IELTS by Nyein Hsu

IELTS by Nyein Hsu

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from IELTS by Nyein Hsu, Education Website, Yangon.

16/06/2026

📚 Another Common Grammar Mistake
ကျောင်းသားတချို့ရဲ့ နောက်ထပ် အမှားတစ်ခုကတော့ linker တွေရဲ့ ရှေ့နဲ့ နောက်မှာ parallel structure မဖြစ်တာ ပါပဲ။
❌ The TV programme I am recommending is very amusing and also educate.
ဒီ sentence မှာ linker က and ဖြစ်ပါတယ်။
and ရဲ့ ရှေ့မှာ amusing (adjective) ရှိပေမယ့် နောက်မှာ educate (verb) ရှိနေပါတယ်။
ဒါကြောင့် word forms မတူဘဲ parallel structure ပျက်သွားပါတယ်။
✅ The TV programme I am recommending is very amusing and also educational.
ဒီနေရာမှာ amusing နဲ့ educational နှစ်ခုလုံးက adjective တွေဖြစ်လို့ structure က parallel ဖြစ်သွားပါတယ်။
❌ He likes reading books and to watch movies.
ဒီ sentence မှာ linker and ရဲ့ ရှေ့မှာ reading (verb + ing form) ရှိပြီး နောက်မှာ to watch (to + verb) ရှိနေပါတယ်။
Form မတူတာကြောင့် parallel structure ပျက်သွားပါတယ်။
✅ He likes reading books and watching movies.
(သို့)
✅ He likes to read books and to watch movies.
👉 တစ်မျိုးတည်းသော structure ကိုပဲ သုံးရပါမယ်။
❌ She is intelligent, hardworking and works very carefully.
ဒီ sentence မှာ ရှေ့ ၂ ခုက adjectives ဖြစ်ပေမယ့် နောက်ဆုံးမှာ verb phrase ဖြစ်နေပါတယ်။
✅ She is intelligent, hardworking and careful.
👉 သုံးခုလုံးကို adjective ပဲထားပြီး parallel ဖြစ်အောင်လုပ်ထားပါတယ်။
💡 Key idea: Linker (and / or / but) နောက်မှာ structure တူရမယ်
👉 noun + noun / verb + verb / adjective + adjective
💡 အမှားသေးသေးလေးလို့ ထင်ရပေမယ့် Band score ကို ဆွဲချနိုင်တာက ဒီလို parallel structure errors တွေပါပဲ။

15/06/2026

📚 Common IELTS Writing Mistake
ကျောင်းသားတချို့က “noun” နဲ့ “verb” ကို နေရာမှာ သုံးတတ်ကြပါတယ်။English မှာ “word form” မှားရင် sentence တစ်ခုလုံး meaning ပျက်သွားနိုင်တယ်။

❌ Significantly growth increased in the country.

❌ The economy significantly growth.

❌ The decline of prices declined rapidly.

❌ The increased of population increased.

ဒီနေရာမှာ သတိထားရမယ့်အချက်က—

👉 “Growth” က noun

👉 “Grow” က verb

👉 Spelling တူပြီး form ကွဲတဲ့ “Decline / Increase” မှာလည်းnoun နဲ့ verb form အရ သုံးပုံကွဲပါတယ်။

ဒါကြောင့် structure မှန်အောင်ပြန်ပြင်ရမယ်👇

✅ a significant growth (Article + Adjective + Noun)

👉 There was a significant growth in tourism.

✅ grow significantly (Verb + Adverb)

👉 The economy grew significantly last year.

✅ a decline / an increase (Noun form)

👉 There was a noticeable decline in prices.

👉 There was a sharp increase in population.

✅ decline / increase + adverb (Verb form)

👉 Prices declined noticeably.

👉 The population increased sharply.

💡 ဒါကြောင့် vocabulary တစ်ခုကို လေ့လာတဲ့အခါ noun / verb / adjective / adverb form တွေကို အတူတူမှတ်ထားပါ။

14/06/2026

📚FREE DOWNLOAD
Official Cambridge Guide to IELTS e-book

👨‍💻Self-study learners တွက် weaker area တွေမှာ supplement လုပ်ဖို့နဲ့
🧑‍💻Foundation-level learners တွေတွက် build-up IELTS preparation လုပ်ဖို့တွက်

📚The Official Cambridge Guide to IELTS ကို

📌page ကို like and follow လုပ်ပီ့း request access တောင်းပြီး ယူပါ။

https://drive.google.com/file/d/1VUa8SGgxmacSbOm59iiFSPZtReQwAkfn/view?usp=drivesdk

13/06/2026

🛑 မေးခွန်းရဲ့ Target Point ကို လွဲချော်စေတတ်တဲ့ အချက်များ

1️⃣ Question ရဲ့ သဘောသဘာဝကို အပြည့်အဝ နားမလည်ခြင်း။

💁မေးခွန်းက Cause ကို မေးတာလား၊ Problem (Effect) ကို မေးတာလားဆိုတာ ကွဲကွဲပြားပြား သိဖို့ လိုပါတယ်။
Example: "More and more children are spending most of their time playing computer games. What problems could be associated with this and what solutions there to overcome them?"
❌ Incorrect Approach: "Lack of parental supervision is the main problem for this phenomena." (ဒါက ဘယ်ကနေ ဒီလို problem တွေဖြစ်ရပါတယ်ဆိုပြီး အကြောင်းရင်း - Cause ကို သွားဖြေမိတာပါ။)
✅ Correct Approach: "Addiction and lack of concentration in their study." ( ဖြစ်လာမယ့် ပြဿနာ ၊ဒီproblem ကနေ ဘာတွေ ဆင့်ပွါး ဖြစ်နိုင်လဲ ဘာဆက်ဖြစ်နိုင်လဲမေးတာဖြစ်တဲ့အတွက်ကြောင့်- ဒါကမှ အဲ့ဒီလုပ်ရပ်ရဲ့ Problem အစစ်အမှန် ဖြစ်ပါတယ်။)

2️⃣ Meaning ကို အဓိပ္ပါယ်ကောက် လွဲမှားခြင်း (Misinterpretation)
🤦Topic မှာ ပါဝင်တဲ့ စကားလုံးရဲ့ အဓိပ္ပါယ် ကို ဘောင်မကျော်ဖို့ အရေးကြီးပါတယ်။

ဥပမာ- Environmental Problems ကို မေးရာမှာ

⚠️ ဖြေတာက earthquake, storm တို့ COVID-19 တို့ဖြေလိုက်တယ်။

✅Environmental problems ဆိုတာက climate change တို့ pollution တို့ deforestation တို့ flooding တို့ဖြစ်ပါတယ်။ ဖြေခဲ့တဲ့ natural disasters မဟုတ်ပါဘူး။❌
🚨 ဒါကြောင့် အဓိပ္ပါယ်ကောက် မလွဲပါစေနဲ့။

3️⃣ Memorized phrases တွေ အလွယ်တကူ ထည့်သုံးခြင်း။
🙎အခြေအနေနဲ့ မကိုက်ညီဘဲ အလွတ်ကျက်ထားတဲ့ Phrase တွေကို သုံးတာဟာ သဘာဝမကျသလို ရမှတ်ကိုလည်း ထိခိုက်စေပါတယ်။
❓ဥပမာ- "Describe a dinner you enjoyed with your friends."

✅ဒီမေးခွန်းက ကိုယ့်ရဲ့ အတွေ့အကြုံ (Experience) ကို မေးတာ ဖြစ်ပါတယ်။

❌"In my opinion..." ဆိုတဲ့ phrase နဲ့ စတင်လိုက်ရင် Opinion မေးခွန်း မဟုတ်တဲ့အတွက် အချက်အလက် လွဲချော်သွားမှာ ဖြစ်ပါတယ်။

12/06/2026

📚 IELTS Writing မှာ Band Score မတက်နိုင်တဲ့ အကြောင်းရင်းတစ်ခုက complex sentence ရေးဖို့ ကြိုးစားရင်း Grammar Mistakes များသွားတာပါ။

IELTS မှာ Band Score မြင့်ချင်ရင် Complex Vocabulary တွေကို အလွန်အကျွံ သုံးဖို့ မလိုပါဘူး။
Examiners တွေက အဲ့ဒီလိုကြီးကျယ်တဲ့ စကားလုံး တွေထက် မှန်ကန်ပြီး သဘာဝကျတဲ့ အသုံးအနှုန်း တွေကို ပိုသဘောကျပါတယ်။

❌ ဥပမာ -People should exercise regularly because it help them to become healthy and reduce many diseases which are dangerous.
လို့ ရေးမယ့်အစား
✅ ဥပမာ - People should exercise regularly because it helps them stay healthy and reduces the risk of many diseases.

Examples:
❌ Many students use complex sentences which make their writing difficult to understand and full of mistakes.
✅ Many students use clear sentences which make their writing easy to understand and accurate.

❌ Overuse of advanced grammar structures can reduce clarity and increase grammatical errors in IELTS writing.
✅ Balanced use of grammar structures improves clarity and reduces errors in IELTS writing.

🎯 Complex Sentences တွေကို အလွန်အကျွံ အသုံးပြုဖို့ မလိုပါဘူး။ ရှင်းလင်းပြီး Grammar မှန်ကန်တဲ့ စာကြောင်းတွေကို ဦးစားပေးရေးပါ။ Accuracy က Complexity ထက် ပိုအရေးကြီးပါတယ်။
💡 "Write clearly before you write cleverly."
စာကြောင်းကို ရှုပ်ထွေးအောင် မရေးခင် မှန်ကန်ရှင်းလင်းအောင် အရင်ရေးပါ။

08/06/2026

📝 IELTS Writing Task 2 Study Notes
🔍 မေးခွန်းကို သေချာ နားလည်အောင်ဖတ်။
❓ ဘာမေးတာလဲ: (ဆိုလိုတာက Discussion လား၊ Argumentative လား)

📊 Marking Descriptor နဲ့အညီ Analysis လုပ်ပါ: (ဒီ question types တွေကြည့်ပြီး opinion phrases လို/ မလို သေချာ တွေးပါ။)
1️⃣ Opinion / Agree-Disagree Essay
• Do you agree or disagree?
• To what extent do you agree or disagree?
2️⃣ Discussion Essay
• Discuss both views.
• Discuss both views and give your opinion.
3️⃣ Advantages & Disadvantages Essay
• Do the advantages outweigh the disadvantages?
• What are the advantages and disadvantages?
4️⃣ Problem & Solution Essay
• What problems does this cause?
• What solutions can you suggest?
5️⃣ Direct Question / Double Question Essay
• Two separate questions are asked.
• Example: Why does this happen? / Is this a positive or negative development?
6️⃣ Positive or Negative Development Essay
• Is this a positive or negative development/trend?
7️⃣ Cause and Effect Essay
• What are the causes and effects of this issue?

🧠 Plan လုပ်ပါ
💡 (ဥပမာ- advantages က ဒါရှိတယ်၊ disadvantages က ဒါတွေရှိတယ် ဆိုပြီး plan ပါ)
⚖️ ပြီးမှ ဘယ်ဟာ ပိုအားသာလဲ ရွေးပါ (question types ပေါ်မူတည်ပြီး ရေးပါ)

📐 Body Paragraph structure:
📌 . Topic
💬 . Explain
📊 . Example / Result အတိုင်း ရေးပါ။

🏁 Conclusion လုပ်ပါ။
🎯 ရှေ့မှာ ရေးခဲ့တဲ့အချက်တွေကို အနှစ်ချုပ်ပြီး အဆုံးသတ် နိဂုံးချုပ်ပါ။

💡 Pro Tip: Writing Task 2 အတွက် စုစုပေါင်း အချိန် မိနစ် ၄၀ ရှိတဲ့အထဲမှာ Planning (၁၀ မိနစ်) + Writing (၂၅ မိနစ်) + Checking/Editing (၅ မိနစ်) စသဖြင့် အချိန်ခွဲဝေသုံးစွဲတာက Band Score ပိုတက်စေပါတယ်။ စာမေးပွဲမှာ အမှတ်ကောင်းကောင်း ရပါစေ။

IELTS by Nyein Hsu
09 42071 9612
+959420719612
+15152491637

Photos from IELTS by Nyein Hsu 's post 02/06/2026

📢 Weekdays Evening IELTS Class – New Intake Opening Soon

Weekdays Evening IELTS Class အသစ်ဖွင့်လှစ်ပါမည်။
သတ်မှတ်ဦးရေ ပြည့်မီသည်နှင့် အတန်းကို စတင်သင်ကြားပါမည်။

📚 Course Duration: 60 Hours
📚 Course Focus: IELTS Foundation & Preparation (4 Skills)

✅ဒီအတန်းက IELTS အတွက် အခြေခံမှစ၍ စနစ်တကျ ပြင်ဆင်လိုသူများအတွက် သင့်တော်သော အတန်းဖြစ်ပါတယ်။ Listening, Reading, Writing, Speaking စတဲ့ 4 skills လုံးကို IELTS approach ဖြင့် တစ်ပြိုင်နက်တည်း လေ့ကျင့်သင်ကြားပေးမှာဖြစ်ပြီး အတန်းတွင်းမှာပင် Writing skill ကို လက်တွေ့ရေးသားနိုင်အောင် လေ့ကျင့်ပေးတဲ့ အတန်းဖြစ်ပါတယ်။

✨ Special Features
- IELTS Foundation + Preparation ကို တစ်တန်းတည်းတွင် သင်ကြားပေးခြင်း
- Writing skill ကို အတန်းအတွင်း လက်တွေ့ လေ့ကျင့်ရေးသားခြင်း
- Official IELTS materials များအခြေခံ သင်ကြားခြင်း
- Grammar & Vocabulary ကို IELTS standard အတိုင်း စနစ်တကျ သင်ကြားပေးခြင်း

🎯 Suitable for
B1 level ရှိပြီး IELTS အမှတ်လိုအပ်သူများ
IELTS အတွက် အခြေခံမှစ၍ စနစ်တကျ လေ့လာလိုသူများ
📌 Level ထပ်တက်ရန် မလိုအပ် သလို skill သီးသန့်တစ်ခုခြင်း တက်စရာမလိုပါ။
📩 စိတ်ဝင်စားသူများ ဆက်သွယ်၍ စာရင်းသွင်းနိုင်ပါပြီ။

Photos from IELTS by Nyein Hsu 's post 31/05/2026

Voice of my students

30/05/2026

📚 Sentence structure မျိုးစုံ သုံးပြီး Writing ရေးဖို့အတွက်ဆို noun phrases တွေ အရင် လုပ်ကြည့်ရမယ်။

🤔 အဲ့ဒီခါမှာ တစ်ခုထက်ပိုတဲ့ adjectives တွေကို ဘယ်လိုထားမလဲ?

✅ Op Sz A Sh C O M P အတိုင်း သွားမယ်။

🔹 Opinion – beautiful, charming, etc.
🔹 Size – small, large, etc.
🔹 Age – new, old, etc.
🔹 Shape – oval, square, etc.
🔹 Color – red, pink, etc.
🔹 Origin – English, Italian, etc.
🔹 Material – wooden, plastic, etc.
🔹 Purpose – educational, dining, etc.

📝 Eg:
• a beautiful large old round red Italian wooden dining table
• an expensive big modern rectangular white American steel office desk

⚠️ အခုလို category အတိုင်းတော့ အကုန်သုံးစရာ မလိုပါဘူး။
🎯 IELTS Writing တွက် အဓိက phrases တွေ သုံးဖို့ ကြုံလာရင်တော့ ဒါလေးတွေ မှတ်ထားပါ။

📌 FOR TASK 2
• a significant long-term economic challenge • an effective large-scale educational reform • a modern high-quality public transportation system

📌 FOR TASK 1
• a substantial upward trajectory in expenditure
• a pronounced disparity between the two categories
• the dominant contributor to overall consumption

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Yangon