19/06/2026
ဒီနှစ်လဲ ဒီကလေးလေးတွေနှင့် တူတူဆက်ပြီး စာတွေကြိုးစားပေးပါမယ်နော်။
Year 1 ကလေးတွေက ငယ်လို့ Class Size သေးသေးပဲထားပါတယ်။ အများဆုံး ၁၀ ယောက်အထိပဲလက်ခံပါတယ်။ Year 1 လေးတွေပုံရိုက်ပြီးရင်ထပ်ဖြည့်ပါမယ်နော်။ ကျန်တဲ့အတန်းတွေလဲ ကျောင်းသားဦးရေအကန့်အသတ်ရှိပါမယ်။
အခုပုံလေးတွေက Year 2 to 6 Regular Class မှသားတို့၊ သမီးတို့နှင့် အမှတ်တရပါ။ 😍😍
ပညာသင်နှစ်အစမှသည် အဆုံးတိုင်အထိနေရာတခုခုမှ ထူးချွန်သူလေးများကိုယ််စီ ဖြစ်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်နော်။ 🙏🙏🙏
မှတ်ချက်။ တချို့ Year ၂ ခုတက်တဲ့ သားတို့ သမီးတို့ကတော့ ၂ တန်းလုံးမှာ ပုံလေးတွေပါနေမှာဖြစ်ပါတယ်။ ၂ တန်းတက်ရင် ဒုတိယအတန်းအတွက် ကျူရှင်လခတဝက်ပဲယူပါတယ်။ တတန်းထဲမှာ siblings ၂ ယောက်ရှိရင် ၁ ယောက် Free တက်လို့ရပါတယ်။ Tr ဘက်ကပြန်ပေးနိုင်တဲ့ ပညာဒါနလေးပါ။ 🙏 သားတို့၊ သမီးတို့နှင့်အတူ အကောင်းဆုံးပံ့ပိုးပေးတဲ့ ဖေဖေ၊ မေမေ၊ အုပ်ထိန်းသူအားလုံးကို ကျေးဇူးအထူးတင်ပါတယ်နော်။
14/06/2026
Regular Class တွေ 15 June စပါမယ်။
✅ တီချယ်ဘာသင်မှာလဲ။
1. ရှေ့အပတ်မှာ ဖြေရမယ့် English Quiz လေ့ကျင့်ပေးပါမယ်။
2. ဇွန်လ နောက်ဆုံးအပတ်မှာပြိုင်ရမယ့် Spelling Bee အတွက်ပြင်ဆင်ပေးပါမယ်။
3. Year 2 to 6 ကလေးတွေအတွက် Major ဘာသာ ၃ ခုရဲ့ Chapter End Test 1 / Chapter Review Test 1 နှင့် Year 1 ကလေးတွေအတွက်က Review 1 အတွက်ပြင်ဆင်ပေးပါမယ်။
See you!
10/06/2026
Year 6 Science.
How Seasons Change
A clear diagram showing how Earth’s revolution and axial tilt create different seasons. It explains summer, winter, spring, and autumn with sunlight angle and hemisphere position.
10/06/2026
Happy Birthday ပါ ဝတီ နှင့် ထည်ဝါရဲ့ဖေဖေ။ 🎂🎁🎉🎊
ဝတီလေး KG1 တုန်းက ထည်ဝါကငယ်တော့ Tr. က ဝတီ့ကိုစာမသင်နိုင်ဘူး။ သူ့ဖေဖေပဲသင်ပေးတာ။ 2A* နှင့် KG1 အောင်တယ်။ သူခရီးတွေထွက်ရတာများတော့ KG2 မှ ကိုယ်က ဝတီလေးကို စာစလုပ်ပေးတာ 3A* နဲ့အောင်တယ်။ ကိုယ်က ဖေဖေသင်တာ A* တလုံးလျော့နေတယ်ပေါ့။ “KG1 က Science မှမပါတာ” တဲ့။ 😅 ဟုတ်သားပဲနော်။ 😁 စာဘက်လှည့်ကိုမကြည့်နိုင်ခဲ့တဲ့အချိန်လေးမှာ ဝတီလေးကို အကောင်းဆုံးစာပြန်လုပ်ပေးခဲ့လို့ ကျေးဇူးတင်ရပါတယ်။ ဝတီလေးရဲ့ ကြိုးစားအားထုတ်မှု၊ ကျောင်းကသင်ကြားပြသမှုတွေကတော့ အဓိကပေါ့။
သူပြောတဲ့ဟာသလေး ဖောက်သည်ချဦးမယ်။ အာကြီး ၂၂ ကြာမှ ဖလားရတော့ ကိုယ်က အရမ်းပျော်ပြီး Page မှာ share လိုက်မယ်ကွာ ဆိုတော့
“တခြားအသင်း fan ဖေဖေ၊ မေမေတွေ သူ့ကလေးလေးတွေကို ကျူရှင်ထုတ်သွားပါဦးမယ်ကွာ” တဲ့။ 😅
အဲ့လို့အရွှန်းဖောက်တတ်သူပါ။ 😅😅😅
09/06/2026
ICT Class for Year 3 မနက်ဖြန်စဖွင့်ပါမယ်နော်။✅
Year 4, 5, 6 တွေ Thursday ဖွင့်ပါမယ်။ ✅
တက်ဖြစ်တဲ့ သားတို့၊ သမီးတို့က Payment screenshot လေးတွေ ဒီ page Messenger ကိုပို့ပေးထားပါနော်။ ကျေးဇူးအများကြီးတင်ပါတယ်။ 😍
payment လုပ်ပြီးသား ဖေဖေ၊ မေမေတွေက ဒီ message လေးကိုကျော်သွားလိုက်ပါနော်။ 🙏
Payment Info:
Kpay/ AYA pay
09444454488
Phyu Phyu Han
ICT Fees: 30000 kyat per month
Max Class Size: 15 pax
Myanmar Fees: 40000 kyat per month
Max Class Size: 15 pax
Regular Class Fees: 100,000 kyat per month (only 50000 for June)
‼️‼️ Payment information လေးထည့်ပေးထားလို့ ဖေဖေေ၊ မေမေတွေကို ကြိုတင်ပြောထားပေးတာပါနော်။ လူလိမ်တွေများလို့ပါ။ Tr. Phyu ဘယ်တော့မှ Viber/ Page Messenger/ Facebook Messenger စာပို့ငွေချေးမည်မဟုတ်ပါ။ ❌❌❌
07/06/2026
ICT class ကို Year 3 မှတက်ချင်တဲ့ကလေးတချို့လဲရှိတာကြောင့် Year 3 ကလေးတွေအတွက် တစ်ချိန်ထပ်ထည့်ပေးထားပါတယ်နော်။
06/06/2026
မြန်မာစာအတန်းလေး ဒီနေ့စပါပြီ။
ဒီကလေးလေးတွေလက်ရေးလှကြတယ်။ 😍
Year 6 နှင့် Year 7 ကလေးတွေပါ။
05/06/2026
မနက်ဖြန် မြန်မာစာကျူရှင်လာတဲ့အခါ ကျောင်းကပေးတဲ့ textbook လေးရယ်၊ ဗလာစာအုပ် ၁ အုပ်ရယ်ယူလာပေးပါနော်။ ကျေးဇူးပါ ကလေးတို့။
05/06/2026
✅ အတန်းသစ် ၂ ခုမိတ်ဆက် ✅
တီချယ့်ဆီမှာကျူရှင်တက်နေတဲ့ ကလေးမိဘတွေထဲက မြန်မာစာကို သေချာလေးကလေးကို တတ်စေချင်တဲ့ မိဘတွေ၊ ကလေးက ICT ကို ဝါသနာပါလို့ IG အထိကို A* ရည်ရွယ်ထားလို့အခုထဲက သေချာလုပ်ချင်တဲ့ကလေးလေးတွေပါပါတယ်။ ဘယ်ကျူရှင်လေးကောင်းလဲမေးကြတာရှိပါတယ်။ တီချယ့်ကျူရှင်မှာမသင်ဘူးလားဆိုတော့သင်ပါတယ်။ Tr ကလဲ ကလေးတွေကို Major ရော Minor ရောပါ A*, A အပြည့်ရအောင်သင်ပေးခဲ့ပါတယ်။ ဆက်လဲသင်ပေးပါမယ်နော်။
စကားလေးပြန်ဆက်ရရင်တော့ မေမေတွေအမေးများတဲ့ class ၂ ခု Optional ထည့်ပေးထားပါတယ်။ Optional ဆိုတဲ့အတိုင်း Compulsory မဟုတ်ပါ။ တက်ကိုတက်ရမယ်မဟုတ်ပဲ ကျောင်းသား နှင့် မိဘရဲ့သဘောအတိုင်းအပိုလေးဆောင်းတက်ချင်တဲ့အခါတက်လို့ရအောင်ပါ။ Tr သင်တာမဟုတ်ပဲ ဒီဘာသာရပ် ၂ ခုရဲ့ကျွမ်းကျင်ပိုင်နိုင်တဲ့ ဆရာမတွေကပဲသင်မှာပါ။
ဒါလေးတွေတက်ချင်ပေမယ့် အချိန်တိုက်နေလို့ မတက်ဖြစ်လဲ စိတ်တော့ပူစရာမလိုဘူးနော်။ တီချယ့်ထုံးစံအတိုင်း report card လေးလှအောင်၊ ပညာဗဟုသုတခေါင်းထဲစွဲအောင် ကြိုးစားသင်ပေးသွားမှာပါ။ မိဘတွေအမေးများတဲ့ class ၂ ခုဆရာကောင်းတွေနဲ့တွေ့အောင်စီစဉ်ပေးခြင်းသာဖြစ်ပါတယ်။
ICT Tr တွေရဲ့ qualifications တွေပါ။ 👩🎓👩🎓
Tr Thandar ( Master of Information Science, University of Computer Stidies , Yangon)
Tr Ya Min ( Bachelor Of Computer Studies, Yangon)
မြန်မာစာက တီချယ်ဝါပါ။ ဘွဲ့ရ အငြိမ်းစားကျောင်းဆရာမပါ။
မြန်မာစာ တစ်ပတ် စာသင်ချိန် ၃ နာရီ - တစ်လ ၁၂ နာရီ နှင့် တစ်လ ၄၀၀၀၀ ကျပ်ပါ။ 6 June စပါမယ်။ သင်တန်းနေရာ တောင်ဥက္ကလာပါ။ သုံးမယ့်စာအုပ်ကကျောင်းက မြန်မာ textbook ပါ။ ၃ နာရီအပြည့်မအားလဲ မနက် ၉ ကနေ နေ့လည် ၁၂ အထိအားတဲ့အချိန်၊ အဆင်ပြေတဲ့အချိန်လာတက်လို့ရပါတယ်။
ICT - Oxford Computing 4, 5, 6 Textbook ပါ။ Book 4 ဆို Year 4 ပါ။တစ်ပတ် ၁ ချိန်၊ တစ်ချိန် ၁ နာရီ၊ တစ်လ ၄ နာရီ နှင့် တစ်လ ၃၀၀၀၀ ကျပ်ပါ။ Google Meet နှင့် Online သင်ပေးမှာဖြစ်ပါတယ်။ Practical activities တွေမို့ ကလေးတွေတစ်နာရီဘယ်လိုကုန်သွားမှန်းမသိတဲ့ class မျိုးပါ။ 11 June စပါမယ်။
တီချယ့်စာသင်ချိန်မှာ တင်းကြပ်တာမျိုးတွေမရှိပါဘူး။ ကျောင်းသားက ထမင်းစားချိန်ဆို ထမင်းစားရင်းနားထောင်လို့ရပါတယ်။ စာလေးနားထောင် လိုက်တွေးရင်း မေးခွန်းမေးတဲ့အခါပြန်ဖြေရင်ရပါပြီ။ Discussion ပုံစံမျိုးလေးနဲ့လေ့လာသင်ယူကြပါတယ်။ သင်ခန်းစာနဲ့မဆိုင်တာတွေပြောမှသာဟန့်ရပါတယ်။ 😅 ကျောင်းသားနားဖို့အချိန်လဲအရေးကြီးပါတယ်။ Sunday ကို ကလေးနားရအောင်လွှတ်ထားတဲ့အတွက် Weekdays မှာ ICT timetable လေးထည့်ရတဲ့အတွက်လဲ အများကြီးအားနာရပါတယ်။
Tr ရေ Guide ရှိပြီးသားမို့ Tr ကျူရှင်တော့တက်ဖို့မလိုဘူး။ ICT ပဲဖြစ်ဖြစ်၊ မြန်မာစာပဲဖြစ်ဖြစ် စိတ်ဝင်စားလို့တက်ချင်တယ်ဆိုလဲတက်လို့ရပါတယ်။ Freedom of Choice ပါ။ ကျောင်းသားတွေအဆင်ပြေဖို့ပဲရည်ရွယ်ပါတယ်။
အပြင်ကဘယ်လိုပံ့ပိုးပေမယ့် ကျောင်းမှာသင်တုန်းအာရုံစိုက်ဖို့ကတော့ ပထမအရေးအကြီးဆုံးပါ။ ပထမအခေါက်သေချာလေ့လာမှတ်သားလာတဲ့အခါ ဒုတိယအခေါက်ဆိုတာ စာပြန်လုပ်တယ်ဆိုတာ Bonus လိုပါပဲ။
09444454488 ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်နော်။ စာအရှည်ကြီးဖတ်ပေးလို့ကျေးဇူးတင်
ပါတယ်။ 🙏