16/06/2026
ရေခံမြေခံ မကောင်းလို့သာပဲ
ဖွံ့ဖြိုးချင်တဲ့ မျိုးစေ့ကောင်းတွေမှအများကြီး
ကျနော်တို့လူမျိုးဟာ သိပ်ကိုတော်တာနော်
ပညာရေး အကျိုးပြူ ပညာ ဒါန
ဝင်ရောက်လေ့လာဖို့ ဖိတ်ခေါ်ပါတယ်
16/06/2026
ရေခံမြေခံ မကောင်းလို့သာပဲ
ဖွံ့ဖြိုးချင်တဲ့ မျိုးစေ့ကောင်းတွေမှအများကြီး
ကျနော်တို့လူမျိုးဟာ သိပ်ကိုတော်တာနော်
16/06/2026
အဆောင်မှာလူကများတော့
သူငယ်ချင်းတယောက်က သူ့ငှက်ပျောသီးပျောက်မှာစိုးလို့တဲ့ နံပါတ်စဉ်တပ်ထားတာ🤣
ဘဝရဲ့ ခရီးတိုလေးမှာ... အလိုချင်ဆုံးက
နောင်တကင်းတဲ့ ရှင်သန်ခြင်းပါပဲ..💛🌿
ဘဝရဲ့ နောက်ဆုံးအချိန်ဆိုတာ
လူတိုင်း ရင်ဆိုင်ရမယ့် ခရီးစဉ်တစ်ခုပါ။
ဘယ်လောက်ပဲ ပိုင်ဆိုင်မှုတွေ များများ၊
ဘယ်လောက်ပဲ အောင်မြင်အောင်မြင်...
အဆုံးသတ်ကျရင် အားလုံးက တူတူပါပဲ။
ဒါကြောင့် အသက်ရှင်နေတဲ့ အချိန်လေးမှာ
ကိုယ့်အတွက်လည်း နောင်တကင်းအောင်၊
ကိုယ့်ကြောင့်လည်း သူတစ်ပါး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ
မဖြစ်အောင် နေထိုင်သွားတာက အအေးချမ်းဆုံးပါပဲ။
"ကိုယ့်ကြောင့် ဘယ်သူ့ကိုမှ မနာကျင်စေရဘူး" ဆိုတဲ့ စိတ်ထားလေးနဲ့ ရှင်သန်နေသရွေ့...ဘဝက အမြဲတမ်း
လှပအေးချမ်းနေမှာ အသေအချာပါပဲ..💛🌿
20/05/2026
သူက ဆောက်လုပ်ရေးလုပ်ငန်းခွင်က လက်ကြောတင်းတဲ့ မြန်မာလူငယ်တစ်ယောက်။
သူမကတော့ အထပ်မြင့်ကွန်ဒိုတစ်ခုမှာ ကလေးထိန်း၊ အိမ်အကူလုပ်ရတဲ့ မြန်မာမိန်းကလေးတစ်ယောက်။
သူတို့နှစ်ဦးရဲ့ ကမ္ဘာဟာ တနင်္ဂနွေနေ့တစ်ရက်၊ peninsula ကနေ marinabay ဘက်သွားတဲ့ ကွင်းပြင်ကြီး အဖြတ်မှာဆုံတွေ့ခဲ့ကြတယ်။
မမျှော်လင့်ဘဲ ရွာချလိုက်တဲ့ မိုးအောက်မှာ သူက သူ့ရဲ့ တစ်ရိုတစ်သေ ခေါက်သိမ်းထားတဲ့ ဘေးလွယ်အိတ်ထဲက ထီးလေးနဲ့ သူမကို မိုးခိုခွင့်ပေးခဲ့ရာကစလို့ "အချစ်" ဆိုတာကြီး စတင်ခဲ့တာပေါ့။
စင်ကာပူမှာ အတူရှိနေကြပေမဲ့ သူတို့ဟာ တစ်ပတ်မှာ တစ်ကြိမ်၊ ကံကောင်းရင် တစ်လမှာ နှစ်ကြိမ်ပဲ လူချင်းဆုံခွင့်ရရှာတယ်။
ကျန်တဲ့ရက်တွေမှာတော့ သူတို့ရဲ့ အချစ်ကိုWhatsApp စာသားလေးတွေ၊ ဗီဒီယို call တိုတိုလေးတွေနဲ့ပဲ တည်ဆောက်ကြရတယ်။
သူမ ကတော့ ကွန်ဒိုရဲ့ ၂၂ ထပ် ဝရန်တာကနေ လှမ်းမျှော်ကြည့်ရင်း မြို့ပြကြီးရဲ့ တစ်နေရာရာမှာ အလုပ်လုပ်နေမယ့် သူ့ကို သတိရနေတတ်တယ်။
သူကတော့ ဖုန်တထောင်းထောင်းနဲ့ လုပ်ငန်းခွင်ထဲမှာ ချွေသံရဲရဲလုပ်နေရင်း၊ သူမ နားရမယ့် အချိန်လေးကို မျှော်ကာ ဖုန်းလေးကို ခဏခဏ ထုတ်ကြည့်တတ်တယ်။
သူတို့နှစ်ယောက်ကြားက အကွာအဝေးဟာ တစ်မိုင်တောင်မပြည့်ပေမဲ့...
တစ်ယောက် က အဆောင်စည်းကမ်း ။
နောက်တစ်ယောက် က အလုပ်ရှင် ရဲ့ မျက်စိအောက်။အဲဒီအကွာအဝေးဟာ စကြဝဠာတစ်ခုလို ကျယ်ပြောလွန်းနေခဲ့တယ်။
ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ဘဝမှာ အချစ်ကို အချိန်အကြာကြီး အပ်နှံထားဖို့ သက်တမ်း (Work Permit) ဆိုတဲ့ ကန့်သတ်ချက်ကြီးက ရှိနေပါတယ်။ ရုန်းကန်ရတဲ့ ဒဏ်တွေကြောင့် သူ့ရဲ့ ကျန်းမာရေးက ယိုယွင်းလာပြီး အလုပ်ရှင်က permit ထပ်မတိုးပေးတော့တဲ့အခါ သူတို့ရဲ့ လမ်းခွဲက ကောက်ကာငင်ကာ ရောက်လာခဲ့တယ်။
အဲ့ဒိ နေ့က Changi Airport Terminal 2 ရဲ့ ထောင့်စွန်းလေးတစ်ခုမှာ...
"ညီမ နှစ်ပြည့်လို့ ပြန်လာရင် လက်ထပ်ကြမယ်လို့ အကို ကတိပေးထားတယ်မလား" သူမက မျက်ရည်တွေကြားက မေးရှာတယ်။
သူကတော့ ဘာမှပြန်မပြောနိုင်ဘဲ သူမရဲ့ လက်ကလေးကို တင်းတင်းဆုပ်ထားရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ သူ ပြန်ရမှာက သူ့ရဲ့ မိသားစုကြွေးမြီတွေ ရှိနေသေးတဲ့ ဇာတိရွာလေး၊ သူမကတော့ နောက်ထပ် စာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိ ဒီမြို့ပြကြီးမှာ တစ်ယောက်တည်း ကျန်ရစ်ခဲ့ရဦးမှာမို့လို့ပါ။
"သူ Departure ထဲ ဝင်သွားတော့ သူမရဲ့ မျက်ရည်တွေက Terminal ရဲ့ အေးစက်တဲ့ ကြွေပြားတွေပေါ်ကို အစက်ချွေကျသွားတယ်။ ဒီမြို့ပြကြီးရဲ့ မိုးမျှော်တိုက်တွေကို သူတို့ အတူတူ ငေးမောခဲ့ကြဖူးပေမဲ့၊ အဲဒီတိုက်ကြီးတွေရဲ့ အရိပ်ကပဲ သူတို့ရဲ့ အချစ်ကို ထာဝရ ခွဲထုတ်ပစ်လိုက်ကြရှာတယ်။ သံယောဇဉ်တွေဟာ ဒီမြေပေါ်မှာ ခိုင်မြဲခဲ့ပေမဲ့၊ ဘဝတွေကတော့ တစ်စစီ လွင့်လို့ပေါ့"
ခွဲခွာပြီး အစပိုင်းကတော့ အရာရာဟာ အိပ်မက်လို လှပခဲ့ဖူးတယ်။ အလုပ်ပိတ်ရက် တနင်္ဂနွေနေ့တွေဆိုရင် မနက်ကတည်းက ဖုန်းလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး သူမရဲ့ အသံလေးကို ကြားရဖို့ စောင့်ခဲ့ရတာ။ သူတို့မှာ အနာဂတ်အတွက် ပန်းတိုင်
တွေ၊ ကတိတွေ အများကြီး ရှိခဲ့ကြတယ်။
"နောက်နှစ်ဆို ပြန်လာတော့မယ်... ညီမတို့ လက်ထပ်ကြမယ်" ဆိုတဲ့ စကားက ကောင်လေးအတွက်တော့ မြန်မာပြည်က ပူပြင်းလှတဲ့လုပ်ငန်းခွင်ထဲက တစ်ခုတည်းသော ရေအေးအိုင်လေးပေါ့။
ဒါပေမဲ့ အချိန်တွေ ကြာလာတာနဲ့အမျှ ဖုန်းခေါ်ဆိုမှုတွေဟာ တိုတောင်းလာခဲ့တယ်။
တဖြည်းဖြည်းနဲ့ မက်ဆေ့ခ်ျတွေမှာ စာလုံးတွေ နည်းပါးလာပြီး၊ နောက်ဆုံးတော့ ဖုန်းခေါ်ရင် လိုင်းမကောင်းဘူးဆိုတဲ့ မြန်မာပြည်ရဲ့ အားနည်းချက်က သူ့အားနည်းချက်လို ဖြစ်လာတော့တယ်။
" ဟျောင့် မင်းကောင်မလေး အခြားတစ်ယောက်နဲ့တွဲနေတယ်ထင်တယ် "
ဒီ message က သူ့အတွက် ကမ္ဘာပျက်ပြီလို့ ပြောလိုက်သလိုပဲ။
သူငယ်ချင်းဖြစ်သူဆီက အဲဒီ စာသားတိုတိုလေးက သူ့ဖုန်းမျက်နှာပြင်ပေါ် ရောက်လာတဲ့အချိန်မှာ မြန်မာပြည်က ပူပြင်းလှတဲ့ နေရောင်အောက်မှာတင် သူ ဆွံ့အသွားခဲ့ရတယ်။
"မဖြစ်နိုင်တာ..." လို့ သူ ရေရွတ်မိပေမဲ့ ရင်ဘတ်ထဲမှာတော့ လှိုင်းတံပိုးတွေ ထန်နေခဲ့ပြီ။ တုန်ရင်နေတဲ့ လက်ချောင်းတွေနဲ့ WhatsApp ကနေ ဗီဒီယိုခေါ်ဆိုမှုတွေ အကြိမ်ကြိမ် လုပ်ခဲ့ပေမဲ့ တစ်ဖက်က ဖုန်းမကိုင်ခဲ့ပါဘူး။ စာတိုလေးတွေ ပို့ရင်လည်း တစ်ရက်ထက်တစ်ရက် ပြန်စာက ပိုပြီး အေးစက်လာခဲ့တယ်။
အမှန်တရားဆိုတာ တခါတလေကျရင် ဆားခတ်ထားတဲ့ ဓားဦးနဲ့ ရင်ဝကို အမွှန်းခံရသလို နာကျင်လွန်းလှပါတယ်။ သူ စင်ကာပူမှာ ရှိစဉ်က သူမရဲ့ စကြဝဠာက သူပေါ့။
သူ မရှိတော့တဲ့နောက်မှာတော့... အဲဒီ စကြဝဠာကြီးထဲကို တခြားအမျိုးသားတစ်ယောက်က အလွယ်တကူပဲ ဝင်ရောက်နေရာယူသွားခဲ့ပါတော့တယ်။
အမှန်တော့ သူမဟာ ပိုက်ဆံမက်လို့လည်း မဟုတ်သလို၊ ကြီးမားတဲ့ အကြပ်အတည်းရှိလို့လည်း မဟုတ်ပါဘူး။ အကြောင်းပြချက်က ရိုးရိုးလေးနဲ့ ရက်စက်လွန်းတဲ့ "အနေနီးခြင်း" ကြောင့်ပါပဲ။
သူမ အိမ်အကူလုပ်တဲ့ အထပ်မြင့်ကွန်ဒိုမှာပဲ အခြားအခန်းတစ်ခုက အိမ်ရှင်ကို အသွားအပြန် ကြိုပို့နေတဲ့ ကားမောင်းသမား တစ်ဦး ရှိနေခဲ့တယ်။
သူတို့က မနက်ဆိုဆုံဖြစ်နေကြ။ သူမ က ကလေးကျောင်းပို့ထွက်လာရင်း ကားသမားက သူ့သဌေးမ ကိုလာကြိုဖို့ စောင့်နေရင်း တစ်ဝန်းတည်းမှာ နေ့တိုင်းလိုလို ဆုံတွေ့နေကြရသူတွေပေါ့။
သူ မြန်မာပြည် ပြန်သွားပြီးတဲ့နောက်မှာ... သူမ ဘဝဟာ အထီးကျန်ခြင်းတွေနဲ့ ပိတ်လှောင်ခံလိုက်ရတယ်။ တနင်္ဂနွေနေ့တွေမှာ လမ်းအတူလျှောက်မယ့်သူ မရှိတော့ဘူး။ ဖုန်းလိုင်းမကောင်းတဲ့ မြန်မာပြည်က သူ့ရဲ့ အသံကို စောင့်ရတာက တဖြည်းဖြည်းနဲ့ အမောအပန်း ဖြစ်လာခဲ့တယ်။ ၂၂ ထပ် ဝရန်တာကနေ မျှော်ကြည့်ရင် မြို့ပြကြီးရဲ့ အထီးကျန်မှုက သူမကို ဝါးမြိုလုနီးပါး ဖြစ်ခဲ့ရရှာတယ်။
အဲဒီအချိန်မှာ... အနားမှာ အမြဲရှိနေပေးတဲ့ ကားမောင်းသူက သူမအတွက် "လက်တွေ့ဆန်တဲ့ အေးရိပ်" ဖြစ်လာခဲ့တယ်။
သူမ ဈေးဝယ်သွားရင် အိတ်ကူသယ်ပေးတယ်၊ အလုပ်ရှင်ဆူလို့ စိတ်ညစ်ရင် အနားမှာ နားထောင်ပေးတယ်၊ နေ့တိုင်း မျက်နှာချင်းဆိုင် ဆုံတွေ့နေရတယ်။
ဝေးကွာလွန်းတဲ့ ကတိစကားတွေ၊ ဖုန်းလိုင်းမကောင်းတဲ့ ဗီဒီယိုကောတွေထက်... မျက်စိရှေ့မှာတင် မြင်နေရပြီး လိုအပ်ရင် ချက်ချင်း အနားမှာ ရှိပေးနိုင်တဲ့ "အနေနီးမှု" က သံယောဇဉ်အသစ်တစ်ခုကို အလိုလို ပျိုးထောင်ပေးလိုက်သလို ဖြစ်သွားခဲ့တာပါ။ သူမဟာ အဝေးက အချစ်ကို စောင့်ထိန်းဖို့ ကြိုးစားခဲ့ဖူးပါတယ်၊ ဒါပေမဲ့ နေ့စဉ်ကြုံတွေ့ရတဲ့ အထီးကျန်မှုကိုတော့ အနားမှာရှိတဲ့ နွေးထွေးမှုနဲ့ လဲလှယ်မိသွားခဲ့ရှာတယ်။
အစပိုင်းမှာတော့ ကောင်လေးဟာ နာကျင်မှုနဲ့အတူ ဒေါသတွေ၊ သစ္စာဖောက်ခံရမှုတွေကို ရင်ဘတ်ထဲ အလုံးအရင်း ခံစားခဲ့ရတယ်။
"ငါ့ရဲ့ အချစ်တွေ၊ ကတိတွေက အနားမှာရှိတဲ့ လူတစ်ယောက်လောက်တောင် တန်ဖိုးမရှိဘူးလား" ဆိုပြီး ညစဉ် မျက်ရည်ကျခဲ့ရတယ်။
ဒါပေမဲ့ အချိန်တွေ ကုန်လွန်သွားတဲ့အခါမှာတော့ သူ သဘောပေါက်လာခဲ့ပါတယ်။
သူတို့နှစ်ယောက်ကြားက အချစ်ဟာ စင်ကာပူရဲ့ မိုးရေထဲမှာ ခဏတာ ခိုလှုံခဲ့တဲ့ ထီးလေးတစ်လက်လိုပါပဲ။ လှပခဲ့ဖူးပေမဲ့... အမြဲတမ်း ရွာမယ့် မိုးမဟုတ်ခဲ့ဘူး။
.......................
နောက်ထပ် တစ်နှစ်အကြာ... တနင်္ဂနွေနေ့တစ်ရက်။
စင်ကာပူရဲ့ Peninsula ကနေ Marina Bay ဘက်ကို သွားတဲ့ ကွင်းပြင်ကျယ်ကြီးမှာ မိုးတွေ သည်းသည်းမည်းမည်း ရွာချလာပြန်တယ်။
သူမဟာ အနားမှာရှိတဲ့ ချစ်သူအသစ်ရဲ့ လက်ကိုတွဲပြီး ထီးတစ်လက်အောက်မှာ အတူတူ ပြေးလွှားခိုလှုံနေကြတယ်။ သူတို့နှစ်ယောက်ဟာ ရယ်မောနေကြပြီး အတော်လေး အဆင်ပြေ အသားကျနေတဲ့ ပုံစံပါပဲ။ ဒါပေမဲ့ မိုးရေတွေ ကြားထဲ ဖြတ်လျှောက်သွားရင်း... သူမ ခြေလှမ်းတွေ ခဏတာ တုန့်ဆိုင်းသွားခဲ့တယ်။
ဒီကွင်းပြင်ကျယ်ကြီး... ဒီလို မိုးရွာတဲ့နေ့မျိုးမှာ... လွန်ခဲ့တဲ့ နှစ်တွေက ဘေးလွယ်အိတ်ထဲကနေ ထီးလေး တစ်ရိုတစ်သေ ထုတ်ပေးခဲ့ပြီး၊ မိမိကို အသက်ထက်ချစ်ခဲ့ဖူးတဲ့ "လက်ကြောတင်းတဲ့ ကောင်လေး" ကို သူမ ရုတ်တရက် သတိရသွားမိတယ်။
သူမရဲ့ ဘေးကလူက "ဘာဖြစ်လို့လဲ" လို့ မေးတော့... သူမက ခေါင်းလေးရမ်းရင်း "ဘာမှမဟုတ်ပါဘူး... မိုးအေးလို့ပါ" လို့ပဲ ပြန်ပြောလိုက်တယ်။
ဒါပေမဲ့ သူမ ရင်ထဲမှာတော့... အနားမှာရှိတဲ့သူကို ရွေးချယ်ခဲ့ပေမဲ့၊ အဝေးမှာ ကျန်ခဲ့တဲ့သူရဲ့ ဖြူစင်မှုကိုတော့ ဘယ်တော့မှ မေ့နိုင်တော့မှာ မဟုတ်ပါဘူး။
မြန်မာပြည်က ပူပြင်းတဲ့ လုပ်ငန်းခွင်ထဲမှာတော့... ကောင်လေးဟာ နောက်ထပ် တနင်္ဂနွေနေ့တစ်ရက်ကို ရောက်လို့ မိုးကောင်းကင်ကြီးကို မော့ကြည့်ရင်း၊ သူမ ရှိရာ စင်ကာပူဘက်ကို စိတ်ထဲကနေပဲ နောက်ဆုံးအကြိမ် နှုတ်ဆက်လိုက်ပါတော့တယ်။
"အချစ်က ကတိစကားတွေနဲ့ တည်ဆောက်ခဲ့တာ မှန်ပေမဲ့... ဘဝကတော့ အနားမှာ ရှိနေပေးခြင်းနဲ့ပဲ ရှေ့ဆက်သွားခဲ့ကြတယ်"
# love story
06/05/2026
နိုင်ငံခြားသားအလုပ်သမားတွေအတွက် ဒုတိယမိခင်နိုင်ငံသဖွယ် ဖြစ်တည်နေတဲ့ စင်ကာပူ..
နိုင်ငံရပ်ခြားမှာ သွားရောက်အလုပ်လုပ်ကိုင်ကြတဲ့အခါ အလုပ်အကိုင်အခွင့်အလမ်းနဲ့ လစာငွေရရှိမှုက အဓိကကျသလိုပဲ ..
မိမိနေထိုင်တဲ့နိုင်ငံရဲ့ အဝင်အထွက် လွယ်ကူချောမွေ့မှု ကလည်း အလွန်အရေးကြီးတဲ့ အချက်တစ်ခုဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ နိုင်ငံခြားသားအလုပ်သမားတစ်ယောက်အတွက် အဝင်အထွက် အလွယ်ကူဆုံးနဲ့ စိတ်အအေးရဆုံးနိုင်ငံကို ပြပါဆိုရင်တော့ စင်ကာပူနိုင်ငံကိုပဲ ပြရမှာပါ။
စင်ကာပူနိုင်ငံရဲ့ ထူးခြားချက်ကတော့ မိမိမှာတရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့် Work Permit တစ်ခုခု (သို့မဟုတ်) pass တစ်ခုခု ( သို့မဟုတ် )S Pass, E Pass , student pass စတာတွေ ရှိနေသရွေ့ အဆိုပါ Permit သက်တမ်းအတွင်းမှာ အခြားဘယ်နိုင်ငံကိုမဆို လွတ်လပ်စွာသွားလာနိုင်တာပဲ ဖြစ်ပါတယ်။ အားလပ်ရက်မှာ မိခင်နိုင်ငံကို ပြန်တာပဲဖြစ်ဖြစ်၊ အပျော်တမ်းခရီးထွက်တာပဲဖြစ်ဖြစ် ပြန်လာတဲ့အခါမှာလည်း ဘာအခက်အခဲမှမရှိဘဲ အချိန်မရွေး ပြန်လည်ဝင်ရောက်နိုင်ပါတယ်။
အခြားသော နိုင်ငံအချို့မှာ အလုပ်သမားတစ်ယောက် ပြည်ပထွက်မယ်ဆိုရင် အလုပ်ရှင်ရဲ့ ခွင့်ပြုချက်အပြင် အစိုးရဌာနတွေဆီက အဝင်အထွက်ဗီဇာ (Re-entry Permit) တွေကို သီးသန့်ပြန်လျှောက်ရတာမျိုး၊ ရှုပ်ထွေးတဲ့ စာရွက်စာတမ်းတွေ ပြင်ဆင်ရတာမျိုး ရှိတတ်ပေမယ့် စင်ကာပူမှာတော့ အဲဒီလို အတားအဆီးတွေ မရှိပါဘူး။
မိမိရဲ့ ပါမစ်သက်တမ်းရှိနေဖို့နဲ့ နိုင်ငံကူးလက်မှတ် (Passport) မူရင်းရှိနေဖို့ပဲ လိုအပ်တာပါ။
စင်ကာပူဟာ နည်းပညာထွန်းကားတဲ့နိုင်ငံဖြစ်တာနဲ့အညီ လူဝင်မှုကြီးကြပ်ရေးစနစ်ကလည်း အလွန်မြန်ဆန်ပါတယ်။ ပါမစ်ကိုင်ဆောင်ထားသူတွေအတွက် Automated Lanes တွေကတစ်ဆင့် စက္ကန့်ပိုင်းအတွင်း ဝင်ထွက်သွားလာနိုင်အောင် စနစ်တကျ စီမံပေးထားပါတယ်။ ဒီလိုမျိုး "တံခါးမရှိ ဓားမရှိ" ဆိုသလို လွယ်ကူချောမွေ့လွန်းတဲ့အတွက်ကြောင့်လည်း စင်ကာပူကို ရောက်နေကြတဲ့ နိုင်ငံခြားသားအလုပ်သမား အများစုဟာ ဒီနိုင်ငံကို သူတို့ရဲ့ "ဒုတိယမိခင်နိုင်ငံ" လို့ တင်စားခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။
မိခင်နိုင်ငံလို ခံစားရတယ်ဆိုတဲ့နေရာမှာအဝင်အထွက်လွယ်ကူတာတင်မကဘဲ ဥပဒေစိုးမိုးမှုနဲ့ ဘေးကင်းလုံခြုံမှုကလည်း အဓိကအခန်းကဏ္ဍက ပါဝင်ပါတယ်။ စင်ကာပူမှာ နေထိုင်ရတာဟာ ကိုယ့်အိမ်ကိုယ့်ယာမှာ နေရသလိုမျိုး စိတ်အေးလက်အေး ရှိလှပါတယ်။ ပါမစ်တစ်ခုရှိထားရုံနဲ့ အချိန်မရွေး ကြိုဆိုနေတဲ့ (Welcome ဖြစ်နေတဲ့) ပတ်ဝန်းကျင်မျိုးဖြစ်တာကြောင့် အနေကြာလာတဲ့အခါမှာ မိခင်နိုင်ငံမှာ နေရသလိုမျိုး သံယောဇဉ်တွေ တွယ်လာကြတာ မဆန်းပါဘူး။
ခြုံငုံပြောရရင်တော့ စင်ကာပူနိုင်ငံဟာ နိုင်ငံခြားသားတွေအပေါ် ခွဲခြားမှုမရှိဘဲ စနစ်တကျနဲ့ လွတ်လပ်စွာ သွားလာခွင့်ပေးထားတဲ့အတွက် အလုပ်လုပ်ကိုင်ဖို့ရော၊ နေထိုင်ဖို့ပါ ကမ္ဘာ့အကောင်းဆုံး နိုင်ငံစာရင်းမှာ ထိပ်ဆုံးက ပါဝင်နေရခြင်း ဖြစ်တာပါ။
တစ်ခါတစ်လေကြတော့လည်း တွေးမိပါတယ်။
သူနိုင်ငံရဲ့ နေထိုင်လုပ်ကိုင်ခွင့် pass လေးတစ်ခုရှိတာနဲ့ အချိန်မရွေး သူ့နိုင်ငံကို ဝင်ထွက်နေရတာ လွယ်ကူနေပြီး။
နိုင်ငံသားကဒ် ရှိတဲ့ ကိုယ့်နိုင်ငံကိုကြ ဘာလို့ ဝင်ရထွက်ရ အရမ်းခက်ခဲနေရတာလဲပေါ့။
Learning Hub
04/01/2026
Basic level မှာတော့ ပိုက်ဆံကို Money လို့ သိထားတာ ဘာမှ မဖြစ်ပေမဲ့ Level မြင့်လာတဲ့အခါ
ဒီလို အခေါ်အဝေါ်တွေ သိဖို့ လိုလာပါပြီ ။
ပိုက်ဆံကို အခြေအနေပေါ်မူတည်ပြီး ဘယ်လိုခေါ်ဝေါ်ကျလဲ ကြည့်ရအောင်ပါ။
1. အခွန် = Tax
2. မယားစရိတ် = Alimony
3. ချေးငွေ = Loan
4. တင်တောင်းငွေ = Dowry
5. အိမ်ငှားခ = Rent
6. ဒဏ်ငွေ = Fine
7. လစာ = Salary
8. လုပ်အားခ = Wage
9. ဘောက်ဆူး = Tip
10. မုန့်ဖိုး = Pocket money / Allowance
11. အပိုစုကြေးငွေ = Bonus
12. ဝန်ဆောင်ခ / လုပ်ခ/ဝန်ကြေး/လစဉ်ကြေး = Fee
13. ထောက်ပံ့ကြေး = Grant
14. အကြွေး = Debt
15. ပင်စင်လစာ = Pension
16. အစုပေါ်ရှယ်ယာငွေ = Dividend
17. စုငွေ = Savings
18. မတည်ငွေ = Capital
19. လက်ဖက်ရည်ဖိုး = Tea money
20. အလှူငွေ = Donation money
21. နှုတ်ပိတ်ခ = Hush money
22. ကျသင့်ငွေ = Bill
23. လက်ကျန်ငွေ = Balance
24. ဝင်ငွေ = Income
25. ကုန်ကျစရိတ် = Expense
26. အမြတ်ငွေ = Profit
27. ယာဉ်စီးခ = Fare
28. စရံငွေ = Deposit
29. ပြန်အမ်းငွေ = Change
30. ရန်ပုံငွေ = Fund
31. အတိုး = Interest
32. ဉာဏ်ပူဇော်ခ = Honorarium
33. ချွေးနှဲစာ = Hard-earned money
34. အိတ်ကပ်ထဲကငွေ = Pittance
35. လာဘ်ထိုးငွေ = Bribe
36. အချောင်ရသောငွေ = Easy money
37. ပြန်ပေးဆွဲခံရသူကိုကယ်ရန်ပေးရသောငွေ = Ransom
38. ဆုငွေ = Reward
39. လျော်ကြေး / နစ်နာကြေး = Compensation
40. အရစ်ကျပေးချေရသောငွေ = Installment
41. ငွေသား = Cash
42. အကြွေ = Small change
43. ငွေကြေး = Currency
44. Digital money = ဒီဂျစ်တယ်ပိုက်ဆံ ( Kpay,Wave pay....)
45. Expenditure = အသုံးစရိတ်
46. Note = ငွေစက္ကူ
47. Remittance = ပို့ငွေ/လွှဲငွေ
48. Outgoings = ထွက်ငွေ
49. Windfall = မမျှော်လင့်ဘဲ ရလာသော ပိုက်ဆံများ
50. Inheritance = အမွေ
゚viralシfypシ゚viralシalシ
29/11/2025
ကဲကဲလာလာ တန်းစီးကြမယ်
စျေးသွားဝယ်ရ အောင်🎉Maison Margiela Sale
Novela Black Friday Members’ Sale
✅27 Nov to 2 Dec 2025
Novela
Bugis+
📍 #02-62/63
📍201 Victoria Street, Singapore 188067
🚇Nearest MRT station: Bugis
အာရှကလူတွေက တယ်လဲအကြံကောင်းတယ်
14/06/2025
မြစ်ဆုံ မှသည် ကိုယ့်ရဲ့ ချစ်ခြင်းတွေ တနိုင်ငံလုံး စီးဆင်းပါစေသား 🙏🙏
funny
#ဟာသ