24/06/2026
"ဦးတည်ရာနဲ့ အားထုတ်ရာ
တထပ်တည်းကျဖို့
သိပ်အရေးကြီးတယ်။"
U Aung -LGTI
#အတွေးစာစုများ
Life Guide သည် သင့်ဘဝအောင်မြင်ဖို့အတွက် နှမ်းတစ်စေ့၊ လိုအပ်တဲ့အချိန် ကောက်ရိုးတစ်မျှင် ဖြစ်ပါလိမ့်မယ်
24/06/2026
"ဦးတည်ရာနဲ့ အားထုတ်ရာ
တထပ်တည်းကျဖို့
သိပ်အရေးကြီးတယ်။"
U Aung -LGTI
#အတွေးစာစုများ
ရလဒ်သေးလေးတွေကနေ အောင်မြင်မှုကြီးဆီသို့....
#အတွေးစာစုများ
23/06/2026
ရင်းနှီးမြှုပ်နှံမှုက အချိန် လုံးဝ မပေးရတဲ့အလုပ်လား❓
လူအများစုဟာ Investment လို့ ပြောလိုက်ရင် "ငွေထည့်ထားရုံနဲ့ အိပ်ပျော်နေရင်း ချမ်းသာမယ့်အလုပ်" ကိုယ်တိုင်ပါစရာမလို၊ အချိန်လည်းပေးစရာမလိုဆိုပြီး ထင်မှတ်မှားတတ်ကြပါတယ်။ ဒါဟာ အကြီးမားဆုံးသော လွဲမှားချက်တစ်ခု ဖြစ်ပါတယ်။ ❌
ဒီနေရာမှာ Investment ရင်းနှီးမြှုပ်နှံခြင်းဆိုတဲ့ အဓိပ္ပာယ်နဲ့ သဘောတရားကို သိဖို့အထူးအရေးကြီးပါတယ်။
Investment ဆိုတာ နောင်တစ်ချိန်မှာ ပိုမိုကြီးမားတဲ့ အကျိုးအမြတ်နဲ့ ကြွယ်ဝမှု ပြန်လည်ရရှိဖို့အတွက် မိမိဆီမှာ လက်ရှိရှိနေတဲ့ အဖိုးတန် အရင်းအမြစ် (Resources) တွေဖြစ်တဲ့
• ငွေကြေး (Financial Capital)
• အချိန် (Time)
• ကိုယ်ပိုင် ကျွမ်းကျင်မှု / ဂုဏ်သတင်း (Personal Resources) ဒါတွေထဲက တစ်ခုခုကို ထည့်ဝင်တာမျိုး ဖြစ်တယ်။
Investment ≠ Zero Time
Investment ဆိုတာ
အချိန် လုံးဝ မပေးရတဲ့အလုပ် မဟုတ်ပါဘူး❌
• ဈေးကွက် Info တွေကို စောင့်ကြည့်ဖို့
• Risk ကို ခန့်မှန်းဖို့
• Trend ကို လေ့လာဖို့
• ဆုံးဖြတ်ချက်တွေ လိုအပ်ရင်ပြင်ဆင်နိုင်ဖို့
အနည်းဆုံး အချိန်တစ်ခုတော့ မဖြစ်မနေ ပေးရပါတယ်။
မိတ်ဆွေက "ငွေ" ပဲ စိုက်ထုတ်လိုက်တယ်လို့ ထင်ရင်တောင်မှ တကယ်တော့ အဲဒီငွေကို ရရှိဖို့အတွက်
မူလကတည်းက သင့်ရဲ့ အချိန်၊ လုပ်အား၊ အတွေ့အကြုံနဲ့ အရည်အသွေး တွေကို အရင်ဆုံး အလဲအလှယ်လုပ်ပြီး ရင်းနှီးပေးဆပ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် "ငွေ" ရဲ့ နောက်ကွယ်မှာ "အချိန်နဲ့ လုပ်အား" ဆိုတဲ့ မမြင်ရတဲ့ အရင်းအနှီးတွေ ပါဝင်နေပြီးသား ဖြစ်ပါတယ်။
ရင်းနှီးမြှုပ်နှံမှု အမျိုးအစားပေါ် မူတည်ပြီး
"အချိန်ပေးရမှု ပမာဏ" ကွာခြားနိုင်ပေမယ့်၊
ပုံစံနှစ်မျိုးစလုံးမှာ အချိန်တစ်ခုကတော့
မဖြစ်မနေ ပေးရတာပါပဲ။
ဥပမာ - နေ့စဉ် လုပ်ကိုင်နေရတဲ့ Active Investment ပုံစံမှာဆိုရင်တော့ နေ့စဉ် စီမံခန့်ခွဲဖို့နဲ့ ဆုံးဖြတ်ချက် ချက်ချင်းချဖို့အတွက် "အချိန်ပေးရမှု ပမာဏ မြင့်မား" တတ်ပါတယ်။
တစ်ဖက်က ရွှေ၊ မြေ သို့မဟုတ် ရှယ်ယာတွေ ဝယ်ထားတဲ့ Passive Investment ပုံစံမှာလည်း နေ့စဉ် အလုပ်ရှုပ် မနေပေမယ့် ဈေးကွက် Info တွေကို
စောင့်ကြည့်ဖို့၊ Trend ကို လေ့လာဖို့နဲ့
အန္တရာယ် (Risk) ကို တွက်ချက်ဖို့အတွက်
"မဖြစ်မနေ ပေးရမည့် အချိန်တစ်ခု" ရှိနေပြန်ပါတယ်။
လိုအပ်တဲ့ အချိန်တစ်ခုမပေးနိုင်ဘဲ "ငွေထည့်လိုက်ရင် အလိုလို ချမ်းသာမယ်" ဆိုသူများ နောက်ဆုံး အကြီးအကျယ် ဆုံးရှုံးကြတာပါ။
ဥပမာ လူတစ်ယောက်ဟာ "ရွှေဈေး သို့မဟုတ် မြေဈေး တက်နေတယ်" ဆိုတဲ့ အသံကြားရုံနဲ့ ဘာဆန်းစစ်ချက် (Analysis) မျှ မလုပ်ဘဲ၊ အချိန်လည်း ပေးပြီး မလေ့လာဘဲ ရှိသမျှငွေ ပုံအော ထည့်လိုက်ပါတယ်။
တစ်ချိန်မှာ Global Demand လျော့ကျပြီး ဈေးနှုန်းတွေ ပြန်ကျသွားတဲ့အခါ သူ ဘာကြောင့်ကျလဲ မသိသလို၊ ကြိုတင်ပြင်ဆင်ထားတဲ့ အစီအစဉ် (Exit Plan) လည်း မရှိတဲ့အတွက် ရေရှည်မှာ "အမြတ်ရဖို့ထက် အရင်းပြန်ရဖို့ပဲ ထိုင်စောင့်ရင်း ဈေးကွက်ထဲ ပိတ်မိနေသူ" ဖြစ်သွားပါတော့တယ်။
ဒီလို မသေချာ မရေရာတဲ့ ဈေးကွက်ထဲမှာ အန္တရာယ်ကင်းကင်းနဲ့ Right Investment ဖြစ်စေဖို့ အခြေခံအယူအဆတွေကအစ Risk & Challenge ခွဲခြမ်းစိတ်ဖြာနည်း Framework တွေအထိ စနစ်တကျ သင်ကြားပေးမည့် RIGHT INVESTMENT - RI Master Class Batch-2 ကြီး ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။
**(သင်တန်းအပ်နှံသူ အထူးများပြားလို့ အမြန်အပ်နှံပါ)**
📥 သင်တန်းတက်ရောက်လိုပါက အခုပဲ Comment တွင် "RI" ဟု ရေးသားခဲ့ပါ။
LGTI-Life Guide Training Institute
ဒီလိုလူ ၉ မျိုးကို မရှောင်နိုင်ရင် ကိုယ်ပေါင်းစိတ်ခွာပုံစံနဲ့ဆက်ဆံပါ....🚩
၁/ မရိုးသားသူ
၂/ စိတ်ဓာတ်မကောင်းသူ
၃/ အပျက်သဘောဆောင်သူ
၄/ သံသယများသူ
၅/ ထောင်လွှားသူ
၆/ ကျင့်ဝတ်မရှိသူ
၇/ မစ္ဆရိယစိတ်ရှိသူ
၈/ ကိုယ်ချင်းစာတရားကင်းမဲ့သူ
၉/ သည်းခံစိတ်မရှိသူ
မိတ်ဆွေတို့ပတ်ဝန်းကျင်မှာ ဒီလိုလူတွေအများကြီး
တွေ့ရပါလိမ့်မယ်။ စိတ်ဓာတ်အခြေခံ မကောင်းခြင်းကနေအစပြုပြီး ကျန်တဲ့ Professionalism လို့ခေါ်တဲ့ ကိုယ့်ရဲ့ကျွမ်းကျင်တတ်မြောက်မှု၊ ကိုယ်ရည်ကိုယ်သွေးစတဲ့အရည်အသွေးတွေအပေါ်မှာပါ ထိခိုက်စေတဲ့ တွေးကြံ၊ ပြုမှု၊ ပြောဆိုခြင်းတွေကိုပါ လုပ်ဆောင်လာပါလိမ့်မယ်။
ဒီလိုလူတွေမှာ မရိုးသားခြင်းကို ထမင်းစားရေသောက်လိုကျင့်သုံးနေပြီး အမြဲတမ်း ဆင်ခြေအဆင်သင့် ရှိတတ်ပါတယ်။ ဘာလာလာ အပျက်သဘောကိုသာတွေးတတ်လေ့ရှိပြီး လူတစ်ဘက်သားအပေါ်မှာ အကောင်းမြင်စိတ်မရှိတတ်ဘဲ အပြစ်မြင်စိတ်၊ အပြစ်တင်စိတ်ကသာ ရှေ့ကဦးဆောင်နေတတ်တော့ အဲဒီသူတွေမှာ
ရလဒ်ကောင်းဘယ်တော့မှ မရှိတတ်ပါဘူး။
သံသယများသူတွေကြည့်လိုက်ရင်လည်း အမြဲတမ်းပူလောင်နေတတ်တာ တွေ့ရပါတယ်။ ဒီလူတွေဟာ သူတစ်ပါးအပေါ်သံသယများတတ်ရုံတင်မကဘဲ ကိုယ့်ကိုယ်ကိုယ်လည်း သံသယအမြဲဝင်တတ်တဲ့သူတွေပါ။ စဉ်းစားချင့်ချိန်နိုင်စွမ်းအားနည်းပြီး သဘောထားအလွန်သေးသိမ်တတ်သူပါ။ သံသယစိတ်ကြောင့် အရာရာရှေ့ဆက်မရဘဲ သူ့ကိုယ့်သူ ပိတ်မိနေတတ်ကြပါတယ်။
ပတ်ဝန်းကျင်မှာ ဒီလိုလူတွေအများကြီးရှိပါတယ်။
တချို့ဆိုရင် တလောကလုံးကို သူ့လုပ်စာစားနေတဲ့သူတွေလိုထင်ပြီး အထက်စီးဆက်ဆံတတ်ခြင်း၊
တစ်စိတ်ကို တစ်အိတ်လောက်ကြွားဝါတတ်ခြင်း၊ တစ်ပါးသူအပေါ် အထင်သေးတတ်ခြင်းတွေ
ဒီလို ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမှုလွန်ကဲတဲ့သူတွေမှာ တစ်ကိုယ်ကောင်းဆန်တာတွေပဲ တွေ့ရပါလိမ့်မယ်။
ဒါ့အပြင် အတ္တကြီးသူတွေလည်း တွေ့ဖူးကြပါလိမ့်မယ်။ သူတို့ထံမှာလည်း ကျင့်ဝတ်ဆိုတာ၊ ကိုယ်ချင်းစာတရားဆိုတာ၊ သည်းခံစိတ်ဆိုတာ လုံးဝမရှိပါဘူး။
အဲဒီလို အချက်တွေရှိနေတဲ့လူတွေနဲ့ မဖြစ်မနေအတူတူလုပ်ကိုင်နေရရင် အထူးသတိရှိဖို့လိုအပ်ပြီး
အဲဒီစက်ကွင်းကနေ လွတ်အောင်ရှောင်ရှားနိုင်ဖို့လည်း ကြိုးစားရပါမယ်။
ဒါပေမယ့် တစ်ခါတရံ ဘယ်လိုမှရှောင်လွှဲလို့မရဘဲ
မဖြစ်မနေ တွဲဖက်လုပ်ကိုင်နေရတယ်ဆိုရင်တော့
ကျွန်တော့်အဘွားသင်ပေးခဲ့တဲ့ လူပေါင်းနည်းဖြစ်တဲ့
"ကိုယ်ပေါင်း စိတ်ခွာ" နည်းနဲ့ ဆက်ဆံတတ်ဖို့
အထူးအရေးကြီးလှပါတယ်။
U Aung -LGTI
#အတွေးစာစုများ #သင်တန်းအပ်လို့ရပါပြီ
ပညာသယံဇတ ပိုအရေးကြီးတယ်....🚩
#အတွေးစာစုများ #သင်တန်းအပ်လို့ရပါပြီ
ဒီတစ်ကြိမ်သာ... ယခု "သင်တန်းကြေး" ဖြင့်
တက်ရောက်ခွင့်ရမည့် RI Master Class (Batch-2) ကို အမြန်ဆုံးအပ်နှံလိုက်ပါ။
ဒီသင်တန်းဟာ လစဉ် ပုံမှန်ဖွင့်လှစ်နေကျ
သင်တန်းမျိုး မဟုတ်သလို၊
နောင်တစ်ကြိမ် ပြန်လည်ဖွင့်လှစ်ဖြစ်ရင်လည်း
သင်တန်းကြေး အပြောင်းအလဲ ရှိပါလိမ့်မယ်။
**ရင်းနှီးမြှုပ်နှံမှုလောကမှာ စောစောသိသူက
အမြဲတမ်း အသာစီးရလေ့ရှိပါတယ်။**
သင်တန်းကို စောစောတက်ဖြစ်ခြင်းက
မိတ်ဆွေရဲ့ ရင်းနှီးမြှုပ်နှံမှုမှာ၊ ဓနဥစ္စာ ခွဲဝေမှုမှာ
အမှားအယွင်း ကင်းလာစေမှာဖြစ်ပြီး၊
မလိုလားအပ်တဲ့ ဆုံးရှုံးနစ်နာမှုတွေကို
ကြိုတင်ကာကွယ်ပေးသွားနိုင်မှာ ဖြစ်ပါတယ်။
သင်တန်းရက်စွဲ ရောက်ရှိဖို့ လချီလိုနေသေးသော်လည်း လက်ရှိမှာ အပ်နှံပြီးသူ များပြားနေပြီး
လူဦးရေ အကန့်အသတ်နဲ့ လက်ခံသွားမည်ဖြစ်လို့
အခွင့်အရေးကို လက်လွတ်မခံဘဲ ယခုပဲ အမြန်ဆုံး အပ်နှံထားကြဖို့ တိုက်တွန်းအပ်ပါတယ်ခင်ဗျာ။
Admin Team
LGTI - Life Guide Training Institute
#သင်တန်းအပ်လို့ရပါပြီ #𝗥𝗶𝗴𝗵𝘁𝗜𝗻𝘃𝗲𝘀𝘁𝗺𝗲𝗻𝘁
21/06/2026
🛑 ဘဏ်မှာ ...ဒီအချိန် ငွေအပ်သင့်လား ❓
"အရင်နှစ်ဘဏ်အပ်ငွေ သိန်း ၁၀၀၀ က ၉% အမြတ်နဲ့ အခု သိန်း ၉၀ အသားတင် မြတ်ပါတယ်၊ ဒါပေမဲ့
ဘာဖြစ်လို့ အဲဒီငွေ ၁၀၉၀ သိန်းက အရင်နှစ်က
သိန်း ၁၀၀၀ တန်ပစ္စည်းပြန်ဝယ်ဖို့ ၂၅% ပိုစိုက်နေရတာလဲ" အဲဒါအဖြေပါ။
ကမ္ဘာ့ဘဏ်ရဲ့ မကြာသေးခင်က ထုတ်ပြန်ချက်မှာ လက်ရှိ မြန်မာနိုင်ငံရဲ့ Inflation က ၂၅% လို့ ဆိုထားတာပဲကြည့်ရင် ဒီအချိန် ဘဏ်မှာ ငွေကို အသေစုထားခြင်း သို့မဟုတ် အတိုးနှုန်း ၈%၊ ၉% ပဲရတဲ့ Fixed Deposit တွေထဲမှာ ငွေအကြာကြီး ပစ်ထားခြင်းဟာ ရေရှည်မှာ Wealth Destruction (ကြွယ်ဝမှု ပျက်စီးခြင်း) ကို ဦးတည်နေပြီး လက်ရှိ Inflation နဲ့ဆို ၁၆% ရှုံးနေပါလိမ့်မယ်။ (တကယ်တော့ အချို့ကဏ္ဍတွေမှာ ဒီထက်ပို ရှုံးပါမယ်)
ဒါဟာ လက်ရှိ မြန်မာ့စီးပွားရေးလောကမှာ လုပ်ငန်းရှင်တိုင်း ကြုံတွေ့နေရတဲ့ "အမြတ်ယောင်ဆောင်တဲ့ အရှုံးထောင်ချောက်" ပဲ ဖြစ်ပါတယ်။ စာရင်းအရတော့
(Real Profit) မြတ်နေတာ မှန်ပါတယ်။ ဒါပေမဲ့ တကယ့် လက်တွေ့မှာတော့ သင်ဟာ ရာခိုင်နှုန်းအလိုက် အကြီးအကျယ် ရှုံးနိမ့်နေပါတယ်။
ငွေဖောင်းပွမှု (Inflation) ဆိုတာ အသံတိတ် ဓားပြပါ။
မိတ်ဆွေလုပ်ငန်းက "မြတ်တယ်၊ ဒါပေမဲ့ ရှုံးတယ်" ဆိုတာမျိုးဖြစ်နေလိမ့်မယ်။
ဒီထောင်ချောက်ကလွတ်ဖို့ ကမ္ဘာ့အဆင့် ရင်းနှီးမြှုပ်နှံမှု သီအိုရီ (၃) ခုကို လက်တွေ့ အသုံးချကြည့်ရအောင်။
၁။ Pricing Power Theory (Warren Buffett)
ကမ္ဘာ့အချမ်းသာဆုံး ရင်းနှီးမြှုပ်နှံသူကြီး ဝါရင်ဘတ်ဖတ် (Warren Buffett) အမြဲသုံးတဲ့ နည်းလမ်းပါ။ ကုန်ဈေးနှုန်းတွေ ဘယ်လောက်ပဲတက်တက်၊
မိမိဘက်ကလည်း Customer မကျသွားစေဘဲ ဈေးနှုန်းကို လိုက်လံတိုးမြှင့်သတ်မှတ်နိုင်စွမ်း
(Pricing Power) ရှိတဲ့ လုပ်ငန်းမျိုးကိုပဲ ရွေးချယ်ရင်းနှီးမြှုပ်နှံခြင်း ဖြစ်ပါတယ်။
ဥပမာ လူတွေ မသုံးမဖြစ် သုံးရမဲ့ မရှိမဖြစ် အခြေခံ စားသောက်ကုန်၊ ဆေးဝါး သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်းမျိုး ဖြစ်ပါတယ်။ သင့်လုပ်ငန်းက ကုန်ဈေးနှုန်းတက်တာနဲ့အမျှ အမြတ် Margin ကို လိုက်မတိုးနိုင်ရင် အဲဒီလုပ်ငန်းက ရေရှည် အရင်းပြုတ်သွားပါလိမ့်မယ်။
၂။ Hard Asset Allocation (ခိုင်မာတဲ့ပိုင်ဆိုင်မှုများ ခွဲဝေခြင်း)
ငွေစက္ကူတွေရဲ့ တန်ဖိုးက ကမ္ဘာပေါ်မှာ အမြဲတမ်း ကျဆင်းနေတတ်ပါတယ်။ ဒါကြောင့် မိမိရဲ့ အသားတင်ပိုင်ဆိုင်မှုကို ငွေသားသက်သက်ချည်းပဲ ပုံမထားရပါဘူး။ ငွေကြေးတန်ဖိုးကျဆင်းတာနဲ့အမျှ သူနဲ့အတူ တန်ဖိုးအလိုအလျောက် လိုက်တက်မဲ့ ရွှေ၊ မြေ၊ အဆောက်အဦး (Hard Assets) များထဲမှာ မိမိရဲ့ ဓနအဆင့်အတန်းအလိုက် အချိုးကျ စနစ်တကျ ခွဲဝေကိုင်ဆောင်ထားခြင်း ဖြစ်ပါတယ်။
၃။ The 72 Rule for Value (တန်ဖိုးလျော့နှုန်း တွက်ချက်ခြင်း)
ပုံမှန်အားဖြင့် ဒီနည်းလမ်းကို ငွေနှစ်ဆပွားဖို့ တွက်ချက်ရာမှာ သုံးပေမဲ့ နားလည်တဲ့ ရင်းနှီးမြှုပ်နှံသူကြီးတွေကတော့ "ကိုယ့်ငွေတန်ဖိုး ဘယ်နှစ်နှစ်မှာ ဘယ်လောက်ကျသွားမလဲ" ဆိုတာကို ကြိုတင်တွက်ချက်ဖို့ သုံးပါတယ်။ အဓိပ္ပာယ်က လက်ရှိ ငွေဖောင်းပွမှုနှုန်း ၂၅% အတိုင်းသာ ဆက်သွားနေလျှင် နောက်ထပ် ၂ နှစ်ခွဲကျော် (၂.၈ နှစ်) အတွင်းမှာ သင့်လက်ထဲက သိန်း ၁,၀၀၀ ဟာ ဝယ်ယူနိုင်စွမ်းအား သိန်း ၅၀၀ တန်ဖိုးအထိ တစ်ဝက်တိတိ ကျဆင်းသွားမှာ ဖြစ်ပါတယ်။
ဒါကို သိထားမှသာ မိမိရဲ့ စီးပွားရေးလုပ်ငန်းက ရှာဖွေရမဲ့ နှစ်အလိုက်အမြတ်နှုန်း (Annual ROI) ကို Inflation ထက် အမြဲအသာစီးရအောင် (အနည်းဆုံး ၃၀% ကျော်ထွက်အောင်) မဟာဗျူဟာမြောက် စီမံနိုင်မှာ ဖြစ်ပါတယ်။
ဒီအချိန်က ငွေရှာတတ်ရုံနဲ့ မချမ်းသာနိုင်တော့တဲ့ ခေတ်ဖြစ်ပါတယ်။ ရှာဖွေရရှိလာတဲ့ အမြတ်အစွန်းတွေကို ငွေဖောင်းပွမှုနှုန်းထက် အမြဲအသာစီးရအောင် ဘယ်လို စီမံခန့်ခွဲရမလဲဆိုတဲ့ Right Investment Concepts ရှိထားဖို့ အရေးကြီးဆုံး အချိန်ကို ရောက်ရှိလို့နေပါပြီ။
မိမိရဲ့ လုပ်ငန်းနှင့် ပိုင်ဆိုင်မှုတွေကို အန္တရာယ်ကင်းကင်းနဲ့ စနစ်တကျ ဟန်ချက်ညီညီ လှည့်ပတ်နိုင်ဖို့အတွက်...
ဩဂုတ်လ ၇ ရက်နေ့မှာ U Aung -LGTI ကိုယ်တိုင်သင်ကြားပေးမဲ့ RI Master Class (Batch-2) ကို တက်ဖြစ်အောင်တက်ဖို့ တိုက်တွန်းပါတယ်။
(သင်တန်းအပ်နှံသူ အထူးများပြားလို့ အမြန်အပ်နှံပါ)
📥 သင်တန်းတက်ရောက်လိုပါက အခုပဲ Comment တွင် "RI" ဟု ရေးသားခဲ့ပါ။
LGTI-Life Guide Training Institute
"ဓားမိုးခံထားရလို့ပါဆိုပြီး
အဲဒီဓားတွေကို ဖယ်ဖို့မကြိုးစားဘဲ
ဓားသိုင်းပြန်ကပြဖို့ ကြိုးစားနေတဲ့
လူ့အဖွဲ့အစည်းမဖြစ်ပါစေနဲ့။"
အသက်တွေ ဘဝတွေ မဆိုထားနဲ့
ပစ္စည်းဥစ္စာပိုင်ဆိုင်မှုလေးတောင်
မစွန့်နိုင်တဲ့သူတွေဆီကနေ စွန့်လွှတ်အနစ်နာခံမှု၊ ကိုယ်ချင်းစာတရားအကြောင်းတွေ
ပြောဆိုနေတာကြားရရင် ပြုံးမိတယ်။
အမှားအမှန် အကောင်းအဆိုး
အကြောင်းအကျိုးကိုသိဖို့၊
မတရားတာကို မတရားဘူး၊
မမှန်တာကို မမှန်ဘူးလို့ပြောရဲဖို့နေနေသာသာ
သူတို့အကျိုးစီးပွားလေးပျောက်မှာ၊
သူတို့နေရာလေးပျောက်မှာ၊
အကြောက်တရားတွေများပြီး
အကျိုးစီးပွားတွေရှေ့တန်းတင်ထားတဲ့ လူပုဂ္ဂိုလ်၊
အဖွဲ့အစည်းတွေက လူငယ်တွေကို ပညာတတ်အောင်သင်ကြ၊ သတ္တိနဲ့ ရဲရင့်ခြင်းကိုမွေးကြ ဘာညာဆိုပြီး ပြောဆိုနေတာ တွေ့ပြန်တော့လည်း ပြုံးမိပြန်တယ်။
စစ်အာဏာရှင်တွေမကောင်းဘူး၊
အာဏာရှင်စနစ်မကောင်းဘူးလို့ ပြောဖို့နေနေသာသာ အာဇာနည်နေ့တောင် ကျေးဇူးမသိတတ်တဲ့လူ့အဖွဲ့အစည်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းနာမည်တောင် အသံထွက်မပြောရဲတော့တဲ့သူတွေထံက
လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး ဘာရေးညာရေးစတဲ့ကဏ္ဍတွေမှာ စာကြီးပေကြီး စာသံပေသံတွေနဲ့
ပြောတဲ့သူတွေကြားမိရင်လည်း ပြုံးမိပြန်တယ်။
ဒီလိုပြောရင် ဓားမိုးခံထားရလို့ပါဆိုပြီး
ဆင်ခြေတွေပေးလိမ့်မယ်။
အဲဒီဓားကိုဖယ်နိုင်အောင်မကြိုးစားဘဲ
ကိုယ်တိုင်က ဓားမိုးခံနေရတာကိုပဲ
ပြုံးပျော်မပျက် အဲဒီဓားတွေနဲ့ ဓားသိုင်းတောင်
ပြန်ကပြနေတဲ့ လူအဖွဲ့အစည်းဖြစ်နေကြပါပြီ။
ဆိုရိုးစကားလေးတခုလိုပြောရရင် ကျွဲချိုကနေ နွားနို့ထွက်မလားလို့ ညှစ်ရင်း အချိန်ဖြုန်းလာတဲ့လူ့အဖွဲ့အစည်းတခုဖြစ်နေတာကြာခဲ့ပါပြီ။
(ပြောတဲ့သူတွေကို ပြုံးမိတာပါ၊
နဂိုကတည်းက ဘာမှမပြောတဲ့သူတွေကိုတော့
ဘာမှမကြားရတော့ ဘာမှမဆိုချင်ပါဘူး)
U Aung -LGTI
#အတွေးစာစုများ
ဒေါ်လာဈေး၊ ငွေကြေးဖောင်းပွမှုနဲ့ ရွှေဈေးအလားအလာ
FOMC Meeting နောက်ဆုံးအခြေအနေ
အမေရိကန် ဘဏ်အတိုးနှုန်းကိစ္စ
ပြည်တွင်း ငွေကြေးဖောင်းပွမှု
ပြည်တွင်း ဒေါ်လာဈေး
မြန်မာ့ရွှေဈေး အလားအလာ
#လူမှုစီးပွား
20/06/2026
ရင်းနှီးမြှုပ်နှံသူအများစု မှားတတ်တဲ့အချက်က
"နောင် ၁၀ နှစ်မှာ သူဌေးဖြစ်မယ့်အလုပ်"
ဒါကိုပဲ ကြည့်ပြီး ရှိသမျှ အရင်းအနှီးတွေ
အကုန်ပုံအောလိုက်ကြတာပါ။
ရလဒ်ကတော့... အမြတ်ကလည်း ချက်ချင်းမပေါ်၊ လက်ရှိ အသုံးစရိတ်၊ စားစရိတ်ကလည်း လိုလာတဲ့အခါ Investment ကြီးကြီးမားမား ရှိနေပါလျက်နဲ့
အပြင်မှာ "အတိုးနဲ့ ငွေချေးစားရတဲ့" ဘဝမျိုး
ရောက်သွားတတ်ပါတယ်။
ဒါဟာ Right Investment မဟုတ်ပါဘူး။ ❌
တကယ့် Professional တစ်ယောက်ဟာ မိမိရဲ့ အရင်းအနှီးကို တစ်ခုနဲ့တစ်ခု ပြန်လည်ထောက်ပံ့ပေးမယ့် "လှေကားထစ်ဗျူဟာ (Asset Ladder Strategy)" နဲ့ စီမံပါတယ်။
ဝင်ငွေမပြတ်စေမယ့် Investment အချိုး (၃) မျိုးရှိတယ်🚩
✅ ၁။ ရေတို (Survival Flow):
လက်ရှိစားစရိတ်နဲ့ လည်ပတ်မှုကို တာဝန်ယူရပါမယ်။ ငွေပေါ်လွယ်ပြီး အမြတ်ချက်ချင်းရမယ့် အလုပ်မျိုး
ဖြစ်ရပါမယ်။ (ဒါမှ အပြင်မှာ ငွေချေးစရာမလိုမှာပါ)
✅ ၂။ နှစ်လတ် (Supporter Flow):
၃ နှစ်မှ ၅ နှစ်အတွင်း အမြတ်များများထွက်မယ့် လုပ်ငန်းမျိုး ဖြစ်ရပါမယ်။ သူ့ရဲ့တာဝန်က ရေရှည်ရင်းနှီးမြှုပ်နှံမှုတွေရဲ့ "အခွန်နဲ့ ထိန်းသိမ်းစရိတ်"
စတာတွေကို အိတ်စိုက်စရာမလိုဘဲ
ပြန်ထောက်ပံ့ထားဖို့ ဖြစ်ပါတယ်။
✅ ၃။ ရေရှည် (Wealth Creator):
၁၀ နှစ်ကြာမှ အကျိုးအမြတ်ရမယ့် အိမ်ခြံမြေနဲ့ Assets တွေပါ။ ရှေ့က အပိုင်း ၂ ပိုင်းက ခိုင်မာနေမှသာ
ဒီပိုင်ဆိုင်မှုတွေကို ကြားထဲမှာ "နှမြောစရာကောင်းလောက်အောင်" ပြန်ရောင်းစရာမလိုဘဲ အသားတင်အမြတ်အထိ ဆုပ်ကိုင်နိုင်မှာပါ။
"၁၀ နှစ်ကြာမှ မြတ်မယ့်အလုပ်ကိုပဲ လုပ်ထားရင်... ကြားထဲက ၁၀ နှစ်မှာ ဘာနဲ့စားမလဲဆိုတာ အရေးကြီးဆုံးပါပဲ။"
"Right Investment ဆိုတာ ငွေကို မြှုပ်ထားရုံတင်မဟုတ်ဘဲ၊ လက်ရှိလည်ပတ်နိုင်ဖို့ကိုပါ တစ်ပါတည်း ထိန်းထားနိုင်တဲ့ 'စနစ်' တည်ဆောက်ခြင်း ဖြစ်ပါတယ်။"
သင့်မှာရှိတဲ့ Capital ကို ဒီလို "ပြန်လည်ထောက်ပံ့ပေးတဲ့စနစ်" ထဲ ဘယ်လို အချိုးကျ ခွဲဝေမလဲ❓
Investment အများကြီးလုပ်ထားပြီး
အကြွေးတင်နေရတဲ့ လုပ်ငန်းရှင်ကြီးဖြစ်နေလား❓
Investment လုပ်တော့မယ်ဆိုရင်
🔸 Allocation Strategy: ရေတို၊ နှစ်လတ်၊ ရေရှည် ကို Capital အလိုက် ခွဲဝေပုံ Formula တွေ
🔸 Cash Flow Interdependency: ရင်းနှီးမြှုပ်နှံမှုတစ်ခုက နောက်တစ်ခုကို ဘယ်လို ပြန်အထောက်အပံ့ဖြစ်အောင်လုပ်မလဲ
🔸 Financial Safety Net: Investment လုပ်ရင်း အကြွေးပတ်မသွားအောင် ကာကွယ်နည်း စတာတွေကို စီမံတတ်ဖို့လိုပါမယ်။
ဒါတွေကို RIGHT INVESTMENT - RI Master Class Batch-2 မှာ ကျွန်တော်တို့ လက်တွေ့တွက်ချက်ကြမှာပါ။
🗓️ နေ့ရက်: ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၇၊ ၈၊ ၉၊ ၁၀) ရက်
⏰ ည ၇ နာရီ မှ ၉ နာရီ အထိ | 💰 သင်တန်းကြေး: ၁ သိန်းကျပ်
📌 🎙️ သင်ကြားမည့်သူ -
ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းနယ်ပယ်မှာလည်း အတွေ့အကြုံရင့်ကျက်ပြီး လုပ်ငန်းရှင်ပေါင်းများစွာကို Strategic အကြံပေးချက်များ ပေးနေသူ Business Coach Expert U Aung ကိုယ်တိုင် Zoom မှတစ်ဆင့် တိုက်ရိုက် သင်ကြားပေးသွားမှာ ဖြစ်ပြီး Zoom တိုက်ရိုက်မတက်နိုင်သူတွေအတွက် FB group, telegram group မှာ video record တင်ပေးမှာမို့ ပြန်လေ့လာလို့လည်း ရနိုင်ပါမယ်ခင်ဗျာ။
(အပ်နှံသူအထူးများပြီး လူဦးရေအကန့်အသတ်ပြုလုပ်ဖို့ရှိတဲ့အတွက် အမြန်အပ်နှံပါ)
အမြတ်ကို စောင့်နေရင်း အကြွေးပတ်နေရတဲ့ ဘဝကနေ ရုန်းထွက်နိုင်ဖို့နဲ့၊ မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံသူဖြစ်ဖို့ အခုပဲ 'RI' လို့ ရေးခဲ့ပါ။ ⬇️
#သင်တန်းအပ်လို့ရပါပြီ
| จันทร์ | 08:00 - 17:00 |
| อังคาร | 08:00 - 17:00 |
| พุธ | 08:00 - 17:00 |
| พฤหัสบดี | 08:00 - 17:00 |
| ศุกร์ | 08:00 - 17:00 |
| เสาร์ | 09:00 - 21:00 |
| อาทิตย์ | 09:00 - 21:00 |