20/06/2026
"ဆိုးတဲ့ ကလေး
နှစ်မျိုးနှစ်စား ရှိမယ်ထင်ပါတယ်"
ဆိုတာတောင် မတူဘူးလားဆိုတော့
တကယ်ကို မတူညီအောင် ဆိုးတတ်ကြပါတယ်
𝐘𝐨𝐮𝐧𝐠 𝐋𝐞𝐚𝐫𝐧𝐞𝐫 𝐂𝐥𝐚𝐬𝐬
𝐀𝐝𝐮𝐥𝐭 𝐂𝐥𝐚𝐬𝐬 နဲ့ 𝐈𝐄𝐋𝐓𝐒 တွေအပြင်
𝐆𝐄𝐃 နဲ့ 𝐈𝐆𝐂𝐒𝐄 တွေကို 𝐂𝐚𝐦𝐩 ထားပြီး
လေ့ကျင်သင်ကြားလာတာ နှစ်တွေ ကြာလာပြီမို့
အတွေ့အကြုံအရ ပြောပါရစေ
ပထမတစ်မျိုးက
အိမ်မှာ အလိုလိုက်ခံရလို့
(သို့) လိုချင်သမျှ ရခဲ့တဲ့ ဘဝမို့ ဆိုးကြတာမျိုးပါ
တစ်ခုခုလိုချင်ရင် တောင်းဆိုမယ် မရရင်
နည်းမျိုးစုံနဲ့ တိုက်ပွဲဝင်မယ်
နောက်ဆုံး အဒေါ်တွေ ဦးလေးတွေကနေတဆင့်
ဘယ်လောက်တောင် စိတ် မွန်းကျပ်နေလို့
ညအိပ် အပြင်ထွက်ချင်တာပါ ဆိုပြီး
Gate Pass ရဖို့ ဖုန်းဆက်ခိုင်းမယ်
စာမလုပ်ချင်လို့ ခေါင်းကိုက်ပါတယ် ဆိုပြီး
မိဘကို ခွင့်တိုင်ခိုင်းမယ်
ဒါမျိုးက ဆိုးတယ်ဆိုပေမယ့် ချစ်စရာကောင်းပါတယ်
ဒုတိယ တစ်မျိုးကတော့ တကယ်ဆိုးတာပါ
ငါတို့က Service ဝယ်တာပဲ
ငါတို့ လိုချင်တာ လုပ်ပေးရမယ်
ငါတို့ ဖြစ်ချင်တာ ကျောင်းကစီစဥ်ပေးရမယ်ဆိုပြီး
မျက်နှာကိုချီ ဒူးကိုနန့်ပြီး ကြောတဲ့ပုံစံနဲ့ ပုန်ကန်ကြတာပါ
အသေးအမွှားကို မသိသလို ခွင့်ပြုပေးလိုက်ပေမယ့်
သင်ယူမှု နဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ ကိစ္စမျိုးတွေဆို
မာမာထန်ထန် တုံ့ပြန်ပေးရပါတယ်
ဒီအခါမှာ မိဘနဲ့ အုပ်ထိန်းသူတွေဆီ
နည်းမျိုးစုံ အကြောင်းပြ ရန်တိုက်ပေးကြပါရော
ကိုယ့်သားသမီးဇ ကိုသိလို့ ကျောင်းဘက်ကို
အပြစ်မမြင်ကြတဲ့ မိဘက ရာခိုင်နှုန်းနည်းပါတယ်
ကိုယ့်သွေး ကိုယ့်သားက မျက်ရည်လေးဝဲပြ
အသံလေးတုန်ပြရင် မိဘကိုယ်တိုင်က
ကျောင်းကို စိတ်ဆိုးကြပါလေရော
အပြစ်မမြင်ပါဘူး ဒါကိုယ့်သွေးသားကိုးးးး
ဒါပေမယ့်
ကလေးတစ်ယောက် အချိန်ကိုက် အချိန်မှန်
မှန်းထားတဲ့အတိုင်း ဖြေဆို အောင်မြင်ဖို့ကို
Timing ကိုက် တွက်ချက် သင်ကြားလေ့ကျင့် ပေးနေရတဲ့
ကျောင်းအနေနဲ့က ကလေးတစ်ယောက်
အဆောင်ရောက်တဲ့ အချိန်က စရှုသွင်းတဲ့ သက်ပြင်းက
ဘာသာအားလုံး ဖြေဆို အောင်မြင်ပါပြီ ဆိုတဲ့
အချိန်ကျမှ ဟင်းခနဲ ပြန်ချရတာပါ
အဲ့အချိန်မှ တာဝန်ကျေတယ်လို့ ခံစားမိတာပါ
ငွေကြေးအကုန်အကျ ခံနိုင်ပါတယ်ဆိုရင်တောင်
ကလေးတွေရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေအတွက်
ဘယ်အချိန် ဘယ်လိုဖြေလိုက်ရင်
အချိန် ဘယ်လောက်တိုနိုင်တယ် စသဖြင့် အသေးစိတ် အကြံပေးပါတယ်
အဆောင်နေ၊စား၊ လျှော်ဖွတ် သင်ကြား
Guide နဲ့ Exam တွေအားလုံးကို
တစ်နေရာတည်း One Stop ရအောင်
စီစဥ်ပေးထားရတာ တာဝန်ကြီးပါတယ်
ဒါပေမယ့် မိဘတွေက
ပါဝင်ပူးပေါင်း ကူညီပေးကြရင်
ပထမ ကလေးမျိုးရော
ဒုတိယ ကလေးမျိုးပါ
အောင်မြင်ရေးလမ်းကြောင်းတစ်ခုပေါ်
ပိုမြန်မြန် ရောက်နိုင်ကြပါတယ်
သေချာတာတစ်ခုကတော့
မိဘ ဆရာ အတူတူသာ ရှိနေကြမယ်ဆိုရင်
သူတို့လေးတွေ ပိုအောင်မြင်နိုင်ကြတယ်ဆိုတာပါပဲ
GLOBAL STAR အနေနဲ့ကလည်း လိုအပ်ချက်တွေ ရှိနိုင်ပါတယ်
ဒါပေမယ့် ဒီ လူငယ်တွေ အတွက်
အကောင်းဆုံး ကြိုးစားပေးနေတာကတော့ သေချာပါတယ်ရှင်
သားလေးတစ်ယောက် GED အောင်မြင်လို့
လာပြီး ကျေးဇူးတင်စကားပြောတဲ့
မိဘ တစ်ယောက်ရဲ့ မှတ်ချက်လေးပြန်ကြည့်မိတော့
ခံစားရတာလေး နည်းနည်းပြောချင်သွားလို့ပါ
အပြစ်မြင်လို့ ရေးတဲ့စာ မဟုတ်ရပါရှင်
"သားတို့ သမီးတို့ အားလုံးရဲ့
ဤပညာရေး ခရီး နီးကြပါစေ"
16/06/2026
လည်း ပွဲမှာပါဝင်ပြီး
ရှိနေပါမယ်ရှင့် 👏👏👏
🎓 ပညာရေးအိပ်မက်တွေကို ကျန်းမာကြံ့ခိုင်တဲ့ စိတ်ဓာတ် ခန္ဓာကိုယ်နဲ့ အကောင်အထည်ဖော်ကြစို့ 🌍✨
"𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 & 𝐒𝐭𝐮𝐝𝐲 𝐀𝐛𝐫𝐨𝐚𝐝 𝐒𝐮𝐦𝐦𝐢𝐭 𝟐𝟎𝟐𝟔" ပွဲကြီးမှာ ပညာရေးဗဟုသုတတွေအပြင် ဘဝတစ်သက်တာအတွက် အဖိုးတန်မယ့် စိတ်ခွန်အားတွေကို မျှဝေပေးဖို့ အားလုံးရဲ့စံပြ 𝐒𝐮𝐩𝐞𝐫 𝐌𝐨𝐝𝐞𝐥 𝐚𝐧𝐝 𝐋𝐨𝐧𝐠𝐞𝐯𝐢𝐭𝐲 𝐚𝐝𝐯𝐨𝐜𝐚𝐭𝐞 "မသန္တာလှိုင်" က 𝐈𝐧𝐬𝐩𝐢𝐫𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐩𝐞𝐚𝐤𝐞𝐫 အဖြစ် ပါဝင်အားဖြည ့်ပေးထားပါတယ််။ ✨
မသန္တာလှိုင်ကနေပြီး "𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬, 𝐇𝐞𝐚𝐥𝐭𝐡 𝐚𝐧𝐝 𝐋𝐨𝐧𝐠𝐞𝐯𝐢𝐭𝐲" ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ —
✅နိုင်ငံရပ်ခြားမှာ တစ်ကိုယ်တော် ပညာရှာရင်း ကျန်းမာအောင် ဘယ်လိုနေမလဲ?
✅စာပေလေ့လာရာမှာ ဦးနှောက်စွမ်းဆောင်ရည် ပိုကောင်းဖို့ 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 ကို ဘယ်လိုသုံးမလဲ?
✅ ရေရှည်အကျိုးရှိမယ့် စားသောက်နေထိုင်မှု အလေ့အထကောင်းတွေကို ဘယ်လိုပျိုးထောင်မလဲ? ဆိုတာတွေကို အနှစ်သာရရှိရှိ ဆွေးနွေးမျှဝေပေးသွားမှာပါ။
ဒါ့အပြင် 🌏 𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝, 𝐌𝐚𝐥𝐚𝐲𝐬𝐢𝐚, 𝐒𝐢𝐧𝐠𝐚𝐩𝐨𝐫𝐞, 𝐆𝐞𝐫𝐦𝐚𝐧𝐲, 𝐂𝐚𝐧𝐚𝐝𝐚 နိုင်ငံများရှိ ကျောင်းများနှင့် ပြည်တွင်းရှိ 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥𝐬 (𝐈𝐒)၊ 𝐏𝐫𝐢𝐯𝐚𝐭𝐞 ကျောင်း များကို တစ်နေရာတည်းမှာ စုံစုံလင်လင် တိုင်ပင်ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။ အောင်မြင်တဲ့ ကျောင်းသားဘဝအတွက် ပညာရေး တင်မက "ကျန်းမာရေး" ကလည်း အဓိကပါ နိုင်ငံရပ်ခြားမှာ တစ်ကိုယ်တော် ပညာရှာရမယ့်အချိန် ဒါမှမဟုတ် စိန်ခေါ်မှုပြင်းထန်တဲ့ စာမေးပွဲတွေကို ရင်ဆိုင်ရမယ့်အချိန်မှာ "စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်မှု" (𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 & 𝐇𝐞𝐚𝐥𝐭𝐡) က အသက်တမျှ အရေးကြီးပါတယ်။
🎒 ဒီပွဲမှာ ဘာတွေလေ့လာနိုင်မလဲ?
➡️ပြည်တွင်း၊ ပြည်ပရှိ ထိပ်တန်း 𝐈𝐒 နှင့် 𝐏𝐫𝐢𝐯𝐚𝐭𝐞 ကျောင်းများနှင့် တိုက်ရိုက်ဆွေးနွေးနိုင်ခြင်း။
➡️ကမ္ဘာ့အဆင့်မီ နိုင်ငံကြီး (၅) နိုင်ငံသို့ သွားရောက်ပညာသင်ကြားနိုင်မယ့် အခွင့်အလမ်းများ။
➡️မသန္တာလှိုင်ရဲ့ ဘဝတစ်သက်တာကျန်းမာရေး လျှို့ဝှက်ချက်များနှင့် စိတ်ခွန်အားဖြည့်စကားများကို နားဆင်ခွင့်ရခြင်း။
အနာဂတ်ခေါင်းဆောင်ကောင်း အိပ်မက်တွေဆီ လှမ်းတက်ဖို့ ပညာရေးလမ်းကြောင်းကို ရှာဖွေရင်း၊ စိတ်ရောကိုယ်ပါ ကျန်းမာနုပျိုတဲ့ ဘဝနေထိုင်မှုပုံစံကိုပါ အတူတူ ပုံဖော်လိုက်ရအောင်။ 🚀
Register Link -- https://forms.gle/NmzAMwzFhhDRVg2F6
🏢 𝐄𝐯𝐞𝐧𝐭: 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 & 𝐒𝐭𝐮𝐝𝐲 𝐀𝐛𝐫𝐨𝐚𝐝 𝐒𝐮𝐦𝐦𝐢𝐭 𝟐𝟎𝟐𝟔
📆 𝐃𝐚𝐭𝐞: 𝟐𝟎𝐭𝐡 𝐉𝐮𝐧𝐞 𝟐𝟎𝟐𝟔 ( 𝐒𝐚𝐭𝐮𝐫𝐝𝐚𝐲)
⏰𝐓𝐢𝐦𝐞: 𝟗:𝟑𝟎𝐀𝐌 - 𝟒:𝟑𝟎𝐏𝐌
𝐕𝐞𝐧𝐮𝐞: 𝐂𝐞𝐧𝐭𝐫𝐚𝐥 𝐇𝐨𝐭𝐞𝐥, 𝐘𝐚𝐧𝐠𝐨𝐧. 𝟑𝟓𝟑 𝐁𝐨 𝐆𝐲𝐨𝐤𝐞 𝐀𝐮𝐧𝐠 𝐒𝐚𝐧 𝐑𝐨𝐚𝐝, 𝐘𝐚𝐧𝐠𝐨𝐧
06/06/2026
📌“ ကျောင်း/ကျူရှင်ချိန် လွတ်
𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐘𝐨𝐮𝐧𝐠 𝐋𝐞𝐚𝐫𝐧𝐞𝐫 အတန်းများ"
ဒီခေတ်ကာလမှာ အလုပ်သင့်ဆုံးက
သားသမီးတွေအတွက် ပညာရေးရင်းနှီးမြုပ်နှံမှုပါ
🔶ခေတ်ကာလကို အမှီလိုက်နိုင်ပြီး
🔶အဆင့်မြင့် ပညာရေးကို အဆင့်မှီမှီ သင်ယူနိုင်ကြဖို့
🔶နိုင်ငံရပ်ခြားတက္ကသိုလ်အဆင့်တွေကို တက်ရောက်နိုင်ကြဖို့ဆိုရင်
🔶 လူငယ်တွေအတွက် လိုအပ်ချက်ဖြစ်တဲ့
🔶အရေးကြီးလှတဲ့ English Language Skill ကို
ငယ်ငယ်ကတည်းက ဖြည့်ဆည်းပေးကြဖို့ စဥ်းစားနေရင်
📌Global Star မှာ ကျောင်းအပ်သင့်ပါတယ်
🔷Global Star မှာ အသက် ၆ နှစ်မှ ၁၅ နှစ်အတွင်း
Young Learner တွေအတွက်
Young Learner Class သီးသန့်ဖွင့်လှစ်ထားပါတယ်
🔷ဒီအတန်းမှာ English 4 Skills လုံးကို
ညီညီမျှမျှ တိုးတက်စေဖို့ စနစ်တကျ
သင်ကြားလေ့ကျင့်ပေးပါတယ်
🔷 Language သင်ယူနေရင်းနဲ့
ကျောင်းကသင်တဲ့ အတန်းစာကိုပါ အထောက်အပံ့ဖြစ်အောင်
သင်ရိုးနဲ့ သင်ကြားနည်းစနစ်ကို ပြင်ဆင်ပေးထားတဲ့ အတွက်
English တော်သလို ကျောင်းစာလည်း တော်စေမှာပါ
🔷ကျောင်းချိန် ကျူရှင်ချိန်တွေနဲ့
လွတ်အောင်ရွေးချယ်နိုင်ကြစေဖို့
Online Class များ
Center 1 & Center 3 မှာ Offline ညနေပိုင်းအတန်းများ
Sat & Sun အတန်းများစီစဥ်ထားပေးပါတယ်
🔷အတန်းတစ်တန်းကို အချိန် ၆ လကြာမြင့်ပြီး
Level End test စစ်ဆေး အကဲဖြတ် အတန်းတင်ပေးပါတယ်
🔷တက်ရောက်သင်ယူချင်တဲ့ သားသားမီးမီးတိုင်းက
Level Test စစ်ဆေးမှု(တစ်ဦးချင်း) ခံရမှာဖြစ်ပြီး
ရလာဒ်အရ သင့်တော်တဲ့ အတန်းမှာ တက်ရောက်သင်ယူရပါမယ်
📌ဘာကြောင့် Global Star မှာ ကျောင်းအပ်သင့်တာလဲ ???
(အားသာချက်)
✅သင်ကြားနည်းစနစ်ကောင်းတယ်
✅သင်ရိုးကောင်းတယ်
✅Language နဲ့ အတန်းစာ ညီမျှစွာတိုးတက်စေတဲ့ အတွက်
ကလေးကိုစာဝန်မပိစေပဲ ပျော်ရွှင်စွာ သင်ယူနိုင်စေတယ်
✅Long Learning စနစ်ကို အဓိကထားတဲ့ အတွက်
အခြေခံခိုင်မာစွာနဲ့ တိုးတက်စေတယ်
✅Online, Offline ရှိတဲ့ အတွက် အဆင်ပြေရာရွေးချယ်နိုင်ပါတယ်
✅သင်🆙စစ် 🆙အပတ်စဥ် Activityလုပ်
🆙တိုးတက်မှုနဲ့ အားနည်းချက်ကို
မိဘကို Report ပေးတဲ့ စနစ်နဲ့ သွားတာမို့
သားသမီး ပညာရေးနဲ့ မိဘအကြားမျက်ခြေပျက်မှု မရှိစေပါ
✅လစဥ်ကြေးသက်သာတဲ့ အတွက်
မိဘတွေအတွက်လည်း ငွေကြေး ဝန် မလေးစေပါဘူး
📌ကျောင်းချိန် ကျောင်းလခနဲ့ အသေးစိတ်ကို
Page Chat Box နဲ့ 09 250 665 218 ကို
ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်…
ကျောင်းလိပ်စာက
🏢Global Star Institute
အမှတ် (၁၁၄၀) သီတာရေစင်လမ်း ၊ ၁၆/၄ ရပ်ကွက်
သင်္ဃန်းကျွန်းမြို့နယ်
🏢Centre 3
အခန်း(103)၊တိုက် A၊ဇောတိကအိမ်ရာ၊ဇ/မြောက်ရပ်ကွက်၊ေလးေထာင့်ကန်လမ်းမ၊ သဃ်န်းကျွန်း၊ရန်ကုန်။ (ခတ်ချီးယားမှတ်တိုင်/အနောက်တည့်တည့်)
30/04/2026
🌕 ကဆုန်လပြည့် ❝ ဗုဒ္ဓနေ့❞ 🌕
ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ မှတ်ရန်လကဆုန် ဆိုသည့်အတိုင်း ဗုဒ္ဓဘာသာဝင်တို့၏ ထူးမြတ်သည့် နေ့ရက်ဖြစ်ပါသည်
(၁) ဗျာဒိတ်တော်ခံယူသည့်နေ့ = လေး အသင်္ချေနှင့် ကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့
(၂) ဘုရားရှင်ဖွားတော်မူသည့်နေ့ = မဟာသက္ကရာဇ် (၆၈) ခု ၊ ကဆုန်လပြည့် (သောကြာနေ့)၊ (ဘီစီ ၆၂၃)
(၃) ဘုရားဖြစ်တော်မူသည့်နေ့ = မဟာသက္ကရာဇ် (၁၀၃) ခု ၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)၊ (ဘီစီ ၅၈၈)
(၄) ဗုဒ္ဓဝင်အကျဉ်းဟောကြားသည့်နေ့ = မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့(ဘီစီ ၅၈၇)
(၅) ပရိနိဗ္ဗာန်စံတော်မူသည့်နေ့ = မဟာသက္ကရာဇ် (၁၄၈)ခု ၊ ကဆုန်လပြည့် (အင်္ဂါနေ့) (ဘီစီ ၅၄၃)
ဖြစ်သည်။
ယနေ့ ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင်သူတော်ကောင်းများ ကုသိုလ်ရေးများပိုမိုတိုးပွားလုပ်ဆောင်နိုင်ကြပါစေကြောင်းGLOBAL STARမှ နှိုးဆော်သတိပေးအပ်ပါသည်ရှင့် 🙏🙏🙏
#ကဆုန်လပြည့်
#ဗုဒ္ဓနေ့
24/04/2026
📌ကျောင်းနေအရွယ် လူငယ်တွေဆိုတာ
အားစမ်းကြတဲ့အရွယ်ပါ
✅စည်းကမ်းတွေကို ချိုးဖောက်ချင်တယ်
အပျော်အပါးမက်ကြပါတယ်
✅ဒီနေ့ခေတ်လူငယ်တွေ အတွက်ကလည်း
ပျော်စရာတွေ ပျော်ချင်စရာတွေက
တကယ့်ကို တပုံတပင်ပါ
🚫Date App တွေ၊ ဂိမ်း တွေ ကအစ
Barတွေ၊ Club တွေ၊ Nightlife တွေ အလယ်
အရက် ဘီယာနဲ့ မူးယစ်ဆေးအဆုံး
ပျော်စရာထင်ရတဲ့ ဆွဲဆောင်မှုတွေ
အများကြီး မှ တကယ့်ကိုအများကြီးရှိနေတဲ့ခေတ်ပါ
🔰ဒီတော့ အားစမ်းကြတဲ့အရွယ် (၁၅/၁၆နှစ်)
လူငယ် ကျောင်းသား တွေကို ထိန်းကျောင်းရတာ
အင်မတန် စိတ်ရှည်ရသလို သူတို့ ပြေးသလောက်
ကိုယ်လိုက်နိုင်ပါမှ အုပ်မိရုံ ကာမိရုံသာရှိပါတယ်
📚စည်းကမ်း တစ်ခုထုတ်ရင်
စည်းကမ်းကို လက်တစ်လုံးခြား လုပ်ဖို့နည်းလမ်း
အခု၂၀ လောက်သူတို့ ညဏ်က ထွက်ကြပါတယ်
✅ဒီတော့ ကြမ်းသင့်တဲ့အခါ ကြမ်း
ချော့သင့်တဲ့အခါ ချော့နဲ့
စည်းကမ်းတွေက သူတို့ အတွက်ဆိုတာကို လက်ခံလာအောင်
လိုက်နာချင်လာအောင် ကြိုးစားရပြန်ပါတယ်
📱ဥပမာ တစ်ခုပေါ့လေ
ည မအိပ်ရင်ကျောင်းချိန်မှာ အိပ်ငိုက်မှာစိုးလို့ရယ်
ကျန်းမာရေးထိခိုက်မှာစိုးတာရယ်ကြောင့်
အိပ်ချိန်မှာ ဖုန်းသိမ်းပါတယ်
📱ဒီတော့ ရွှေကိုယ်တော်လေးတွေက
ဖုန်းတစ်လုံးအပို အိမ်ကယူလာပြီး ဖုန်းအစုတ်ကို အပ်ပြီး
အကောင်းကို တစ်ညလုံးခိုးသုံးပါတယ် (ဒါကတစ်နည်း)
📱ဖုန်းကိုတော့ အပ်ပါရဲ့
မနက် ၃/၄ နာရီမှာ ထပြီး အခန်းကျော်တက်ကာ
ဖုန်းကို ယူပြီး ခိုးသုံးပါတယ် (စိတ်ဆိုးရလည်း အခက်ပါ)
🥇ဒါပေမယ့် ချော့တလှည့် ခြောက်တစ်ခါနဲ့ ကာလတစ်ခုမှာ
သူတို့တွေ အမှတ်ကောင်းကောင်းနဲ့ အောင်မြင်သွားကြတဲ့အခါ
ကိုယ်တွေလည်း ပန်းသမျှပြေ
သူတို့လည်း လွတ်ပြီ ကျွတ်ပြီ ဆိုပြီး ပျော်ကြတာပေါ့
🏆အိမ်က ဖေဖေမေမေတွေကတော့
အပျော်ဆုံးဖြစ်ကြပါလိမ့်မယ်
📌စည်းကမ်းတကျ ပဲ့ပြင်ဆုံးမတာကို
ပူးပေါင်းပါဝင်ပေးကြတဲ့ မိဘတွေကိုလည်း
ကျေးဇူးတင်ရသလို
ကျန်တဲ့ မိဘတွေကိုလည်း ဒီလူငယ်တွေ အကျိုးအတွက်
ပါဝင်ပူးပေါင်းပေးကြဖို့ တပါတည်း
မေတ္တာရပ်ခံလိုပါတယ်ရှင်
🏠GLOBAL STAR က
စာကိုလည်းသင် စိတ်ကိုပြင် ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ
ပညာရေး အောင်မြင်မှုကိုရော
စည်းကမ်းလိုက်နာမှုနဲ့ ကိုယ်ကျင့်တရားကိုပါ
စွမ်းနိုင်သမျှ ပေါင်းစပ်လေ့ကျင့် ပေးပါတယ်
🏆ကျောင်းသားကလည်း လိုလားတယ်
မိဘကလည်း ပူးပေါင်းတယ် ဆိုရင်
ပိုမိုအောင်မြင်နိုင်ပါတယ်
🏆တကယ်တော့ အောင်မြင်တယ်ဆိုသည်ကလည်း
သူတို့လေးတွေ ဘဝခရီးလမ်း ဖြောင့်တန်းတည့်မတ်ခြင်းကိုသာ
ဆိုတာပါရှင်
✅ထို့ကြောင့် GLOBAL STAR သည်
ပိုမိုအောင်မြင်ရပါလို၏….
#အဆောင် #ကျောင်းအိပ်ကျောင်းစား
☎️✅🔰📚