01/05/2026
⚙️🛠️အလုပ်သမားနေ့ 🛠️⚙️
(1st May, 2026)
**********************
မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးရှိ သက်ဆိုင်ရာ နယ်ပယ်အသီးသီးတွင် တာဝန်ယူလုပ်ဆောင်နေကြသော ဝန်ထမ်းများအားလုံး အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိနိုင်ရန် ဆုမွန်ကောင်းတောင်းရင်း မေလ (၁)ရက်နေ့တွင် ကျရောက်သော "အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့" ကို ဂုဏ်ပြုကြိုဆိုလိုက်ရပါတယ်💪💪
30/04/2026
🙏 ကဆုန်လပြည့် ဗုဒ္ဓနေ့ 🙏
“ကဆုန်လပြည့်နေ့” သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။
🌿🌿 ယခုကဲ့သို့ မင်္ဂလာရှိသော နေ့ရက်အခါသမယလေးတွင် မြန်မာပြည်သူပြည်သားများအားလုံး ကုသိုလ်ကောင်းမှုများပြုလုပ်ပြီး ကာယ၊ စိတ္တ သုခနှစ်ဖြာပြည့်စုံကာ ကျန်းမာရွှင်လန်းကြပါစေကြောင်း OiAC ကိုယ်ပိုင်အထက်တန်းကျောင်းမိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်ရှင် ☘️🌿🙏
27/04/2026
💥 Weekend Cambridge ESOL Program💥
********************************************
2026-2027 ပညာသင်နှစ်အတွက် OiAC ကိုယ်ပိုင်အထက်တန်းကျောင်းတွင် အစိုးရသင်ရိုးများ သင်ကြားနေသည့်အပြင် နိုင်ငံတကာ သင်ရိုးတစ်ခုလည်းဖြစ်ပြီး၊ နိုင်ငံတစ်ဝှမ်းနဲ့ ကမ္ဘာတစ်လွှားမှာပါ အသိအမှတ်ပြုသော Cambridge ESOL Course များကို ကျောင်းပိတ်ရက် စနေ၊ တနင်္ဂနွေ (ဝါတွင်းကာလ ဥပုသ်၊ တနင်္ဂနွေနေ့) များတွင် ဖွင့်လှစ်သင်ကြားတော့မှာဖြစ်ပါတယ်။
🔰ဘာတွေသင်မှာလဲ ?🔰
***********************
Cambridge English Assessment ရဲ့ စာမေးပွဲများကို မည်သည့်အချိန်တွင်မဆို လွယ်ကူစွာ ဝင်ရောက်ဖြေဆိုနိုင်ရန် ရည်ရွယ်၍ ထုတ်ထားသော သင်ရိုးညွှန်းတမ်းစာအုပ်များကို အသုံးပြု၍ သင်ကြားပေးသွားပါမည်။ Grammar နှင့် Exam ready materials များကို အသုံးပြုသွားမည်ဖြစ်ပါသည်။
🔰ဘယ်လိုသင်ယူနိုင်မလဲ?🔰
************************
Cambridge ESOL Course ကို ကျောင်းပိတ်ရက် Weekend များတွင် Online/In-person သင်ယူနိုင်မှာဖြစ်ပါသည်။
❓️ဘာတွေလိုအပ်မလဲ❓️
********************
✅️Cambridge ESOL Course (Starters, Movers, Flyers and KET) တက်ချင်ပါက ကျောင်းသား/သူများအတွက် အသင့်လျော်ဆုံးသော Level ကို သိရဖို့ Placement Test ဖြေဆိုရပါမည်။
✅️ ယခင်က တက်ခဲ့ဖူးလျှင် တက်ခဲ့ဖူးသည့် အတန်း၏ Certificate ကို ပြပေးရပါမည်။ ယခင်က မတက်ခဲ့ဖူးလျှင် Placement Test ဖြေရပါမည်။
✅️ Placement Test ကို OiAC ကျောင်းတွင် “Online Test” လာရောက်ဖြေဆိုရပါမည်။
✅️ OiAC တွင်တက်ရောက်နေသည့် ကျောင်းသား/သူများ Placement Test အား Free ဖြေဆိုနိုင်ပါသည်။
✅️ အခြားကျောင်းမှ ကျောင်းသား/သူများ တက်ရောက်မည်ဆိုပါက Placement Test Fee – 20,000/- ကျပ် ပေးသွင်းရပါမည်။
✨️ ဘာတွေထူးခြားလဲ ✨️
*******************
OiAC ရဲ့ ESOL Course (Starters, Movers, Flyers and KET) သည် Cambridge Oriented Course တစ်ခုဖြစ်တဲ့အပြင် Cambridge Exam အတိုင်း ဖြေဆိုရသော Mock-Test များကိုပါ သေချာစွာ စစ်ဆေးမှာဖြစ်ပါတယ်။ ကျောင်းတွင် စစ်ဆေးပေးသော Mock Test များသာမက Cambridge Exam များကို ဝင်ရောက်ဖြေဆိုမည်ဆိုလျှင်လည်း Cambridge Exam Centre နှင့် ချိတ်ဆက် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
✨ ရရှိမည့် အကျိုးကျေးဇူးများ✨
************************
👉 Skill လေးမျိုးလုံးကို အလေးပေးခြင်း - Listening , Reading , Writing , Speaking တို့ကို ကျွမ်းကျင်စွာ တတ်မြောက်စေခြင်း ။
👉 ယုံကြည်မှု တိုးစေခြင်း - နေ့စဉ်ဘဝ ဆက်သွယ်ပြောဆိုမှုများမှာ ယုံကြည်မှုရှိရှိ ပြောဆိုနိုင်စေရန် လေ့ကျင့်ပေးခြင်း ။
👉 နိုင်ငံတကာ စာမေးပွဲအတွက် ပြင်ဆင်ပေးခြင်း - Cambridge Exams များဖြစ်သည့် YLE, KET, PET များအတွက် အသင့်ဖြစ်အောင် လေ့ကျင့်ပေးခြင်း ။
👉 ပျော်ရွှင်စရာ သင်ခန်းစာများ - အပြန်အလှန် ဆွေးနွေးမှုရှိသော (Interactive Lessons) များ၊ ပျော်ရွှင်ဖွယ်ရာ သင်ခန်းစာများ၊ စိတ်ဝင်စားဖွယ် သင်ထောက်ကူ ပစ္စည်းများဖြင့် သင်ကြားပေးခြင်း ။
🌻Fees for Weekend Cambridge ESOL Program
(Online or Inperson)
**********************
Starters
📌 60,000/month (Training Fee)
📌 35,000 (Course Book)
Movers
📌 70,000/month (Training Fee)
📌 35,000 (Course Book)
Flyers
📌 80,000/month (Training Fee)
📌 35,000 (Course Book)
KET
📌 90,000/month (Training Fee)
📌 35,000 (Course Book)
🌻 Duration
***************
📌 June to January ( including Mock Test )
📌 (2 Days/week) (1:30 hr per day)
✨✨ မိမိတို့၏ ရင်သွေးများအား Cambridge Curriculum နှင့် ရင်းနှီးရအောင် မေလဆန်းမှ စတင်၍ ကျောင်းအပ်လက်ခံနေပါပြီ။
✨✨ အသေးစိတ်သိရှိလိုပါက 09-764370191, 09-767770191, 09-43070191 သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။
22/04/2026
🌟 သားသားမီးမီးတို့ရဲ့ အနာဂတ်အတွက် နိုင်ငံတကာအဆင့်မီ English Skills များကို အပတ်စဉ် Weekend တိုင်းမှာ လေ့လာသင်ယူကြပါစို့ 🌟
============================
✨သားသားမီးမီးတို့ရဲ့ အင်္ဂလိပ်စာ အရည်အသွေးကို စနစ်တကျနဲ့ ယုံကြည်မှုရှိရှိ တိုးတက်လာစေဖို့အတွက် OiAC Private High School မှ Cambridge Curriculum Course များကို Weekend Program အနေဖြင့် ကျောင်းပိတ်ရက် စနေ၊ တနင်္ဂနွေ (ဝါတွင်းကာလ ဥပုသ် ၊ တနင်္ဂနွေ) တွင် ဖွင့်လှစ်သင်ကြားတော့မှာ ဖြစ်တဲ့အကြောင်း သတင်းကောင်းပါးအပ်ပါသည် 💁♀️💁
✨ ဒီ Weekend Cambridge Program တွင် နိုင်ငံတကာအဆင့်မီ စံနှုန်းများအတိုင်း သင်ကြားပေးမယ့် International Curriculum ကို အချိန်အများကြီးမကုန်စေဘဲ သင်ကြားခွင့်ရမှာဖြစ်ပါတယ်။ ကလေးတို့ရဲ့ English Skill လေးမျိုးလုံးကို ထိထိရောက်ရောက် တိုးတက်စေပြီး အခြေခံကောင်းများစွာကို ပြုစု ပျိုးထောင်ပေးမှာလည်း ဖြစ်ပါတယ်။
✨ Weekend Cambridge Curriculum Course အား အသက် (၅)နှစ်အရွယ်မှစတင်သင်ကြားနိုင်ပြီး "အင်္ဂလိပ်၊ သင်္ချာနှင့် သိပ္ပံ“ ဘာသာရပ်များကို အခြေခံကောင်းများရအောင် သင်ကြားပေးမှာဖြစ်ပါတယ်။
📌 Weekend Cambridge Curriculum ကို ဘာကြောင့် ရွေးချယ်သင်ကြားသင့်လဲ ?
✅ ကမ္ဘာတစ်ဝှမ်းလုံးရှိ ကျောင်းများမှာ သင်ကြားပေးနေသော နိုင်ငံတကာအသိအမှတ်ပြုသင်ရိုးများဖြစ်ခြင်း။
✅ အတွေ့အကြုံရှိ ဝါရင့်ဆရာ/ဆရာမများဖြင့် လေ့ကျင့်သင်ကြားပေးခြင်း။
✅ အင်္ဂလိပ်ဘာသာစကားဖြင့် အဓိက သင်ကြားပေးခြင်း (လိုအပ်မှသာ - မြန်မာဘာသာဖြင့် သင်ကြားပေးခြင်း)။
✅ Small Class size ဖြင့် Real-life example များဖြင့် သင်ကြားပေးခြင်း။
✅ ကျယ်ဝန်းသန့်ရှင်းအေးမြသော စာသင်ခန်းများဖြင့် သင်ထောက်ကူပစ္စည်းများ ပြည့်ပြည့်စုံစုံဖြင့် သင်ကြားပေးခြင်း။
✨Weekend Cambridge Curriculum Class များ
*********************************************
👉 Foundation
👉 Year 1
👉 Year 2
👉 Year 3
👉 Year 4
✨ Fees for Weekend Cambridge Program ✨
For 3 subjects (Eng, Maths, Science) (online / Inperson)
************************************
🟦 Training Fee - လစဉ် 130,000/- ကျပ်
🟦 Course Book & Material Fee - 300,000/-
For 1 subject (online / Inperson)
**********************************
🟦 Training Fee - လစဉ် 65,000/- ကျပ်
🟦 Course Book & Material Fee - 150,000/-
✨ Duration✨
============
June to January
✨Assessment✨
=============
November - Mid-Term Test
January - Year End Test
✨Placement Test စစ်ဆေးခြင်း✨
*******************************
✅ Cambridge Curriculum Course တက်ရောက်ရန်အတွက် အသင့်လျော်ဆုံးသော Level ကို သိရဖို့ Placement Test ဖြေဆို၍ မိမိတို့ရရှိတဲ့ Level မှာ တက်ရောက်သင်ယူနိုင်ပါပြီ။
✅ OiAC ကျောင်း၌ (30-5-2026) (စနေနေ့) (9:00 am - 10:30 am) တွင် ကျောင်းသားသစ်များကို Placement Test စစ်ဆေးပေးပါမည်။
✅ Weekend Cambridge ကျောင်းသားဟောင်းများ Placement Test ဖြေရန် မလိုပါ။
✅ Eng, Maths, Science (၃ ဘာသာလုံး) တက်မည့်ကလေးများသည် English နှင့် Math ဘာသာများ Placement Test ဖြေရပါမည်။
✅ တစ်ဘာသာချင်းတက်မည့်ကလေးများ - သက်ဆိုင်ရာဘာသာများ ဖြေရပါမည်။
✅ OiAC တွင်တက်ရောက်နေသည့် ကျောင်းသား/သူများ Placement Test အား Free ဖြေဆိုနိုင်ပါသည်။
အခြားကျောင်းမှ ကျောင်းသား/သူများ တက်ရောက်မည်ဆိုပါက Placement Test Fee – 20,000/- ပေးသွင်းရပါမည်။
✨✨ မိမိတို့၏ ရင်သွေးများအား Cambridge Curriculum နှင့် ရင်းနှီးရအောင် မေလဆန်းမှ စတင်၍ ကျောင်းအပ်လက်ခံနေပါပြီ။
✨✨အသေးစိတ်သိရှိလိုပါက 09-43070191, 09-764370191, 09-767770191 သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။
19/04/2026
"ကျောင်းပိတ်ရက်ဆိုတာ... စာအုပ်ပိတ်ထားရုံတင် မဟုတ်ပါဘူး။ ကလေးရဲ့ 'အရည်အချင်းသစ်' တွေ ပျိုးထောင်ဖို့ အကောင်းဆုံး အချိန်ပါ။" 🌱
☀️✨နွေရာသီ အားလပ်ရက်မှာ ကလေးတွေ စာသင်ခန်းထဲမှာ မရှိပေမယ့် သူတို့ရဲ့ Soft Skills (လူမှုဆက်ဆံရေးနဲ့ ကိုယ်ရည်ကိုယ်သွေး) တွေကို အိမ်မှာတင် မြှင့်တင်ပေးလို့ ရပါတယ်။ မိဘတွေ လုပ်ပေးနိုင်တဲ့ ရိုးရှင်းတဲ့ နည်းလမ်း ၃ ခုကို ဝေမျှပေးချင်ပါတယ်။
၁။ တာဝန်ယူမှု ပေးခြင်း (Responsibility) 💁♀️💁
အိမ်မှုကိစ္စလေးတွေ (ဥပမာ- အပင်ရေလောင်းတာ၊ အခန်းသိမ်းတာ) ကို ကိုယ်တိုင်လုပ်ခိုင်းပါ။ ဒါဟာ ကလေးကို ကိုယ့်အားကိုယ်ကိုးတတ်တဲ့ အလေ့အကျင့်ကောင်း ရစေပါတယ်။
၂။ စာဖတ်ဝါသနာ ပျိုးထောင်ခြင်း (Reading Habit) 📖📚
သင်ရိုးပြင်ပ ဗဟုသုတရမယ့် စာအုပ်တွေကို တစ်နေ့ ၁၅ မိနစ် အတူတူဖတ်ပေးပါ။ ဒါဟာ ကလေးရဲ့ အတွေးအခေါ်နဲ့ ဝေါဟာရကြွယ်ဝမှုကို သိသိသာသာ တိုးတက်စေပါတယ်။
၃။ မိသားစု ပရောဂျက် (Collaboration) 🤝
အတူတူ ချက်ပြုတ်တာ ဒါမှမဟုတ် ပန်းချီဆွဲတာမျိုး လုပ်ပါ။ ဒါဟာ အဖွဲ့အစည်းနဲ့ အလုပ်လုပ်တတ်တဲ့စိတ် (Teamwork) ကို ဖြစ်ပေါ်စေပါတယ်။
ဒီနည်းလမ်းတွေကို အသုံးချပြီး နွေရာသီမှာ ကလေးတွေရဲ့ Soft Skills ကို မြှင့်တင်နိုင်ပါတယ်နော် 🥰🫶✌️
💢“We are Family OiAC”💢
🌟“OiAC is Authenticity”🌟
OiAC ကိုယ်ပိုင်အထက်တန်းကျောင်း
🏬 အမှတ် ၃၂၃၊ သစ္စာလမ်းမကြီး၊ (၉) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
☎ 09 764370191, 09 767770191, 09 43070190, 09 43070191
17/04/2026
🙏 နှစ်သစ်ဆုတောင်းလွှာ 🙏
မြန်မာသက္ကရာဇ် (၁၃၈၈) သို့ ကူးပြောင်းသည့် မြန်မာ့နှစ်သစ်ကူးအခါသမယတွင် မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ဘေးအန္တရာယ်များ ကင်းရှင်းကြပါစေကြောင်း OiAC ကိုယ်ပိုင်အထက်တန်းကျောင်းမိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည် 🙏
🌿☘ နှစ်သစ်မှာ ကျန်းမာပျော်ရွှင်ကြပါစေ 💕💖
14/04/2026
☘ OiAC ရဲ့ အတာသင်္ကြန် မုန့်လုံးရေပေါ်စတုဒီသာအလှူ 💦💦
အတာသင်္ကြန်ကာလအတွင်းမှာဆိုရင် မုန့်လုံးရေပေါ်က မပါရင်မပြီးဘူးလေ...🥰
အခုလည်း OiAC ကိုယ်ပိုင်အထက်တန်းကျောင်းမှ နှစ်စဉ်ပြုလုပ်ပေးနေကြ မုန့်လုံးရေပေါ်စတုဒီသာလေးကို ဆရာ၊ ဆရာမများ၊ ရုံးဝန်ထမ်းများဖြင့် ပျော်ပျော်ရွှင်ရွှင်လေး စီစဉ်ဖြစ်ခဲ့ပါတယ်🎉🎊
ဒီလို စည်းစည်းလုံးလုံးနဲ့ ပျော်ရွှင်စရာ ကောင်းတဲ့ OiAC သင်္ကြန်စတုဒီသာအလှူလေးနဲ့အတူ မိသားစုများအားလုံး အတာသင်္ကြန်အခါသမယလေးမှာ ပျော်ရွှင်ချမ်းမြေ့စွာနဲ့ မြန်မာ့နှစ်သစ်မှာ ကံကောင်းခြင်းများ ပိုင်ဆိုင်နိုင်ကြပါစေရှင်။ 🌿☘💕
#စတုဒီသာ
13/04/2026
နှစ်သစ်ကူးသင်္ကြန်အခါသမယလေးမှာ မိသားစုများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း OiAC ကိုယ်ပိုင်အထက်တန်းကျောင်းမိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်ရှင် .. 💓💦🔫
10/04/2026
💦 မြန်မာ့နှစ်သစ်ကူးရုံးပိတ်ရက်ကြေညာခြင်း💦
****************************************
🌿 🌿 မြန်မာ့ရိုးရာ အတာသင်္ကြန်ကာလအတွင်း OiAC ကိုယ်ပိုင်အထက်တန်းကျောင်း၏ ရုံးလုပ်ငန်းများကို
📌 (၁၁.၄.၂၀၂၆) မှ (၁၉.၄.၂၀၂၆) အထိ ခေတ္တရပ်နားထားမည်ဖြစ်ပြီး
📌 (၂၀.၄.၂၀၂၆) ရက်နေ့တွင် ပုံမှန်အတိုင်း ပြန်လည်ဝန်ဆောင်မှုပေးပါမည်။
☘️☘️ မိဘပြည်သူများနှင့် ကျောင်းသား/သူများအားလုံး မြန်မာ့နှစ်သစ်ကူးအခါသမယမှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပါစေကြောင်း OiAC ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ် 🥰🥰
💢“We are Family OiAC”💢
🌟“OiAC is Authenticity ”🌟
09/04/2026
"နွေအပူရှိန်က... ကလေးတို့ရဲ့ ကျန်းမာရေးကို မထိခိုက်ပါစေနဲ့။" ☀️🌡️
ဧပြီလရဲ့ ပြင်းထန်တဲ့ အပူရှိန်အောက်မှာ ကလေးတွေ အပူလျှပ်တာ (Heatstroke) နဲ့ ရေဓာတ်ခမ်းခြောက်တာမျိုး မဖြစ်အောင် မိဘတွေအနေနဲ့ အထူးဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။
အကြံပြုလိုတဲ့ အချက် ၃ ချက်ကတော့ 📌📌
💧 ရေဓာတ်ဖြည့်တင်းပါ
ရေဆာမှ တိုက်တာမျိုး မဟုတ်ဘဲ တစ်နေ့တာလုံး ရေပုံမှန်သောက်ဖို့ သတိပေးပါ။ အချိုရည်တွေထက် ရိုးရိုးရေ သို့မဟုတ် သစ်သီးဖျော်ရည်က ပိုကောင်းပါတယ်🍓🍋🟩🍉
👕 အဝတ်အစား ရွေးချယ်မှု
လေဝင်လေထွက်ကောင်းပြီး ချွေးစုပ်တဲ့ ချည်ထည် (Cotton) ပွပွချောင်ချောင်လေးတွေကို ဦးစားပေး ဝတ်ဆင်ပေးပါ👚👕
🕒 အပြင်ထွက်ချိန် ကန့်သတ်ပါ
နေအပူဆုံးအချိန် (မနက် ၁၁ နာရီမှ ညနေ ၄ နာရီအတွင်း) အပြင်မှာ ဆော့ကစားတာမျိုး၊ ထီး၊ ဦးထုတ်မပါဘဲ အပြင်ထွက်တာမျိုး တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ အိမ်ပြင် ထွက်ဖြစ်ရင်လည်း အမိုးအကာ၊ အရိပ်ရှိတဲ့ နေရာတွင်သာ နေပေးပါ 🌞 🌳🍃
💥💥 ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ရှိမှသာ ကလေးတွေဟာ ကျောင်းပိတ်ရက်မှာလည်း စိတ်ရွှင်လန်းနေမှာ ဖြစ်ပါတယ် ☘️🍃
💢“We are Family OiAC”💢
🌟“OiAC is Authenticity”🌟
OiAC ကိုယ်ပိုင်အထက်တန်းကျောင်း
🏬 အမှတ် ၃၂၃၊ သစ္စာလမ်းမကြီး၊ (၉) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
☎ 09 764370191, 09 767770191, 09 43070190, 09 43070191