Planet Impacts

Planet Impacts

Share

Social Entrepreneurship and Social Innovation

Photos from Planet Impacts's post 10/06/2026

💡💪🏻အတူတကွ ဖန်တီးကြံဆမှုတို့ဆီ နောက်တစ်လှမ်း ပြီးမြောက်ကြောင်း 🎉

[English Text below]

လူငယ်လူထုအား ဆန်းသစ်တီထွင်မှုတို့နှင့် တစ်လှမ်းတစ်လှမ်းချင်းဆီ ပိုမိုနီးစပ်စေရန် ပြီးခဲ့သော မတ်လမှ မေလအတွင်း ကျွန်ုပ်တို့၏ Myanmar Living Lab Project မှ တစ်ဆင့် Goethe-Institut Myanmar ၏ Venue ကူညီပံ့ပိုးပေးမှုနှင့်အတူ အောင်မြင်စွာ ခေါ်ဆောင်နိုင်ပေးခဲ့ပါတယ်။ 📃🔭🎊

➡️ မတ်လတွင် Moe Pya မှ Founder ဖြစ်သူ Ms. Sharr Thet Zaw မှဦးဆောင်ပြီး ခေတ်ရှေ့ပြေး AR, VR, Metaverse ကဲ့သို့ Immersive Technology များအား ပူးပေါင်းသင်ယူ၍ co-ideation များအားကောင်းလာစေရန် Myanmar Living Lab Project မှာ youth community နှင့် အတူတူလုပ်ဆောင်ခဲ့ကြပါတယ်။ 🥽🦾

➡️ ဧပြီလမှာတော့ Team Rex ရဲ့ ASEAN level award winning တီထွင်မှု ဖြစ်သော REACTOR app - Disaster-Preparedness Digital Application အား လူထုအခြေပြု Live Prototype Testing အပြင် တစ်ဦးနှင့် တစ်ဦး အပြန်အလှန် စမ်းသပ်ဆွေးနွေးကာ အကြံဉာဏ်ကောင်းတွေ ဖလှယ်နိုင်ခဲ့ကြပါတယ်။ 🛘📱

➡️ မေလအတွင်းမှာတော့ AI ASEAN Ready2026 ရဲ့ National Finalist ဖြစ်သော Sein Lann လို့ခေါ်တဲ့ AI-powered Climate Education Platform မိတ်ဆက်ခြင်းနှင့် လူထုအခြေပြု Co-Research အစီအစဉ်များအပြင် “AI in Climate” ခေါင်းစဉ်ဖြင့် စိတ်ဝင်စားဖွယ် ဆွေးနွေးမျှဝေမှုများကို Myanmar Living Lab Project မှာ မြိုင်မြိုင်ဆိုင်ဆိုင် လက်တွဲလုပ်ဆောင်ခဲ့ကြပါတယ်။ 🌍👩🏻‍💻

💡Myanmar Living Lab Project ဟာ “Bringing Community to Innovate“ ဆိုသည့်အတိုင်း ခေတ်သစ်လူငယ်များအား လက်ရှိ လူထုအကျိုးပြု သစ်ဆန်းတီထွင်မှု၊ လှုပ်ရှားမှုများနှင့် အထိအတွေ့ရှိနေစေရန်သာမက ပြောင်းလဲမှုကို ဦးစီး ယူဆောင်လာပေးမည့် စွန်းစားကြံစည် တီထွင်ဖန်တီးလျက်ရှိသော စီးပွါးရှင် စွမ်းဆောင်သူများအား ရပ်ရွာမြို့နေလူထုအသိုင်းအဝိုင်းနှင့် ထိတွေ့မှုရှိပြီး စားသုံးသူတုံ့ပြန်ချက်များအား စုသိမ်းနိုင်ရန်အပြင် အားလုံး လွတ်လပ်စွာ ဆွေးနွေးဖလှယ် လေ့လာနိုင်သည့် ဆက်သွယ်ပေးရာ တံတားသဖွယ် နံရံမရှိသော Lab တစ်ခုကဲ့သို့ အောင်မြင်စွာ တည်ရှိနေလျက်ရှိကြောင်း ဝမ်းမြောက်စွာ ကြေညာအပ်ပါတယ်။ 🥼👏🏻

မတ်လမှ မေလအတွင်း ကျင်းပပြုလုပ်ခဲ့တဲ့ Myanmar Living Lab Project အစီအစဉ် ဖြစ်တည်ရေးအတွက် စွမ်းစွမ်းတမံ ပံ့ပူးမှုပေးခဲ့ကြသည့် Goethe-Institut Myanmar နှင့် အဘက်ဘက်မှ Partners အဖွဲ့အစည်းများ၊ Myoe Pya မှ Founder Ms. Sharr Thet Zaw၊ Sein Lann မှ Co-founder Ms. Thura Nandar Linn၊ Team Rex မှ Ms. Zune Thi Khine နှင့် AI in Climate Speaker ဖြစ်သူ M2Console မှ Founder Mr. Nyan Min Myat တို့အားလည်း ကျွန်ုပ်တို့ Planet Impacts အဖွဲ့ မှ အထူးကျေးဇူးတင်လျက်ရှိပါတယ်။ 🙏🏼 ✨

ဒါဆိုရင်တော့ နောက်ထပ် New Seasons တွေဆီ Move မ on ခင် Myanmar Living Lab Project ရဲ့ ထူးခြားလှပ အဖိုးတန်တဲ့ မှတ်တမ်းလေးတွေဆီ အလည်သွားကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော် 💗🎞️

Planet Impacts မှ နောက်လဲ ဆက်လက်၍ ဆန်းကြယ်ဆန်းသစ်သော အထူးအစီအစဉ်များ ကျင်းပဖို့ ရှိတာကြောင့် စောင့်မျှော်နေပေးကြဖို့ ပြောကြားပါရစေ… ‼️📢

Bringing Community to Innovate ~
Myanmar Living Lab Project by Planet Impacts 💡🧬

[English Text]

💡💪🏻 Another Step Forward in Co-Creation and Co-Innovation! 🎉

Through the Myanmar Living Lab Project, we successfully brought many youths one step closer to impactful social innovations from March to May, made possible through the generous venue sponsorship by the Goethe-Institut Myanmar. 📃🔭🎊

➡️ Our journey began with the very first Living Lab in May, where the youth community collaborated to explore cutting-edge immersive technologies such as AR, VR, and the Metaverse, successfully fostering deep co-ideation and sparking new innovative concepts among the participants. 🥽🦾

➡️ In April, we hosted a community-based Live Prototype Testing session for the REACTOR app — an ASEAN-level award-winning disaster-preparedness digital application. This session served as a collaborative hub where participants engaged in peer-to-peer testing, vibrant discussions, and the exchange of valuable real-world feedback. 🛘📱

➡️ In May, the Myanmar Living Lab Project vibrantly delved into climate tech with Sein Lann, an AI-powered climate education platform, recognised as a National Finalist in the AI ASEAN Ready 2026 initiative. Alongside hands-on platform testing was an insightful panel discussion titled "AI in Climate", wrapping up with high-energy, co-creative, and collaborative activities driven by everyone involved. 🌍👩🏻‍💻

💡 True to our vision of “Bringing Community to Innovate,” the Myanmar Living Lab Project not only keeps youths actively engaged with ongoing social innovation and community movements, but also bridges the gap for visionary social entrepreneurship leaders driving change. We are thrilled to announce that the project successfully serves as a "Lab without walls" and a collaborative bridge where innovative changemakers can inspire and connect with crucial networks and communities, gather vital consumer feedback for their entrepreneurial initiatives, and engage in open discussions and mutual co-learning. 🥼👏🏻

Planet Impacts extends our deepest and most heartfelt gratitude to Goethe-Institut Myanmar, all our supportive partners, and our incredible collaborators — Ms. Sharr Thet Zaw (Moe Pya), Ms. Thura Nandar Linn (Sein Lann), Ms. Zune Thi Khine (Team Rex), and Mr. Nyan Min Myat (M2Console) — for their consistent support in making the Myanmar Living Lab Project a resounding success. 🙏🏼 ✨

Before we move on to exciting new seasons, we warmly invite you to revisit the unique, beautiful, and precious highlights of the Myanmar Living Lab Project. 💗🎞️

Planet Impacts will continue to host more groundbreaking and empowering programs in the future, so please stay tuned, everyone ‼️📢

Bringing Community to Innovate ~
Myanmar Living Lab Project by Planet Impacts 💡🧬

07/06/2026

ယခု အစီအစဉ်အတွက် Registration ပိတ်လိုက်ပြီ ဖြစ်ပါတယ်

တက်ရောက်ခွင့်ရရန် Confirmation Email များကို စာရင်းပေးသွင်းစဉ်က ဖော်ပြခဲ့သည့် Email များမှတစ်ဆင့် မကြာမီရက်အတွင်း အကြောင်းပြန်ကြားပေးသွားမည် ဖြစ်ပါတယ်

ယခု အစီအစဉ်တွင် ပါဝင်ရန် စာရင်းပေးသွင်းပေးကြသူများ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်❤️

__________

Registration for this event is now closed.

Confirmation emails will be sent out within the next few days at the email addresses provided during registration.

Thank you very much. ❤️

Sustainable Entrepreneurship Series Program ပြန်လည်ရောက်ရှိလို့လာပါပြီ။

Goethe-Institut Myanmar နဲ့ Planet Impacts တို့မှ ပူးပေါင်းပြုလုပ်ထားတဲ့ Sustainable Entrepreneurship Series Program ကို မေလ မှ ဩဂုတ်လအတွင်း တစ်လလျှင် တစ်ကြိမ် ကျင်းပသွားမှာဖြစ်ပါတယ်။ အစီအစဉ်တိုင်းတွင် မတူညီသော ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင် (SDGs - Sustainable Development Goals) တွေအပေါ် အခြေခံတဲ့ စွန့်ဦးတီထွင်ခြင်းပညာရပ်ဆိုင်ရာသဘောတရားများကို သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ပညာရှင်တွေရဲ့ အတွေ့အကြုံများနဲ့အတူ သင်ယူလေ့လာနိုင်မှာပါ။

အစီအစဉ်၏ ဒုတိယအပိုင်းအနေဖြင့် ဇွန်လ ၁၁ ရက်နေ့ (နေ့လည် ၁ နာရီ မှ ၃ နာရီ) တွင် Fundamentals of Design Thinking for Sustainable Entrepreneurship နှင့် SDG 11: Sustainable Cities and Communities တို့နှင့်ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲ ကို Goethe - Institut Myanmar စာကြည့်တိုက်တွင် တက်ရောက်နိုင်မှာဖြစ်ပါတယ်။

ယခု အစီအစဉ်တွင် ASEAN China India Youth Leadership Summit 2025 ၏ country round တွင် ပထမဆု ရရှိခဲ့တဲ့ The Sprout Scouts အဖွဲ့မှ SDG 11 ဆိုင်ရာ စီမံကိန်း အတွေ့အကြုံများကို မျှဝေပေးသွားမည့် အစီအစဉ်လည်းပါပါတယ်။

အသက် ၁၈ နှစ်နှင့် အထက် မည်သူမဆို အခမဲ့ပါဝင်နိုင်ပြီး၊ တက်ရောက်လိုသူများအနေနဲ့ ‌ အောက်ပါ Planet Impacts ၏ registration link မှတစ်ဆင့် လျှောက်လွှာဖြည့်စွက်၍ ပါဝင်နိုင်ပါတယ်။ နေရာအရေအတွက်ကန့်သတ်ထားတာဖြစ်လို့ ဇွန်လ ၆ ရက်နေ့မတိုင်ခင် စာရင်းပေးသွင်းလိုက်ပါ။

🔗Registration Link: https://forms.gle/9jYpJQK1m8GSnQs37

အစီအစဉ် အသေးစိတ်အချက်အလက်များကို Goethe-Institut Myanmar နှင့် Planet Impacts ၏ လူမှုကွန်ရက်စာမျက်နှာများတွင် ဆက်လက်အသိပေးသွားမှာ ဖြစ်ပါသည် ။

We’re excited to bring back the Sustainable Entrepreneurship Series Program!

The Sustainable Entrepreneurship Series Program, jointly organized by Goethe-Institut Myanmar and Planet Impacts, will take place once a month from May to August. Each session will provide participants with the opportunity to explore entrepreneurial principles aligned with various Sustainable Development Goals (SDGs), supported by insights and real-world experiences from experts across different fields.

The second session will be held on 11 June from 1 pm to 3 pm, featuring a workshop on the Fundamentals of Design Thinking for Sustainable Entrepreneurship and SDG 11: Sustainable Cities and Communities at the Goethe-Institut Myanmar Library.

In this session, the Sprout Scouts youth group, which is working on SDG 11 projects and is also the ASEAN China India Youth Leadership Summit 2025 country round 1st prize winner, will share their real-world experience.

The program is free and open to anyone aged 18 or older. Those who wish to attend may apply through the Planet Impacts registration link provided below. As seats are limited, please register by 6 June.

🔗Registration Link: https://forms.gle/9jYpJQK1m8GSnQs37

Stay tuned for more updates and information! Follow the social media pages of Goethe-Institut Myanmar and Planet Impacts to stay informed about upcoming sessions and details.

05/06/2026

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့မှာ အတူတူပူးပေါင်းပါဝင်ကြစို့! 🌍✨

သေးငယ်တဲ့ လုပ်ဆောင်ချက်တိုင်းက ကြီးမားတဲ့ အပြောင်းအလဲကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။

ပိုမိုစိမ်းလန်းတဲ့ မနက်ဖြန်အတွက် ဒီနေ့သင်လုပ်ဆောင်ဖြစ်တဲ့ အလေ့အကျင့်လေးတစ်ခုခုရှိရင် ကွန်မန့်မှာ မျှဝေပေးခဲ့ပါဦး။ 👇

_____________

Happy World Environment Day! 🌍✨

Small actions lead to massive impact.

What's one small change you're making today for a sustainable tomorrow?

Please share in the comments ✨☺️

26/05/2026

မတ်လ မှ မေလ အထိ Goethe Institut Myanmar ၏ Venue ကူညီပံ့ပိုးမှုဖြင့် ကျင်းပပြုလုပ်ခဲ့သော Myanmar Living Lab Project တစ်လျှောက်အတွင်း စိတ်ဝင်စားသော လူငယ်များဆီသို့ လိုအပ်သော လိုချင်သော ပါဝင်သူများဆီသို့ အရေးကြီးသတင်းတို့ကို တင်ပြတွန်းပို့ရာ Media Outreach ပိုင်းမှာ အားသွန်ခွန်စိုက် စဉ်ဆက်မပြတ် ပူးပေါင်းပါဝင်ပံ့ပိုးပေးလျက်ရှိတဲ့ Media Partner အဖွဲ့အစည်းများ နှင့် Goethe-Institut Myanmar တို့အား ကျွန်ုပ်တို့ Planet Impacts အဖွဲ့မှ ကျေးဇူးအထူးတင်လျက်ရှိပါတယ်။ 🤝✨☺️

Myanmar Living Lab Project ရဲ့ Media Partner အဖွဲ့အစည်းတစ်ခုချင်းစီတိုင်းဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုသာမက လူငယ်တွေရဲ့ ပညာရေး၊ တီထွင်ဖန်တီးနိုင်စွမ်း၊ သင်ယူမှုနဲ့ လူ့အဖွဲ့အစည်းအကျိုးစီးပွါးကိုပါ တိုးတက်ဖွံ့ဖြိုးရေးအတွက် အရေးပါတဲ့ လှုပ်ရှားမှုတွေ လုပ်နေကြတာပဲ ဖြစ်ပါတယ်။

ဒါဆိုရင်တော့ ဘယ်အဖွဲ့အစည်းက ဘယ်လိုလှုပ်ရှားမှုတွေ လုပ်နေလဲ၊ ဘယ်ကိစ္စတွေအတွက် ကြိုးစားလှုပ်ရှားပေးနေကြသလဲဆိုတာကို တင်ပြပေးချင်ပါတယ်။ ✉️📢

🌳 Doing More With Less

Doing More With Less (DMWL) ဟာ လူတိုင်းအတွက် ပိုမို accessible ဖြစ်တဲ့ environmental movement တစ်ခုကို ဖန်တီးနိုင်ဖို့ဆိုတဲ့ အယူအဆကို အခြေခံပြီး တည်ထောင်ထားတဲ့ youth-led nonprofit initiative တစ်ခုဖြစ်ပါတယ်။

DMWL အနေနဲ့ သဘာဝပတ်ဝန်းကျင်၊ ရာသီဥတုပြောင်းလဲမှုနဲ့ sustainability ဆိုင်ရာ အသိပညာတွေကို လွယ်ကူနားလည်စွာ မျှဝေပေးရုံတင်မကဘဲ လူတိုင်းက discussion, collaboration နဲ့ action တွေကနေတစ်ဆင့် အပြောင်းအလဲဖန်တီးရာမှာ ပါဝင်နိုင်ဖို့ကိုလည်း အားပေးဖော်ဆောင်လျက်ရှိပါတယ်။

လက်ရှိမှာတော့ The Change Lab program မှတစ်ဆင့် community discussions, collaborative projects နဲ့ practical learning activities များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။

🌳 ME To ME

ME To ME က မြန်မာနိုင်ငံအတွင်း စက်ဝန်းပုံဆောင်စီးပွားရေးနှင့် စွန့်ပစ်ပစ္စည်းများမှဆန်းသစ်တီထွင်ခြင်းကို တွင်ကျယ်လာစေရန် လူထုထံချဥ်းကပ်ကာ ကြိုးပမ်းလျှောက်လမ်းနေသော လူငယ်များဦးစီးသည့် သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့ရေးဗဟိုပြု ပ‌ရောဂျက်တစ်ခု ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများနှင့် စွန့်ဦးတီထွင်သူများဆီသို့ သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့သော ဆန်းသစ်တီထွင်မှုများနှင့်တကွ ရေရှည်ခိုင်မြဲသောစီးပွားရေးအကျိုးအမြတ်များနှင့် စီးပွားရေးလုပ်ငန်းများကိုဖော်ဆောင်ရင်း အလုပ်အကိုင်အခွင့်အလမ်းများပါ ရရှိစေနိုင်မယ့် တီထွင်ကြံဆမှုနှင့် အလေ့အကျင့်များကို လှုံ့ဆော်ထည့်သွင်း ပံ့ပိုးလုပ်ဆောင်လျက်ရှိပါတယ်။

ME To ME မှ သဘာဝပတ်ဝန်းကျင်နှင့် လူထုအကျိုးပြုမှုဆိုင်ရာ အသိပညာဗဟုသုတများ ဖြန့်ဝေခြင်းနှင့် လေ့ကျင့်ပေးခြင်းများကို awareness campaigns, webinars, panel discussions, sustainable markets, waste-to-innovation markets & art exhibitions, up-cycling workshops, up-cycling product production trainings တွေအပါအဝင် on-ground events နှင့် collaborativs initiatives များမှတစ်ဆင့်လုပ်ဆောင်လေ့ရှိပါတယ်။

🌳 SLC Advocates - Advocates for Sustainable Lifestyle and Culture

SLC Advocates (Advocates for Sustainable Lifestyle and Culture) သည် ရေရှည်တည်တံ့သော အလေ့အကျင့်များနှင့် ယဉ်ကျေးမှုဆိုင်ရာ အသိပညာပေးမှုများကို မြှင့်တင်ရန် ရည်ရွယ်သည့် လူငယ်များဦးဆောင်သော လွတ်လပ်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ရည်ရွယ်ချက်တူညီကြသည့် ပတ်ဝန်းကျင်ပညာရပ်ဆိုင်ရာ ကျောင်းသားလူငယ်အုပ်စုတစ်စုမှ စတင်တည်ထောင်ခဲ့ပြီး ပိုမိုရေရှည်တည်တံ့၍ ပတ်ဝန်းကျင်ကို အလေးထားသည့် လူ့ဘောင်အဖွဲ့အစည်းတစ်ခု ဖြစ်ပေါ်လာစေရန် စတင်ဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။

🌳Youth for EduSustain

Youth For EduSustain (YES) ဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာပေးရေးနဲ့ ထိရောက်မှုရှိတဲ့ လှုပ်ရှားရေးတို့ကို အားပေးပြီး မြန်မာနိုင်ငံအတွင်း လူငယ်တို့အား ပတ်ဝန်းကျင် ကာကွယ်ထိန်းသျမ်းရေးဆိုင်ရာ လက်တွေ့ကျသော အသိပညာ ကျွမ်းကျင်မှုတို့ ရရှိစေဖို့ ရည်ရွယ်တည်ထောင်ထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

YES ဟာ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာ နိုးကြားစေရေး၊ eco-friendly ဖြစ်တဲ့ စိတ်ထား၊ အလေ့အကျင့်၊ နေထိုင်မှုတို့ တိုးပွါးစေရေးနဲ့ လူငယ်တို့အား သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးမှာ အထဲတဝင် ပါဝင်လာစေရေးတို့ကို အဓိက အာရုံစိုက်ထားပြီး သဘာဝကို မြတ်နိုးကာကွယ်ပေးပြီး စိမ်းလန်းတည်တံ့ခိုင်မြဲတဲ့ အနာဂတ်ကို ကူညီတည်ဆောက်ပေးနိုင်မဲ့ လူငယ်ခေါင်းဆောင်တွေကို လှုံဆော်ပေးလျက်ရှိပါတယ်။

🌳 Econova

EcoNova ဟာဆိုရင်တော့ မြန်မာနိုင်ငံအတွင်း ပတ်ဝန်းကျင် ကြာရှည်တည်တံ့ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ အသိပညာတိုးပွါးရေးနဲ့ youth empowerment မှာ အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာစေဖို့ ရည်ရွယ်ပြီး စိတ်အားထက်သန်သော လူငယ်များမှ ဦးဆောင်စီးပေါင်း တည်ထောင်ထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

စိမ်းလန်းစိုပြည် ကြာရှည်တည်တံ့သော အနာဂတ်တစ်ခု တည်ဆောက်ရန်အတွက် Econova မှ Social media campaigns၊ educational content, volunteer programs နဲ့ collaborative projects များမှ တဆင့် ပလတ်စတစ် ညစ်ညမ်းမှုစတဲ့ သဘာဝပတ်ဝန်းကျင် ပြဿနာများကို အသိပညာပေးပြီး လူထုအား Environmentally responsible ဖြစ်စေရန် ကြိုးစားလျက်ရှိပါတယ်။

ဒါ့အပြင် EcoNova ဟာ environmental activism နဲ့ youth engagement ကို ပူးပေါင်းပြီး volunteer လူငယ်များအတွက် အရေးကြီးသော ကျွမ်းကျင်မှုများ တတ်ရောက်နိုင်ရန်ပါ ကူဆောင်ပေးလျက် နက်နဲအဓိပ္ပာယ်ရှိသော အရွေ့တစ်ခု ဖြစ်ရောက်ရေးအတွက် ကြိုးစားလျက် ရှိပါတယ်။

🌳 The Umbrella

" The Umbrella " Youth Team ဟာဆိုရင် ကမ္ဘာမြေပေါ် ကျရောက်လာတဲ့ ဘေးအန္တရာယ်တွေကို ထီးမိုးပေးထားသဖွယ် လူငယ့်စွမ်းအားနဲ့ ကာကွယ်ပေးဖို့ ရောက်ရှိလာခြင်းဖြစ်ပါတယ် ၊ သဘာဝပတ်ဝန်းကျင် နဲ့ မှီခိုသူကြားက ခိုင်မာတဲ့ဆက်ဆံရေးတစ်ခုကို ပိုမို ကောင်းမွန်စွာ ဖန်တီးနိုင်‌ရေး အတွက် စိတ်အားထက်သန်တဲ့ လူငယ်လူရွယ်များနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ် ။

သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်ပြီး ဖြစ်ပေါ်လျက်ရှိသော ပြဿနာများစွာကို အလှမ်းမဝေးစေရန် အဓိကရည်ရွယ်ပြီး လူငယ်တွေအတွက် လိုအပ်တဲ့ပတ်ဝန်းကျင်အသိအမြင်များကို လှုံ့ဆော်ပေးနိုင်ရန် လုပ်ဆောင်နေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ် ၊ "The Umbrella" Youth Team ဟာ ယနေ့အချိန်မှာဖြစ်ပွားလျက်ရှိတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များစွာကို တတ်နိုင်တဲ့ဘက်မှ အတူတကွလျှော့ချပြီး ပိုမိုကောင်းမွန်သောလူမှုဘဝ ရရှိရန်အတွက်ပဲ ကြိုးစားလျက်ရှိပါတယ် ။

🌳 Eco-Edu Outreach

Eco-Edu Outreach ရဲ့ အရှည်ကောက်ကတော့ Ecological Education Outreach ပဲဖြစ်ပါတယ် ၊ "Eco-Edu Outreach" ဟာဆိုရင် ဂျပန်နိုင်ငံအခြေစိုက် NELIS Global အဖွဲ့အစည်းနဲ့ One Million Leaders Asia Fellowship Program (OMLAS) တို့ကနေ funding ပေးတဲ့ project တစ်ခုအနေနဲ့ စတင်ခဲ့ပြီး လက်ရှိမှာ ကိုယ်တိုင် ရပ်တည်နေတဲ့ အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။

Eco-Edu Outreach ရဲ့ မျှော်မှန်းချက်တွေကတော့ ပတ်ဝန်းကျင်ဆိုင်ရာပညာရေးကို ပိုမိုကျယ်ပြန့်အောင် ပြန့်ပွားပေးခြင်းနဲ့ လူထုပါဝင်မှုကို တိုးမြှင့်ခြင်းမှတဆင့် ရေရှည်တည်တံ့တဲ့ အနာဂတ်တစ်ခုပြုလုပ်ဖန်တီးသွားခြင်းပဲ ဖြစ်ပါတယ်။

24/05/2026

Sustainable Entrepreneurship Series Program ပြန်လည်ရောက်ရှိလို့လာပါပြီ။

Goethe-Institut Myanmar နဲ့ Planet Impacts တို့မှ ပူးပေါင်းပြုလုပ်ထားတဲ့ Sustainable Entrepreneurship Series Program ကို မေလ မှ ဩဂုတ်လအတွင်း တစ်လလျှင် တစ်ကြိမ် ကျင်းပသွားမှာဖြစ်ပါတယ်။ အစီအစဉ်တိုင်းတွင် မတူညီသော ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင် (SDGs - Sustainable Development Goals) တွေအပေါ် အခြေခံတဲ့ စွန့်ဦးတီထွင်ခြင်းပညာရပ်ဆိုင်ရာသဘောတရားများကို သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ပညာရှင်တွေရဲ့ အတွေ့အကြုံများနဲ့အတူ သင်ယူလေ့လာနိုင်မှာပါ။

အစီအစဉ်၏ ဒုတိယအပိုင်းအနေဖြင့် ဇွန်လ ၁၁ ရက်နေ့ (နေ့လည် ၁ နာရီ မှ ၃ နာရီ) တွင် Fundamentals of Design Thinking for Sustainable Entrepreneurship နှင့် SDG 11: Sustainable Cities and Communities တို့နှင့်ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲ ကို Goethe - Institut Myanmar စာကြည့်တိုက်တွင် တက်ရောက်နိုင်မှာဖြစ်ပါတယ်။

ယခု အစီအစဉ်တွင် ASEAN China India Youth Leadership Summit 2025 ၏ country round တွင် ပထမဆု ရရှိခဲ့တဲ့ The Sprout Scouts အဖွဲ့မှ SDG 11 ဆိုင်ရာ စီမံကိန်း အတွေ့အကြုံများကို မျှဝေပေးသွားမည့် အစီအစဉ်လည်းပါပါတယ်။

အသက် ၁၈ နှစ်နှင့် အထက် မည်သူမဆို အခမဲ့ပါဝင်နိုင်ပြီး၊ တက်ရောက်လိုသူများအနေနဲ့ ‌ အောက်ပါ Planet Impacts ၏ registration link မှတစ်ဆင့် လျှောက်လွှာဖြည့်စွက်၍ ပါဝင်နိုင်ပါတယ်။ နေရာအရေအတွက်ကန့်သတ်ထားတာဖြစ်လို့ ဇွန်လ ၆ ရက်နေ့မတိုင်ခင် စာရင်းပေးသွင်းလိုက်ပါ။

🔗Registration Link: https://forms.gle/9jYpJQK1m8GSnQs37

အစီအစဉ် အသေးစိတ်အချက်အလက်များကို Goethe-Institut Myanmar နှင့် Planet Impacts ၏ လူမှုကွန်ရက်စာမျက်နှာများတွင် ဆက်လက်အသိပေးသွားမှာ ဖြစ်ပါသည် ။

We’re excited to bring back the Sustainable Entrepreneurship Series Program!

The Sustainable Entrepreneurship Series Program, jointly organized by Goethe-Institut Myanmar and Planet Impacts, will take place once a month from May to August. Each session will provide participants with the opportunity to explore entrepreneurial principles aligned with various Sustainable Development Goals (SDGs), supported by insights and real-world experiences from experts across different fields.

The second session will be held on 11 June from 1 pm to 3 pm, featuring a workshop on the Fundamentals of Design Thinking for Sustainable Entrepreneurship and SDG 11: Sustainable Cities and Communities at the Goethe-Institut Myanmar Library.

In this session, the Sprout Scouts youth group, which is working on SDG 11 projects and is also the ASEAN China India Youth Leadership Summit 2025 country round 1st prize winner, will share their real-world experience.

The program is free and open to anyone aged 18 or older. Those who wish to attend may apply through the Planet Impacts registration link provided below. As seats are limited, please register by 6 June.

🔗Registration Link: https://forms.gle/9jYpJQK1m8GSnQs37

Stay tuned for more updates and information! Follow the social media pages of Goethe-Institut Myanmar and Planet Impacts to stay informed about upcoming sessions and details.

Photos from Planet Impacts's post 23/05/2026

မေလ ၂၁ ရက်နေ့မှာ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့တဲ့ "Myanmar Living Lab Project" အစီအစဉ်ရဲ့ မှတ်တမ်းတင် ပုံရိပ်အချို့ကို မျှဝေပေးလိုက်ပါတယ်... ✨

ဤ Myanmar Living Lab Project တွင် Sein Lann (AI powered Climate Education Platform) အတွက် လူထုအခြေပြု Co-research လုပ်ဆောင်ပြီး အတူပူးပေါင်းပါဝင်ပေးခဲ့ကြတဲ့ Community Co-innovators များအားလုံးကိုလည်း Planet Impacts မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ် …. 🌍

ဒါ့အပြင် "AI in Climate Actions" ခေါင်းစဉ်တို့ဖြင့် စိတ်ဝင်စားဖွယ်ရာ လာရောက်ဆွေးနွေးမျှဝေပေးခဲ့ပါသော M2 Console Technology ၏ Founder ကိုဉာဏ်မင်းမြတ် ကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်… 🤝

✨ (Myanmar Living Lab Project ဖြစ်မြောက်ရေးအတွက် Venue Sponsor အဖြစ်ကူညီပံ့ပိုးပေးပါသော Goethe-Institut Myanmar အား အထူးပင် ကျေးဇူးတင်ရှိပါသည်)✨

________________

Capturing the moments from our "Myanmar Living Lab Project" held on May 21st 2026 ! ✨

We, Planet Impacts, would like to express our heartfelt gratitude to all our Community Co-innovators who joined hands with us in this community-based co-research for Sein Lann: AI-Powered Climate Education Platform. Your insights and collaboration are driving real change. 🌍

We would also like to express special thanks to Ko Nyan Min Myat, Founder of M2 Console Technology, for delivering an incredibly insightful and engaging session on "AI in Climate Actions."🤝

✨( We would like to extend our gratitude to Goethe-Institut Myanmar for supporting this project as our Venue Sponsor) ✨

Photos from Planet Impacts's post 12/05/2026

Sein Lann ဆိုတာ AI Ready ASEAN 2026 Ideathon မှာ Top 10 National Finalist အဖြစ် ရွေးချယ်ခံထားရတဲ့ အဖွဲ့ဖြစ်ပြီး၊ မြန်မာနိုင်ငံရှိ အသက် (၁၆) နှစ်မှ (၃၅) နှစ်အတွင်း လူငယ်များအတွက် AI နည်းပညာသုံး ရာသီဥတုဆိုင်ရာ အသိပညာပေးမှုနဲ့ လက်တွေ့လှုပ်ရှားမှုတွေကို ဖော်ဆောင်ပေးမဲ့ Platform တစ်ခု ဖြစ်ပါတယ်။

အခုဆိုရင် Myanmar Living Lab Project ရဲ့ အစီအစဉ်တစ်ခုအနေနဲ့ Sein Lann နဲ့အတူ အောက်ပါအစီအစဉ်တွေ ဖော်ဆောင်ပေးသွားမှာ ဖြစ်ပါတယ် -

🟢 Co-Research Opportunity
Climate Education အတွက် Artificial Intelligence (AI) နည်းပညာကို ပေါင်းစပ်အသုံးချမလဲဆိုတာ ဆွေးနွေးပြီး Co-research လုပ်နိုင်ဖို့ အသက် (၁၈) နှစ်မှ (၃၅) နှစ်အတွင်း စိတ်ဝင်စားသူ မည်သူမဆို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်…

🟢 Join the Team Opportunity
Sein Lann Team နဲ့အတူ Project တွေကို အတူတူ Develop ဆက်လုပ်ခွင့်ရမယ့် Team Member အသစ်တွေအတွက် Expression of Interest (EOI) ခေါ်ယူမဲ့ အစီအစဉ်…

🟢 Insight Sharing Opportunity
AI ကို အသုံးပြုပြီး Climate Actions ရဲ့ ဘယ်လိုကဏ္ဍတွေမှာ ဆက်လက်လုပ်ဆောင်နိုင်မလဲဆိုတာကို M2 Console Technology ရဲ့ Founderကိုဉာဏ်မင်းမြတ် နဲ့အတူ ဆွေးနွေးနိုင်မဲ့အစီအစဉ်…

🗺️ကျင်းပမည့်နေရာ - Goethe Institut Myanmar (စာကြည့်တိုက်)
📅ကျင်းပမည့် နေ့ရက် - ၂၁ ရက် မေလ ၂၀၂၆ ခုနှစ်
⌚️ကျင်းပမည့် အချိန် - နေ့လည် ၁ နာရီ မှ ၃ နာရီ
🌱 Admission Fees : အခမဲ့ 🌱

⚠️ တက်ရောက်ရန်အတွက် စာရင်းပေးသွင်းရန် လိုအပ်ပါတယ် ⚠️

စာရင်းပေးသွင်းရန် ➡️ https://forms.gle/Yb5B8oasy7ENS42h7

(တက်ရောက်ခွင့် ရရှိသူများကို Email ဖြင့် ပြန်လည် အကြောင်းကြားပေးသွားပါမည်)

ပွဲအကြောင်း အသေးစိတ်ကို ထပ်မံတင်ပေးသွားမှာမို့ Planet Impacts ရဲ့ Social Media တွေကို စောင့်ကြည့်ပေးဖို့ မမေ့နဲ့ဦးနော်!

Planet Impacts ၏ Communication Channels များ
👉 page : https://www.facebook.com/share/1GSKJxppr3/?mibextid=wwXIfr
👉 Linkedin : https://www.linkedin.com/company/planet-impacts/
👉 Instagram : https://www.instagram.com/planetimpacts?igsh=dm9xczQ0MDRiaW53

✨(Myanmar Living Lab Project ဖြစ်မြောက်ရေးအတွက် Goethe-Institut Myanmar မှ Venue Sponsor အဖြစ်ကူညီပံ့ပိုးပေးပါသည်)

____________________________

🌍 Sein Lann x Planet Impacts: Join Forces for AI & Climate Action! 🌍

Sein Lann, a Top 10 National Finalist in the AI Ready ASEAN 2026 Ideathon, is a platform dedicated to climate awareness and practical action. Designed for Myanmar youth aged 16 to 35, we leverage AI technology to drive environmental impact.

As part of the Myanmar Living Lab Project, we are excited to invite you to a special collaborative session featuring the following opportunities:
🟢 Co-Research Opportunity
We invite anyone between the ages of 18 and 35 who is interested in exploring how to integrate Artificial Intelligence (AI) into Climate Education to join our co-research discussion.
🟢 Join the Team Opportunity
We are opening an Expression of Interest (EOI) for new team members! This is a unique chance to collaborate with the Sein Lann Team and help develop our upcoming projects.
🟢 Insight Sharing Opportunity
Join us for an insightful session with Ko Nyan Min Myat, Founder of M2 Console Technology. We will discuss the various sectors of Climate Action where AI technology can be effectively utilized and implemented.

Event Details
🗺️ Venue: Goethe-Institut Myanmar (Library)
📅 Date: May 21, 2026
⌚️ Time: 1:00 PM – 3:00 PM
🌱 Admission: Free (Registration is required)
Note: Selected participants will be notified via email.

Stay updated through our official communication channels:

👉 page : https://www.facebook.com/share/1GSKJxppr3/?mibextid=wwXIfr
👉 Linkedin : https://www.linkedin.com/company/planet-impacts/
👉 Instagram : https://www.instagram.com/planetimpacts?igsh=dm9xczQ0MDRiaW53

✨ (The Myanmar Living Lab Project is an initiative led by Planet Impacts. We would like to extend our gratitude to Goethe-Institut Myanmar for supporting this project as our Venue Sponsor.)✨

09/05/2026

AI နည်းပညာသုံးပြီး Climate Actions တွေမှာ ပါဝင်ဖို့စိတ်ဝင်စားသူများကို ဖိတ်ခေါ်လျှက်ရှိပါတယ်

Planet Impacts က ကျင်းပပြုလုပ်နေတဲ့ Myanmar Living Lab Project မှာ ဒီတစ်ခါ Sein Lann - စိမ်းလန်းလို့ခေါ်တဲ့ Platform တစ်ခုရှိနေမှာဖြစ်ပါတယ်

Sein Lann ဆိုတာ AI Ready ASEAN 2026 Ideathon မှာ Top 10 National Finalist အဖြစ် ရွေးချယ်ခံထားရတဲ့ အဖွဲ့ဖြစ်ပြီး၊ မြန်မာနိုင်ငံရှိ အသက် (၁၆) နှစ်မှ (၃၅) နှစ်အတွင်း လူငယ်များအတွက် AI နည်းပညာသုံး ရာသီဥတုဆိုင်ရာ အသိပညာပေးမှုနဲ့ လက်တွေ့လှုပ်ရှားမှုတွေကို ဖော်ဆောင်ပေးမဲ့ Platform တစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ လူငယ် ၂ ဦးက လက်ရှိဦးဆောင်လျှက်ရှိပါတယ် …

အခု မေလ ၂၁ ရက်နေ့မှာ Sein Lann Platform ကို အသေးစိတ်လေ့လာပြီး Sein Lann team နဲ့ အတူတူ project develop လုပ်ခွင့်ရဖို့ team member အသစ်များအတွက် EOI ခေါ်ဖို့ရှိတာကြောင့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း စိတ်ဝင်စားသူမည်သူမဆို Planet Impacts ရဲ့ Myanmar Living Lab Project သို့ လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်နော် …

🗺️ကျင်းပမည့်နေရာ - Goethe Institut Myanmar (စာကြည့်တိုက်)
📅ကျင်းပမည့် နေ့ရက် - ၂၁ ရက် မေလ ၂၀၂၆ ခုနှစ်
⌚️ကျင်းပမည့် အချိန် - နေ့လည် ၁ နာရီ မှ ၃ နာရီ
🌱 Admission Fees : အခမဲ့ 🌱

တက်ရောက်ရန် စာရင်းပေးသွင်းဖို့လိုပါတယ် ..
စာရင်းပေးသွင်းရန် ➡️ https://forms.gle/Yb5B8oasy7ENS42h7
တက်ရောက်ခွင့်ရရှိသူများကို email ဖြင့် အကြောင်းပြန်ကြားပေးသွားမှာဖြစ်ပါတယ် …

အစီအစဉ် အကျဉ်းချုပ်
➡️ co research about climate actions, Artificial Intelligence (AI) for Sein Lann
➡️ ဒါ့အပြင် AI အသုံးပြုပြီး Climate Actions ရဲ့ ဘယ်လိုနေရာတွေမှာ လုပ်ဆောင်နိုင်မလဲဆိုတာ M2console technology က လာရောက် ပြီး ဆွေးနွေးမှာပါ

အစီအစဉ် အသေးစိတ်တင်ပေးဖို့ရှိလို့ Planet Impacts ရဲ့ social media များကို စောင့်ကြည့်ပေးနေဖို့ မမေ့နဲ့နော်

Planet Impacts ၏ Communication Channels များ
👉 page : https://www.facebook.com/share/1GSKJxppr3/?mibextid=wwXIfr
👉 Linkedin : https://www.linkedin.com/company/planet-impacts/
👉 Instagram : https://www.instagram.com/planetimpacts?igsh=dm9xczQ0MDRiaW53
✨(Myanmar Living Lab Project ဖြစ်မြောက်ရေးအတွက် Goethe-Institut Myanmar မှ Venue Sponsor အဖြစ်ကူညီပံ့ပိုးပေးပါသည်)

______________

As part of the Myanmar Living Lab Project organized by Planet Impacts, we are proud to introduce Sein Lann(Green).

What is Sein Lann?
Sein Lann is an AI-powered platform dedicated to climate education and practical action. It is specifically designed for Myanmar youth aged 16 to 35 and is currently led by two young innovators from Myanmar.

On May 21st, we will be hosting an event where you can explore the Sein Lann platform in detail, and an opportunity to be part of Sein Lann Team going forward.

If you are between 18 and 35 years old and passionate about the climate actions and AI, we invite you to join us at the Myanmar Living Lab Project which is hosted by Planet Impacts.

Event Details
🗺️ Venue: Goethe-Institut Myanmar (Library)
📅 Date: May 21, 2026
⌚️ Time: 1:00 PM – 3:00 PM
🌱 Admission: Free (Registration is required)
Note: Selected participants will be notified via email.

Connect with Planet Impacts
Stay updated through our official communication channels:

👉 page : https://www.facebook.com/share/1GSKJxppr3/?mibextid=wwXIfr
👉 Linkedin : https://www.linkedin.com/company/planet-impacts/
👉 Instagram : https://www.instagram.com/planetimpacts?igsh=dm9xczQ0MDRiaW53

✨ (The Myanmar Living Lab Project is an initiative led by Planet Impacts. We would like to extend our gratitude to Goethe-Institut Myanmar for supporting this project as our Venue Sponsor.)✨

Photos from Planet Impacts's post 04/05/2026

Planet Impacts ရဲ့ Partner youth-led အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ SLC Advocates အဖွဲ့က ကျင်းပပြုလုပ်တဲ့ “သစ်ရိပ်ဝါးရိပ်စကားဝိုင်း” လေးအကြောင်း မိတ်ဆက်ပေးပါရစေ … ✨

Speaker ပြောတာကိုပဲ နားထောင်ရတဲ့ Webinar တွေကို ကျော်လွန်ပြီး ကိုယ့်အတွေးတွေ၊ ကိုယ့်အမြင်တွေကို အမြင်ချင်းတူတဲ့သူတွေနဲ့ ဖလှယ်လို့ရစေဖို့ အစီအစဥ်လေးတစ်ခုရှိတယ်ဆို စိတ်ဝင်စားကြမလားနော်? 🤔

ဒါဆိုရင်တော့ SLC Advocates က မေလထဲ ကျင်းပပြုလုပ်တော့မဲ့ စကားဝိုင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။☺️

“သစ်ရိပ်ဝါးရိပ်စကားဝိုင်း” လို့အမည်ရတဲ့ စကားဝိုင်းလေးမှာဆိုရင် Guest Speaker မရှိဘူး။ လာတဲ့သူတိုင်းဟာ Guest တွေလိုပဲ ကိုယ်တိုင် ဆွေးနွေးကြရမှာဖြစ်ပါတယ်။ 🙌

Documentary တွေကြည့်မယ်...ပေးထားတဲ့ Topics တွေကို လူငယ်တွေအချင်းချင်း ပြောကြဆိုကြ ငြင်းကြ ခုန်ကြ လုပ်မယ်… Brainstorming အတူလုပ်ကြမယ်…နောက်ဆုံးအပိတ်မှာ Memory Recall နဲ့ ဘာတွေရခဲ့လဲ ပေါ့ပေါ့ပါးပါးပြောရင်း မိတ်ဖွဲ့ကြပါမယ်။

📅 တစ်လမှာ လေးရက်၊ စနေနေ့တိုင်းမှာ အတူဆွေနွေးကြဖို့ SLC ရဲ့ Saturday Talk ကအဆင်သင့်ရှိနေမှာဖြစ်ပြီး Environmental ပိုင်းအပြင် Social ပိုင်းကိုပါ ကိုယ်အားသန်ရာ Topic အလိုက် ဝင်ရောက်ဆွေးနွေးနိုင်မှာလည်းဖြစ်ပါတယ်။

ပုံမှန်ထက် ကွဲထွက်နေစေဖို့အတွက် ရည်ရွယ်ပြီး မြန်မာလိုပဲဝိုင်းဖွဲ့စကားပြောကြမယ့် စကားဝိုင်းလေးဖြစ်တာမလို့ ဒီစကားဝိုင်းလေးမှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်….

ပြုလုပ်သွားမယ့်ရက်အတိအကျလေးကတော့

Date - Every Saturday
(May 9th, 16th, 23rd, 30th)
Time - 7:30-9:00 PM
Platform - ZOOM

Form Here 📍
https://forms.gle/PPUgWd3mzA67jfct9

ဤအစီအစဉ်အသေးစိတ်နဲ့ ပတ်သက်ပြီး
📍SLC ရဲ့ page မှာလည်း သွားရောက်ကြည့်ရှုနိုင်ပါတယ်။ စိတ်ဝင်စားတယ်ဆို register ပြုလုပ်ပြီး စောင့်မျှော်နေဖို့ တိုက်တွန်းလိုက်ပါတယ် ….

29/04/2026

အသိပေးကြေညာချက် 📣

ယခုကျင်းပမည့် အစီအစဉ်အတွက် လူဦးရေပြည့်သွားပြီဖြစ်ပါသဖြင့် စာရင်းပေးသွင်းမှုကို သတ်မှတ်ရက်ထက်စော၍ ပိတ်လိုက်ရခြင်းအတွက် အထူးပင် တောင်းပန်အပ်ပါသည်။

🔔 သို့သော် ဤအစီအစဉ်သည် ဤမျှနှင့်တင် ပြီးဆုံးသွားမည် မဟုတ်ပါ။ လာမည့်လများတွင်လည်း SDGs နှင့် စွန့်ဦးတီထွင်မှု (Entrepreneurship) ဆိုင်ရာ သင်တန်းများကို ဆက်လက်ပြုလုပ်သွားမည် ဖြစ်ပါသဖြင့် ကျွန်ုပ်တို့၏ သတင်းအချက်အလက်များကို စောင့်မျှော်ကြည့်ရှုပေးကြပါရန် တိုက်တွန်းလိုပါသည်။

🙏 Sustainable Entrepreneurship Series အစီအစဉ်အပေါ် စိတ်ဝင်တစားရှိပေးကြသည့်အတွက် အထူးပင် ကျေးဇူးတင်ရှိပါသည်။

နောက်လာမည့် သင်တန်းများတွင် အမြန်ဆုံး စာရင်းပေးသွင်းကြဖို့လည်း အကြံပြုလိုပါသည်။

Announcement 📣

We are sorry to inform you that we decided to close the registration early as the seats are full.

🔔This is not the end of the program. There will be further sessions related to SDGs and Entrepreneurship in next months and we would like to recommend to keep stay tuned!

🙏Thank you very much for your interest in Sustainable Entrepreneurship Series program and we would like to urge to make registration early as possible in our next session.

Basic Knowledge for Sustainable Entrepreneurship 💡🍃

Goethe-Institut Myanmar နဲ့ Planet Impacts တို့မှ ပူးပေါင်းပြုလုပ်ထားတဲ့ Sustainable Entrepreneurship Series Program ကို မေလ မှ ဩဂုတ်လအတွင်း တစ်လလျှင် တစ်ကြိမ် ကျင်းပသွားမှာဖြစ်ပါတယ်။ အစီအစဉ်တိုင်းတွင် မတူညီသော ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင် (SDGs - Sustainable Development Goals) တွေအပေါ် အခြေခံတဲ့ စွန့်ဦးတီထွင်ခြင်းပညာရပ်ဆိုင်ရာသဘောတရားများကို သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ပညာရှင်တွေရဲ့ အတွေ့အကြုံများနဲ့အတူ သင်ယူလေ့လာနိုင်မှာပါ။ ✨

မေလ ၇ ရက်နေ့ (နေ့လည် ၁ နာရီ မှ ၃ နာရီ) တွင် ယခုအစီအစဉ်၏ ပထမအပိုင်းအနေဖြင့် Sustainable Entrepreneurship ၏ အခြေခံသဘောတရားများ၊ သက်ဆိုင်ရာပညာရပ်များနှင့်ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲ ကို Goethe - Institut Myanmar စာကြည့်တိုက်တွင် တက်ရောက်နိုင်မှာဖြစ်ပါတယ်။ 😃

အသက် ၁၈ နှစ်နှင့် အထက် မည်သူမဆို အခမဲ့ပါဝင်နိုင်ပြီး၊ တက်ရောက်လိုသူများအနေနဲ့ ‌ အောက်ပါ Planet Impacts ၏ registration link မှတစ်ဆင့် လျှောက်လွှာဖြည့်စွက်၍ ပါဝင်နိုင်ပါတယ်။ နေရာအရေအတွက်ကန့်သတ်ထားတာဖြစ်လို့ မေလ ၂ ရက်နေ့မတိုင်ခင် စာရင်းပေးသွင်းလိုက်ပါ။ 📝

🔗Registration Link: https://forms.gle/3j2fRNrqoBNCL9wP6

__________

Basic Knowledge for Sustainable Entrepreneurship
The Sustainable Entrepreneurship Series Program, jointly organized by Goethe-Institut Myanmar and Planet Impacts, will take place once a month from May to August. Each session will provide participants with the opportunity to explore entrepreneurial principles aligned with various Sustainable Development Goals (SDGs), supported by insights and real-world experiences from experts across different fields.

The first session will be held on 7 May from 1 pm to 3 pm, featuring a workshop on the fundamental concepts of Sustainable Entrepreneurship and related disciplines at the Goethe-Institut Myanmar Library.

The program is free of charge and open to anyone aged 18 and above. Those who wish to attend may apply through the Planet Impacts registration link provided below. As seats are limited, please register by 2 May.

🔗Registration Link: https://forms.gle/3j2fRNrqoBNCL9wP6

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address

No.37, Kaba Aye Pagoda Road, Mayangone Township, Yangon
Yangon
11061