Potato on the Couch

Potato on the Couch

แชร์

Learn with us & Grow like a POTATO 🥔

14/05/2026

ကျွန်မတို့ 𝗣𝗼𝘁𝗮𝘁𝗼 𝗼𝗻 𝘁𝗵𝗲 𝗖𝗼𝘂𝗰𝗵 ရဲ့ General English 4 Skills Teacher တစ်ဦး ဖြစ်တဲ့ 𝗧𝗿. 𝗦𝘁𝗲𝗹𝗹𝗮 နဲ့ လက်ရှိ One-On-One 𝗚𝗲𝗻𝗲𝗿𝗮𝗹 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝟰 𝗦𝗸𝗶𝗹𝗹𝘀 Class လေး တက်ရောက်နေတဲ့ ညီမလေး Shune Lae ရဲ့ Student Review လေးကို မျှဝေပေးလိုက်ပါတယ်ရှင့်။ 💕✨

လက်ရှိ ကျွန်မတ်ို့ 𝗣𝗼𝘁𝗮𝘁𝗼 𝗼𝗻 𝘁𝗵𝗲 𝗖𝗼𝘂𝗰𝗵 မှာ တက်ရောက်နိုင်တဲ့ အတန်းများအနေနဲ့ General English 4 Skills One-On-One Class (Beginner Level က စပြီး ကိုယ့်ရဲ့ Level အပေါ်မူတည်ပြီး တက်ရောက်နိုင်ပါတယ်)၊ IELTS Foundation, Preparation Class တွေ အပြင် General English 4 Skills နဲ့ IELTS ကို တွဲပြီး train ချင်သူများ၊ Duolingo ကို လေ့လာပြင်ဆင်နေသူများ အတွက်လည်း Class များစွာ ရှိတဲ့အတွက် လာရောက်စုံစမ်းနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။

ကိုယ့်ရဲ့ သူငယ်ချင်းတွေနဲ့ အတူတူ တက်ချင်ရင်လည်း ၂ ယောက်တွဲ၊ ၃ ယောက်တွဲ Small group class လေးတွေ စီစဉ်ပေးပါတယ်ရှင်။

Learn with us & Grow like a POTATO 🥔

13/04/2026

𝗛𝗮𝗽𝗽𝘆 𝗧𝗵𝗶𝗻𝗴𝘆𝗮𝗻 𝗳𝗿𝗼𝗺 𝗣𝗼𝘁𝗮𝘁𝗼𝗲𝘀 𝗧𝗲𝗮𝗺! 🔫 💦

သင်္ကြန်ပွဲတော်မှာ အားလုံးပဲ ပျော်ရွှင်ကြပါစေ

ဒီနှစ်ရဲ့ သင်္ကြန်ရေစီးကြောင်းက နှစ်ဟောင်းက အညစ်အကြေးတွေကိုဆေးကြောပေးနိုင်ပြီး သင့်ကို အသစ်တဖန် ပြန်လည်စတင်နိုင်ဖို့ ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှုနဲ့ အောင်မြင်မှုတွေဖြင့် ပြည့်စုံပါစေကြောင်း...မိသားစုနဲ့ သူငယ်ချင်းတွေနဲ့အတူ သစ်နှစ်မှာ ပျော်ရွှင်မှုနဲ့ ပြည့်ဝပါစေကြောင်း ကျွန်မတို့ရဲ့ Potatoes Team က နှစ်သစ်ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်။ 🙏🏻

May the cleansing waters of Thingyan wash away the sorrows of the past year, bringing you peace, happiness, and prosperity in the New Year. May your days be filled with laughter, love, and the vibrant spirit of Thingyan, together with your loved ones. 🌼

သင်္ကြန်အပြီးမှာ ကျွန်မတို့ Potato on the Couch က ရှိပြီးသား General English 4 Skills/ IELTS Classes တွေသာမက Duolingo နဲ့ ပတ်သက်တဲ့ အတန်းအသစ်တွေလည်း ဖွင့်သွားဖို့ ရှိတဲ့အတွက်လည်း အားလုံးပဲ စောင့်ကြည့်ပေးကြပါဦးနော်။

တစ်ဦးချင်းသီးသန့်မဟုတ်ပဲ အများနဲ့အတူတူ တက်လို့ရတဲ့ Compact Group Class တွေလည်း ဖွင့်လှစ်သွားဖို့ ရှိပါတယ်။

နောက်ဆုံးအနေနဲ့ ကျွန်မတို့ Potato on the Couch မှ အားလုံးကို ၂၀၂၆ ရဲ့ သင်္ကြန်နှင့် မြန်မာနှစ်သစ်ကူးအခါသမယမှာ ပျော်ရွှင်မှုနှင့် စိတ်အေးချမ်းမှုများစွာဖြင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။ 💕
အားလုံးပဲ ကျန်းမာရေးကို အထူးဂရုစိုက်ပြီး သွားသတိ လာသတိနဲ့ နေထိုင်ကြပါနော်!


Photos from Potato on the Couch's post 01/04/2026

ကျွန်မတို့ 𝗣𝗼𝘁𝗮𝘁𝗼 𝗼𝗻 𝘁𝗵𝗲 𝗖𝗼𝘂𝗰𝗵 ရဲ့ General English 4 Skills Teacher တစ်ဦး ဖြစ်တဲ့ 𝗧𝗿. 𝗔𝘂𝗱𝗿𝗲𝘆 နဲ့ လက်ရှိ Two-On-One Compact Group 𝗚𝗲𝗻𝗲𝗿𝗮𝗹 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝟰 𝗦𝗸𝗶𝗹𝗹𝘀 Class လေး တက်ရောက်နေတဲ့ မောင်လေး နှစ်ယောက် ရဲ့ Student Review လေးတွေကို မျှဝေပေးလိုက်ပါတယ်ရှင့်။ 💕✨

လက်ရှိ ကျွန်မတ်ို့ 𝗣𝗼𝘁𝗮𝘁𝗼 𝗼𝗻 𝘁𝗵𝗲 𝗖𝗼𝘂𝗰𝗵 မှာ တက်ရောက်နိုင်တဲ့ အတန်းများအနေနဲ့ General English 4 Skills One-On-One Class (Beginner Level က စပြီး ကိုယ့်ရဲ့ Level အပေါ်မူတည်ပြီး တက်ရောက်နိုင်ပါတယ်)၊ IELTS Foundation, Preparation Class တွေ အပြင် General English 4 Skills နဲ့ IELTS ကို တွဲပြီး train ချင်သူများ၊ Duolingo ကို လေ့လာပြင်ဆင်နေသးများ အတွက်လည်း Class များစွာ ရှိတဲ့အတွက် လာရောက်စုံစမ်းနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။

အခုလိုမျိုး ကိုယ့်ရဲ့ သူငယ်ချင်းတွေနဲ့ အတူတူ တက်ချင်ရင်လည်း ၂ ယောက်တွဲ၊ ၃ ယောက်တွဲ Small group class လေးတွေ စီစဉ်ပေးပါတယ်ရှင်။

Learn with us & Grow like a POTATO 🥔

20/03/2026

✨ OUR MAGIC WORDS ✨

ပုံထဲမှာ ပါတဲ့ “Thank you”, “Please”, “Excuse me”, “I’m sorry”, “Hello”, “Goodbye” စတဲ့ စကာလုံးတွေက ရိုးရှင်းတဲ့ ဘာမှမဟုတ်တဲ့ စကားလုံးတွေလို့ ထင်ရပေမယ့် တကယ်တော့ သူတို့က လူတွေကို ပြုံးအောင်၊ လေးစားမှုပေးဖို့နဲ့ အကျင့်ကောင်းတွေကို ပြသနေတဲ့ စကားလုံးလေးတွေ ဖြစ်ပါတယ်။

These simple words are called magic words because they can make people smile, show respect, help us make friends, and build good manners. 🙇🏻‍♂️

မိမိတို့ရဲ့ သားသားမီးမီးလေးတွေကို ဒီစကားလုံးတွေကို နေ့စဉ်ဘဝမှာ ဘယ်လိုအခြေအနေမှာ ဘယ်လို သုံးရမယ်ဆိုတာ သင်ပြထားခြင်းအားဖြင့် ပျော်စရာကောင်းပြီး ပညာပေးတဲ့ အခြေအနေလေးတစ်ခုကို ဖန်တီးနိုင်ပါတယ်ရှင်…

𝗛𝗲𝗹𝗹𝗼 - လူတွေကို စပြီးတွေ့နှုတ်ဆက်တဲ့အခါ

𝗣𝗹𝗲𝗮𝘀𝗲 - တစ်ခုခုကို တောင်းဆိုတဲ့ အခါ

𝗧𝗵𝗮𝗻𝗸 𝘆𝗼𝘂 - အကူအညီရလို့ ကျေးဇူးတင်မှုကို ပြသတဲ့ အခါ

𝗜’𝗺 𝘀𝗼𝗿𝗿𝘆 - ကိုယ့်ဘက်က အမှားလုပ်မိတဲ့အခါ

𝗘𝘅𝗰𝘂𝘀𝗲 𝗺𝗲 - ယဉ်ကျေးစွာ မေးချင်၊ အာရုံစိုက်စေချင်တဲ့အခါ

𝗚𝗼𝗼𝗱𝗯𝘆𝗲 - ခွဲခွါနှုတ်ဆက်တဲ့အခါ

တီချယ်တွေ အနေနဲ့ tip တစ်ခု…💡
Ask your students to role-play real-life situations using these magic words. Turn it into a game and reward kindness!

Learn with us & Grow like a POTATO! 🥔

18/03/2026

ကျွန်မတို့ 𝗣𝗼𝘁𝗮𝘁𝗼 𝗼𝗻 𝘁𝗵𝗲 𝗖𝗼𝘂𝗰𝗵 ရဲ့ General English & Duolingo Teacher ဖြစ်တဲ့ 𝗧𝗿. 𝗦𝘁𝗲𝗹𝗹𝗮 နဲ့ လက်ရှိ တစ်ဦးချင်း သီးသန့် One-On-One 𝗚𝗲𝗻𝗲𝗿𝗮𝗹 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝟰 𝗦𝗸𝗶𝗹𝗹𝘀 Class တက်ရောက်နေတဲ့ ညီမလေး 𝗔𝗿 𝗤𝗶𝗻𝗴 ရဲ့ Student Review လေးကို မျှဝေပေးလိုက်ပါတယ်ရှင့်။

“I really enjoy learning with Tr. Stella! She’s kind, flexible, and easy to talk to. She understands what I need to improve and gives useful assignments. Our classes feel relaxed, like talking with a friend, and time goes by so fast. I also appreciate that she sometimes gives extra class time. Even after just one month, I can already see improvement.”

လက်ရှိ ကျွန်မတ်ို့ 𝗣𝗼𝘁𝗮𝘁𝗼 𝗼𝗻 𝘁𝗵𝗲 𝗖𝗼𝘂𝗰𝗵 မှာ တက်ရောက်နိုင်တဲ့ အတန်းများအနေနဲ့ General English 4 Skills One-On-One Class (Beginner Level က စပြီး ကိုယ့်ရဲ့ Level အပေါ်မူတည်ပြီး တက်ရောက်နိုင်ပါတယ်)၊ IELTS Foundation, Preparation Class တွေ အပြင် General English 4 Skills နဲ့ IELTS ကို တွဲပြီး train ချင်သူများ၊ Duolingo ကို လေ့လာပြင်ဆင်နေသးများ အတွက်လည်း Class များစွာ ရှိတဲ့အတွက် လာရောက်စုံစမ်းနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။

Learn with us & Grow like a POTATO 🥔

14/02/2026

Confusing English Words
“𝗔𝗳𝗳𝗲𝗰𝘁 𝘃𝘀 𝗘𝗳𝗳𝗲𝗰𝘁” 🌪️

ဒီအပတ်မှာတော့ အာလူးလေးတို့ အတွက် အမှတ်မှားနိုင်တဲ့ အင်္ဂလိပ်စကားလုံး ၂ လုံး ဖြစ်တဲ့ “𝗔𝗳𝗳𝗲𝗰𝘁” နဲ့ “𝗘𝗳𝗳𝗲𝗰𝘁” တို့ အကြောင်းကို သေသေချာချာ ရှင်းပြပေးသွားပါမယ်။

ပထမဦးစွာ 𝗔𝗳𝗳𝗲𝗰𝘁 ဆိုတဲ့ စကားလုံးက ပုံမှန်အားဖြင့် Verb အနေနဲ့ သုံးပြီး လုပ်ဆောင်ချက် (Action) ကို ရည်ညွှန်းပါတယ်။ 🧗🏻

Meaning -> to influence or change something
Example -> Lack of sleep can 𝗮𝗳𝗳𝗲𝗰𝘁 your mood.
(အိပ်ရေးပျက်ခြင်းက စိတ်ခံစားချက် အပေါ် သက်ရောက်နိုင်ပါတယ်)

𝗘𝗳𝗳𝗲𝗰𝘁 ကတော့ Noun အနေနဲ့ သုံးတဲ့ စကားလုံး ဖြစ်ပြီး အကျိုးရလဒ် (Result) ကို ရည်ညွှန်းပါတယ်။ 🪶

Meaning -> the outcome of a change
Example -> Lack of sleep has a bad 𝗲𝗳𝗳𝗲𝗰𝘁 on your mood.
(အိပ်ရေးပျက်ခြင်းက သင့်ရဲ့ စိတ်ခံစားချက် အပေါ်မှာ ဆိုးရွားတဲ့ သက်ရောက်မှု ရှိပါတယ်)

More examples : ✅
Stress can 𝗮𝗳𝗳𝗲𝗰𝘁 your health.
Stress has a negative 𝗲𝗳𝗳𝗲𝗰𝘁 on your health.
Social media may 𝗮𝗳𝗳𝗲𝗰𝘁 teenagers.
Social media has a strong 𝗲𝗳𝗳𝗲𝗰𝘁 on teenagers.

ဒါဆို အာလူးလေးတို့လည်း ကိုယ်တိုင် “𝗮𝗳𝗳𝗲𝗰𝘁” နဲ့ “𝗲𝗳𝗳𝗲𝗰𝘁” ကို သုံးပြီး ဥပမာလေးတွေ ဖွဲ့ကြည့်ကြည့်လို့ ရပြီထင်ပါတယ်နော်! 🚀

ဒီ ကွက်လပ်လေး ၂ ခုကိုလည်း ဖြည့်ကြည့်ကြည့်ပါဦးနော်…

1️⃣ Studying every day will ______ your English.
2️⃣ What is the ______ of listening to podcasts?

Learn with us & Grow like a POTATO! 🥔✨


08/02/2026

Potatoes တို့ထဲမှာ စာလေ့လာ ကျက်မှတ်နေရတဲ့သူတွေ၊ ဘာသာစကားတစ်ခုခုကိုလေ့လာနေရတဲ့သူတွေရှိကြလားနော် 🙄

ရှိတယ်ဆိုရင်တော့ ဒီတစ်ပတ် 𝗣𝗼𝘁𝗮𝘁𝗼𝗲𝘀 𝗔𝗿𝘁𝗶𝗰𝗹𝗲 လေးမှာ စာကို စနစ်တကျ ကျက်မှတ် လေ့လာနိုင်အောင် မျှဝေပေးသွားမယ့် “𝗣𝗼𝗺𝗼𝗱𝗼𝗿𝗼 𝗦𝘁𝘂𝗱𝘆 𝗧𝗲𝗰𝗵𝗻𝗶𝗾𝘂𝗲” လေးအကြောင်းကို ဖတ်ရှုပြီး လက်တွေ့အသုံးချကြည့်ကြရအောင်နော်။ ⏱️

“𝗣𝗼𝗺𝗼𝗱𝗼𝗿𝗼 𝗦𝘁𝘂𝗱𝘆 𝗧𝗲𝗰𝗵𝗻𝗶𝗾𝘂𝗲” ကဆိုရင် လတ်တလော social media ပေါ်မှာ ကျောင်းသားတွေကြား အရမ်းကိုမှ ရေပန်းစားနေတဲ့ Study Technique တွေထဲက တစ်ခုဖြစ်တဲ့အတွက် Potatoes တို့နဲ့ရင်းနှီးနေပြီးသားဖြစ်မှာပါ။ နောက်ပြီး သူ့ရဲ့ steps လေးတွေကလည်း လွယ်ကူရိုးရှင်းလွန်းတဲ့အတွက် ကိုယ့်ရဲ့စာလေ့လာချိန်ကို effective ဖြစ်ဖြစ်နဲ့ သက်တောင့်သက်တာကုန်ဆုံးစေနိုင်မှာပါ။ 📖

Step - 1 ✌🏼
Set a timer for 25 minutes.
အရင်ဆုံး ၂၅ မိနစ် စာလုပ်ရပါမယ်။

Step - 2 ✌🏼
Take a short break.
၂၅ မိနစ် ပြည့်သွားရင် ၅ မိနစ် အနားယူပါ။ အနားယူတဲ့အခါ ဖုန်းမကြည့်ဘဲ လေကောင်းလေသန့်ရှူတာမျိုး၊ ရေထသောက်တာမျိုး၊ အညောင်းအညာဖြေခြင်းမျိုးလုပ်ပါ။

Step - 3 ✌🏼
Repeat 25 minutes work / 5minutes break cycle (Pomodoro) FOUR times.
အနားယူပြီးရင်တော့ ပြန်ပြီး ၂၅ မိနစ်စာပြန်လုပ်ပါ။ ပြီးရင် ၅ မိနစ်ပြန်နားပါ။ အဲ့
လိုမျိုး ၄ ကြိမ်တိတိလုပ်ပေးရပါမယ်။

Step - 4 ✌🏼
After Four Pomodoros, take a longer break (15 mins - 30 mins) to rest.
နောက်ဆုံးအဆင့်အနေနဲ့ Pomodoro လေးကြိမ် လုပ်ပြီးတဲ့နောက်မှာ ၁၅ - ၃၀ မိနစ် အနားယူပြီး ပြန်စလို့ရပါပြီ။

ဒါဆိုရင်တော့ “𝗣𝗼𝗺𝗼𝗱𝗼𝗿𝗼 𝗦𝘁𝘂𝗱𝘆 𝗧𝗲𝗰𝗵𝗻𝗶𝗾𝘂𝗲” အကြောင်းသေချာနားလည်သွားမယ်လို့ထင်ပါတယ်။ သူက လူတိုင်းလိုက်လုပ်နိုင်တဲ့ ပေါ့ပေါ့ပါးပါး technique တစ်ခုဖြစ်ပြီး ကြားထဲမှာ နားချိန်လည်းရတာမို့ study and leisure time ကို balance ဖြစ်စေမယ့် စာလုပ်နည်းလေးပဲဖြစ်ပါတယ်ရှင်။ ဒါဆို Potatoes တို့လည်း ဒီ Article လေးကိုဖတ်ပြီးနောက် စာလုပ်မယ့်အခါ Pomodoro Study Technique လေးကို လက်တွေ့အသုံးချကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်ရှင်။ 🥔💕

Photos from Potato on the Couch's post 26/01/2026

⛅️ Weather Fun Time! 🌈

မိုးလေဝသ နဲ့ သက်ဆိုင်တဲ့ Vocabulary လေးတွေကို ပျော်ပျော်ရွှင်ရွှင် လေ့လာကြစို့!

☀️ Look at the pictures
☀️ Guess the weather
☀️ Check your answers

Vocabulary တွေကို လေ့လာမှတ်သားရာမှာ ပုံလေးတွေနဲ့ တွဲတွဲပြီး Visualization method နဲ့ လေ့လာတာက ပိုပြီး မှတ်မိလွယ်စေပါတယ်။ ဒါ့အပြင် သင်ယူမှုကိုလည်း ပိုပြီး ပျော်ရွှင်ဖွယ် ကောင်းစေပါတယ်။ ☂️

☁️ ဆရာ၊ ဆရာမ တွေ အတွက် အကြံပြုချက် အနေနဲ့ ကျောင်းသားတွေကို အောက်ပါ စာကြောင်းတွေ Example တည်ဆောက်ခိုင်း ပြောခိုင်းကြည့်ပါ။

🌦️ Today is sunny!
🌦️ I like rainy days!
🌦️ It’s scorching today!

ကျွန်မတို့ Potato on the Couch က ဖွင့်လှစ်ထားတဲ့ တစ်ဦးချင်း သီးသန့် အချိန်နဲ့ ရက်ကို ညှိနှိုင်းပေးတဲ့ အတန်းလေးတွေ တက်ပြီး ပျော်ရွှင်စွာ လေ့လာရင်း မိမိရဲ့ အင်္ဂလိပ်စာ စွမ်းရည် 4 Skills ကို မြှင့်တင်လိုက်ကြရအောင်နော်!

Learn with us & Grow like a POTATO 🥔

11/01/2026

Hello အာလူးတို့!
နှစ်သစ်ဖြစ်တဲ့ ၂၀၂၆ ကို အကောင်းဆုံး ကျော်ဖြတ်နေကြပြီလား?
စိတ်ရော ကိုယ်ရော ပျော်ရွှင်တဲ့ နှစ်သစ်ကူး အချိန်ကို ပိုင်ဆိုင်နေကြပြီလား? 🥶✌🏼

အင်္ဂလိပ်စာကို ရော ပုံမှန် လုပ်ဖြစ်နေရဲ့လား?
အင်္ဂလိပ်စာကို လေ့လာတဲ့ နေရာမှာ ကျောင်းသားတော်တော်များများ ထင်ကြတာက Grammar (သဒ္ဒါ) က အရေးအကြီးဆုံး ဖြစ်တယ်ဆိုတာပါ။ ဒါက မှန်လည်း မှန်သလို အပြည့်အစုံတော့ မမှန်တဲ့ အရာပါ။
တကယ်အရေးကြီးတာက အင်္ဂလိပ်စာကို သင်ဘယ်လို လေ့လာလဲ၊ ဘယ်လောက် မှတ်မိလဲ ဆိုတာပါ။

ဒီနေ့မှာတော့ အင်္ဂလိပ်စာလေ့လာနေသူတိုင်း သိထားသင့်တဲ့ အလေ့အထ (၃) မျိုး အကြောင်းကို ပြောပြသွားပါမယ်။ 🎒

✏️ 𝗨𝘀𝗲 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗱𝗮𝗶𝗹𝘆 (𝗲𝘃𝗲𝗻 𝗳𝗼𝗿 𝟭𝟬 𝗺𝗶𝗻𝘂𝘁𝗲𝘀)

တစ်နေ့ကို အနည်းဆုံး ၁၀ မိနစ်လောက်ပဲ ဖြစ်စေ အင်္ဂလိပ်စာနဲ့ အထိအတွေ့လုပ်ပါ။ Facebook ပေါ်က Video လေးတွေ ကြည့်တာပဲဖြစ်စေ၊ အင်္ဂလိပ်သီချင်းတွေ နားထောင်တာပဲဖြစ်စေ၊ မအိပ်ခင် ဒိုင်ယာရီလေးကို အင်္ဂလိပ်လို ရေးကြည့်တာပဲဖြစ်စေ လုပ်ကြည့်ကြည့်ပါ။

✏️ 𝗠𝗮𝗸𝗲 𝗺𝗶𝘀𝘁𝗮𝗸𝗲𝘀 𝗼𝗻 𝗽𝘂𝗿𝗽𝗼𝘀𝗲

ဟုတ်ပါတယ်။ ရည်ရွက်ချက်ရှိရှိနဲ့ အမှားလုပ်ပါ။ အမှားတွေ ပြုလုပ်ခြင်းက သင်စဉ်ဆက်မပြတ်လေ့လာသင်ယူနေပါတယ် ဆိုတဲ့ သက်သေပါပဲ။ အကြောက်တရားတွေ ပျောက်ကွယ်ချိန်မှာ ကျွမ်းကျင်ခြင်းဆိုတဲ့အရာ ပေါ်ပေါက်လာမှာပါ။

✏️ 𝗖𝗼𝗻𝗻𝗲𝗰𝘁 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝘁𝗼 𝘆𝗼𝘂𝗿 𝗹𝗶𝗳𝗲

ကိုယ့်ဘဝရဲ့ အိပ်မက်တွေအကြောင်း၊ ပြသာနာတွေ အကြောင်း၊ စိတ်ဝင်စားမှုတွေ အကြောင်းကို ဘိုလိုမှုတ်ကြည့်ပါ။

အာလူးတို့ မှတ်ထားရမှာက အင်္ဂလိပ်ကို Perfect ဖြစ်နေစရာမလိုပါဘူး။ အင်္ဂလိပ်ကို ရဲရဲ ပြောဆိုနိုင်ဖို့ Confident ရှိဖို့ပဲ လိုပါတယ်။

ကဲ ဒါဆိုရင် အပေါ်မှာ ပြောပြပေးခဲ့တဲ့ အလေ့အထ (၃) မျိုးကို ဒီနေ့က စပြီး လိုက်လုပ်ကြည့်ကြဖို့ တိုက်တွန်းပါတယ်နော်။

နှစ်သစ်မှာ အတန်းသစ်တွေ တက်ပြီး ကိုယ့်ရဲ့ English စာ စွမ်းရည် မြှင့်တင်ဖို့ အားခဲထားတယ်ဆိုရင်လည်း General English 4 Skills အတွက်ပဲ ဖြစ်ဖြစ်၊ IELTS ပဲဖြစ်ဖြစ် One-On-One တစ်ဦးချင်း special care & individual focus အပြည့်နဲ့ သင်ကြားပေးနေတဲ့ ကျွန်မတို့ Potato on the Couch မှာ အတန်းလေးတွေကို လာရောက် အပ်နှံနိုင်ပါကြောင်း သတင်းစကားပါးအပ်ပါတယ်ရှင်။ 💕✨

Learn with us & grow like a POTATO. 🥔

31/12/2025

Potatoes တို့ အားလုံးပဲ Happy New Year ပါ 🎉✨️

ကုန်လွန်ခဲ့တဲ့ 2025 ခုနှစ်ဟာ အားလုံးအတွက် ​ဝမ်းသာစရာ၊ ဝမ်းနည်းစရာ၊ အားတက်စရာ၊ အား​လျော့စရာ၊ ​ကောင်း​သောအရာ၊ ဆိုး​သောအရာ စသဖြင့် အမျိုးမျိုး​သော ​ထွေရာ​လေးပါး အ​ကြောင်းအရာ​တွေနဲ့ သင်ခန်းစာယူချင်စရာ ပြန်လည်​တောင့်တစရာ အမှတ်တရမျိုး​တွေကို ယူ​ဆောင်လာ​ပေးခဲ့မယ်လို့ ယုံကြည်ပါတယ်။

မည်သို့ပင်ဆို​စေကာမူ ယခုလာမယ့် 2026 နှစ်သစ် အခါ သမယမှာ​တော့ Potatoes တို့ အားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတွေနဲ့ ပြည့်စုံကာ မိမိတို့ဆန္ဒရှိတဲ့ ဘဝ အိပ်မက်တွေ အားလုံးကို အခက်အခဲအတားအဆီးမရှိဘဲ အလွယ်တကူ အကောင်အထည်ဖော် ​ပေါက်​မြောက်နိုင်ပါစေကြောင်း Potatoes Team က ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 🥔✨

နှစ်သစ်မှာ ကျွန်​​တော်တို့ Potato On The Couch အ​နေနဲ့ classroom environment ကို ပိုမို​ကောင်းမွန်​အောင် ကြိုးစားသွားမယ့်အပြင် ​ကျောင်းသားများရဲ့ Targeted Achievements ​တွေကို ရရှိနိုင်​အောင် အ​ကောင်းဆုံး ကူညီကြိုးစား သင်ကြား​ပေးသွားမည့်အတွက် New Year Resolution အ​နေနဲ့ နှစ်သစ်မှာ အတန်းသစ်တွေတက်ပြီး ကိုယ့်ရဲ့ English စာ စွမ်းရည် မြှင့်တင်ဖို့ အားခဲထားတယ်ဆိုရင်​တော့ General English အတွက်ပဲ ဖြစ်ဖြစ်၊ IELTS ပဲဖြစ်ဖြစ် One-On-One တစ်ဦးချင်း special care & individual focus အပြည့်နဲ့ သင်ကြားပေးနေတဲ့ Potato on the Couch မှာ အတန်းလေးတွေကို လာရောက် အပ်နှံနိုင်ပါကြောင်းလည်း သတင်းစကားပါးအပ်ပါတယ်။

Happy New Year Everyone! ✨️

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่


Bangkok