YS Flora Myanmar

YS Flora Myanmar

Share

YS Flora Myanmar
ဂျပန်ဘာသာစကား သင်တန်းကျောင်း

19/06/2026

🇯🇵 JLPT စာမေးပွဲ ဖြေပြီးရင် ဘာဆက်လုပ်မလဲ?
ဇူလိုင်လ ၅ ရက်နေ့ JLPT စာမေးပွဲ ဖြေဆိုပြီးတဲ့အခါ တော်တော်များများက Result ထွက်မယ့်နေ့ကိုပဲ စောင့်နေတတ်ကြပါတယ်။
ဒါပေမယ့် တကယ်တမ်းတော့ ဂျပန်နိုင်ငံမှာ ပညာသင်ကြားဖို့ ရည်မှန်းထားသူတွေအတွက် JLPT ဖြေပြီးတာနဲ့ နောက်တစ်ဆင့်ကို စတင်ပြင်ဆင်နိုင်ပါပြီ။
💫လက်ရှိ 2027 April Intake အတွက် Ehime ခရိုင်ရှိ Happiness Foreign Language School မှာ တက်ရောက်မယ့် ကျောင်းသား/ကျောင်းသူများ လက်ခံနေပြီဖြစ်ပြီး YS Flora Myanmar မှတစ်ဆင့် ကျောင်းဝင်ခွင့်အင်တာဗျူးကို ဇူလိုင်လ နောက်ဆုံးပတ်တွင် ပြုလုပ်သွားမည်ဖြစ်ပါသည်။
လက်ရှိအချိန်တွင် အင်တာဗျူးဝင်ခွင့်အတွက် ကျောင်းသား (၅) ဦးသာ ထပ်မံလက်ခံတော့မည် ဖြစ်ပါသည်။
📍 Happiness Foreign Language School ဆိုတာ ဘယ်လိုကျောင်းလဲ?
Happiness Foreign Language School သည် Ehime Prefecture, Niihama City တွင် တည်ရှိသော ဂျပန်ဘာသာစကားကျောင်းတစ်ကျောင်း ဖြစ်ပြီး ကျောင်းသားများ ဂျပန်စာသင်ယူရုံသာမက ဂျပန်နိုင်ငံတွင် ပညာသင်ကြားပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရန် အလေးထားသင်ကြားပေးနေသော ကျောင်းဖြစ်ပါသည်။
Niihama City သည် သဘာဝပတ်ဝန်းကျင်ကောင်းမွန်ပြီး အေးချမ်းသောမြို့တစ်မြို့ဖြစ်သလို နေထိုင်စရိတ်၊ အဆောင်လခနှင့် နေ့စဉ်ကုန်ကျစရိတ်များမှာလည်း မြို့ကြီးများနှင့် နှိုင်းယှဉ်ပါက ပိုမိုသက်သာသောကြောင့် ကျောင်းသားများအတွက် ပညာသင်ကြားရန် သင့်တော်သော မြို့တစ်မြို့ ဖြစ်ပါသည်။
📌 Happiness Foreign Language School ရဲ့ အားသာချက်
ကျောင်းတက်ရင်း Caregiver (Kaigo) အချိန်ပိုင်းအလုပ်များ လုပ်ကိုင်နိုင်ပြီး တစ်ပတ်လျှင် (၂၈) နာရီအထိ တရားဝင် အလုပ်လုပ်နိုင်ပါသည်။
အချိန်ပိုင်းအလုပ်ကနေ ဝင်ငွေရရှိရုံသာမက ဂျပန်ဘာသာစကားကို နေ့စဉ်အသုံးပြုနိုင်ပြီး ဂျပန်လူမျိုးများနှင့် လက်တွေ့ဆက်ဆံရင်း အတွေ့အကြုံများ ရရှိနိုင်ပါသည်။
ထို့အပြင် Caregiver လုပ်ငန်းခွင်အတွေ့အကြုံများ ရရှိလာခြင်းကြောင့် အနာဂတ်တွင် Tokutei Ginou (Kaigo) ဘက်သို့ ဆက်လက်လျှောက်လှမ်းရန် စီစဉ်ထားသူများအတွက်လည်း အကျိုးရှိစေပါသည်။
Student Visa နဲ့ ဂျပန်နိုင်ငံမှာ ပညာသင်ကြားဖို့ စဉ်းစားတဲ့အခါ "ဘယ်ကျောင်းက နာမည်ကြီးလဲ" ဆိုတာထက် "ဘယ်ကျောင်းက ကိုယ့်ရဲ့ ရည်မှန်းချက်နဲ့ ကိုက်ညီလဲ" ဆိုတာကို ပိုစဉ်းစားစေချင်ပါတယ်။
📌 ကျောင်းလျှောက်ထားရန် လိုအပ်ချက်များ
✅ အနည်းဆုံးတက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူ (သို့) GED အောင်မြင်ထားသူ
✅ ကျောင်းလခနှင့် အထွေထွေကုန်ကျစရိတ်များအား ထောက်ပံ့ပေးနိုင်သည့် Sponsor ရှိသူ
✅ ဂျပန်နိုင်ငံတွင် အမှန်တကယ် ပညာသင်ကြားလိုသူ
✅ ဂျပန်စာ Level အနည်းဆုံး N4 သင်ယူပြီးဆုံးထားသူ
✅ JLPT, NAT-TEST, JFT-Basic, J-TEST စာမေးပွဲများ ဖြေဆိုထားသူများလည်း လျှောက်ထားနိုင်ပါသည်
📢 ဇူလိုင်လ နောက်ဆုံးပတ်တွင် ပြုလုပ်မည့် ကျောင်းဝင်ခွင့်အင်တာဗျူးအတွက် ကျောင်းသား (၅) ဦးသာ ထပ်မံလက်ခံတော့မည် ဖြစ်ပါသည်။
📢 ဂျပန်နိုင်ငံတွင် ပညာသင်ကြားရန် အမှန်တကယ် စိတ်ဝင်စားသူများအနေဖြင့် Page Messenger နှင့် Viber မှတစ်ဆင့် အမြန်ဆုံး ဆက်သွယ်စုံစမ်းနိုင်ပါသည်။

🏫 YS Flora Myanmar Japanese Language Center🏫
(YSFM - 1 ) အမှတ် ၇၅-ဒီ၊ ပထမထပ်၊ သမိန်ဗရမ်းလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်တိုင်း။ (တာမွေပလာဇာမှတ်တိုင်)
(YSFM – 2) အမှတ် ၂၃၊ ၁၄၆လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်တိုင်း။ (သီတာလမ်းမှတ်တိုင်)
☎️09 750 232 070
☎️09 420 10 8412

18/06/2026

🇯🇵 JLPT N5 Offline Class တန်းခွဲသစ် ဖွင့်လှစ်ပါမယ် 🇯🇵

ဂျပန်နိုင်ငံမှာ ကျောင်းတက်ဖို့ပဲ ဖြစ်ဖြစ်၊ အလုပ်လုပ်ဖို့ပဲ ဖြစ်ဖြစ် ဂျပန်စာက အရေးကြီးတဲ့ အခြေခံတစ်ခု ဖြစ်ပါတယ်။🌸🌸🌸

ဒါပေမယ့် ဂျပန်စာကို စတင်လေ့လာမယ့်သူအများစုက "ဘယ်ကနေ စရမလဲ"၊ "စာလုံးတွေများလို့ မှတ်နိုင်ပါ့မလား"၊ "ငါရော တကယ်သင်ယူနိုင်ပါ့မလား" ဆိုတဲ့ စိုးရိမ်မှုတွေ ရှိတတ်ကြပါတယ်။ 🥲🥲🥲🥲

YS Flora Myanmar ရဲ့ N5 Class မှာတော့ Hiragana, Katakana ကနေစပြီး Grammar, Vocabulary, Kanji, Reading, Listening နဲ့ Kaiwa (စကားပြော) များကို အခြေခံကနေ စနစ်တကျ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ 📚📖📕📘📗📙

📅 သင်တန်းစမည့်ရက် - 15.07.2026
🕑 သင်တန်းချိန် - 1:30 PM မှ 3:30 PM အထိ
📚 သင်ကြားမည့်ရက် - Monday မှ Friday (တစ်ပတ် ၅ ရက်)
⏳ သင်တန်းကာလ - 3 Months
💰 သင်တန်းကြေး - 195,000 Ks (ဖတ်စာအုပ် + ယူနီဖောင်း အပါအဝင်)

သင်တန်းအတွင်း Grammar, Vocabulary, Kanji, Reading, Listening နှင့် Kaiwa (စကားပြော) များကို သင်ကြားပေးသွားမည့်အပြင် ဂျပန်စာနှင့်ပတ်သက်သော Game များ၊ Group Activities များ၊ Presentation များကိုလည်း ထည့်သွင်းပြုလုပ်သင်ကြားပေးတာဖြစ်ပါသည်။🎴👥👥👥

စာကို အလွတ်ကျက်ရုံမဟုတ်ဘဲ နားလည်အောင်၊ မှတ်မိအောင်၊ လက်တွေ့အသုံးချနိုင်အောင်နှင့် သင်ယူရတာ ပိုမိုစိတ်ဝင်စားဖို့ကောင်းအောင် သင်ကြားပေးသွားမည် ဖြစ်ပါသည်။

ဂျပန်စာကို အခုမှ စတင်လေ့လာချင်သူများ၊ ဂျပန်နိုင်ငံသို့ သွားရောက်ရန် ရည်မှန်းထားသူများနှင့် ဂျပန်ဘာသာစကားကို အခြေခံကနေ ခိုင်ခိုင်မာမာ တည်ဆောက်ချင်သူများ တက်ရောက်နိုင်ပါသည်။

🏫 YS Flora Myanmar Japanese Language Center
အမှတ် ၂၃ ၊ ၁၄၆ လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်တိုင်း။ (သီတာလမ်းမှတ်တိုင်)
အမှတ် (၇၅-ဒီ)၊ ပထမထပ်၊ သမိန်ဗရမ်းလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်တိုင်း။ (တာမွေပလာဇာမှတ်တိုင်)

📞 09 750 232 070
📞 09 988 60 5683
📞 09 780 166 291

17/06/2026

ဂျပန်နိုင်ငံမှာ Tokutei (အထူးကျွမ်းကျင်လုပ်သား) ဗီဇာနဲ့ အလုပ်သွားလုပ်ဖို့ စဥ်းစားနေပေမဲ့ စက်မှုကုန်ထုတ် (工業製品製造業) နဲ့ စားသောက်ကုန်ထုတ် (飲食料品製造業) ဘာကွာလဲဆိုတာ ဝေခွဲမရဖြစ်နေလား? 🤔✨

⚙️ စက်မှုကုန်ထုတ် (工業製品製造業) ဆိုတာ ဘာလဲ?
ဒါက အစားအသောက်တွေကို ကိုင်တွယ်ရတာမဟုတ်ဘဲ စက်ရုံတွေထဲမှာသတ္တုတွေ ၊ ပလတ်စတစ်တွေ၊ ကားအပိုပစ္စည်းနဲ့ ကားအစိတ် အပိုင်းတွေ ကို စက်ကိရိယာတွေအသုံးပြုပြီး ထုတ်လုပ်ရတဲ့ အလုပ်မျိုးပါ! ကိုယ်က စက်ပစ္စည်းပိုင်းတွေကို စိတ်ဝင်စားတယ်ဆိုရင် ဒါက အကိုက်ညီဆုံးပါပဲ 🛠🤖

🍱 စားသောက်ကုန်ထုတ် (飲食料品製造業) ဆိုတာ ဘာလဲ?
ဒါကတော့ 私တို့ နေ့တိုင်းစားနေတဲ့ မုန့်တွေ၊ Bento (ထမင်းဘူး) တွေ၊ Ready-made အစားအစာတွေ၊ အသား၊ ငါး နဲ့ ခေါက်ဆွဲခြောက်တွေ ကို ထုတ်လုပ်ရတဲ့ အလုပ်ပါ။ အစားအသောက်နဲ့ ပတ်သက်တာမို့ စည်းကမ်းပိုင်းနဲ့ သန့်ရှင်းရေးကို သေသေချာချာ လိုက်နာဖို့တော့ လိုမယ်နော်။ 🥖🧼

⚠️ အရေးကြီးဆုံးအချက်ကတော့...
အလုပ်တင်မကဘဲ စာမေးပွဲအောင်လက်မှတ်တွေပါ လုံးဝမတူပါဘူး!

စက်မှုကုန်ထုတ် အတွက်ဆိုရင် JAM (工業製品製造業) အောင်လက်မှတ် လိုအပ်ပြီး၊
စားသောက်ကုန်ထုတ် အတွက်ဆိုရင် OTAFF (飲食料品製造業) သီးသန့်စာမေးပွဲကို အောင်မြင်ထားဖို့ လိုအပ်ပါတယ်။

🥳 သတင်းကောင်းလေး ရှိတယ်နော်!
ကိုယ်က စက်မှုကုန်ထုတ် အောင်လက်မှတ်လည်း ရှိတယ်၊ N4 အောင်ပြီး N3 ပါ ဆက်လေ့လာနေတယ် ဆိုရင်...
အခု Amie အေဂျင်စီမှာ စက်မှုကုန်ထုတ် အလုပ်ခေါ်စာတွေ ရှိနေပြီမို့ လက်မနှေးဘဲ Chat Box မှာ အမြန်ဆုံး လာရောက်စုံစမ်းဆက်သွယ်လိုက်တော့နော်!
💢တစ်ကယ်လို့ ကိုယ်မှာ စက်မှုကုန်ထုတ် အောင်လက်မှတ်တော့မရှိသေးဘူး စက်မှုကုန်ထုတ်အလုပ်ကိုစိတ်၀င်စားတယ် အင်တာဗျူးဖြေဆိုချင်တယ်ဆိုရင် Page Messenger ကိုလာရောက်ဆက်သွယ်နိုင်ပါတယ်နော်📨✨

#စက်မှုကုန်ထုတ် #စားသောက်ကုန်ထုတ်

17/06/2026

JLPT N4 စာမေးပွဲဖြေပြီးလို့ N3 Level ကို ဆက်လက်လေ့လာချင်သူများအတွက် N3 Offline Class တန်းခွဲသစ် ဖွင့်လှစ်ပါမယ်။
📔📒📕📗📘N3 Level ရောက်လာတဲ့အခါ Grammar တွေ ပိုမိုခက်ခဲလာသလို Reading နဲ့ Listening ကလည်း N4 ထက် ပိုပြီး စိန်ခေါ်မှုရှိလာပါတယ်။ ဒါကြောင့် JLPT စာမေးပွဲအတွက်သာမက ဂျပန်နိုင်ငံမှာ ကျောင်းတက်မယ့်သူတွေ၊ အလုပ်သွားမယ့်သူတွေအတွက်ပါ လက်တွေ့အသုံးချနိုင်အောင် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
🟡သင်တန်းစမည့်ရက် - 22.7.2026 (Monday)
🔵 သင်တန်းချိန် - 2:00 PM မှ 4:00 PM အထိ
🟢သင်ကြားမည့်ရက် - Monday မှ Friday (တစ်ပတ် ၅ ရက်)
🔴သင်တန်းကာလ - 4 Months
🟠သင်တန်းကြေး - 250,000 Ks (ဖတ်စာအုပ် + ယူနီဖောင်း)
သင်တန်းအတွင်း N3 Grammar, Vocabulary, Kanji, Reading, Listening များအပြင် စကားပြောလေ့ကျင့်ခန်းများ၊ JLPT မေးခွန်းဟောင်းများနှင့် Mini Test များကိုလည်း ထည့်သွင်းသင်ကြားပေးသွားပါမည်။
🤍ထို့အပြင် သင်တန်းပြီးဆုံးချိန်တွင် ၂၀၂၆ ခုနှစ် ဒီဇင်ဘာလ JLPT N3 စာမေးပွဲကို ဝင်ရောက်ဖြေဆိုနိုင်ရန် ရည်ရွယ်ပြီး စနစ်တကျ လေ့ကျင့်သင်ကြားပေးသွားမည် ဖြစ်ပါသည်။
↗️N3 Level ကို သေချာတက်ချင်သူများ၊ ဂျပန်နိုင်ငံတွင် ကျောင်းဆက်တက်ရန် သို့မဟုတ် အလုပ်လုပ်ရန် စီစဉ်ထားသူများအတွက် သင့်တော်သော သင်တန်းတစ်ခုဖြစ်ပါသည်။
စိတ်ဝင်စားသူများအနေဖြင့် Page Messenger မှတစ်ဆင့်ဖြစ်စေ၊ အောက်ပါဖုန်းနံပါတ်များသို့ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
🏢 YS Flora Myanmar Japanese Language Center🏢
အမှတ် (၇၅-ဒီ)၊ ပထမထပ်၊ သမိန်ဗရမ်းလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်တိုင်း
09 750 232 070
09 780 166 291

16/06/2026

🇯🇵 GED အောင်ထားပြီး N4 Level အထိ ဂျပန်စာ သင်ယူထားသူများအတွက် ဂျပန်နိုင်ငံမှာ ပညာသင်ယူဖို့ အခွင့်အရေးရှိနေပါပြီ။

"GED ရှိလို့ ဂျပန်ကျောင်းလျှောက်လို့ မရဘူး" လို့ ထင်နေသူများအတွက် သတင်းကောင်းပါ။
GED Certificate နှင့် N4 Level ရှိထားသူများအနေဖြင့် Student Visa ဖြင့် ဂျပန်နိုင်ငံရှိ Language School များသို့ လျှောက်ထားနိုင်ပါသည်။

🏙️ Tokyo – Akamonkai Japanese Language School
ဂျပန်နိုင်ငံ၏ မြို့တော် Tokyo တွင် တည်ရှိပြီး Part-Time Job အခွင့်အလမ်းများ ပေါများကာ သွားလာရေး အလွန်အဆင်ပြေပါသည်။ ကျောင်းတက်ရင်း ဂျပန်မြို့ပြဘဝကို လက်တွေ့ကျကျ တွေ့ကြုံခံစားနိုင်ပါသည်။

🏞️ Ashikaga City, Tochigi – Ashikaga Japanese Language School
Tochigi Prefecture ရှိ Ashikaga မြို့သည် နေထိုင်မှုစရိတ် သက်သာပြီး အေးချမ်းသော ပတ်ဝန်းကျင်ကြောင့် စာကို အာရုံစိုက် လေ့လာလိုသူများအတွက် သင့်တော်သော မြို့တစ်မြို့ဖြစ်ပါသည်။

🌊 Niihama City, Ehime – Happiness Foreign Language School
Ehime Prefecture ရှိ Niihama မြို့သည် သဘာဝပတ်ဝန်းကျင်ကောင်းမွန်ပြီး နေထိုင်မှုစရိတ် သက်သာကာ အေးချမ်းစွာ ပညာသင်ယူနိုင်သော မြို့တစ်မြို့ဖြစ်ပါသည်။

📚 Language School (၂ နှစ်) ပြီးဆုံးပါက

✅ College / Senmon Gakkou (専門学校) ဆက်လက်တက်ရောက်နိုင်မည်
✅ University ဆက်လက်တက်ရောက်နိုင်မည်
✅ Tokutei Ginou (SSW) Visa သို့ ပြောင်းလဲပြီး အလုပ်လုပ်နိုင်သည်။
✅ ဂျပန်နိုင်ငံတွင် Career နှင့် အနာဂတ်ဘဝကို ဆက်လက်တည်ဆောက်နိုင်မည်

GED Certificate သို့မဟုတ် ဆယ်တန်းအောင်လက်မှတ် သို့မဟုတ် ၁၂တန်းအောင်လက်မှတ် ရှိပြီး N4 Level အထိ သင်ယူထားသူများ အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါသည်။

YS Flora Myanmar
Japanese Language Center
အမှတ် ၂၃၊ ၁၄၆ လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်တိုင်း။
အမှတ် ၇၅-ဒီ၊ သမိန်ဗရမ်းလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်တိုင်း။

📞 09 750 232 070
📞 09 420 108 412
📞 09 988 605 683







15/06/2026

ဂျပန်နိုင်ငံမှာ လစာကောင်းကောင်းနဲ့ စက်ရုံအလုပ်လုပ်ကိုင်ချင်သူများအတွက် Tokutei အလုပ်ခေါ်စာ 🇯🇵✨

ဂျပန်နိုင်ငံ၊ Saitama ခရိုင်၊ Kuki မြို့မှာလုပ်ကိုင်ဖို့အတွက် Tokutei စက်မှုကုန်ထုတ်အလုပ်ခေါ်စာ ရှိပါတယ်။

အလုပ်အကိုင်အသေးစိတ်-

အလုပ်အမျိုးအစား: RPF 製造オペレーター (စက်နဲ့ ပလတ်စတစ် စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုပြီး လောင်စာထုတ်လုပ်သည့် စက်ရုံလုပ်ငန်း)

အခြေခံလစာ: ယန်း ၂ သောင်းကျော်ဝန်းကျင်

အလုပ်ချိန်: မနက် ၇:၄၀ မှ ညနေ ၅:၀၀ ထိ

လျှောက်ထားရန် လိုအပ်ချက်များ-

工業製品製造業 (စက်မှုကုန်ထုတ်လုပ်ငန်း) ဆိုင်ရာ Tokutei စာမေးပွဲ အောင်မြင်ထားသူ ဖြစ်ရမည်။

သို့မဟုတ် သက်ဆိုင်ရာလုပ်ငန်းနှင့် ပတ်သက်သည့် 技能実習 ၂ 号 (Skill Training Level 2) ပြီးမြောက်ထားသူ ဖြစ်ရမည်။

ဂျပန်စာအရည်အချင်းအတွက် JLPT N4 သို့မဟုတ် JFT A2 အောင်လက်မှတ် ရှိရမည်။

ဒီအလုပ်ခေါ်စာကို စိတ်ဝင်စားလို့ အသေးစိတ် မေးမြန်းချင်တယ်ဆိုရင်တော့ Chat Box မှာ အမြန်ဆုံး လာရောက်ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။ 📩

#ဂျပန်စာလေ့လာသူများ #ဂျပန်သွားမယ်

15/06/2026

📢 2027 April Intake ကျောင်းလျှောက်လွှာများ စတင်လက်ခံနေပါပြီ! 🇯🇵
ဂျပန်နိုင်ငံတွင် ပညာသင်ယူလိုသူများအတွက် အခွင့်အရေးကောင်းတစ်ခု!
လက်ရှိ 2027 April Intake အတွက်
1⃣ Ashikaga Japanese Language School (Tochigi မြို့)
2⃣ Happiness Foreign Language School (Ehime မြို့)
3⃣ Akamonkai Japanese Language School (Tokyo မြို့)
4⃣ Yokohama Japanese Language School (Yokohama မြို့)
တို့တွင် လျှောက်ထားနိုင်ပါပြီ။ အဆိုပါကျောင်းများသည် နိုင်ငံတကာကျောင်းသားများအတွက် ဂျပန်ဘာသာစကားသင်တန်းများ ဖွင့်လှစ်ပေးထားသော ကျောင်းများဖြစ်ပါသည်။
✅ လျှောက်ထားနိုင်သူများ
📚 ဂျပန်ဘာသာစကား N4 Level သင်ယူပြီးမြောက်ထားသူ
🎓 ပညာအရည်အချင်း (လက်မှတ်တစ်ခုခုရှိရမည်)
🌸ဆယ်တန်းအောင်မြင်ထားသူ
🌸တက္ကသိုလ်ဝင်တန်း ပထမနှစ် တက်ရောက်ဖူးသူ
🌸GED Certificate ရရှိထားသူ
💰 Show Money အတွက် စိတ်ပူစရာမလိုပါ
➡️ ကျွန်ုပ်တို့ဘက်မှ Show Money ဝန်ဆောင်မှု စီစဉ်ပေးပါသည်။
🇯🇵 ဂျပန်စာလေ့လာပြီး အနာဂတ်ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးလိုသူများ အမြန်ဆုံးဆက်သွယ်၍ နေရာယူထားလိုက်ပါ။

YS Flora Myanmar
ဂျပန်ဘာသာစကားသင်တန်းကျောင်း
အမှတ် ၂၃၊ ၁၄၆လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်တိုင်း၊ သီတာမှတ်တိုင်။
အမှတ်၇၅-ဒီ၊ ပထမထပ်၊ သမိန်ဗရမ်းလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်တိုင်း၊ တာမွေပလာဇာမှတ်တိုင်။
09 750 232 070
09 988 60 5683

14/06/2026

တခြားမြို့တွေရဲ့ (၁) နှစ်စာ ကုန်ကျစရိတ်နဲ့ (၂) နှစ်စာ ကျောင်းတက်လို့ရမယ့် Language School 📢📢

တခြားမြို့ကြီးတွေရဲ့ (၁) နှစ်စာ ကုန်ကျစရိတ်နဲ့တင် ဒီကျောင်းရဲ့ (၂) နှစ်စာ ကျောင်းလစာရော၊ နေထိုင်စရိတ်ကိုပါ အေးဆေးကာမိစေမယ့် Ehime မြို့က ကျောင်းလေးအကြောင်း ဗီဒီယိုထဲမှာ အသေးစိတ် ရှင်းပြပေးထားပါတယ်။

🌟 ဒီကျောင်းရဲ့ ထူးခြားချက်များ -
✅ တစ်နှစ်လုံးစာ ကျောင်းလစာ ယန်း (၅၇) သောင်းပဲ ကျသင့်ခြင်း
✅ အဆောင်လစာ တစ်လကို ယန်း (၁သောင်း ၆ထောင်) သာ ရှိခြင်း
✅ ကျောင်းတက်ရင်း Kaigo အချိန်ပိုင်းအလုပ် လုပ်ကိုင်နိုင်ခြင်း

ဒါ့အပြင် အေးချမ်းပြီးသာယာတဲ့အပြင် Niihama Taiko Festival လိုမျိုး နာမည်ကြီးပွဲတော်တွေရှိတဲ့ Ehime မြို့မှာ ပျော်ရွှင်စရာကျောင်းသားဘဝကို ဖြတ်သန်းနိုင်မှာပါ။

📌 အခုဆိုရင် 2027 April Intake အတွက် YS Flora Myanmar မှာ ကျောင်းလျှောက်လွှာတွေ လက်ခံနေပြီဖြစ်လို့ အမြန်ဆုံး လာရောက်လျှောက်ထားဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။📞

📬 အသေးစိတ်စုံစမ်းရန် -
📍 No.23, 146th Street, Tamwe, Yangon.
📞 09 988 605 683, 09 750 232 070
#ဂျပန်စာလေ့လာမယ် #ဂျပန်စာလေ့လာသူများ

13/06/2026

ဒီနေ့မှာတော့ N4 အတန်းမှကလေးတွေရဲ့ ပထမဆုံးအကြိမ်ကြိုးစားပြောထားကြတဲ့ Hokkaido က ကမ္ဘာကျော် さっぽろ雪まつり" (Sapporo နှင်းပွဲတော်) အကြောင်းကို Sharing လုပ်ပေးလိုက်ပါတယ်..🌸✨

ဒီလိုမျိုးစာအုပ်ထဲကအပြင် လက်တွေ့မှာပါ ဂျပန်စာ စကားပြော (Kaiwa) တိုးတက်ဖို့အတွက် လေ့ကျင့်သင်ကြားပေးနေတာပဲဖြစ်ပါတယ် .😍
ဂျပန်စာကိုအခြေခံကစပြီး လေ့လာချင်သူအတွက် ၁၇ရက်နေ့ဖွင့်မယ့် N5 Class အတန်းလေးရှိပါတယ်နော် ..လူမပြည့်သေးတာကြောင့် အတန်းအပ်ချင်သူများ လာရောက်အပ်နှံလို့ရပါသည်🌸🌸

ဂျပန်ကို Language School နဲ့ သွားချင်သူများအတွက်လည်း 2027 April Intake အတွက် ကျောင်းလျှောက်လက်ခံနေပြီဖြစ်ပါတယ်.
📚 2027 April / July / October Intake
Tokyo • Yokohama • Ehime • Fukuoka, Ashikaga မြိုများသို Language School ကျောင်းလျှောက်နိုင်ပါပြီရှင့်။

✨ YS Flora Myanmar ဂျပန်စာသင်တန်းကျောင်းမှ
Student Visa COE 100% လျှောက်ပေးထားနိုင်ခဲ့သော အတွေ့အကြုံများစွာရှိပြီး
ကျောင်းသား/ကျောင်းသူများအား ယုံကြည်စိတ်ချစွာ ဝန်ဆောင်မှုပေးလျက်ရှိပါသည်ရှင့်။

✅ N5 အောင် + N4 တက်ဆဲ
✅ N4 အောင် + N3 တက်ဆဲ
အထက်ပါ Japanese Level Certificate တစ်ခုခုရှိရုံဖြင့် ကျောင်းလျှောက်ထားနိုင်ပါသည်ရှင့်။

📌 လိုအပ်သော အချက်အလက်များ

* မြန်မာပြည်ပညာအရည်အချင်း
* Japanese Language Level
* Passport
* အသက်
* အမည်
* Phone Number

အထက်ပါအချက်အလက်များကို Page Messenger မှတစ်ဆင့် ပေးပိုနိုင်ပါသည်ရှင့်။

🎓 လျှောက်ထားနိုင်သူများ
✔️ ဆယ်တန်းအောင် / 12တန်းအောင်
✔️ IGCSE / A Level / GED အောင်လက်မှတ်ရှိသူ
✔️ Language School ပြီးနောက် တက္ကသိုလ် (သို) College ဆက်လက်တက်ရောက်လိုသူ
✔️ ကျောင်းအမှန်တကယ်တက်ရောက်နိုင်သူ
🏫 အသေးစိတ်သိရှိလိုပါက သင်တန်းကျောင်းသို လူကိုယ်တိုင်လာရောက်စုံစမ်းနိုင်ပါသည်။

📍 အမှတ် ၂၃, ၁၄၆ လမ်း၊ တာမွေမြိုနယ်၊ ရန်ကုန်တိုင်း။

📞 09 750 232 070
📞 09 420 10 8412

#ဂျပန်စာလေ့လာသူများ #ဂျပန်စာလေ့လာမယ်

Photos from AMIE - Amie International Employment Services Co., Ltd's post 12/06/2026

📢 ဂျပန်နိုင်ငံ အလုပ်အကိုင်အခွင့်အလမ်းများ

YS ဂျပန်စာသင်ကျောင်း၏ မိတ်ဖက်နှင့် ကိုယ်ပိုင် Overseas Employment Agency ဖြစ်သော Amie International Employment Services Co., Ltd. မှ ခေါ်ယူလျက်ရှိသော ဂျပန်နိုင်ငံ အလုပ်အကိုင်အခွင့်အလမ်းများကို မျှဝေပေးလိုက်ပါသည်။

YS ဂျပန်စာသင်ကျောင်းတွင် ဂျပန်စာကို စနစ်တကျ သင်ယူပြီး ဂျပန်နိုင်ငံတွင် အလုပ်လုပ်လိုသူများအတွက် ယုံကြည်စိတ်ချရသော လမ်းကြောင်းတစ်ခုဖြစ်ပါသည်။

အသေးစိတ် သိရှိလိုပါက Amie International Employment Services Co., Ltd. သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ျပန်စာသင်ကျောင်း



Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


No. 75/D, First Floor, Tha Mein Ba Yan Road, Tarmwe Township, Yangon (Beside B. E. P. S 15 Tarmwe)
Yangon

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 09:00 - 17:00