The Mind Preschool

The Mind Preschool

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Mind Preschool, School, No. 68, Kha Yay Pin Street, Dagon township, Yangon.

18/05/2026

Job Vacancy: School Nurse

📣 ConceptX International School is seeking a qualified and compassionate school nurse to join our team.

Position: School Nurse (Full-time)
Working hours: 7.45 AM to 3.45 PM
Location: Dagon Township, Yangon, Myanmar
Start Date: June 2026

Key Responsibilities:

📢 Provide first aid and emergency care to students and staff
📢 Manage daily student health needs and records
📢 Promote health education and hygiene
📢 Liaise with parents and doctors when needed

Requirements
✅️Registered Nurse (B.N.Sc. degree holder or nursing diploma)
✅️ 1–2 years of nursing experience
✅️ Good communication skills in English and Myanmar
✅️ Prefer CPR/First Aid certified with caring personality

What We Offer:

1️⃣ Competitive salary
2️⃣ School holidays as gazette holidays

Interested candidates should send CV, cover letters, and nursing necessary documents copies to: [email protected]

Interview Location: 1A/1, Pawsan Hmwe Street, Thingangyun Township, Yangon.
Ph - 09 788 180 270
Application Deadline: 24 May 2026

📢 အလုပ်ခေါ်စာ – School Nurse

ConceptX International School တွင် တာဝန်ယူမှုရှိပြီး စိတ်ရှည်ကြင်နာသော School Nurse တစ်ဦးကို ခန့်အပ်ရန် ဖိတ်ခေါ်အပ်ပါသည်။

📌 ရာထူး : School Nurse (Full-time)
🕘 အလုပ်ချိန် : မနက် ၇:၄၅ မှ ညနေ ၃:၄၅ အထိ
📍 အလုပ်နေရာ : ဒဂုံမြို့နယ်၊ ရန်ကုန်
📅 စတင်တာဝန်ထမ်းဆောင်ရမည့်ရက် : June 2026

တာဝန်များ

• ကျောင်းသား/သူများနှင့် ဝန်ထမ်းများအတွက် First Aid နှင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခြင်း
• နေ့စဉ် ကျောင်းသားကျန်းမာရေးမှတ်တမ်းများ စီမံထိန်းသိမ်းခြင်း
• ကျန်းမာရေးပညာပေးနှင့် သန့်ရှင်းရေးဆိုင်ရာ အသိပညာများ ပေးခြင်း
• လိုအပ်သည့်အခါ မိဘများနှင့် ကျောင်းရှိ ဆရာဝန်များနှင့် ဆက်သွယ်ညှိနှိုင်းပေးခြင်း

လိုအပ်ချက်များ

• Registered Nurse (B.N.Sc သို့ Nursing Diploma ဘွဲ့ရ) ဖြစ်ရမည်
• Nursing အတွေ့အကြုံ ၁ မှ ၂ နှစ်ရှိရမည်
• English နှင့် Myanmar ဘာသာဖြင့် ဆက်သွယ်ပြောဆိုနိုင်ရမည်
• CPR / First Aid Certificate ရရှိထားသူ ဦးစားပေးမည်
• စိတ်ရှည်ကြင်နာပြီး ကလေးများကို ချစ်ခင်ဂရုစိုက်တတ်သူ ဖြစ်ရမည်

ကျောင်းမှပေးအပ်မည့် အကျိုးခံစားခွင့်များ

• Competitive Salary
• ကျောင်းပိတ်ရက်များအား Gazette Holidays အဖြစ် ခံစားခွင့်ရမည်

စိတ်ဝင်စားသူများအနေဖြင့်
CV၊ Cover Letter နှင့် လိုအပ်သော Nursing Documents မိတ္တူများကို အောက်ပါ Email သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

📧 [email protected]

Interview ပြုလုပ်မည့်နေရာ
📍 အမှတ် 1A/1, ပေါ်ဆန်းမွှေးလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်
📞 09 788 180 270

⏰ လျှောက်လွှာပိတ်မည့်ရက် : 24 May 2026

Photos from The Mind Preschool's post 30/03/2026

🎄✨ The Mind Preschool တွင် ပြုလုပ်ခဲ့သော 2025 Christmas ပွဲတော် အမှတ်တရများ ✨🎄

ခရစ္စမတ်ပွဲ၏ ပျော်ရွှင်မှုများကို ကျွန်ုပ်တို့၏ သားသားမီးမီးများ၏ ပြုံးရွှင်မှုနှင့် ရယ်မောသံများမှတစ်ဆင့် အပြည့်အဝ ခံစားနိုင်ခဲ့ပါသည်။

ပွဲတော်နှင့်လိုက်ဖက်သော အဝတ်အစားများဖြင့် သားသားမီးမီးများသည် အတူတကွ ကစားရင်း ပျော်ရွှင်မှုများကို မျှဝေကာ မမေ့နိုင်သော အမှတ်တရများကို ဖန်တီးနိုင်ခဲ့ကြပါသည်။

The Mind Preschool တွင် ပွဲတော်များကိုသာ ကျင်းပခြင်းမဟုတ်ဘဲ၊ သားသားမီးမီးများအတွက် ပျော်ရွှင်မှု၊ ယုံကြည်မှု နှင့် အတူတကွတိုးတက်မှုများကို ရရှိစေသော အဓိပ္ပါယ်ပြည့်ဝသည့် အတွေ့အကြုံများကို ဖန်တီးပေးလျက်ရှိပါသည်။

မိဘများ၏ ယုံကြည်မှုဖြင့် သားသားမီးမီး၏ အရေးပါသော ပညာရေခရီးစဉ်တွင် ပါဝင်ခွင့်ရရှိသည့်အတွက် The Mind Preschool အထူးကျေးဇူးတင်ရှိပါသည်။ 💛

Photos from The Mind Preschool's post 28/03/2026

✨ Little Creators at The Mind Preschool ! 🐾🎨

The Mind Preschool မှ ကလေးများသည် မိမိတို့၏ စိတ်ကူးယဉ်မှု နှင့် ဖန်တီးနိုင်စွမ်းရည်ကို အသုံးပြု၍ တိရစ္ဆာန်မျက်နှာဖုံးများကို ကိုယ်တိုင် ပြုလုပ်ခဲ့ကြပြီး ဆရာ၊ ဆရာမများမှ လမ်းညွှန်ပံ့ပိုးကူညီပေးခဲ့ပါသည်။

အရောင်ခြယ်ခြင်းမှ စ၍ လက်မှုအနုပညာ လုပ်ငန်းများအထိ ပျော်ရွှင်ဖွယ် အတွေ့အကြုံများဖြစ်စေခဲ့ပြီး ကလေးများ၏ ယုံကြည်မှုနှင့် ဖန်တီးနိုင်စွမ်းရည်ကို တိုးတက်စေပါသည်။

Photos from The Mind Preschool's post 26/03/2026

🌟 The Mind Preschool မှာတော့ သင်ယူမှုဆိုတာ ကစားရင်းပဲ စတင်ပါတယ်

🎭 ကျွန်တော်တို့ကလေးတွေဟာ “Role Play with Friends” activity ကို ပျော်ရွှင်စွာ ပြုလုပ်ခဲ့ကြသည့် အမှတ်တရများကို မျှဝေပေးချင်ပါတယ်။

သူငယ်ချင်းတွေနဲ့အတူ အခန်းကဏ္ဍတွေကို သရုပ်ဆောင်ရင်း…
✨ Confidence
✨ Communication Skills
✨ Teamwork
✨ Creativity တို့ကို တိုးတက်စေပါတယ်။

The Mind Preschool မှ သားသားမီးမီးများဟာ ဘဝအတွက် အရေးကြီးတဲ့ Social Skills တွေကိုလည်း တစ်နေ့တစ်ခြား တိုးတက် လာစေရန် ဆောင်ရွက်ပေးနေပါသည်။

📚 Play-based Learning နည်းလမ်းနဲ့ ကလေးတိုင်းကို “Happy Learning Experience” ပေးနိုင်ဖို့ The Mind Preschool က အမြဲကြိုးစားနေပါတယ်။

💡 မိဘများအတွက် – သင့်ကလေးကို ပျော်ရွှင်စွာ သင်ယူနိုင်ပြီး Confidence အပြည့်နဲ့ ကြီးပြင်းလာစေချင်ပါသလား?

📩 ယနေ့ပဲ Enroll လုပ်ဖို့ ဆက်သွယ်ရန်ဖုန်းနံပါတ် - 09886699112, 09886699113

Photos from The Mind Preschool's post 08/03/2026

👩‍🍳🥪 Cookery Session (Sandwich Making) – The Mind Preschool

The Mind Preschool တွင် ကျင်းပခဲ့သော Cookery Session အစီအစဉ်အဖြစ် သားသားမီးမီးလေးများသည် မိမိကိုယ်တိုင် Sandwich ပြုလုပ်ခြင်းကို လက်တွေ့ပါဝင် လေ့လာခွင့် ရရှိခဲ့ကြပါသည်။

ဤအစီအစဉ်သည် ကလေးများ၏
• ကိုယ့်အားကိုယ်ကိုး ယုံကြည်မှု
• တာဝန်ယူတတ်မှုနှင့် စနစ်တကျ လုပ်ဆောင်နိုင်စွမ်း
• လက်တွေ့ဘဝ အသုံးချနိုင်သော Life Skills
• စုပေါင်းပူးပေါင်း ဆောင်ရွက်နိုင်မှု
တို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စီစဉ်ထားခြင်းဖြစ်ပါသည်။

The Mind Preschool တွင် စာပေသင်ကြားမှုသာမက ကလေးတစ်ဦးချင်းစီ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို အခြေခံမှ စနစ်တကျပျိုးထောင်ပေးလျက်ရှိပြီး အရည်အသွေးမြင့် ပညာရေးပတ်ဝန်းကျင်ကို ဖန်တီးပေးလျက်ရှိပါသည်။

Photos from The Mind Preschool's post 06/03/2026

📚✨ Throwback to Our “School Things” Activity

အချိန်အနည်းငယ်ကြာသွားပြီဖြစ်ပေမယ့် ဒီ Activity လေးကတော့ သားသားမီးမီးများအတွက် အရမ်းအမှတ်ရစရာ ဖြစ်ခဲ့ပါတယ် 🤍

ပုံတွေထဲမှာ မြင်ရသလို
🎨 အရောင်များ ခွဲခြားသိမြင်ခြင်း
🖍 ကျောင်းသုံးပစ္စည်းအမည်များ လေ့လာခြင်း
🗣မိမိကိုယ်ကို ယုံကြည်မှုတိုးတက်ခြင်း
🌟 စကားပြောအလေ့အကျင့် တိုးတက်ခြင်း
တို့ကို အတူတကွ လေ့ကျင့်ပေးခဲ့ပါတယ်။

The Mind Preschool မှာတော့ “Play • Learn • Grow” ကို အခြေခံထားပြီး ကလေးတစ်ယောက်ချင်းစီရဲ့ ဉာဏ်ရည်၊ စကားပြောစွမ်းရည်၊ လူမှုဆက်ဆံရေးစွမ်းရည်တွေကို စနစ်တကျ ဖွံ့ဖြိုးစေဖို့ အလေးထားသင်ကြားပေးနေပါတယ်ရှင်။

Photos from The Mind Preschool's post 04/03/2026

✨ The Mind Preschool မှ သားသားမီးမီးလေးများ၏ သီတင်းကျွတ်ပွဲတော် အမှတ်တရများ 🕯️

သားသားမီးမီးလေးများသည် ရိုးရာဝတ်စုံလေးများ ဝတ်ဆင်၍ မီးတိုင်လေးများထွန်းကာ ချစ်ခြင်းမေတ္တာနှင့် ကျေးဇူးတရားကို မျှဝေခဲ့ကြသော
အဓိပ္ပါယ်ရှိသည့် နေ့ရက်လေး ဖြစ်ခဲ့ပါသည်။

ယဉ်ကျေးမှုအမွေအနှစ်များကို ဂုဏ်ယူစွာ ထိန်းသိမ်းရင်း စိတ်ဓာတ်ကောင်းမွန်သည့် ကလေးများ ဖြစ်လာစေရန် စုပေါင်းပျိုးထောင်နေပါသည်။


#သီတင်းကျွတ်ပွဲတော်၂၀၂၅
#ယဉ်ကျေးမှုနှင့်တန်ဖိုးများ
#အမှတ်တရနေ့ရက်

Photos from The Mind Preschool's post 27/02/2026

🌈 The Mind Preschool တွင် Friendship Day အမှတ်တရများ

🌱မိဘများအတွက် အဖိုးတန်ဆုံးအရာကတော့ ကလေးရဲ့ ပျော်ရွှင်နေတဲ့ အပြုံးပါပဲ။

Friendship Day အထိမ်းအမှတ်အဖြစ် ကလေးများသည် ပန်းချီရေးဆွဲခြင်း၊ အတူတကွ ကစားရယ်မောခြင်းနှင့် မျှဝေတတ်မှုများကို လေ့လာဖန်တီးခဲ့ကြပါသည်။

ကလေးဘဝမှ စတင်သည့် မိတ်ဖက်စိတ်ဓာတ်၊ လေးစားမှုနှင့် ကြင်နာမှုတို့သည် အနာဂတ်အောင်မြင်မှုအတွက် အရေးကြီးသော အခြေခံဖြစ်ပါသည်။ 💕

The Mind Preschool တွင် သင်ယူမှုသာမက လူမှုရေးတန်ဖိုးများပါ ပြုစုပျိုးထောင်ပေးလျက်ရှိပါသည်။

Photos from The Mind Preschool's post 24/02/2026

🍲 The Mind Preschool ၏ Cooking Session (Hot Pot) အမှတ်တရများ

The Mind Preschool တွင် သင်ယူမှုကို စာသင်ခန်းအတွင်းသာမက လက်တွေ့အတွေ့အကြုံများ အနေဖြင့် အသုံးပြုနိုင်ပါသည်။

Hot Pot Cooking Session မှတစ်ဆင့် ကလေးများသည် –
✨ ဟင်းသီးဟင်းရွက် နှင့် ပါဝင်ပစ္စည်းများကို လေ့လာသိရှိခြင်း

✨ အလှည့်ကျ လုပ်ဆောင်တတ်မှု နှင့် စိတ်ရှည်မှုကို လေ့ကျင့်ခြင်း

✨ လက်ကြွက်သားအသေးစား ဖွံ့ဖြိုးတိုးတက်စေခြင်း

✨ အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်တတ်မှု နှင့် မျှဝေတတ်မှု မြှင့်တင်ခြင်း

✨ မိမိကိုယ်တိုင် ချက်ပြုတ်ထားသော အစားအစာကို ပျော်ရွှင်စွာ အတူတကွ စားသုံးခြင်း

ဤသို့သော်အတွေ့အကြုံများသည် ပျော်ရွှင်မှုသာမက ဘဝအတွက် လိုအပ်သော အရည်အချင်းများကိုပါ ဖွံ့ဖြိုးစေပါသည်။

သင့်ကလေး၏ အနာဂတ်အတွက် အခြေခံခိုင်မာသော အတွေ့အကြုံများကို The Mind Preschool တွင် ရယူလိုက်ပါ။

#မြန်မာ

Photos from The Mind Preschool's post 23/02/2026

🛒✨ Learning Beyond the Classroom – Shopping & Observation

The Mind Preschool မှ သားသားမီးမီးများသည် Shopping Mall သို့ သွားရောက်ကာ ကုန်ပစ္စည်းများအား စူးစမ်းလေ့လာခြင်း၊ စျေးနှုန်းများကို ဖတ်ရှုသိမြင်ခြင်း နှင့် ငွေရှင်းလုပ်ငန်းစဉ်များအား လက်တွေ့ကျစွာဖြင့် တွေ့ကြုံသင်ယူမှု တို့ကို ပြုလုပ်ခဲ့ကြပါသည်။

စာသင်ခန်းအတွင်းသာ မကဘဲ လက်တွေ့ဘဝအခြေအနေများမှတစ်ဆင့် ယုံကြည်မှု၊ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်း နှင့် လက်တွေ့ကျကျ စဉ်းစားတတ်မှုများကို ဖွံ့ဖြိုးတိုးတက်စေပါသည်။ 🌟

သင့်ကလေးအတွက် လက်တွေ့အသုံးချနိုင်သော ပညာရေးအတွေ့အကြုံများ ပေးအပ်လိုပါက ယနေ့ပင် စာရင်းသွင်းလိုက်ပါ။ 💛

#မြန်မာ

Photos from The Mind Preschool's post 21/02/2026

👩‍🍳✨ Little Chef Program at The Mind Preschool

ကျွန်တော်တို့ The Mind Preschool ရဲ့ သားသားမီးမီးလေးတွေဟာ စားဖိုမှူးလေးတွေအဖြစ် ဟင်းချက်ရတဲ့ ပျော်ရွှင်မှုတွေကို ရှာဖွေဖော်ထုတ်ခဲ့ကြပါတယ်! 🍢💛

ဒီလို လက်တွေ့ပါဝင်လှုပ်ရှားရတဲ့ (Hands-on) လှုပ်ရှားမှုလေးတွေဟာ ကလေးငယ်တွေအတွက်-
✅ မိမိကိုယ်ကို ယုံကြည်မှုရှိလာစေခြင်း
✅ အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်တတ်ခြင်း
✅ တီထွင်ဖန်တီးနိုင်စွမ်း မြင့်မားလာခြင်း နဲ့
✅ နေ့စဉ်ဘဝအတွက် အရေးပါတဲ့ အခြေခံကျွမ်းကျင်မှုတွေ ကို ဘေးကင်းပျော်ရွှင်စရာကောင်းတဲ့ ပတ်ဝန်းကျင်မှာ သင်ယူနိုင်စေပါတယ်။

The Mind Preschool မှာတော့ ကလေးငယ်တိုင်းအတွက် အဓိပ္ပာယ်ရှိတဲ့ သင်ယူမှုအတွေ့အကြုံသစ်တွေကို နေ့စဉ်ဖန်တီးပေးနေပါတယ်။ 🌟

📍 သားသားမီးမီးတို့ရဲ့ အနာဂတ်အတွက် လေ့လာသင်ယူရင်း၊ ဖန်တီးရင်း၊ ကြီးပြင်းလာဖို့ ကျွန်တော်တို့ဆီမှာ အခုပဲ စာရင်းပေးသွင်းလိုက်ပါ။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


No. 68, Kha Yay Pin Street, Dagon Township
Yangon