Than Maw Aung Educator

Than Maw Aung Educator

แชร์

Train to Educate. Educate to Liberate. 🕊️

13/06/2026

Education နယ်ပယ်မှာ လုပ်ကိုင်ဖူးတဲ့ Marketing Manager Remote/Work from home (Project type or full time) တစ်ယောက် လိုအပ်လျက်ရှိပါတယ်ရှင်။

ကျောင်း /သင်တန်း/ ပညာရေး / မိဘနှင့်ကလေးဆိုင်ရာ Marketing အတွေ့အကြုံရှိပြီး

Social Media Page အမြောက်အမြားကို စီမံခန့်ခွဲဖူးသည့် အတွေ့အကြုံရှိသူ

Admissions Funnel သို့မဟုတ် Customer Journey (ကျောင်းအပ်နှံမှု အဆင့်ဆင့် လုပ်ငန်းစဉ်) ကို အခြေခံနားလည်သူ •

Meta Marketing သို့မဟုတ် Digital Campaign များ ပြုလုပ်ဖူးသည့် အတွေ့အကြုံရှိသူကို ဦးစားပေးပါမည်ရှင်။

အဓိက တာဝန်ဝတ္တရားများ (Key Responsibilities)

✅ Marketing မဟာဗျူဟာများနှင့် လစဉ် Campaign အစီအစဉ်များ ချမှတ်ခြင်း

✅ Facebook, TikTok, LinkedIn နှင့် YouTube တို့ရှိ Content များကို စီမံခန့်ခွဲခြင်းနှင့် ပိုမိုကောင်းမွန်အောင် ပြုလုပ်ခြင်း

✅ Marketing Team (Content Writer, Designer, Video Editor, Inquiry Staff) ကို ဦးဆောင်ခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းပေးခြင်း

✅ မိဘများ၏ စုံစမ်းမေးမြန်းမှုနှင့် ကျောင်းအပ်နှံခြင်းဆိုင်ရာ ဆက်သွယ်ရေးစနစ်ကို ပိုမိုကောင်းမွန်အောင် ပြုပြင်ခြင်း

✅ Content အရည်အသွေး၊ Performance နှင့် KPI များကို စောင့်ကြည့်စစ်ဆေးခြင်း

✅ ကျောင်း/သင်တန်း သင်ရိုးညွှန်းတမ်း အစီအစဉ်အမျိုးမျိုးအတွက် Content Calendar နှင့် Marketing ပလန်များ ရေးဆွဲခြင်း

✅ ကျောင်း/သင်တန်း တိုးတက်ရေးနှင့် သင်ရိုးသစ်များ မိတ်ဆက်ခြင်းတို့အတွက် လုပ်ငန်းခေါင်းဆောင်များနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း

◾️remote/work from home - လစာ ညှိနှိုင်းပါရှင်
◼️deadline : 18 June 2026

စိတ်ဝင်စားသူ မည်သူမဆို ကောမန့်မှာ ပေးထားတဲ့ google form ကနေတစ်ဆင့် လျှောက်ထားနိုင်ပါတယ်ရှင်။

လျှောက်ထားပြီးပါက "Done MM" ဆိုပြီး ဒီပေ့မက်စင်ဂျာကို စာပို့ပေးပါရှင်။

ကျေးဇူးပါရှင် 💛

13/06/2026

ဘားအံမှာ International School ဖွင့်ဖို့ စိတ်ဝင်စားပြီး
အတူ investment လုပ်ချင်တဲ့ လုပ်ငန်းရှင်တွေရှိရင် ဆက်
သွယ်ပေးပါရှင်။ ဖရန်ချိုက်မဟုတ်ပါဘူးနော်။
အတူပူးပေါင်းရင်းနှီးမြုပ်နှံပြီး စပ်တူပိုင်ဆိုင်ခွင့်ရမယ့် investment ပါ။
ယုံကြည်စိတ်ချရပြီး academic ပိုင်း နာမည် ရပြီးသားကျောင်းပါ။

03/06/2026

တစ်နေ့က ရန်ကုန်နဲ့ မော်လမြိုင် မှာ ဖွင့်ထားပြီးသား ကိုယ်ပိုင်ကျောင်းနဲ့ IS ကျောင်း collaborate လုပ်တဲ့ ကိစ္စတင်တာ ရန်ကုန်ဘက်က investor တွေ ...ကျောင်းဖောင်ဒါမဟုတ်တဲ့ လုပ်ငန်းရှင်တွေပါ ဆက်သွယ်လာကြတာ ဝမ်းသာစရာ တွေ့ရပါတယ်။

ကိုယ်ပိုင်ကျောင်းထောင်ထားသူမဟုတ်တဲ့ အခြားလုပ်ငန်း investor တွေကို မထည့်ထားတာက နောက်မှ သီးသန့်ဖိတ်ခေါ်တဲ့ ပို့စ်တင်ပေးမလို့ပါ။

ရှိရင်းစွဲကျောင်းတွေထဲမှာ ပို grow ဖြစ်ချင်တဲ့ကျောင်းတွေအတွက် အရင်ပို့စ်တင်လိုက်တာပါ။

ရန်ကုန် မန္တလေး မော်လမြိုင် နဲ့ အရင်က လာပြောထားကြတဲ့ အခြားနယ်မြို့တွေအတွက်ပါ နောက်ရက် ပို့စ်တင်ပေးသွားပါ့မယ်။ ကျေးဇူးပါရှင် 🙏💛

01/06/2026

ကိုယ်ပိုင်ကျောင်းလည်း မထားနိုင်ဘူး IS ကျောင်းလည်း
မထားနိုင်ဘူး .. နိုင်ငံတကာအဆင့်မြင့်ပညာရေးကိုလည်း ငွေအများကြီး ကုန်စရာမလိုပဲ ရနိုင်တဲ့လမ်းရှိလား?

ရှိတာပေါ့.. ရှိတာမှ ပုံလို့။

အရင်ဆုံး နိုင်ငံတကာ ပညာရေးဆိုတာ
မြန်မာပြည် အစိုးရပညာရေးလို အစိုးရက ထိန်းချုပ်ကန့်သတ်ထားတာမျိုးမဟုတ်ပါဘူး။

နိုင်ငံတကာ ဘုတ်အဖွဲ့တွေက ကြီးကြပ်ကွပ်ကဲ အကဲဖြတ်တာပါ။ ဥပမာ - Pearson, Cambridge တို့လိုပေါ့။

နိုင်ငံတကာ စာမေးပွဲစနစ်တွေရဲ့ အလှပဆုံးအချက်က "ကျောင်းတက်တဲ့ သက်တမ်း" ကို ကြည့်တာမဟုတ်ဘဲ
တကယ့် အရည်အချင်း Skill ကိုပဲ အဓိက အကဲဖြတ်တာပါ။

အတန်းမရှိလည်း ကိုယ်အရည်ချင်းမှီရင် မှီသလို ဝင်ဖြေလို့ရပါတယ်။

ကိုယ့်ကလေးက အရည်အချင်း ပြည့်မီနေပြီဆိုရင် ဘယ်ကျောင်းမှ မတက်ဘဲ အိမ်ကနေ Homeschooling လုပ်ပြီး၊

ဒါမှမဟုတ် အပြင်က သင်တန်းတွေနဲ့ လေ့လာပြီးလည်း ဝင်ဖြေလို့ ရပါတယ်။

အပြင်သင်တန်းက ကျောင်းတွေလို့ သင်ကြားရေးစနစ်က eco system တစ်ခုလိုတော့ ဖြစ်နေဖို့ပဲ လိုပါတယ်။

British council တို့လို exam center မှာ စာမေးပွဲကြေးသွင်းပြီး ဝင်ဖြေရုံပါပဲ။

◼️နောက်တစ်ချက်က နိုင်ငံတကာ ပညာရေးမှာ အောင်တာ ကျတာ မရှိဘူး။

မြန်မာပြည်က ပညာရေးစနစ်လို "အောင်တယ်၊ ကျတယ်၊ ဆယ်တန်းကျရင် ဘဝပျက်ပြီ" ဆိုတဲ့ စိုးရိမ်စိတ်မျိုး နိုင်ငံတကာပညာရေးမှာ မရှိဘူး။

နိုင်ငံတကာပညာရေးမှာ အောင်/ရှုံးထက်
ကိုယ်ရတဲ့ ရလဒ် (Grade/Score) က ကိုယ်သွားချင်တဲ့ ပန်းတိုင်နဲ့ ကိုက်ညီရဲ့လား ဆိုတာပဲ ကြည့်ပါတယ်။

ဥပမာ ကိုယ်က ဩဇီ ဖင်လန် စင်ကာပူ UK US မှာရှိတဲ့ ကမ္ဘာ့ထိပ်တန်း Top-tier တက္ကသိုလ်ကြီးတွေကို တက်ချင်တယ်ဆိုရင်

သူတို့သတ်မှတ်ထားတဲ့ အမှတ်ကောင်းအောင်
(ဥပမာ - A သို့မဟုတ် A* Grade တွေ) ရအောင် ဖြေဆိုနိုင်ဖို့လိုအပ်ပါတယ်။

အခြား ကျောင်းတွင်းလုပ်တဲ့ activity background ကိုကြည့်တယ်ဆိုပေမယ့် ဒါတွေကိုလည်း ဖြည့်ဆည်းလို့ရတဲ့ အခြားနည်းလမ်းတွေရှိပါတယ်။

နောက်တစ်ချက်က

နိုင်ငံတကာပညာရေးမှာ ကိုယ်လိုချင်တဲ့အမှတ် မရရင် ထပ်ဖြေလို့ရပါတယ်။

မြန်မာပြည်က စနစ်လို "တစ်ခါကျရင် တစ်နှစ် စောင့်" မဟုတ်ပါဘူး။

နောက်ထပ် အားသာချက်တစ်ခုက ဘာသာရပ်တွေကို ရွေးချယ်ဖြေဆိုခွင့်ရတာပါပဲ။

ကိုယ်ရွေးချယ်ထားတဲ့ ဘာသာရပ်အလိုက် ဖြေဆိုလို့ရတဲ့အပြင်

ဒီတစ်ကြိမ်မှာ ဘာသာရပ်အားလုံးဖြေဆိုလို့မှ လိုချင်တဲ့အမှတ် မရရင်

နောက်တစ်ကြိမ် Series မှာ အမှတ်မကောင်းတဲ့ ဘာသာရပ်ကိုပဲဖြစ်ဖြစ်၊

ပိုကောင်းချင်တဲ့ ဘာသာရပ်ကိုပဲဖြစ်ဖြစ် ထပ်ဖြေလို့ ရပါတယ်။

နိုင်ငံတကာ ပညာရေးလမ်းကြောင်းဆိုတာ ငွေအများကြီး ရှိမှ သွားလို့ရတာ မဟုတ်ပါဘူး။

ဒေါ်လာဂဏန်းနဲ့ ပေးမှ ရတာမျိုးမဟုတ်ပါဘူး။

စာမေးပွဲကြေးလောက်တော့ ပိုက်ဆံကြိုစုထားဖို့ အချိန်တွေလည်း အများကြီးရပါတယ်။

အဓိကက လမ်းကြောင်းသေချာ ပြပေး သေချာ guide ပေးနိုင်တဲ့သူပဲ လိုပါတယ်။

စနစ်ကို သေချာနားလည်တဲ့ မိဘက ဘေးကနေ လမ်းကြောင်းမှန်ပြပေးမယ်၊

ကလေးကလည်း အိမ်မှာတင် Internet ကနေတစ်ဆင့် တကယ့် အရည်အချင်း Skill set ရှိအောင် စနစ်တကျ ကြိုးစားမယ်ဆိုရင်

ကြီးမားတဲ့ ကျောင်းလခတွေ ပေးစရာမလိုဘဲ
ကမ္ဘာ့မြေပုံပေါ်မှာ နေရာတစ်ခုကို ကိုယ့်ခြေထောက်
ပေါ်ကိုယ်ရပ်ပြီး မားမားမတ်မတ် ယူနိုင်ပါတယ်

(နိုင်ငံတကာ ပညာရေးကို အခမဲ့ လေ့လာလို့ရတဲ့ website တွေကို ထပ်တင်ပေးသွားပါ့မယ်။)

Lynne(Than Maw Aung Educator)

31/05/2026

ရန်ကုန်ကျောင်းတော်တော်များလည်း လိုင်စင်မကျသေးလို့ Group တွေမှာ ပွဲဆူနေတာတွေ့ရတယ်

အရင်နှစ်ကလည်း ရန်ကုန်က နာမည်ကြီး IS ကျောင်းတွေ လိုင်စင်မရသေးလို့ ပွဲဆူသေးတယ်

ဟော.. ဒီနှစ် လိုင်စင်ကျတော့ အကုန်တိတ်သွားကြပြန်တယ်။

လိုင်စင်ဆိုတာမျိုးက လျှောက်ထားနေရင်တော့ ဒီနှစ်မရလည်း နောက်နှစ်ရကြမှာပါ။

ကျောင်းအသစ်တွေလည်း အမြဲပေါ်နေတော့ ပေါ်လာတိုင်း လိုင်စင်က လျှောက်နေရမှာပါပဲ။

တစ်သက်လုံး မရတာမှ မဟုတ်တာလေ။

ကျောင်းတွေဘက်ကလည်း ပညာရေးဘက်က
တောင်းတဲ့အချက်အလက်မပြည့်မချင်းတော့ လျှောက်နေကြမှာပဲ။

ကျောင်းတွေက ပိုတောင် ဖိဖိစီးစီး ဆောင်ရွက်
လျှောက်ထားကြမှာ။

အဲ့တော့ ရန်ကုန်မှာ ဘယ်ကျောင်းမှာဖြစ်ဖြစ် တက်နေတဲ့ မိဘတွေ အရမ်းကြီး စိတ်ပူပန်ပြီး Panic မဖြစ်ကြစေချင်ဘူး

international ပညာရေးကို IGCSE ထိ သွားမယ် စဉ်းစားထားရင် လိုင်စင်က မလိုအပ်ဘူး။

စာမေးပွဲဖြေရင်လည်း ဘယ်ကျောင်းမှာတက်တယ် ဘယ်မှာတက်တယ် ဘယ်သူမှ မမေးနေဘူး။

စာမေးပွဲကို ငွေသွင်းဖြေရုံပါပဲ။

နိုင်ငံတကာ ပညာရေးဆိုတာ လူတိုင်းအတွက် အခြေနေတိုင်းအတွက် ဘယ်သူမဆို ဝင်ဖြေလို့ရအောင် ဖန်တီးထားတာ။ human right အပြည့်ရှိတယ်။

ဘယ်အဖွဲ့အစည်းရဲ့ ထိန်းချုပ်မှုအောက်မှာမှ မရှိဘူး။

homeschool ပဲလုပ်လုပ် online learning ပဲလုပ်လုပ် အိမ်ခြေရာမဲ့မှာပဲ သင်သင် အကုန် ဝင်ဖြေဆိုခွင့် နိုင်ငံတကာပညာရေးအဖွဲ့က ပေးအပ်ထားတယ်။

အစိုးရသင်ရိုးသင် ကိုယ်ပိုင်ကျောင်းပြောင်းမှသာ placement test ဖြေဆိုဖို့ကို လိုင်စင်နံပါတ်လိုတဲ့အကြောင်းကို 2024-2025 မှ ကန့်သတ်လိုက်တာ။

မြန်မာပြည်မှာ အရင်က ဘယ် IS ကျောင်းတက်တက် ကိုယ်ပိုင်ကျောင်း ပြောင်းချင်ရင် placement test ဖြေပြီး ဝင်တက်ရုံပဲဆိုတော့ right အပြည့်ရှိခဲ့တာပေါ့လေ။

ခုနောက်ပိုင်းမှ ကိုယ်ပိုင်ကျောင်းပြောင်းချင်ရင်
placement test ကို လိုင်စင်နံပါတ်နဲ့ကန့်သတ်လိုက်တော့ IS ကျောင်းတွေကလည်း အမှီ လျှောက်ထားနေကြတာပဲ။

နောက်နှစ်ထိ ကိုယ်ပိုင်ကျောင်း ပြောင်းဖို့အစီစဉ်မရှိရင် online, homeschool, on campus တက်နေလို့ရတယ်။
ကျောင်းတွေကလည်း ကြိုးစားလျှောက်ထားနေကြတာပဲဆိုတော့။

ပြောင်းဖို့အစီစဉ်ရှိမှ ကိုယ်တက်နေတဲ့ကျောင်း လိုင်စင်လျှောက်ထားဆဲ အဆင့်ထဲဝင်ဖို့ လိုအပ်တာဖြည့်စွက်ပြင်ဆင်နေတာ ဘယ်လောက်ထိ ပြီးနေပြီလဲ မေးမြန်းစုံစမ်းကြည့်ပါ။

29/05/2026

မြန်မာပြည်မှာ လုပ်ချင်နေတဲ့ collaboration လေး။
ခေတ်အခြေနေမကောင်းလို့သာ မလုပ်ဖြစ်ခဲ့တာ။
မြန်မာပြည်မှာလေ ခေါင်းတွေများလွန်းလို့ သေးသေးစီဖြစ်နေကြတာ။

Professional တွေအချင်းချင်းစုစည်းမိရင် အတော်
အင်အားကောင်းပြီး အင်အားကြီးတဲ့ အဖွဲ့အစည်းအနေနဲ့ အများကြီး လုပ်လို့ရမှာ။

နိုင်ငံခြားသွားရင် corporate အဖွဲ့အစည်းကြီးတွေကို အရမ်းအားကျခဲ့ရတာ။

ကျွန်မကျောင်း​ေထာင်တုန်းကလည်း အစုအဖွဲ့နဲ့အင်အားတောင့်တောင့်တင်းတင်းနဲ့ လုပ်ချင်ပေမယ့်

အဲ့အချိန် IS ဆိုတာ အားနည်းနေသေးတော့ ကိုယ့် vision mission ကိုပြောပြရတာ နားမလည်ကြလို့သာ တစ်ယောက်တည်း စခဲ့ရတာ။

ခုချိန် တော်တော်များများ အမြင်တွေ ပိုပိုပွင့်လာကြပြီ။

တစ်ကောင်တည်း ရပ်တည်တာထက် အစုအဖွဲ့ကြီးနဲ့ အားကောင်းကောင်း ရပ်တည်ကြစေချင်တာ။

မိတ်ဆွေတွေနဲ့ စကားဖောင်ဖွဲ့တိုင်းလည်း တောက်တစ်
ခေါက်ခေါက် အားမလိုအားမရနဲ့ အမြဲပြောဖြစ်တာ

"ငါတို့ မြန်မာတွေ လူနှစ်ယောက်ရှိရင် နှစ်စုကွဲတယ် ပေါင်းစည်းတဲ့ mindset မရှိကြဘူး။

အထူးသဖြင့် generation တွေရဲ့ စံပြဖြစ်တဲ့ ပညာရေးနယ်ပယ်မှာဆို ပိုဆိုး။

နည်းနည်းတတ်လာရင် တစ်ကိုယ်တော် freelance လုပ်ခွဲထွက်ကြပြီ.. အင်အားတွေက နှမြောစရာ..

အဲ့ဒီအစား စုဖွဲ့ပေါင်းစည်းပြီး သွားတာက ခရီးလည်းအမြန်ရောက် အင်အားလည်း ပိုတောင့်၊ အင်ပါယာလည်း ပိုကြီးတာပေါ့" ဆိုပြီး..

အိန်း အားလုံးရဲ့ မြစ်ဖျားခံရာက ပညာရေးပါပဲ။

အခြေခံပညာမှာကိုက collaboration ကို မသင်ခဲ့ကြရတော့ စီပွားလုပ်ငန်းလုပ်ရင်လည်း အရာရာ သူများနိုင်ငံထက် နောက်ကျတာပဲ

ခု ကိုယ်တိုင် investment ထည့်လို့မရရင်တောင် ဉာဏ်အား ကြားခံချိတ်ဆက်ပေးနိုင်အားတွေကို လုပ်ပေးလို့ရပါသေးတယ်။

investment က အခြားကြောင့်မဟုတ်။ တို့ နာမည်နဲ့ငွေပါရင် မကြည်ကြမှာစိုးလို့ရယ် မထည့်တာနော်💛

ကဲ.. ကြာလို့ လုပ်လိုက်ကြမလား💛

29/05/2026

အန်တီတဲ့ ဟဲ့ရေ😭 သဝါး ဘာအလုပ်မှ မခန့်တော့ဘူး နင်တို့ကို😭

29/05/2026

ရန်ကုန်နဲ့မော်လမြိုင်မှာ Private ကျောင်း IS ကျောင်း ဖွင့်ထားပြီးသား မိတ်ဆွေကျောင်းဖောင်ဒါတွေ ပူးပေါင်းလုပ်ဆောင်တဲ့အပိုင်းကို စိတ်ဝင်စားသူများရှိလား?

✅ international education ecosystem,
✅ seamless student pathway,
✅ teacher development, academic quality နဲ့
✅ sustainable growth အတွက်

ပူးပေါင်းလုပ်ချင်သူများရှိရင် ဆက်သွယ်ပေးပါနော်။

ငွေကြေးရင်းနှီးမြှပ်နှံမှုသာမက academic ပိုင်း management ပိုင်း အရမ်းတော်ပြီး အတူပူးပေါင်းလုပ်ချင်တဲ့ ကျွန်မမိတ်ဆွေ တွေရှိပါတယ်။

ကျွန်မကိုယ်တိုင်လည်း လိုအပ်တာရှိရင် တာဝန်ယူ ပူးပေါင်းလုပ်ဆောင်ပေးပါ့မယ်။

မြန်မာနိုင်ငံမှာ quality ရှိဖို့ကြိုးစားနေတဲ့ private / international schools တချို့မှာ Academic Quality, System, Branding, Teacher Development, Enrollment Growth တို့ကောင်းချင်ပေမယ့် resources, systems, management structure ကြောင့် scale မဖြစ်နိုင်သေးတဲ့ကျောင်းကောင်းလေးတွေ အများကြီးရှိတာတွေ့ရပါတယ်။

တစ်ဖက်မှာလည်း meaningful collaboration, shared strengths, strategic investment တွေနဲ့ ပိုကောင်းတဲ့ education ecosystem တည်ဆောက်လို့ရမလားဆိုတာလည်း စိတ်ဝင်စားမိပါတယ်။

အထူးသဖြင့်

✔️ Quality တိုးချင်တဲ့ကျောင်း

✔️ Enrollment / branding / academic systems ကို strengthen လုပ်ချင်တဲ့ကျောင်း

✔️ Long-term education vision ရှိတဲ့ founders

✔️ Collaboration mindset ရှိပြီး win-win growth ကိုယုံကြည်တဲ့ကျောင်းဖောင်ဒါများနဲ့

founder-to-founder open conversation လုပ်ဖို့ ဖိတ်ခေါ်ချင်ပါတယ်ရှင် 🩵

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เว็บไซต์

ที่อยู่


Bangkok