

Share

Our Vision is Being a Best Charity Organization for Every Children.

ကလေးငယ်မျာ?

17/08/2017

အောင်မြင်ချင်တဲ့လူတိုင်း လိုအပ်တဲ့ Sales Skill

တကယ်တော့ ကျွန်တော်တို့ နေ့စဉ်ဘဝမှာ Sales
တစ်ယောက်လုပ်တဲ့အလုပ် လုပ်နေကြရပါတယ်။
ကျွန်တော်တို့ ကိုယ်တိုင်သတိမထားမိတာပဲ ရှိပါတယ်။
ဥပမာ သင့်သား၊သမီးကို ဆုံးမတယ်။ သင့်ရဲ့ စကားလုံး၊
သင့်ရဲ့အတွေးအခေါ်ဆိုတဲ့ Product ကို သား၊ သမီးရဲ့
ဦးနှောက်ထဲက လက်ခံချင်လာအောင် သင်ရောင်းနေ
တာပါ။ ဒီလိုပဲ လူငယ်တွေကလည်း မိခင်၊ဖခင်တွေ
ကို ခွင့်တောင်းရတဲ့ အခိုက်အတန့်တွေရှိတယ်။ ဒါဟာ
လည်းသင့်ရဲ့စကားလုံး၊ သင့်ခံယူချက် စတာတွေကို
မိဘတွေလက်ခံလာအောင် ရောင်းနေတာပါပဲ။

သူတို့က ယုံပြီးဝယ်ရင် သင်လုပ်ခွင့်ရမယ်၊ မယုံလို့
မဝယ်ရင် သင်လုပ်ခွင့်မရဘူး။ ရှင်းပါတယ်။အင်္ဂလိပ်
စကားမှာ I don't buy that ဆိုတဲ့ စကားလေးရှိပါ
တယ်။ ဥပမာ ဆိုကြပါစို့ မောင်မောင်နဲ့ လင်းလင်း
စကားပြောနေကြတယ်။ "ဟေ့ရောင်..ဇော်ဇော်ပြော
တာ သူ့အဖေက အရမ်းချမ်းသာတယ်ဆိုပဲ" လို့
မောင်မောင်က လင်းလင်းကိုပြန်ပြောပြတဲ့အချိန်မှာ
လင်းလင်းက"I don't buy that" ဆိုပြီးပြန်ပြောရင်
"ငါတော့ မယုံပါဘူးကွာ" လို့ပြောတာနဲ့အတူတူပါပဲ။
Buy ဆိုတဲ့ စကားလုံးလေးအကြောင်းကို ပြောချင်လို့
ဒီအကြောင်းပြောတာပါ။

ဒီတော့ နေ့စဉ်နေ့တိုင်း ကျွန်တော်တို့ ရောင်းနေဝယ်
နေကြပါတယ်။ အင်တာဗျူးသွားပြီး အလုပ်ရအောင်
ကြိုးစားတာဟာလည်း တကယ်တော့ သင့်အရည်
အချင်းကို သွားရောင်းတာပါပဲ။ ဘယ်လို အလုပ်မှာ
ပဲဖြစ်ဖြစ် အောင်မြင်ချင်ရင်ဒီ Skill ရှိဖို့လိုပါတယ်။
ကိုယ်ခိုင်းချင်တဲ့ အလုပ်တစ်ခုကိုလက်အောက်ငယ်
သား လုပ်ချင်အောင် ခိုင်းတတ်တာလဲတကယ်တော့
စကားလုံးရောင်းတတ်တဲ့ Skill ပဲ ဖြစ်ပါတယ်။
အောက်လက်ငယ်သားက ကိုယ်ရောင်းလိုက်တဲ့
စကားလုံးတွေကို ဝယ်ပြီး လိုက်နာတာပါ။

Sales Skill လို့ပြောလို့ ပေါက်ပေါက်ဖောက်ပြီး
နားငြီးအောင် လိုက်ရောင်းတာကို ဆိုလိုတာ
မဟုတ်ပါဘူး။ တကယ့်Sales Skill မှာ အခြား
အခွဲ skill လေးတွေ ပါဝင်ပါတယ်။Sales Skill ရှိတဲ့
သူတွေဟာ အောက်ပါအရည်အချင်းလေး
တွေ ပိုင်ဆိုင်တတ်ကြပါတယ်။

♣Communication (ပြောဆိုဆက်ဆံတတ်မှု)

သူတို့က လူတွေနဲ့ ပေါင်းသင်းဆက်ဆံတတ်ပါတယ်။
ဖားတာနဲ့မတူပါဘူး။ တကယ် ဆက်ဆံရေးကောင်းတဲ့
သူတွေရှိတယ်။ သင်သူတို့နားရောက်တာနဲ့၊ စကား
စပြောမိတာနဲ့ ဟိုးအရင်ထဲက ခင်ဖူးတဲ့သူတွေလို ခံစား
ရတတ်ပါတယ်။ သူတို့ကစကားပဲပြောတာမဟုတ်ဘူး
နော်။ နားလည်း နားထောင်တတ်ကြတယ်။ ဘယ်နေရာ
မှာ ဘယ်လိုဝင်ထောက်ပြီး ပြောနေတဲ့သင့်ရဲ့ Emotion
ကို မြှင့်ပေးရမလဲ၊ ချပေးရမလဲ သိတယ်။

♣Persuasion (ဆွဲဆောင်တတ်မှု)

ကြုံဖူးလား..တစ်ခါတစ်လေ သင်ကငြင်းတယ်၊ ငြင်း
တယ်။ဒါပေမယ့် သူတို့ကလက်မလျော့ပြီး သင်
သဘောကျပြီးလက်ခံသွားမယ့် အချက်ကိုရှာကာ
အဲ့ဒီအချက်နဲ့ ဆွဲဆောင်တတ်ကြတယ်။ နောက်ဆုံး
သင်ခေါင်းညှိမ့်သွားတယ်။ အစကဘူးခါနေရာကနေ
နောက်တော့ အလိုလို ခေါင်းညှိမ့်သွားတယ်။
အဲ့ဒါ Skil ပါ။

♣Negotiation ( ညှိနှိုင်းတတ်မှု)

ညှိနှိုင်းတဲ့ Skill က တကယ်တော့ နေ့စဉ်ဘဝမှာ
လည်းသုံးရလေ့ရှိပါတယ်။ အဝတ်အစားဝယ်တဲ့အခါ
ဈေးဆစ်တယ်။ တက္ကဆီစီးတဲ့အခါ ဈေးစစ်တယ်။
စသဖြင့် အမြဲသုံးနေရတဲ့Skillပါ။

♣Persistance ( ဇွဲကောင်းမှု)

Sales တွေ အတွက် No အပြောခံရတယ်ဆိုတာ
ရိုးနေပါပြီ။အဲ့ဒီ Noကို Yes ဖြစ်အောင် ဇွဲရှိရှိပြောင်းလဲ
တတ်တာလည်း Skill ပါပဲ။

♣Confidence ( ယုံကြည်မှု)

Sales မှာ Confidence က အရမ်းအရေးကြီးတယ်။
ကိုယ်တိုင်တောင် ကိုယ်ပြောတဲ့စကား၊ ကိုယ်ရောင်းတဲ့
Product ကိုယုံကြည်မှုမရှိရင် သူများက ယုံကြည်လာဖို့
မရှိပါဘူး။

Sales Skill ရှိခြင်းကြောင့် ရနိုင်မယ့် အကျိုးကျေးဇူး
တွေဟာ အများကြီးဖြစ်ပါတယ်။ အထက်ပါအချက်တွေ
ဟာ အထင်ရှားဆုံးတွေကိုပဲ ဖော်ပြခဲ့တာဖြစ်ပါတယ်။
အောင်မြင်ချင်တဲ့လူတိုင်းလည်း Sales Skill ကို
တတ်မြောက်ထားသင့်ပါတယ်။

#မိုးရှင်း (I.M.T) ရေးသားသည်။

#သူစိတ်ဓာတ်ကျတိုင်းဖတ်ဖို့ စာအုပ်ကို မဖတ်ရသေး
သူတွေရဲ့ တောင်းဆိုမှုကြောင့် ၂၁ကြိမ် ပြန်လည်ထုတ်
ဝေပေးထားပါတယ်။

Photo credit: Salesforce

Photos from BCCF - Best Charity for Children's Future's post 02/08/2017

မာ့ခ်ဇူကာဘတ် ဆိုတာ ကျနော်တို့အခုအသုံးပြုနေတဲ့ Facebook ကိုတည်ထောင်သူ၊ငယ်ငယ်ရွယ်ရွယ်နဲ့ ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင်သူ၊အလှုအတန်းပေးကမ်းရက်ရောသူ စသည်တို့နဲ့ပြည့်နက်နေတဲ့ ထူးချွန်လူသားတစ်ဦးပါ။ သူကိုယ်တိုင်ပြောပြခဲ့တဲ့စကားများထဲကမှ ဘဝတိုးတက်ရာတိုးတက်ကြောင်း စကားများကို တင်ပေးလိုက်ပါတယ်ခင်ဗျ။

Photo from သုတဇုန်။

Photos 30/06/2017

BCCF ပညာဒါနစာသင်ဝိုင်း
===================
၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်
===================

တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ဆယ်တန်းကျောင်းသူကျောင်းသားများအတွက် BCCF သင်တန်းကျောင်းမှ ပညာဒါနစာသင်ဝိုင်း ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပါ၍ တတ်ရောက်လိုသော ကျောင်းသူကျောင်းသားများ နှင့် မိဘများ စတင်စုံစမ်းမေးမြန်းနိုင်ပါသည်။

ဘာသာစုံ တစ်လ ( ၃၀၀၀၀ ) ပေးသွင်းရန်သာ လိုအပ်ပြီး ထပ်မံ၍မည်သည့်ကြေးမှ ပေးသွင်းရန်မလိုပါ။

Scholarship Program
=============
ကျောင်းသူကျောင်းသား၏ စာမေးပွဲရလဒ်များ၊ အတန်းတွင်း စည်းကမ်းလိုက်နာမှုများအပေါ်မူတည်၍ *သင်တန်းကြေး ကင်းလွတ်ခွင့်* နှင့် အတူ လိုအပ်သော စာအုပ်များ ချီးမြှင့်ပေးမယ့် Scholarship Program လဲ လျှောက်ခွင့်ရမည်ဖြစ်သည်။

ထို့အပြင် တက္ကသိုလ်ဝင်တန်းကို အောင်မြင်သွားပါက ဆက်လက်တက်ရောက်လိုသော ပညာရပ်များ၊ တက္ကသိုလ်များ အတွက်တိုင်ပင်ဆွေးနွေးပေးမည့်အပြင်
YBMI - Yangon Business & Management Institute သင်တန်း ကျောင်းမှ ဖွင့်လှစ်လျက်ရှိသော သင်တန်းများကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် *သင်တန်းကြေး ကင်းလွတ်ခွင့်* များဖြင့်တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။

ဆက်သွယ်ရန်
========
၀၉၄၂၁၁၄၁၅၂၄၊ ၀၉၇၇၉၀၉၀၅၄၉
အမှတ် ၇၇၊ ဓမ္မဝိဟာရလမ်း၊ ကျောက်မြောင်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့

(ဖုန်းဖြင့် ဦးစွာဆက်သွယ်မေးမြန်းနိုင်ပါသည်)

Photos 23/06/2017

BCCF - Best Charity for Children's Future
=========================

၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ဆယ်တန်းကျောင်းသူကျောင်းသားများအတွက် BCCF သင်တန်းကျောင်းမှ ပညာဒါနစာသင်ဝိုင်း ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပါ၍ တတ်ရောက်လိုသော ကျောင်းသူကျောင်းသားများ နှင့် မိဘများ စတင်စုံစမ်းမေးမြန်းနိုင်ပါသည်။


Scholarship Program
=============
ကျောင်းသူကျောင်းသား၏ စာမေးပွဲရလဒ်များ၊ အတန်းတွင်း စည်းကမ်းလိုက်နာမှုများအပေါ်မူတည်၍ သင်းတန်းခ ကင်းလွတ်ခွင့်နှင့် အတူ လိုအပ်သော စာအုပ်များ ချီးမြှင့်ပေးမယ့် Scholarship Program လဲ လျှောက်ခွင့်ရမည်ဖြစ်သည်။

ထို့အပြင် တက္ကသိုလ်ဝင်တန်းကို အောင်မြင်သွားပါက ဆက်လက်တက်ရောက်လိုသော ပညာရပ်များ၊ တက္ကသိုလ်များ အတွက်တိုင်ပင်ဆွေးနွေးပေးကာ
YBMI-Yangon Business & Management သင်တန်း ကျောင်းမှ ဖွင့်လှစ်လျက်ရှိသော သင်တန်းများကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် သင်တန်းကြေး ကင်းလွတ်ခွင့်များဖြင့်တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။

ဆက်သွယ်ရန်



Photos 23/06/2017

ကလေးများကို စာတော်စေတဲ့ အကျင့်ကောင်းများ
═══════════════════════════
မိဘတိုင်းလိုလို ကိုယ့်ကလေးကို စာတော်စေချင်ကြပါတယ်။ စာထူးချွန်စေချင်တော့ ကျူရှင်တွေ၊ သင်တန်းတွေ နင်းကန်ပို့ပေးတယ်။ အိမ်မှာ ဆရာခေါ်သင်ပေးတယ်။ ဆရာတွေကို စုပြီး စာသင်ဝိုင်းထောင်ပေးတယ်။ ကျောင်းပြောင်းတယ်၊ မြို့ ပြောင်းတယ် စသည်ဖြင့် အမျိုးမျိုး ကြိုးပမ်းပေးကြပါတယ်။ ဒါပေမဲ့ စာတော်စေချင်ရင် စာကိုကြိုးစားရပါမယ်။ မိဘရဲ့ အရိပ်အကဲ အောက်မှာ စာကြိုးစားခြင်းထက် ကိုယ့်အသိနဲ့ စာကြိုးစားခြင်းဟာ ပိုမိုပေါက်မြောက်ပါတယ်။ ကလေးများကို စာကြိုးစားတဲ့ အကျင့်မွေးထုတ်ပေးနိုင်ရင် ကျူရှင်တွေ၊ သင်တန်းတွေထက် ပိုမို ထိရောက်ပါတယ်။ အကျင့်အကြောင်းဆွေးနွေးကြည့်ရအောင်...

အကျင့်ဆိုတာဘာလဲ၊
အကျင့်ဆိုတာ အကြိမ်ကြိမ်လုပ်ဆောင်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အလေ့အထ ဖြစ်ပါတယ်။ ကောင်းတာကို အကြိမ်ကြိမ်ပြုလုပ်ရင် ကောင်းတဲ့ အလေ့အထ ရလာသလို၊ ဆိုးတာကို အကြိမ်ကြိမ်လုပ်ရင်လည်း ဆိုးတဲ့ အလေ့အထ စွဲကပ်သွားမှာဖြစ်ပါတယ်။ အလေ့အထ အားလုံးဟာ အကျင့်ကို ဖြစ်ပေါ်စေပါတယ်။ စာကြိုးစားတဲ့ အကျင့်ဆိုတာ စာလုပ်ရတာ တက်ကြွပျော်ရွှင်တဲ့ အကျင့်ဖြစ်ပါတယ်။ အဲဒီအကျင့်တွေကို
ဘယ်လိုမွေးမြူသင့်ပါသလဲ......

၁။ သူများစကားပြောတာကို သေချာနားထောင်တတ်တဲ့ အကျင့်

သူများပြောစကားကို သေသေချာချာ နားထောင်တတ်ခြင်းဆိုတာ သူများကို လေးစားခြင်းဖြစ်ပါတယ်။ သူများပြောစကားကို သေသေချာချာနားထောင်တတ်တာ ကြာသွားရင် သူများပြောစကားကို ဘယ်တော့မှ ဖြတ်ပြီး မပြောတဲ့အပြင် သူများပြောစကားရဲ့ အရေးကြီးတဲ့အချက်ကို အလေးထားတတ်သွားပါတယ်။ အဲဒီ အရေးကြီးတဲ့ ပွိုင့်ကို ဖမ်းယူနားထောင်တတ်တဲ့ အကျင့်ဟာ စာတော်စေတဲ့အဓိကအကြောင်းရင်းတစ်ခု ပါဝင်ပါတယ်။

၂။ သေချာသပ်ရပ်တဲ့ အကျင့်

စာပဲရေးရေး၊ စာမေးပွဲပဲ ဖြေဖြေ သေချာသပ်ရပ်တဲ့သူဟာ အမြဲတမ်း အသာစီး ရတတ်ပါတယ်။
ကလေးများ ငယ်ငယ်ကတည်းက အိမ်စာလုပ်ရင် ခဲဖျက်ခဏခဏ မသုံးမိအောင် ပျိုးထောင်ပေးပါ။ လက်ရေးလက်သားကို ဂရုတစိုက် ပျိုးထောင်ပေးပါ။ သေချာသပ်ရပ်တဲ့ အကျင့်ကို ငယ်စဉ်အခါက စတင်ပျိုးထောင်ရင် ပိုမိုထိရောက်တတ်ပါတယ်။

၃။ အချိန်ကို စီမံခန့်ခွဲ တတ်တဲ့အကျင့်

တချိန်မှာ ကျောင်းစာတစ်ဘာသာကိုသာ အာရုံစူးစိုက်စွာလုပ်တတ်ခြင်း၊ အချိန်ကို ပိုင်ပိုင်နိုင်နိုင် စီမံခန့်ခွဲတတ်ခြင်း၊ အားလပ်တဲ့ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်ကို ကောင်းမွန်စွာအသုံးချတတ်ခြင်း၊ စသည်တို့ဟာ အချိန်ကို အများကြီး ဆွဲထုပ်နိုင်တဲ့ အကျင့်များဖြစ်ကြပါတယ်။ အဲဒီအကျင့်ကို ပိုင်နိုင်သွားရင် စာလုပ်စရာရှိရင် စာကောင်းကောင်းလုပ်၊
ဆော့ကစားစရာရှိရင် ကောင်းကောင်းကစား၊ လည်စရာရှိရင် အားရပါးရ လည်နိုင်တဲ့ အဆင့်ရောက်သွားပါတယ်။ စာကျက်တဲ့အခါ ကစားတဲ့ဘက်ကို စိတ်ရောက်၊ ကစားတဲ့ အခါကျတော့ စာကို ပြန်ပူတတ်တဲ့ အဖြစ်ဆိုးမှ
လွတ်မြောက်သွားပါတယ်။

၎။ ကြိုတင် သင်ခန်းစာ လေ့လာတတ်တဲ့အကျင့်

ကျောင်းမှာ ဆရာစာမသင်ခင်မှာ အဲဒီသင်ခန်းစားကို တစ်ခေါက်ကြို ဖတ်ထားရင် စာသင်ချိန်မှာ နားလည်ဖို့ ပိုမိုထိရောက်တတ်ပါတယ်။ ပိုမိုပြီးလည်း မှတ်မိစေပါတယ်။ နားလည်လည် မလည်လည် သင်မယ့်စာကို ကြိုဖတ်တတ်တဲ့ အကျင့်မွေးမြူကြည့်ပါ။ အလွန်အထောက်အကူ
ဖြစ်ပါလိမ့်မယ်။

၅ ။ စာသင်ခန်းထဲမှာ သေသေချာချာ နားထောင်တတ်တဲ့အကျင့်

စာသင်တာကို သေသေချာချာ အာရုံစိုက် နားထောင်တဲ့ကလေးဟာ စာပိုမိုထူးချွန်ကြပါတယ်။ စာကို ပိုပြီးနားလည်ပါတယ်။ ပိုပြီးလည်း မှတ်မိပါတယ်။ အရေးကြီးတဲ့ အပိုင်းကိုလည်း
ပိုမိုဂရုစိုက်မိပါတယ်။

၆ ။ စာသင်ခန်းထဲမှာ မှတ်စုပြုတတ်တဲ့ အကျင့်

စာသင်တာကို သေသေချာချာ နားထောင်နေတဲ့ အချိန်မှာ မျဉ်းတားစရာရှိတာကို မျဉ်းတား၊ ဘေးမှာ ရေးမှတ်စရာရှိတာကို ရေးမှတ်၊ ကြယ်ပြသင့်တဲ့နေရာမှာ ကြယ်ဆွဲထား၊ အရေးပါတဲ့ ဝေါဟာရကို သေသေချာချာ ရေးမှတ် စသည်ဖြင့် မှတ်စု ရေးမှတ်တတ်သွားရင်၊ နားလည်ဖို့
အတွက်ဖြစ်ဖြစ်၊ မှတ်မိဖို့ အတွက်ဖြစ်ဖြစ် တော်တော် အကူအညီ ပေးတာကို
တွေ့ရှိလာပါလိမ့်မယ်။

ရ။ သင်ခန်းစာ ပြန်နွှေးတတ်တဲ့ အကျင့်

အတန်းချိန်ပြီးဆုံးလို့ ချက်ချင်း အိမ်စာမလုပ်သေးပဲ သင်ပြီးသင်ခန်းစာများကို သေသေချာချာ
ပြန်နွေးသင့်ပါတယ်။ သင်ခန်းစာမှာ ဘာအကြောင်းအရာတွေပါသလဲ၊ ခြုံငုံသုံးသပ်လိုက်ရင် အနှစ်ချုပ်က ဘာတွေလဲ၊ အကြောင်းအရာ အချင်းချင်း ဘာတွေဆက်သွယ်ချိတ်ဆက်ကြသလဲ၊ အယူအဆချင်း ဘယ်လို ကွာခြားသလဲ၊ စသည်ဖြင့် ပိုင်းခြားစိပ်ဖြာပြီး သိပ်မရှင်းသေးရင် ထပ်မေး၊ အားလုံးရှင်းသွားတဲ့အခါမှာ ဦးနောက်ထဲ တစ်ခါတည်း ထည့်ပြီးသားဖြစ်သွားပါတယ်။

၈။ အိမ်စာကို ပြီးဆုံးအောင် လုပ်တတ်တဲ့ အကျင့်

တစ်နေ့ အိမ်စာကို တစ်နေ့ ပြီးဆုံးအောင်လုပ်သင့်ပါတယ်။ အိမ်စာကို စုပုံပြီး အိမ်စာထပ်ခါနီးကျမှ တပြိုင်တည်း လောလော လောလော လုပ်တာမျိုးကို လုံးဝ ရှောင်ကျဉ်သင့်ပါတယ်။ အိမ်စာကို ပြီးအောင်မြန်မြန်လုပ်ခြင်းထက် ကောင်းအောင်လုပ်ခြင်း ဆိုတဲ့ အကျင့်ကို မွေးမြူထားရပါမယ်။

၉ ။ များများ သံသယ၀င်၊ များများတွေးခေါ် ၊ များများ မေးမြန်းတတ်တဲ့ အကျင့်

စာပါအကြောင်းအရာကို သံသယ ၀င်တတ်ခြင်း၊ ၀င်ရဲခြင်းကို Critical Thinking လို့ခေါ်ပါတယ်။ သံသယ ၀င်လေ အဖြေမှန်ကို ရှာဖွေတတ်လေ ဖြစ်ပါတယ်။ သံသယ ၀င်ရဲတယ်။ အတွေးအခေါ်ဟောင်းတွေကို တွန်းလှန်ရဲတယ်။ ဆွေးနွေးရဲတယ်။ ငြင်းခုံရဲတယ်။ အဖြေမှန်ကို ရှာဖွေရဲတယ်။ ပြီးတော့ အဲဒီအဖြေမှန်ကိုလည်း ထိထိမိမိ ရှင်းပြတတ်တယ်။ ဒီအကျင့်ဟာ အတန်းကြီးလေ၊ အရေးပါလေဖြစ်တယ်။

၁၀။ မတူညီတဲ့ အမြင်ကို တင်ပြရဲတဲ့ အကျင့်

သံသယ ၀င်တတ်တဲ့ အကျင့်ရှိလေ၊ မတူညီတဲ့ ရှုထောင့်ကနေ အမှန်တရားကို
ချဉ်းကပ်တတ်လေ၊ မတူညီတဲ့ အမြင်ကို တွေ့ရှိလေ ဖြစ်တတ်ပါတယ်။ အခွင့်ကြုံရင် အဲဒီမတူညီတဲ့ အမြင်ကို တင်ပြရဲတဲ့ အကျင့်ရှိရပါမယ်။

၁၁။ ပူးပေါင်း စူးစမ်းလေ့လာ တတ်တဲ့အကျင့်

အတူလေ့လာခြင်း၊ ပူးပေါင်းပြီး အဖြေရှာဖွေတတ်ခြင်း၊ ပူးပေါင်းပြီးစူးစမ်းလေ့လာတတ်ခြင်း၊
ပူးပေါင်းလေ့လာပြီး ဆွေးနွေးမယ်၊ ငြင်းခုံမယ်၊ အမြင်တူအောင် ညှိနှိုင်းမယ်။ အဖြေမှန်ကို
ရအောင်ရှာဖွေမယ်။ စသည့် အကျင့်များဟာ စာတော်ဖို့ အတွက် အကျင့်ကောင်းများ ဖြစ်ပါတယ်။

Credit ဆရာ Aung Ko Latt

Photos from BCCF - Best Charity for Children's Future's post 06/06/2017

ကမ္ဘာကျော်များဧ။်မှတ်သားဖွယ်ရာ စကားများ

အပိုင်း (တစ်)

Credit - သုတဇုန်

Photos 23/03/2017

YBMI မှ ဖွင့်လှစ် သင်ကြားမည့် ပညာဒါန Certificate အတန်းများ
=============================================
YBMI - Yangon Business & Management Institute မှ ဦးစီး၍ 26th March 2017 ( Sunday ) မှစတင်ကာ ပညာဒါနတန်းခွဲများဖွင့်လှစ်သင်ကြားသွားပါမည်။အခြေခံမှ စတင်သင်ကြား၍ Workshop များပါဝင်သည့် Certificate အတန်းများဖြစ်ပါသည်။ Sunday Only အတန်းများ ဖြစ်၍ ရုံးသူ/သားများ အဆင်ပြေအောင်စီစဉ်ထားပါသည်။ လုပ်ငန်းခွင်ဝင်နေသူ ၊ တက္ကသိုလ်ကျောင်းသားများ သာမက ၁၀ တန်းဖြေဆိုပီးသူ များပါတက်ရောက်နိုင်ပါသည်။
လူဦးရေကန့်သတ်ထားသောကြောင့် ကြိုတင်စာရင်းပေးနိုင်ပါသည်။
မှတ်ချက် - Batch 1 အတွက် စာရွက်စာတမ်းကြေးအား April လ ပထမပတ်ထိပေးသွင်းနိုင်ပါသည်။
1. Certificate in Human Resource Management
သင်တန်းစမည့်ရက်: ၂၆.၃.၂၀၁၇
သင်တန်းကြာချိန် : ၂လခွဲ
သင်တန်းအချိန်: Sunday ( 12:00am - 2:00pm )
စာရွက်စာတမ်းကြေး: ၂၀၀၀၀ကျပ်
2. Certificate in Sales & Marketing
သင်တန်းစမည့်ရက်: ၂၆.၃.၂၀၁၇
သင်တန်းကြာချိန် : ၂လခွဲ
သင်တန်းအချိန်: Sunday ( 2:00pm - 4:00pm )
စာရွက်စာတမ်းကြေး: ၂၀၀၀၀ကျပ်
3. Certificate in Presentation & Communication
သင်တန်းစမည့်ရက်: ၂၆.၃.၂၀၁၇
သင်တန်းကြာချိန် : ၂လခွဲ
သင်တန်းအချိန်: Sunday ( 9:30am - 11:30am )
စာရွက်စာတမ်းကြေး: ၂၀၀၀၀ကျပ်
သင်တန်းအပ်လက်ခံမည့်အချိန်:
=====================
Monday - Friday (3:00pm-7:00pm) ,
Sat& Sun ( 12:00pm - 7:00 pm)
ဆက်သွယ်ရန်
အမှတ် (၇၇) , ဓမ္မဝိဟာရလမ်း, ပထမထပ်, ကျောက်မြောင်းမြို့နယ်။
ဖုန်းနံပါတ်: 09421141524, 09779090549

YBMI မှ ဖွင့်လှစ် သင်ကြားမည့် ပညာဒါန Certificate အတန်းများ
=============================================

YBMI - Yangon Business & Management Institute မှ ဦးစီး၍ 26th March 2017 ( Sunday ) မှစတင်ကာ ပညာဒါနတန်းခွဲများဖွင့်လှစ်သင်ကြားသွားပါမည်။အခြေခံမှ စတင်သင်ကြား၍ Workshop များပါဝင်သည့် Certificate အတန်းများဖြစ်ပါသည်။ Sunday Only အတန်းများ ဖြစ်၍ ရုံးသူ/သားများ အဆင်ပြေအောင်စီစဉ်ထားပါသည်။ လုပ်ငန်းခွင်ဝင်နေသူ ၊ တက္ကသိုလ်ကျောင်းသားများ သာမက ၁၀ တန်းဖြေဆိုပီးသူ များပါတက်ရောက်နိုင်ပါသည်။

လူဦးရေကန့်သတ်ထားသောကြောင့် ကြိုတင်စာရင်းပေးနိုင်ပါသည်။

မှတ်ချက် - Batch 1 အတွက် စာရွက်စာတမ်းကြေးအား April လ ပထမပတ်ထိပေးသွင်းနိုင်ပါသည်။

1. Certificate in Human Resource Management
သင်တန်းစမည့်ရက်: ၂၆.၃.၂၀၁၇
သင်တန်းကြာချိန် : ၂လခွဲ
သင်တန်းအချိန်: Sunday ( 12:00am - 2:00pm )
စာရွက်စာတမ်းကြေး: ၂၀၀၀၀ကျပ်

2. Certificate in Sales & Marketing
သင်တန်းစမည့်ရက်: ၂၆.၃.၂၀၁၇
သင်တန်းကြာချိန် : ၂လခွဲ
သင်တန်းအချိန်: Sunday ( 2:00pm - 4:00pm )
စာရွက်စာတမ်းကြေး: ၂၀၀၀၀ကျပ်

3. Certificate in Presentation & Communication
သင်တန်းစမည့်ရက်: ၂၆.၃.၂၀၁၇
သင်တန်းကြာချိန် : ၂လခွဲ
သင်တန်းအချိန်: Sunday ( 9:30am - 11:30am )
စာရွက်စာတမ်းကြေး: ၂၀၀၀၀ကျပ်

သင်တန်းအပ်လက်ခံမည့်အချိန်:
=====================
Monday - Friday (3:00pm-7:00pm) ,
Sat& Sun ( 12:00pm - 7:00 pm)

ဆက်သွယ်ရန်
အမှတ် (၇၇) , ဓမ္မဝိဟာရလမ်း, ပထမထပ်, ကျောက်မြောင်းမြို့နယ်။
ဖုန်းနံပါတ်: 09421141524, 09779090549

Photos from BCCF - Best Charity for Children's Future's post 15/12/2016

Thanks for Donation to Our Students... 📚📚

Photos 22/08/2016

1st Examination 16-17' batch

Photos from BCCF - Best Charity for Children's Future's post 09/08/2016

Our Hope Our Children Our Charity ✔ ✔ ✔

Photos 25/07/2016

We have an announcement for "Donation of Core-Banking Department of CB bank"

Thanks you for your donation,
BCCF

Photos 28/06/2016

ကလေးငယ်များရဲ့ လှပသောအနာဂတ်အတွက် အကောင်းဆုံးသောပညာဒါန

၂၀၁၆ - ၂၀၁၇ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ဆယ်တန်းကျောင်းသူကျောင်းသားများအတွက် BCCF ပရဟိတသင်တန်းမှ ပညာဒါနစာသင်စာကျက်ဝိုင်းများဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပါ၍ တတ်ရောက်လိုသော ကျောင်းသူကျောင်းသားများ စတင်စုံစမ်းမေးမြန်းနိုင်ပါသည်။

ဆက်သွယ်ရန်



Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


No (77), 1st Floor, Dama Wihara Street , Tarmwe, Kyout Myaung
Yangon
22122