အရောင်းမရှိဘဲ ဝင်ငွေမရနိုင်ဘူး
အဲတော့ ရောင်းချင်ကြတာ သဘာဝပဲ...
ဒါဆို ရောင်းရဖို့ လူတွေလာမေးကြဖို့လိုတာပေါ့
လူတွေက မမြင်ဘဲ လာမမေးဘူး
လူများများမြင်လေ လာမေးသူများလေပဲ
ဒါကြောင့် များများလာမေးစေချင်ရင်
မြင်သူများအောင် content ပေါက်အောင် လုပ်ရတယ် ...
content ပေါက် မပေါက် မသိနိုင်တော့
နေ့စဉ် တန်ဖိုးရှိတဲ့ content တွေ တင်ပေးရတယ် ...
content ကောင်းလေ ပေါက်ဖို့အခွင့်အရေးများလေ
ပေါက်လေ လူများများမြင်လေ
လူများများမြင်မှ မေးမြန်းစုံစမ်းသူများလေ
ဒါမှ ရောင်းရဖို့ အခွင့်အရေးများလေပါ...
ဒါကြောင့် အဓိက အကျဆုံးဟာ
Quality Content တွေကို နေ့တိုင်းတင်နိုင်ဖို့ပါပဲ...
သင်ရော ဝင်ငွေကောင်းချင်ရင်
နေ့စဉ် Post တင်ဖို့ မမေ့ပါနဲ့...
Learning & Sharing with NYO
အရည်အချင်းတိုးတက်ဖို့၊ ကိုယ်ပိုင်အမှတ်တံဆိပ်တည်ဆောက်ဖို့၊
ဝင်ငွေအခွင့်အလမ်းအသစ်တွေ ဖန်တီးဖို့
သင်နဲ့အတူ လျှောက်လှမ်းပေးမယ့် Learning Partner ဖြစ်ပါတယ်။
အရင်းအနှီးမရှိတာက ပြဿနာမဟုတ်ဘူး
ဒီ(1) ချက်မရှိမှ ပြဿနာ‼
17/06/2026
ဝန်ထမ်းလုပ်ရင်း ကိုယ်ပိုင်လုပ်ငန်းစဖို့
အကောင်းဆုံး အစီအစဉ် (၃) ခု -
✅Skill Up: လုပ်ငန်းအတွက် လိုအပ်တဲ့
အတွေ့အကြုံကို ကုမ္ပဏီကနေ အခမဲ့ယူပါ...
✅Save Up: ကိုယ့်အရင်းအနှီးကို လစဉ်စုဆောင်းပါ...
✅Brand Up: Social Media မှာ
Personal Branding တည်ဆောက်ပြီး
Customer ကြိုရှာထားပါ...
ကိုယ်ပိုင်လုပ်ငန်းစဖို့ အလုပ်ထွက်ဖို့ မလိုပါဘူး
အခုချိန်ကစပြီး အလုပ်နဲ့ Branding ကို
တွဲလုပ်သွားဖို့ပဲ လိုတာပါနော်...
10ပုဒ်တင်တယ် 9ပုဒ်မပေါက်ဘူး
ဒီ Mindset ရှိတဲ့သူက အောင်မြင်လိမ့်မယ်‼
16/06/2026
အခွင့်အရေး တံခါးဖွင့်ချိန်ဆိုတာ ရှိတယ်
အခွင့်အရေးဆိုတာ ရတုန်းယူရတာပါ
အခွင့်အရေးနဲ့ကြုံတဲ့ခါ ကိုယ့်မှာ Skills ရှိမှ
ယူနိုင်မယ်...
ဒါကြောင့် မသိတာကို လေ့လာသင်ယူတာ
သင်တန်းတက်တာတွေက
Skills ရှိအောင်ဖြည့်တာပဲ ဖြစ်ပါတယ်...
ခေတ်နဲ့ ကိုက်ညီတဲ့ Skills မရှိရင်
အခွင့်အရေးနဲ့ လွဲတတ်တယ်...
ဒီနေ့ခေတ်မှာ ရောင်းကောင်းဖို့က
အပြင်ဆိုင်ခန်းနေရာကောင်းဖို့ထက်
Social Media မှာပေါက်အောင်လုပ်နိုင်ဖို့က
ပို အရေးကြီးပါတယ် ...
Social media ရဲ့ ထိုးဖောက်နိုင်စွမ်းအားဟာ
အရမ်းကို မြန်ပါတယ်
မိနစ်ပိုင်း စက္ကန့်ပိုင်းအတွင်းတောင်
ရောင်းအား ရာထောင်ချီ ရနိုင်လောက်အောင် မြန်ပါတယ်််...
ဒါကို မသိချင်ယောင်ဆောင်ထားလို့ မရပါဘူး
Online ပေါ်မတက်လဲ ရောင်းရတာပဲလို့
ခေါင်းမာနေလို့လဲ မရတော့ပါဘူး...
အပြိုင်အဆိုင်တွေ များလွန်းလှတဲ့ခေတ်မှာ
ကိုယ့်ဆိုင်နေရာ ဘယ်လောက်ကောင်းကောင်း၊
ပစ္စည်းဘယ်လောက်ကောင်းကောင်း
Social media marketing ကောင်းတဲ့သူတွေက
လူတွေရဲ့အာရုံကို အကုန်ယူပြီး
ကိုယ့် customer တွေကို ဝင်ယူသွားမှာပါ...
ကြာရင်ရောင်းအားကျပြီး ကိုယ့်စီးပွားရေး
ထိခိုက်လာနိုင်ပါတယ် ...
ဒါကြောင့် ကိုယ်လုပ်ငန်းကို လူသိအောင်််််််လုပ်ဖို့
Social Media Marketing နဲ့ Content Marketing ကို
မဖြစ်မနေ ရအောင်လုပ်ပါ...
တစ်လအတွင်း စနစ်တကျ လက်တွေ့လုပ်တတ်သွားချင်ရင်
MOB လာတက်ပါ...
Social Media ကသုံးတတ်ရင်
တကယ် အကျိုးရှိတဲ့ Asset ကြီးတစ်ခုပါ...
အမှန်တရားက
လွယ်ကူတဲ့အရာတော့မဟုတ်ဘူး
ကိုယ်တိုင်ကြိုးစားအားထုတ်ရတယ်
ကိုယ့်စီးပွားရေးဖြစ်လို့ ကိုယ်ခြေကိုယ့်လက်
ကိုယ့် Idea အကုန်သုံးရတယ်
အမြဲတမ်း တီထွင်ကြံဆ နည်းလမ်းရှာရတယ်...
အမြဲတမ်းဆက်တိုက်လုပ်နိုင်ရတယ် ...
ဒါတွေကို အချိန်တစ်ခုပေး ရင်းနှီးတည်ဆောက်
ထားနိုင်ရင် ဝင်ငွေရဖို့ဆိုတာ
တကယ်လွယ်ကူတဲ့ နေရာတွေဖြစ်ပါတယ် ...
အရှုံးမရှိတဲ့နေရာလို့လည််းပြောနိုင်ပါတယ်
နေ့စဉ် တင်သမျှ content တွေဟာ အမြဲတမ်းဝင်ငွေ
အခွင့်အလမ်းတွေရှာပေးနေတဲ့ အရာတွေပါပဲ...
ဒါကြောင့် ဘာပဲဖြစ်ဖြစ်
နေ့စဉ် post တင်ပါ...
ဒီတစ်ခုပေးနိုင်ရင် အရင်းအနှီးမရှိလည်း
အောင်မြင်လို့ရတယ်‼
အရင်းအနှီးမရှိရင် ဒီဝင်ငွေ ကောင်းစေမဲ့
Skill တွေကိုဖြည့်ပါ‼
တစ်ရက်ကို ဘယ်နှနာရီ
အလုပ်လုပ်တယ် ဆိုတာထက်
လုပ်လိုက်တဲ့အလုပ်က ဘယ်လောက်
ထိရောက်တယ််််််ဆိုတာ ပိုအရေးကြီးပါတယ်...
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
Singapore