုပ်တဲ့နေ့မှာပဲ သူတို့လျှောက်လှမ်းခဲ့ကြတဲ့ သင်ကြားမှုခရီးစဥ်ကို မိဘ ဆရာ/မ များနဲ့ မျှဝေခဲ့ကြပြီး Magazine ထုတ်ဝေရခြင်းရဲ့ ရည်ရွယ်ချက်ကိုပါ ကျောင်းသားတွေက တင်ပြခဲ့ကြပါတယ်။
ဒီလို Magazine project ကို သူတို့ကိုယ်တိုင်ထုတ်ဝေနိုင်မှုကနေ Elementary ကျောင်းသားများရဲ့ အောင်မြင်မူကို ISM က အမြဲဂုဏ်ယူလျက်ရှိနေပါတယ်။ ရှေ့လာမယ့်ပညာသင်နှစ်များမှာလည်း ကျောင်းသားတွေ ပိုမိုတိုးတက်လာစေဖို့အတွက် ISM က Community နဲ့အတူ အစဥ်တစိုက် အကောင်ထည်ဖော်ဆောင်လျက် ရှိနေပါတယ်။
The Power To Make A New Tomorrow
17/06/2026
🏆 Reflecting on a Season of Achievement
As all students are enjoying their school holiday, the school would like to take a moment to celebrate a notable achievement from the previous academic year. At the Yangon Regional Round of the World Scholar’s Cup held on May 23rd, ISM students competed with outstanding performance and successfully advanced to the Global Round.
From debating and writing performances to demonstrating critical thinking, collaboration, and academic excellence, our students consistently showcased their strengths throughout the competition.
ISM proudly congratulates all students who participated in the World Scholar’s Cup. At the same time, their determination, hard work, and achievements continue to serve as an inspiring example to the entire ISM community to this day.
===
ကျောင်းသားတွေအကုန်လုံး ပိတ်ရက်ကို ပျော်ရွှင်စွာနဲ့ ဖြတ်သန်းနေချိန်မှာပဲ ပြီးခဲ့တဲ့ပညာသင်နှစ်ထဲ ရရှိခဲ့တဲ့အောင်မြင်မှုတစ်ခုကို ကျောင်းက ပြန်လည်ဂုဏ်ပြုချင်ပါတယ်။ မေလ ၂၃ ရက်နေ့မှာ ကျင်းပခဲ့တဲ့ Yangon Regional Round of the World Scholar's Cup ပြိုင်ပွဲမှာ ISM ကျောင်းသားတွေက ထူးချွန်စွာ နဲ့ ယှဥ်ပြိုင်နိုင်ခဲ့ပြီး Global Round အထိ တက်လှမ်းနိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။
Debating နဲ့ Writing Performance တွေကနေ Critical Thinking ၊ Collaboration နဲ့ Academic Excellence တွေအထိ သူတို့ရဲ့ ထူးချွန်မှုတွေကို ကျောင်းသားတွေကတောက်လျှောက် ဖော်ပြနိုင်ခဲ့ကြပါတယ်။
World Scholar's Cup ပြိုင်ပွဲမှာ ပါဝင်ယှဥ်ပြိုင်ခဲ့ကြတဲ့ ကျောင်းသား/သူ များအားလုံးကို ISM က ဂုဏ်ပြုလိုက်ပါတယ်။ တစ်ဖက်မှာလည်း ကျောင်းသားအားလုံးရဲ့ ဇွဲ၊ လုံ့လ၊ ကြိုးစားအားထုတ်မှု နဲ့ အောင်မြင်မှုတွေက ဒီနေ့အချိန်အထိ ISM Community ကို စံနမူနာ ကောင်းတွေဆက်လက် ပေးဆောင်နေဆဲပဲ ဖြစ်ပါတယ်။
The Power To Make A New Tomorrow
15/06/2026
Students Transform Everyday Experience Into Artistry
As all students are currently enjoying their school holiday, we are taking a moment to reflect on the memorable creative works they have produced. In this showcase, students transformed everyday objects and their daily routines into unique works of art by combining them with their own personal experiences. These creations clearly demonstrated their imagination and passion, while also making a meaningful and distinctive contribution to the ISM community.
====
ကျောင်းသားတွေအကုန်လုံး ကျောင်းပိတ်ရက်ကို ပျော်ရွှင်စွာဖြတ်သန်းနေချိန်မှာ သူတို့ကြိုးစားဖန်တီးခဲ့ကြတဲ့ အမှတ်တရတွေကို ပြန်လည်အမှတ်ရနေကြလောက်ပါပြီ။ ဒီတစ်ခါမှာလည်း ကျောင်းသားတွေက သူတို့ရဲ့ နေ့စဉ်သုံးပစ္စည်းနဲ့ နေ့စဥ်ပြုလုပ်မြဲ ရှိတဲ့ အလေ့အကျင့်တွေကို ကိုယ်ပိုင်အတွေ့အကြုံများနဲ့ ပေါင်းစပ်ပြီး အနုပညာလက်ရာများအဖြစ်အသွင်ပြောင်း ပြသခဲ့ကြပါတယ်။ ဒီဖန်တီးမှုတွေက သူတို့ရဲ့ စိတ်ကူးစိတ်သန်း နဲ့ စိတ်အားထက်သန်မှု ထင်ရှားစွာဖော်ပြနိုင်ခဲ့ပြီး Community အတွက်လည်း ထူးခြားမှုအဖြစ် ဖော်ဆောင်နိုင်ခဲ့ပါတယ်။
The Power To Make A New Tomorrow
12/06/2026
Admissions Open for the 2026–2027 School Year at ISM!
Founded in 1998, ISM has proudly provided high-quality international education in Myanmar for over 28 years.
As families enjoy the school holiday season, this is the perfect time to plan for your child’s educational journey and future success.
At ISM, students from Pre-K to Grade 12 (Ages 3–17) learn in an international environment that nurtures the skills, confidence, and competencies needed to thrive in the rapidly evolving 21st century.
With highly qualified international faculty, state-of-the-art learning facilities, and a curriculum designed to prepare students for admission to leading universities around the world, ISM provides students with countless opportunities to grow and succeed.
As a WASC-accredited school, ISM meets internationally recognized standards of educational excellence, giving parents confidence in the quality of education their children receive.
=====
ISM International School မှ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံနေပါပြီ ။
၁၉၉၈ ခုနှစ်တွင် တည်ထောင်ခဲ့သည့် ISM သည် မြန်မာနိုင်ငံ၌ အရည်အသွေးမြင့် နိုင်ငံတကာပညာရေးကို နှစ်ပေါင်း ၂၈ နှစ် ကျော်ကြာ ဂုဏ်ယူစွာဖြင့် ပံ့ပိုးပေးအပ်လျက်ရှိပါသည်။
ကျောင်းပိတ်ရက်ကာလ မိသားစုတွေ အနားယူနေချိန်ဟာ သင့်ကလေး ရဲ့ ပညာရေးခရီး အောင်မြင်မှုအတွက် စီစဥ်ဖို့ အချိန်ခါကောင်းဖြစ်ပါတယ်။ International School of Myanmar (ISM) တွင် Pre-K မှ Grade 12 (Age 3-17) အထိ ကျောင်းသား/သူများအတွက် ပြောင်းလဲလာနေတဲ့ ၂၁ ရာစုထဲမှာ လိုအပ်လာမယ့် ကျွမ်းကျင်မှု၊ ယုံကြည်မှု နဲ့ အရည်အချင်းများကို နိုင်ငံတကာပတ်ဝန်းကျင်နဲ့ အတူအတူ သင်ကြားပေးလျက်ရှိပါတယ်။
အရည်အချင်းပြည့်ဝတဲ့ နိုင်ငံတကာ ဆရာ/ဆရာမများ၊ ခေတ်မီ သင်ကြားရေး အထောက်အကူပြုပစ္စည်းများ နဲ့ ထိပ်တန်းတက္ကသိုလ်များကို တက်ရောက်နိုင်ရန် ပြင်ဆင်ပေးသည့် သင်ရိုးညွှန်းတမ်းကိုပါ အသုံးပြုပြီး ကျောင်းသား/သူများအတွက် အခွင့်အလမ်းများစွာကို ISM က ဖန်တီးပေးလျက်ရှိနေပါသည်။
WASC အသိအမှတ်ပြု ကျောင်းတစ်ကျောင်း ဖြစ်သည့် ISM သည် နိုင်ငံတကာ အဆင့်မီ ပညာရေး အရည်အသွေးဆိုင်ရာ စံနှုန်းများကို ပြည့်မီထားသဖြင့် မိဘများအနေဖြင့် မိမိတို့ ကလေးများရရှိမည့် ပညာရေးအရည်အသွေးအတွက် အပြည့်အဝ ယုံကြည်စိတ်ချနိင်ပါသည်။
အသေးစိတ်စုံစမ်းမေးမြန်းရန် -
Admission Open: Pre-K to Grade 12 (Age 3-17)
For Inquiries : 09 4430 75 904
Email - [email protected]
Visit us - ismyanmar.com
The Power To Make A New Tomorrow
10/06/2026
“More Moments from a Milestone: ISM Class of 2026 Graduation”
We are delighted to share these memorable moments that students, families, friends, and teachers experienced together during this proud occasion. These moments represent much more than a celebration - they mark the beginning of new journeys and exciting opportunities ahead for our graduates.
Join us in continuing to celebrate the achievements, friendships, and cherished memories of the Class of 2026.
====
ဂုဏ်ယူဖို့ကောင်းတဲ့ အခိုက်အတန့်တွေကို မိသားစု၊ သူငယ်ချင်းနဲ့ ဆရာ/မ အကုန်လုံး က ကျောင်းသားလေးတွေနဲ့ ရရှိခဲ့ကြတဲ့ အမှတ်တရတွေကို မျှဝေပေးလိုက်ပါတယ်။ တစ်ဖက်မှာလည်း သူတို့နောက်ထက် ရောက်ရှိမယ့် ခရီးအသစ်တွေမှာ ဒီအချိန်တွေက အများကြီး ကိုယ်စားပြုထားပါတယ်။
Class of 2026 ကျောင်းသားများရဲ့ အောင်မြင်မှု၊ ခင်မင်ရင်းနှီးမှုတွေနဲ့ အမှတ်တရများကို ကျောင်းနဲ့ အတူ ဆက်လက် ဂုဏ်ပြုလိုက်ကြရအောင်။
The Power To Make A New Tomorrow
08/06/2026
From Students to Graduates: The Class of 2026 ! (Part 1)
We are delighted to share memorable photos from the High School Graduation Ceremony held at Lotte Hotel on May 19.
These photos capture a significant milestone celebrated by our students, parents, teachers, and the entire ISM community. They reflect the joy, pride, and achievements that made this occasion truly special.
Join us in celebrating the hard work, accomplishments, and friendships of the Class of 2026 as we look back on this memorable day together.
Stay tuned for Part 2! 🐉💙
+==
မေလ ၁၉ ရက်နေ့က Lotte Hotel မှာ ကျင်းပခဲ့တဲ့ High School Graduation ရဲ့ အမှတ်တရ ဓာတ်ပုံတွေကို ဝမ်းမြောက်စွာနဲ့ မျှဝေပေးလိုက်ပါတယ်။ ဒီဓာတ်ပုံတွေက ကျောင်းသား၊ မိဘ၊ ဆရာ/မ များနဲ့ ISM Community အားလုံးပါဝင်ဆင်နွှဲခဲ့ကြတဲ့ အရေးပါသော မှတ်တိုင်တစ်ခု ရောက်ရှိခဲ့တာကို ပုံဖော်ပေးနိုင်ခဲ့ပါတယ်။
Class of 2026 ကျောင်းသားတွေရဲ့ ကြိုးစားအားထုတ်မှု၊ ခင်မင်ရင်းနှီး မှုများကို ပြန်လည် အမှတ်ရရင်း အတူတူ ဂုဏ်ပြုလိုက်ကြရအောင်။
Stay tuned for Part 2! 🐉💙
The Power To Make A New Tomorrow
05/06/2026
Welcoming New Faculty for 2026–27!
ISM warmly welcomes Mr. Pete Lawton as our new Secondary Math Teacher.
Mr. Lawton brings extensive experience in international education. Most recently, he served as a Mathematics Learning Leader and CAS Coordinator in Lagos, Nigeria. He also has strong expertise in the IB Diploma Programme and high school curriculum development.
Holding a degree in Chemical and Process Engineering, Mr. Lawton is passionate about helping students develop a deeper understanding of mathematics through inquiry-based learning. He is excited to support ISM students in strengthening their mathematical skills and to become an active member of the ISM community.
Outside the classroom, Mr. Lawton enjoys outdoor cooking and fishing. As he begins his journey in Yangon, he is also looking forward to exploring the local culture and discovering new cuisines.
Please join us in giving Mr. Lawton a warm welcome to the ISM community.
=====
ISM က Secondary Math Teacher အသစ်အဖြစ်. Mr.Pete Lawton ကို နွေးထွေးစွာကြိုဆိုလိုက်ပါတယ်။
Mr. Lawton ဟာ နိုင်ငံတကာ ပညာရေးနယ်ပယ်တွေမှာ အတွေ့အကြုံများစွာရှိသူတစ်ဦးဖြစ်ပြီး မကြာသေးမီကမှ သူဟာ Nigeria နိုင်ငံ Lagos မြို့မှာ Mathematucs Learning Leader နဲ့ CAS Coordinator အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ IB Diploma Programme နဲ့ High School Curriculum ရေးဆွဲခြင်းတွေအထိ ကျွမ်းကျင်မှု အတွေအကြုံရှိထားသူ လည်းဖြစ်ပါတယ်။
Chemical and Process Engineering နဲ့ ဘွဲ့ရရှိထားတဲ့ Mr. Lawton ဟာ အမေးအဖြေ အခြေပြု သင်ယူမှုကတစ်ဆင့် သင်္ချာ ရဲ့ သဘောတရားကို ကျောင်းသားတွေနားလည်လာစေဖို့ ဆန္ဒရှိနေပါတယ်။ ISM ကျောင်းသားတွေ သင်္ချာ စွမ်းရည် တိုးတက်လာဖို့နဲ့ Community အဖွဲ့ဝင်တစ်ယောက်ဖြစ်လာဖို့လည်း သူက စိတ်လှုပ်ရှားနေပါတယ်။
Mr. Lawton ဟာ အားလပ်ချိန်တွေမှာ ချက်ပြုတ်ရတာကိုနှစ်သက်သူတစ်ဦးဖြစ်ပြီး ငါးဖမ်းရတာကို ဝါသနာပါသူဖြစ်ပါတယ်။ ယခု ရန်ကုန် ပြောင်းရွှေ့လာချိန်အတွင်း ဒေသယဥ်ကျေးမှုနဲ့ အစားအစာ အသစ်တွေကို စူးစမ်းဖို့အတွက်လည်း သူက မျှော်လင့်နေပါတယ်။
Mr. Lawton ကို ISM Community က နွေးထွေးစွာနဲ့ ကြိုဆိုလိုက်ကြရအောင်။
The Power To Make A New Tomorrow
04/06/2026
Dragon Bytes – Issue 8 is Out!
Highlights:
- Middle School scholars make their mark at the Yangon Round..
- Creativity meets sustainability in our Pre-K Fashion Show...
Discover these stories and more in Dragon Bytes – Issue 8.
The Power to Make a New Tomorrow