Sky Mother Education Center

Sky Mother Education Center

Share

အမှတ်(၂၆)၊ကျောင်းကြီးလမ်း၊ကြည့်မြင်တိုင်မြို့နယ်၊ရန်ကုန်။
📞09422293961

14/06/2026

🌻မုန့်အမည်လေးတွေ ဖတ်ကြည့်မယ်😍😍😍



゚viralシ

Photos from Sky Mother Education Center's post 08/06/2026

#ကလေးများနဲ့မကင်းသူတွေ
အားလုံးပါဘဲ
ဘိုးဘိုး ဖွားဖွား
ဖေဖေမေမေ ကိုကို မမ
ညီမလေး မောင်လေး
ဦးဦး ဒေါ်ဒေါ်
ဆရာ ဆရာမ............. #
😍😍😍

သားသမီး ကိုချစ်ရင်ခိုင်းပါ...
နေရာ တကာလိုက်မလုပ်ပေးပါနဲ့..
သူ့အ ရွယ်နဲ့တန်တဲ့အလုပ်တွေကိုခွဲတမ်းချပေးပါ...

ပန်း ကန်ဆေးခိုင်းပါ...
တံမြတ်စည်းခိုင်းခိုင်းပါ...
အိပ်ယာသိမ်းခိုင်းပါ..
ရေခဲသေတ္တာထဲရေဘူးတွေဖြည့်ခိုင်းပါ...
အိမ်သာဆေးခိုင်းပါ..
အိမ်အကူရှိရင်လည်း တခြားသူလုပ်နိုင်တဲ့အလုပ်တွေကိုလုပ်ခိုင်းပါ..

ဒီလိုလုပ်ခိုင်းတာဟာ
ကလေးကိုခိုင်းတယ်လို့မမြင်ပါနဲ့
အလုပ်တစ်ခုကို သူလုပ်နိုင်တယ်
သူလုပ်ပြီးသွားပြီ သူလုပ်တတ်တယ်ဆိုတဲ့
ယုံကြည်မှုကိုတဖြေးဖြေးချင်း
တည်ဆောက်ပေးတာပါ...

ကလေးကိုချစ်ရင် နေရာတကာလိုက်လုပ်မပေးပါနဲ့...
ခိုင်းပါ..

စလုပ်လုပ်ချင်းမှာတော့ အချိုးမပြေတာတွေ
Concept မမိတာတွေ ကျကွဲတာတွေ
မသေသပ်တာတွေဖြစ်ပေမယ့်....
ဒီအချက်တွေဟာ ဘာ့ကြောင့်ဖြစ်ရတယ်
မဖြစ်အောင်ဘယ်လိုလုပ်ရမယ်
နောက်တစ်ခါဖြစ်ရင် ဘယ်လိုတာဝန်ယူရမယ်
ဆိုတာမျိုးအကျင့်လုပ်ပေးပါ..

ပန်းကန်ကွဲရင် မုန့်ဖိုးထဲကပြန်ဝယ်ရမယ်ဆိုတာမျိုး...
ဒီအလုပ်ပြီးမှ အပြင်ထွက်ဆော့ရမယ်ဆိုတာမျိုး
ဒီဟာမပြီးရင် ဟိုဟာလုပ်ခွင့်မပြုဘူးဆိုတာမျိုး
အကျင့်လုပ်ကြည့်ပါ...

ရိုက်နှက်တာထက်စာရင်
တာဝန်ယူမှုရှိအောင်လုပ်ပေးခြင်းက
ပိုထိရောက်ပါတယ်..

ဘာမှမလုပ်တတ်တဲ့ကလေးတွေဟာ
ဘာမှမသိပါဘူး...
အလုပ်သေးသေးလေးတွေ
မလုပ်ဖူးတဲ့ကလေးတစ်ယောက်ဟာ
ယုံကြည်မှုလည်းမရှိကြပါဘူး...
"ဒါလေးများ သားလုပ်တတ်တယ်"
"အဲဒါ သမီးလုပ်တတ်တယ်" ဆိုတဲ့စကားတွေ
သင့်ကလေးဆီကကြားဖူးပါသလား...
မှားမှာမစိုးရိမ်ပါနဲ့
သင့်ကလေးမလုပ်ဖူးမှာကိုပဲကြောက်ပါ...

အသက်၁၆နှစ်အရွယ်လူငယ်တစ်ယောက်ဟာ
ဖုန်းမပြောတတ်
ရပ်ကွက်ရုံးမှာထောက်ခံစာမဖြည့်တတ်..
အိမ်ကလိုက်မပို့ရင်
ဘယ်မှမသွားတတ် မလာတတ်
ဧည့်သည်လာရင် အိမ်ထဲဝင်ပြေး
ဘာတစ်ခုမှမသိဘဲ
ကျူရှင်တက်ဖို့နဲ့စာကျက်ဖို့
ရတဲ့စာကိုအလွတ်ချရေးပြီး
အဆင့်၁ရဖို့သာကြိုးစားနေတယ်ဆိုရင်
ဒါဟာတော်တော်လွဲမှားနေတဲ့
အုပ်ထိန်းမှုအောက်မှာကြီးပြင်းလာတဲ့
ကလေးဖြစ်နေတာသေချာပါပြီ...

အသက်၂၀ကျော်တဲ့အထိ
ထမင်းခူးပေးရတုန်း...
မိဘမချက်ထားရင် ဘာမှမစားတတ်ဘူး
ဘာလုပ်လုပ်မိဘပါမှလုပ်တတ်တယ်
မိဘပြောမှစလုပ်တယ် ဆိုတာ
ဂုဏ်ယူရမယ့်အရာတွေမဟုတ်ပါဘူး.....

သင့်ကလေးသင့်ကိုလိုအပ်တာထက်ပိုပြီး မှီခိုလွန်းနေတာဟာ
သင့်ကိုချစ်လို့ဆိုတာထက်
သင်သူတို့ကိုမသုံးမကျအောင်
ပုံသွင်းထားခဲ့လို့ဆိုတာ မမေ့ပါနဲ့။
'နေရာတကာအမေပါရတယ်'ဆိုတာ
ဂုဏ်ယူစရာစကားမဟုတ်ပါဘူး

ကိစ္စသေးသေးလေးတွေကို
သူကိုယ်တိုင်အစအဆုံးလုပ်တတ်ဖို့
စဉ်းစားတတ်ဖို့ တာဝန်ယူတတ်ဖို့
တဖြေးဖြေးချင်းသင်ပေးပါ...

ဒါမှသာ တဖြေးဖြေးချင်း
လောကရဲ့ပြဿနာတွေကို
သူတို့ဘယ်လိုဖြေရှင်းရမလဲဆိုတာ
တွေးတဲ့အကျင့်ရသွားမှာဖြစ်ပါတယ်...

အပြိုင်အဆိုင်ဖွင့်လာကြတဲ့
အမှန်အကန်ကျောင်းတွေရော
အကြံအဖန်ကျောင်းတွေမှာပါ
သူများထက်သာဖို့ငွေတွေအကုန်ခံပြီး
သင်တာလည်းသင်ပါ.....

အရာတော်တော်များများကိုလည်း
ကိုယ်တိုင်သင်ပေးပါ....
ကိစ္စတော်တော်များများကို
သူတို့ကိုယ်တိုင်ဆောင်ရွက်ခိုင်းပါ.....
လူတော်တော်များများနဲ့ထိတွေ့ခိုင်းပါ.....

လောကမှာစာတော်ဖို့လိုအပ်သလို
အကင်းပါးဖို့ လူရည်လည်ဖို့
လူ့အထာနပ်ဖို့နဲ့ သူတို့ကိုယ်သူတို့ဘယ်ကိစ္စမှာမဆို
ယုံကြည်မှုအပြည့်ရှိဖို့လည်း
လိုအပ်တယ်ဆိုတာ သတိပြုပါ...

ကျွန်တော်တို့နိုင်ငံကကျောင်းတွေမှာ
မစဉ်းစားခိုင်းပါဘူး
ဤ သည်မရွေးကျက်ခိုင်းပါတယ်
ဆရာမတွက်နည်းအတိုင်းမတွက်ရင်
အမှတ်မရပါဘူး
ဒါသင် ဒါကျက် ဒါရ ဒါဖြေစနစ်နဲ့
စခန်းသွားခဲ့တာ မျိုးဆက်၂ဆက်မကတော့ပါဘူး

အိမ်တွေရဲ့ထိန်းကျောင်းမှုကလည်း
လုံးဝပစ်ထားတဲ့မိဘနဲ့
အကုန်လိုက်ကြည့်နေတဲ့မိဘတွေနဲ့သာ
ကြီးပြင်းလာရတော့
လူငယ်တွေရဲ့ခေါင်းထဲမှာ
စဉ်းစားတဲ့ချိန်ဆိုတာ game နှိပ်မှပဲပေါ်လာတဲ့အခြေအနေဖြစ်လာပါတယ်...

နည်းနည်းလေးမေးခွန်းလှည့်လိုက်တာနဲ့
မဖြေတတ်တော့ဘူး...
နည်းနည်းလေးမိဘမပါတာနဲ့
ယုံကြည်မှုမရှိကြတော့တဲ့အထိဖြစ်နေပါတယ်...

ခေါင်းမပါတဲ့လူငယ်တွေကြီးလာခဲ့လို့
တိုင်းပြည်လည်းအခွံပဲကျန်ပါတော့တယ်

စဉ်းစားတတ်တဲ့မျိုးဆက်တစ်ခု
ယုံကြည်မှုအပြည့်ရှိတဲ့မျိုးဆက်တစ်ခု
ဖန်တီးနိုင်စွမ်း ထိုးဖောက်နိုင်စွမ်းရှိတဲ့
မျိုးဆက်တစ်ခုဖန်တီးပေးဖို့
အချိန်တော်တော်တောင်နောက်ကျနေပါပြီ

ဒါကြောင့်
မူကြိုပို့ဖို့ပဲမစဉ်းစားကြပါနဲ့
ကျောင်းကောင်းကောင်းထားဖို့တစ်ခုပဲ
အာရုံမစိုက်ကြပါနဲ့
သူများထက်အမှတ်ကောင်းဖို့တစ်ခုပဲ
တွန်းအားမပေးပါနဲ့...

သူတို့ဖာသာသူတို့ စဉ်းစားတွေးခေါ်ဖို့
အလှည့်ပေးလိုက်ပါ....
သူတို့တာဝန်သူတို့ယူတတ်ဖို့
သူတို့ဘဝကိုသူတို့အမှန်တကယ်ကျေနပ်ကြဖို့
အခွင့်အရေးပေးလိုက်ပါ...
'ဘာမဆိုငါလုပ်နိုင်တယ် '
'ငါလုပ်တတ်တယ်ဆိုတဲ့'
ယုံကြည်မှုမျိုးကိုသာ ဖန်တီးပေးလိုက်ပါ...

ဒါဟာ
သူတို့အတွက်သင်ပေးနိုင်တဲ့
တစ်ဘဝလုံးစာအကောင်းဆုံးလက်ဆောင်ပါ....

Credit:
゚viralシ

Photos from Sky Mother Education Center's post 04/06/2026

"ည" 🌝🌠🌌
ကဗျာလေး ရွတ်ဆိုရင်း ရေးမယ်ကွယ်😍😍



#မြန်မာအက္ခရာကဗျာများ

04/06/2026

"ဈ"
🤩ဈ.....ဈေးကိုကွယ် 🫱🫲
‌ဈေးဝယ် ထွက်ကြမယ်🙋
😍ဈေးသည်ဆီမှာ ....
ဈေးဝယ်ဖို့ ဈေးခြင်းတောင်းလေး ယူခဲ့စို့။🧺🧺🧺

.

#မြန်မာအက္ခရာကဗျာများ

01/06/2026

📚🏫 ခုလို #ကျောင်းဖွင့်စ နေ့လေးမှာ သူတို့ရဲ့ တစ်နေ့တာလေးတွေ ပြောပြခွင့်ရတဲ့အခါ ကလေးတွေမှာ
✨ စကားပြောစွမ်းရည် ပိုမိုဖွံ့ဖြိုးလာခြင်း✨

♥️အတွေးအမြင်တွေကို စနစ်တကျ ဖော်ပြတတ်လာခြင်း✨ နားထောင်သူနဲ့ ဆက်သွယ်ပြောဆိုနိုင်စွမ်းရည် တိုးတက်လာခြင်း✨ ကိုယ့်ကိုယ်ကို ယုံကြည်မှု မြင့်တက်လာခြင်း✨ အမှတ်တရများကို ပြန်လည်စီစဉ်တွေးတောတတ်လာခြင်း🤩🤩🤩
စတဲ့ အကျိုးကျေးဇူးများစွာ ရရှိစေပါတယ်✨✨

💯ကလေးတစ်ယောက်ရဲ့ စကားပြောစွမ်းရည်က စာသင်ခန်းထဲမှာသာ မဟုတ်ဘဲ နေ့စဉ်ဘဝအတွေ့အကြုံတွေကို မျှဝေပြောဆိုရင်း တဖြည်းဖြည်း တိုးတက်လာတာ ဖြစ်ပါတယ်။ ❤️

ဒီနေ့ သင့်ကလေးရဲ့ ကျောင်းဖွင့်စနေ့ အမှတ်တရလေးကို နားထောင်ပေးပြီး သူတို့ရဲ့ စကားလုံးလေးတွေကို အားပေးကြရအောင်နော်။ 🌟🙋🏽‍♀️😘

🏫

#ကျောင်းဖွင့်စနေ့

01/06/2026

🏫🏫 #ကျောင်းဖွင့်စနေ့ သူမရဲ့တစ်နေ့တာလေး
သူငယ်ချင်းတွေနှင့်အတူ sharing 🤩🤩🤩🤩
1.6.2026



#ကျောင်းဖွင့်စနေ့

01/06/2026

🏫🏫 #ကျောင်းဖွင့်စနေ့ သူမရဲ့တစ်နေ့တာလေး
ပြန်လည်ပြောပြ😍😍😍😍
1.6.2026



#ကျောင်းဖွင့်စနေ့

31/05/2026

🙋‍♀️ယခုနှစ်မှာ Grade 3တက်ရမဲ့ Grade 3သားလေးရဲ့
🧏‍♀️🧏‍♀️
🤩🤩🤩🤩🤩




28/05/2026

👷🏻Happy Birthday 🎂🎂🎈🎉
သားလေး ဟိန်းသုတဈာန်
😍😍😍
🎂မွေးနေ့မှစ၍ ချစ်ရတဲ့မိသားစုနှင့်အတူ ပိုမိုပျော်ရွှင်စွာနေထိုင်သွားနိုင်ပြီး ပညာတတ်သူတော်ကောင်းလူရည်မွန်လေး ဖြစ်ပါစေ🎉🎉🎉

Tr.HlaineMoh
Sky Mother Education Center



27/05/2026

🙋‍♀️ယခုနှစ်မှာ Grade1တက်ရမဲ့ Grade1သားသားလေးရဲ့
🧏‍♀️🧏‍♀️
🤩🤩🤩🤩🤩




Want your school to be the top-listed School/college in Singapore?

Click here to claim your Sponsored Listing.

Location

Website

Address


Singapore