06/06/2026
🌟 ၂၀၂၆-၂၀၂၇ ပညာသင်နှစ်သစ်အတွက် ကျွန်ုပ်တို့၏ Preschool Teachers များနှင့် မိတ်ဆက်ပေးလိုက်ပါတယ် 🌟
ကလေးတစ်ယောက်ရဲ့ ပထမဆုံး သင်ယူမှုခရီးစဉ်ဟာ သူတို့ရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးဆုံး အခြေခံအုတ်မြစ်တစ်ခု ဖြစ်ပါတယ်။
ဒီလို အရေးပါတဲ့ အရွယ်မှာ ကလေးငယ်များကို ပြုစုပျိုးထောင်ပေးမယ့် ဆရာ၊ ဆရာမများဟာ သင်ကြားပေးသူများသာမက စူးစမ်းရှာဖွေလိုစိတ်ကို လှုံ့ဆော်ပေးသူများ၊ ယုံကြည်မှုကို တည်ဆောက်ပေးသူများနှင့် ကလေးတစ်ဦးချင်းစီ၏ ထူးခြားသော အရည်အချင်းများကို ဖော်ထုတ်ပေးသူများလည်း ဖြစ်ပါတယ်။ 💙
IB Primary Years Programme (PYP) ကို အခြေခံ၍ ကျွန်ုပ်တို့၏ Preschool Teachers များသည် ကလေးများအား မေးခွန်းထုတ်တတ်ရန်၊ စူးစမ်းလေ့လာတတ်ရန်၊ ပူးပေါင်းဆောင်ရွက်တတ်ရန်နှင့် တစ်သက်တာသင်ယူမှုခရီးစဉ်အတွက် ခိုင်မာသော အခြေခံအုတ်မြစ်တစ်ခု တည်ဆောက်နိုင်စေရန် လမ်းညွှန်ပေးလျက်ရှိပါသည်။
ကလေးငယ်များအတွက် ပျော်ရွှင်မှုများ၊ စူးစမ်းလေ့လာမှုများနှင့် တိုးတက်မှုများ ပြည့်နှက်နေသော ပညာသင်နှစ်သစ်ကို အတူတကွ ဖန်တီးလိုက်ကြရအောင်။ ✨
_______
𝐌𝐞𝐞𝐭 𝐎𝐮𝐫 𝐏𝐫𝐞𝐬𝐜𝐡𝐨𝐨𝐥 𝐓𝐞𝐚𝐜𝐡𝐞𝐫𝐬! 🌈
The early years lay the foundation for a lifetime of learning.
Our Preschool Teachers do more than teach. They inspire curiosity, nurture confidence, and create meaningful learning experiences that encourage children to explore the world around them.
Guided by the IB Primary Years Programme (PYP), our educators support young learners in becoming inquirers, communicators, thinkers, and caring members of their community while building a strong foundation for lifelong learning.
We are delighted to introduce the dedicated teachers who will guide, inspire, and support our young learners throughout the Academic Year 2026–2027. ✨
03/06/2026
🔔 ကျောင်းခေါင်းလောင်းသံလေးနဲ့အတူ သားသားမီးမီးလေးတို့ရဲ့ ရယ်မောသံ၊ ကစားသံလေးတွေ ပြန်လည်အသက်ဝင်လာပြီး ပညာသင်နှစ်သစ်လေးကို စတင်လိုက်ပါပြီ။ ✨🎒💕
SKT International Preschool ရဲ့ စာသင်ခန်းလေးတွေထဲမှာတော့ သားသားမီးမီးလေးတွေဟာ
🌈 သူငယ်ချင်းအသစ်လေးတွေနဲ့ မိတ်ဖွဲ့ဖို့၊
🎨 ဖန်တီးမှုအသစ်လေးတွေ လေ့လာဖို့၊
🔍 ကမ္ဘာကြီးကို စူးစမ်းရှာဖွေဖို့၊
😊 ပျော်ရွှင်စွာ သင်ယူဖို့ အဆင်သင့်ဖြစ်နေကြပါပြီ။
SKT International Preschool မှာတော့ သင်ယူမှုဟာ အဖြေတွေကို မှတ်သားခြင်းမဟုတ်ဘဲ မေးခွန်းကောင်းတွေ မေးတတ်လာခြင်း၊ စဉ်းစားတွေးခေါ်တတ်လာခြင်းနဲ့ ကိုယ်ပိုင်ရှာဖွေတွေ့ရှိမှုတွေ ပြုလုပ်တတ်လာခြင်း ဖြစ်ပါတယ်။
ကျွန်ုပ်တို့ဟာ စူးစမ်းလိုစိတ်ပြင်းပြတဲ့ Inquirers များ၊ ဂရုစိုက်တတ်တဲ့ Caring Learners များနဲ့ မိမိကိုယ်ကို ယုံကြည်မှုရှိတဲ့ Communicators များကို ပြုစုပျိုးထောင်ပေးလျက်ရှိပါတယ်။ 🌟
__________
✨ A new school year. A world of wonder. A journey of inquiry begins. ✨
🔔 With the ringing of the school bell, the laughter and joyful voices of our little learners have come alive once again as we begin a brand-new school year! ✨🎒💕
At SKT International Preschool, our classrooms are filled with excitement as our young learners are ready to:
🌈 Make new friends
🎨 Explore creativity and imagination
🔍 Discover and explore the world around them
😊 Learn joyfully through meaningful experiences
At SKT International Preschool, learning is not about memorizing answers. It is about learning to ask meaningful questions, developing critical thinking skills, and building the confidence to discover through experience.
As an IB Primary Years Programme (PYP) school, we nurture young learners who are:
🌟 Inquirers with a strong sense of curiosity
🌟 Caring individuals who respect and support others
🌟 Confident communicators who express their ideas freely
01/06/2026
ယခုနှစ်တွင် ပြေးဆွဲပေးမည့် School Bus လမ်းကြောင်းများ 🚌✨
သားသားမီးမီးတို့ အိမ်မှ ကျောင်းသို့ နေ့စဉ်သွားလာရာတွင်
ဘေးကင်းလုံခြုံမှုနှင့် သက်တောင့်သက်သာရှိမှုကို
SKT International School မှ အထူးအရေးပေး စီစဉ်ထားပါသည်။
စိတ်ချယုံကြည်နိုင်သော School Bus Service ဖြင့်
အောက်ပါ လမ်းကြောင်းများကို ပြေးဆွဲပေးသွားမည်ဖြစ်ပါသည်။
📍 Zone (1)
• Dagon Myothit (North)
• Dagon Myothit (Seikkan)
• Dagon Myothit (South)
• South Okkalapa
• Thingangyun
📍 Zone (2)
• Ahlone
• Botahtaung
• Dagon
• Dawbon
• Kyauktada
• Kyeemyindaing
• Latha
• Pabedan
• Pazundaung
• Sanchaung
• Thaketa
📍 Zone (3)
• Mingalar Taung Nyunt
• Tamwe
• Thuwanna
📍 Zone (4)
• Star City
• Thanlyin - Aung Chan Thar
SKT နှင့်အတူ
ဘေးကင်းလုံခြုံစွာ ကျောင်းသွားကြပြီး
အောင်မြင်သော ပညာရေးခရီးကို စတင်လိုက်ပါ ✨
23/05/2026
ကျောင်းစုံစမ်းတဲ့အခါ…
Tuition Fees ပဲ မေးရမလား
Teachers ကို ကြည့်ရမလား
Curriculum ကို အရင်သိသင့်လား
ဒီကျောင်းက ငါ့ကလေးနဲ့ တကယ်ကိုက်ညီရဲ့လား 💭
မိဘတိုင်းမှာရှိတတ်တဲ့ ဒီမေးခွန်းတွေရဲ့ အဖြေကို
𝐒𝐊𝐓 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 - 𝐑𝐢𝐯𝐞𝐫𝐬𝐢𝐝𝐞 𝐂𝐚𝐦𝐩𝐮𝐬 𝐎𝐩𝐞𝐧 𝐇𝐨𝐮𝐬𝐞 မှာ
ကိုယ်တိုင်လာရောက် ကြည့်ရှုခံစားနိုင်ပါတယ်✨
𝐂𝐥𝐚𝐬𝐬𝐫𝐨𝐨𝐦 𝐄𝐧𝐯𝐢𝐫𝐨𝐧𝐦𝐞𝐧𝐭, 𝐓𝐞𝐚𝐜𝐡𝐢𝐧𝐠 𝐒𝐭𝐲𝐥𝐞 နဲ့ 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐄𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞 တွေကို
တစ်နေရာတည်းမှာ လေ့လာနိုင်ဖို့ လှိုက်လှဲစွာ ဖိတ်ခေါ်လိုက်ပါတယ်💙
ဒီ Open House လေးမှာတော့
သားသားမီးမီးတို့သာမက ဖေဖေမေမေတို့ပါ အတူတူပါဝင်ပြီး
ပျော်ရွှင်မှုတွေနဲ့ ပြည့်နေတဲ့ 𝐅𝐚𝐦𝐢𝐥𝐲 𝐐𝐮𝐚𝐥𝐢𝐭𝐲 𝐓𝐢𝐦𝐞 လေးကို ဖြတ်သန်းရမှာဖြစ်ပါတယ် ✨
🌿 Open House Activities 🌿
☁️ 𝐖𝐞𝐚𝐭𝐡𝐞𝐫 𝐄𝐱𝐩𝐥𝐨𝐫𝐞𝐫 ခေါင်းစဥ်လေးနဲ့ ရာသီဥတုအကြောင်းကို ပျော်ပျော်ရွှင်ရွှင် လေ့လာသင်ယူကြမယ်။
🎨 𝐅𝐮𝐧 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐂𝐨𝐫𝐧𝐞𝐫𝐬
𝐒𝐜𝐢𝐞𝐧𝐜𝐞 • 𝐌𝐚𝐭𝐡 • 𝐄𝐧𝐠𝐥𝐢𝐬𝐡 • 𝐌𝐮𝐬𝐢𝐜 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐂𝐨𝐫𝐧𝐞𝐫𝐬 လေးတွေမှာ
ဖေဖေမေမေတို့နဲ့အတူ Playdate ပြုလုပ်ရင်း သင်ယူမှုတွေကို ကိုယ်တိုင်အတွေ့အကြုံယူနိုင်ပါမယ်။ ✨
ဒါ့အပြင်
✔ 𝐈𝐁 𝐏𝐘𝐏 𝐅𝐫𝐚𝐦𝐞𝐰𝐨𝐫𝐤 အကြောင်းနဲ့ 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐏𝐚𝐭𝐡𝐰𝐚𝐲 ကို လေ့လာနိုင်မှာပဲဖြစ်ပါတယ်။
✔ 𝐂𝐮𝐫𝐫𝐢𝐜𝐮𝐥𝐮𝐦 ရွေးချယ်နည်းနဲ့ ကလေးအတွက် အသင့်တော်ဆုံး 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐏𝐚𝐭𝐡 ကို ဆရာမကြီးများနဲ့ တိုက်ရိုက်ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။
✔ 𝐋𝐞𝐬𝐬𝐨𝐧 𝐃𝐞𝐦𝐨𝐧𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 တွေနဲ့ သင်ကြားမှုပုံစံတွေကိုလည်း ဖေဖေမေမေတို့ကိုယ်တိုင် ကြည့်ရှုဆုံးဖြတ်နိုင်မှာပါ။
🎈 ဒါ့အပြင် သားသားမီးမီးလေးတွေအတွက်
ပျော်ရွှင်စရာ Activities များစွာကိုလည်း အထူးစီစဉ်ပေးထားပါတယ် 💫
𝐒𝐧𝐚𝐜𝐤𝐬 & 𝐑𝐞𝐟𝐫𝐞𝐬𝐡𝐦𝐞𝐧𝐭𝐬 လေးများလည်း စီစဥ်ပေးထားတာမို့
ဖေဖေမေမေတို့အနေနဲ့...
သားသားမီးမီးလေးတို့နဲ့အတူ ပျော်ပျော်ရွှင်ရွှင်နဲ့ အကျိုးရှိတဲ့ နေ့ရက်လေးတစ်ရက်ကို အတူတူဖြတ်သန်းဖို့ 𝐒𝐊𝐓 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 𝐎𝐩𝐞𝐧 𝐇𝐨𝐮𝐬𝐞 ကို ဆက်ဆက် လှမ်းလာခဲ့ကြပါနော် ✨
📌 𝙍𝙚𝙜𝙞𝙨𝙩𝙚𝙧 𝙉𝙤𝙬
https://forms.gle/SgUrJBKvBEpPBnE79
📍 SKT International Preschool – Riverside Campus
🗓 12th June 2026 (Friday)
⏰ 9:00 AM - 12:00 PM
📍 235, Shu Khinn Thar Myo Pat Road, Thaketa Township, Yangon
💙 SKT International Preschool မှ
ပျော်ရွှင်စရာအစီအစဉ်များနဲ့ နွေးထွေးစွာ ကြိုဆိုလျက်ရှိပါတယ် 💙