What’s included in Myanmar first IGCSE revision platform
Learn with Tr Phillips
ကျောင်းသားပေါင်းရာနဲ့ချီကို တဉီးချင်းစီရဲ့အားနည်းချက်အပေါ်မူတည်ပီး IGCSE resource စုံစုံလင်လင်နဲ့ သင်ကြားပေးနေတဲ့IGCSE/A levels exam preparation center.
13/06/2026
လူတွေသိပ်မသိကြသေးတဲ့ Poland မှာဆေးကျောင်းတက်လို့ရတဲ့ Pathway ကို Poland မှာ ဆေးကျောင်းတက်နေတာအခုဆိုရင် Third year ရောက်နေပီဖြစ်တဲ့ ညီမလေး May Thanlwin Kyaw နဲ့ Podcast လေးလုပ်ထားပါတယ်။ ဒီ Podcast မှာဆိုရင်
Poland မှာဆေးကျောင်းတက်ဖို့ ပြင်မယ်ဆိုရင် ဘာ requirements တွေလိုမလဲ?
ဆေးကျောင်းစရိတ်?
တကယ်တက်နေတဲ့သူတွေရဲ့ အထင်အမြင်တွေကိုပါ အသေးစိတ် discuss လုပ်ပေးထားပါတယ်။
နောက်တစ်ပတ်မှာ video အစ-အဆုံးတင်ပေးပါမယ်။
IGCSE Physics Paper 2 - Question Pattern Analysis
ကိုယ်ကြိုက်တဲ့ဘာသာရပ်ကို 100% free အခမဲ့ လေ့လာနိုင်မဲ့ website များ
Edexcel Physics Paper - 2 မှာဘာတွေမေးနိုင်လဲဆိုတာကို 5 နှစ်စာ past papers data တွေကိုသုံးသပ်ပီး ပြောပြပေးထားပါတယ်
ကြိုက်တဲ့ဘာသာရပ်ကို တစ်နေရာထဲမှာ အခမဲ့လေ့လာလို့ရမဲ့website
11/06/2026
IGCSE Final Exam အတွက် (Revision) လုပ်တဲ့အခါ စာကျက်တာထက် ပိုပြီးစနစ်ကျဖို့ လိုအပ်ပါတယ်။ ထိရောက်တဲ့ Revision ဖြစ်စေဖို့အတွက် ပထမဦးဆုံးအနေနဲ့ မိမိကိုယ်တိုင်ထုတ်ထားတဲ့ မှတ်စုတွေနဲ့ အနှစ်ချုပ် (Own Notes & Summaries) တွေကိုပဲ အဓိကထားပြီး ပြန်လည်ကြည့်ရှုသင့်ပါတယ်။ သူများဆီက ကူးထားတဲ့မှတ်စုထက် ကိုယ်တိုင်နားလည်သလို အနှစ်ထုတ်ထားတဲ့ အရင်းအမြစ်တွေက ဦးနှောက်ထဲမှာ ပိုပြီး စွဲထင်စေလို့ ဖြစ်ပါတယ်။ တကယ်လို့ ကိုယ်ပိုင်မှတ်စုတွေ မရှိသေးဘူးဆိုရင်တော့ အခုကတည်းက စတင်ပြီး စနစ်တကျ ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။
ဒုတိယအချက်အနေနဲ့ ကိုယ်အားနည်းတဲ့ အပိုင်းတွေကို ပိုပြီး အာရုံစိုက်ရပါမယ်။ အားနည်းတဲ့ နေရာတွေကို နားလည်ရုံတင်မကဘဲ လိုအပ်ရင် အလွတ်ရအောင်ပါ ကျက်မှတ်ထားသင့်ပါတယ်။ လေ့လာနေရင်းနဲ့ ကိုယ့်အတွက် ခက်ခဲနေတဲ့ Topic တွေကို သီးသန့်စာရွက်တစ်ရွက်မှာ မှတ်သားထားပြီး အဲဒီအပိုင်းတွေကို ပိုပြီး အချိန်ပေး လေ့ကျင့်ပါ။ တစ်ချိန်တည်းမှာပဲ သင်ခန်းစာတွေ အားလုံးပြီးမှ မေးခွန်းဟောင်းတွေ လုပ်မယ်လို့ မတွေးပါနဲ့။ သင်ခန်းစာတစ်ခု ပြီးသွားတာနဲ့ အဲဒီအခန်းနဲ့ ဆက်စပ်တဲ့ Topical Questions တွေကို ချက်ချင်း စတင်လေ့ကျင့်ပါ။ ဒါ့အပြင် Learner Guides နဲ့ Examiner Reports တွေကို အသေးစိတ် ဖတ်ရှုပြီး စစ်ဆေးသူတွေက ဘယ်လိုအဖြေမျိုးကို အမှတ်ပေးချင်သလဲဆိုတာကိုပါ နက်နက်ရှိုင်းရှိုင်း လေ့လာထားရပါမယ်။
နောက်ဆုံးအချက်ကတော့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်စစ်ဆေးဖို့ ပါပဲ။ ကျောင်းကစစ်တဲ့ စာမေးပွဲတွေကိုပဲ စောင့်မနေဘဲ AI ကို အသုံးပြုပြီး မေးခွန်းထုတ်ခိုင်းတာ ဒါမှမဟုတ် Flashcards တွေ သုံးပြီး ကိုယ့်ဘာသာ ပြန်မေးကြည့်တာမျိုးတွေ လုပ်ပါ။ ဒီလို Active Recall နည်းလမ်းတွေကို သုံးပြီး ကိုယ့်ရဲ့ တိုးတက်မှုကို အမြဲတမ်း ဆန်းစစ်နေခြင်းကသာ စာမေးပွဲမှာ ယုံကြည်မှုရှိရှိနဲ့ အမှတ်ကောင်းကောင်း ရရှိစေမယ့် သော့ချက်ဖြစ်ပါတယ်။
IGCSE Physics Paper 2 မှာ ဒါတွေကြည့်ရင် အမှတ်ပြည့်ရပီ-Join this telegram group to get the pdf - https://linktr.ee/learnwithtrphillips Instructions Join telegram link >go to M/J IGCSE students only group. https://t.me/+Z5OaxTJtW3tkODBl
IGCSE မှာ Highest Mark ထွက်ဖို့ ဘယ်နှစ်မှတ်လိုလဲ?
Exam pressure ရှိတာတွေကို ဘယ်လိုရှောင်ကြဉ်မလဲ?
ที่ตั้ง
ประเภท
ที่อยู่
Bangkok
74998