The Amy

The Amy

แชร์

"Style Meets Soul"
✨ The Amy | Style Educator & Fashion Architect

Photos from The Amy's post 11/06/2026

"BLOOM ANYWAY"
(ဘယ်လိုပဲဖြစ်ဖြစ် ပွင့်လန်းပါ) 🌼
သူတို့က ပြောကြတယ်... အနက်ရောင်ဆိုတာ ဝမ်းနည်းပူဆွေးဖို့အတွက်တဲ့။
ဒါပေမဲ့ သူမကတော့ အဲဒီအမှောင်ထုကို ပန်းခင်းကြီးတစ်ခုလို ဝတ်ဆင်ပစ်လိုက်တယ်။

"Bloom Anyway" ဆိုတာ ဘယ်သူ့ဆီကမှ ခွင့်ပြုချက် တောင်းခံမနေဘဲ ကိုယ့်အတိုင်းအတာနဲ့ကိုယ် နူးညံ့စွာ ရုန်းကန်လှုပ်ရှားခြင်းအကြောင်း Mini Editorial တစ်ခု။

အေးစက်ဖြူဆွတ်နေတဲ့ ဟာလာဟင်းလင်း ပြင်ကျယ်ကို နောက်ခံထားပြီး ခန္ဓာကိုယ်ဟာ သဘာဝမြေပြင်တစ်ခုလို Grounded ဖြစ်တည်နေခဲ့တယ်... အနက်ရောင် အပေါ်အင်္ကျီနဲ့ ပါးလွှာတဲ့ စတော့ကင်တွေဟာ အာဟာရပြည့်ဝတဲ့ မြေဆီလွှာအလား၊ အဲဒီအပေါက်အပြဲတွေ ခိုင်မာမှုတွေ ကြားကနေ ဝါဝါဝင်းဝင်း ဂန္ဓမာပန်းတွေဟာ တိုးဝှေ့ထွက်လာကြတယ်။

မြန်မာ့ရိုးရာမှာတော့ အဝါရောင်ဂန္ဓမာပန်းဟာ အလှူအတန်း၊ ပူဇော်မှုနဲ့ ငါတို့စွန့်လွှတ်လိုက်ရတဲ့ အရာတွေအတွက် ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာတော့ သူမက အဲဒီပန်းတွေကို ကိုယ်တိုင်သိမ်းပိုက်ထားတယ်။ ပန်းအိုးထဲမှာ ရှိမနေဘဲ ခြေအိတ်တွေထဲကနေ ပန်းတွေဟာ လျှံကျနေတယ်။ တစ်ပွင့်ကတော့ သူမရဲ့ စကားသံတွေ ရှိမယ့်နေရာ (နှုတ်ခမ်းထက်) မှာ ပွင့်လန်းနေတယ် — ဒါဟာ သူမကို နှုတ်ပိတ်ဖို့ မဟုတ်ပါဘူး၊ အချို့သောအရာတွေဟာ စကားလုံးတွေထက် ပိုပြီး ကျယ်လောင်စွာ စကားပြောတတ်လို့ပါပဲ။

ဖက်ရှင်စတိုင်ကလည်း နုနယ်မှုနဲ့ သံချပ်ကာဝတ်စုံကို အပြိုင်အဆိုင် ကစားထားတယ် — အနက်ရောင် ဝတ်စုံနဲ့ တစ်ကိုယ်လုံးကို ထုပ်ပိုးထားတဲ့ကြားက ကလေးဆန်တဲ့ အပြာနုရောင် ခြေအိတ်လှိုင်းတွန့်လေးတွေနဲ့ ဖဲပြားချည် ဖိနပ်အထူကြီးတွေနဲ့။

ကလေးဘဝရဲ့ နုနယ်မှုနဲ့ လူကြီးတစ်ယောက်ရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက် တစ်နေရာတည်းပေါ့။ အခက်အခဲတွေ၊ ပင်ပန်းမှုတွေကို ကြံ့ကြံ့ခံ ကျော်ဖြတ်နိုင်ခဲ့ပြီး ပိုမိုတောက်ပတဲ့ အရောင်အသွေးတွေနဲ့ ပြန်လာခဲ့တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ပုံရိပ်ပေါ့။

ဘယ်လိုပဲဖြစ်ဖြစ် ကြွေကျရမယ့်အတူတူ... ဘယ်နေရာမှာ ကြွေမလဲဆိုတာ ငါကိုယ်တိုင်ပဲ ဆုံးဖြတ်မယ်။ 🌼

📷 Aung Min Soe
💄✨ Creative Direction, MUA & Styling: The Amy

10/06/2026

အိတ်လေးတွေကို ဘယ်လို တွဲမလဲ? Bag Guide👝💼👜 ကိုယ်ရော ဘယ်လိုလေး တွဲဖြစ်လဲ? Comment လေးပေးခဲ့နော်။


09/06/2026

ထိုင်းရောက်ရင် ဘယ်ဆိုင်တွေအရင်ဝင်ရမလဲ မျက်စိလည်နေလား? ထိုင်းသွားမယ့် Shopping Addicts တွေအတွက် Insider Guide! 🚨 ကိုယ့်အကြိုက်အလိုက်ရွေးဝယ်လိုက်တော့နော်။ တကယ်လို့ ဒီ Brand လေးတွေ ဝတ်ဖူးရင်လည်း Review လေး ပေးသွားလိုက်ဦးနော်။

ဒါလေးတွေကတော့ Amy's Choices လေးတွေမို့ Style ပိုင်းရော Quality ပိုင်းပါ စိတ်ချရတာတွေကိုပဲ ရွေးပြထားတာပါ။ နောက်တစ်ခေါက် ထိုင်းသွားရင် Checklist ထဲ ထည့်ဖို့ မမေ့နဲ့နော်! 📝✨

08/06/2026

၂၃ စက္ကန့်အတွင်း အဝတ်အစား ၆ စုံ တွဲမိစေမယ့် ရိုးရှင်းလွန်းတဲ့ Tips 🔥🔥

နေ့စဉ် Outfits ပြင်ဆင်တဲ့အခါ အသုံးဝင်စေမယ့် အရိုးရှင်းဆုံးနဲ့ အမိုက်ဆုံး ဖက်ရှင် Mix & Match လေးတွေကို ဗီဒီယိုထဲမှာ ကြည့်လိုက်တော့နော်။ 🥰

07/06/2026

အာရှ Vs အနောက်တိုင်း စတိုင်လ် ဘာတွေ ကွာလဲ? ကိုယ်ကရော ဘယ်လို မြင်လဲ? စိတ်ကြိုက် မန့်ခဲ့လို့ရပါတယ်နော်။ By the way Amy ရဲ့ အရှေ့က ဆံမြိတ်လေးက Video ရိုက်ပြီးမှ အရှေ့ထောင်နေတာ သိတယ်... 😁😁😁ရယ်ရတယ် ဆင်စွယ်လေးလို ဖြစ်နေတာ 🙊🙉🙈🦣🐘

06/06/2026

Swimming is my healing 🌊 ဒါကြောင့် ဒီ လက်သည်းလေး လုပ်လိုက်တာ ✨

05/06/2026

ကိုယ့်ရဲ့ စတိုင်က သူတစ်ပါးကို အားနာနေဖို့ မလိုဘူး။ 🖤🕶️

အဲစတိုင်လ်က ဘာ Style ဖြစ်မလဲ?

အမြင်အာရုံကို ချက်ချင်း ဖမ်းစားနိုင်မယ့် Geometric Cut-outs တွေ၊ High-Contrast Colors တွေနဲ့ ဖန်တီးထားတဲ့ Dramatic Look။ အိမ်မှာပဲ ရိုက်ထားပေမယ့် Vibes ကတော့ ကန့်သတ်ချက် မရှိဘူး။

04/06/2026

အဝတ်အစားတွေက တူတူပဲ... ဒါပေမဲ့ ဝတ်ဆင်ပုံ Styling နည်းနည်းလေး ပြောင်းလိုက်ရုံနဲ့ အမြင်အာရုံမှာ အရပ်ပိုရှည်ပြီး အချိုးအစား ပိုလှသွားစေနိုင်ပါတယ်။💃✨

03/06/2026

ပုခုံးကျယ်တဲ့သူတွေ အဝတ်အစားဝတ်တဲ့အခါ ပုခုံးကို ပိုပြီး ကားမသွားစေဘဲ သွယ်လျပြီး အပေါ်အောက် အချိုးအစား မျှတသွားစေဖို့က အရမ်းအရေးကြီးပါတယ်။ ✨

အမြင်အာရုံကို ဘေးတိုက် ကားမသွားစေမယ့် လည်ပင်းဟိုက်၊ ပုခုံးစောင်း ဒီဇိုင်းမျိုးတွေနဲ့ အောက်ပိုင်းကို ကားကားပွပွလေးတွေ တွဲဝတ်ပေးတာက ပုခုံးကျယ်တာကို ဖုံးကွယ်ပေးနိုင်ပါတယ်။ ကြိုးသေးသေးလေးတွေနဲ့ အောက်ပိုင်းအကြပ်တွေကတော့ ပုခုံးကို ပိုပေါ်လွင်စေလို့ ရှောင်ပေးတာ အကောင်းဆုံးပါပဲနော်။ အသေးစိတ်ကို ဗီဒီယိုထဲမှာ ဆက်ကြည့်လိုက်ရအောင် 😉🎬

#အဝတ်အစားရွေးချယ်နည်း

02/06/2026

လက်မောင်းကြီးသူတွေအတွက် Styling Tips လေးတွေ သိပြီးပြီလား? 👇

❌ ကြိုးသေးသေးထက် ➡️ ✅ ကြိုးပြားကြီးတာကို ရွေးချယ်ပါ။
❌ လည်ပင်းပိတ်တာထက် ➡️ ✅ Off Shoulder (ပခုံးဟိုက်) လေးတွေ ဝတ်ပါ။
❌ အသားထူတဲ့ Cardigan တွေထက် ➡️ ✅ ပေါ့ပေါ့ပါးပါး ကာဒီဂင်လေးတွေ ထပ်ဝတ်ပါ။
ဒါဆိုရင် လက်မောင်းအဆီတွေကို ဖုံးကွယ်ပေးပြီး ပိုမိုသွယ်လျတဲ့ စတိုင်လ်ကို ရရှိစေမှာပါခင်ဗျာ။ 🥰

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่


37 Lasalle 19 Alley, Bang Na Tai, Bang Na
Bangkok
10260