MedSphere Myanmar

MedSphere Myanmar

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก MedSphere Myanmar, เว็บไซต์เพื่อการศึกษา, 54, 2 Soi 1 Sannam Bin , Don Mueang, Bangkok.

I help Myanmar doctors navigate international medical careers by sharing practical pathways, supervising CVs and interviews, and providing personalized clinical career consultations.

12/06/2026

2022 , 2023 က Plab ဖြေပြီး အလုပ်တွေအတော်ရကြသေးတယ်

အခုမှ Data တွေ ပြန်ကြည့်မိတော့ အဲအချိိန်က GMC ရပြီး 6 months အတွင်း First job ရတဲ့ IMG က 26 percent အထိရှိတယ် 2024 မှာ 13 % ပဲရှိတော့တယ် အခု Data တွေမထွက်သေးတော့မသိရပေမယ့် တော်တော်နည်းနည်းသွားပြီ

ဒါမယ့်
GMC workforce ရဲ့ 44 % က IMG တွေဖြစ်နေဆဲ
IMG 138450 ကလက်ရှိ NHS မှာအလုပ်လုပ်နေတုန်း
တစ်ခုပဲ NHS ကို IMG ဝင်တဲ့နှုန်းက Slow down ဖြစ်လာတယ်

NHS ကို IMG တွေဝင်တဲ့နှုန်းက2024 မှာ 20,060 ရှိတယ် , ဒါက 2023 က 19629 ရှိတာနဲ့ယှဥ်ရင် ပိုတောင်တက်လာသေးတယ်လို့ ထင်စရာပဲ ဒါမယ့် Slow down ဖြစ်သွားတာကိုပြတာ အခုနောက်ပိုင်း ပိုကျလာမှာ

ဒီလို IMG အဝင်နည်းလာတာက သူတို့ longterm workforce plan အရ IMG reliance ကို 2035 မှာ less than 10 percent အထိလျှော့ချမယ်လို့ပြောထားလို့ အံ့သြစရာတော့မကောင်းပါဘူး

လျှော့မှာကလျှော့မှာပဲ ဒါမယ့် Specialty training ဝင်မရတဲ့ပြသနာကြောင့် IMG တွေ Ausi ဘက်ကိုတော်တော်လေး ရွှေ့ကုန်ကြတယ်

2021 ကထက် 2025 မှာသုံးဆတက်လာပြီ
ကျနော်တို့ Ausi premium job support service ယူတဲ့အထဲမှာအရင်က AMC1 နဲ့ Candidates တွေပဲရှိရာကနေ အခု NHS experiences နဲ့ လူတွေ ပါလာကြပြီ

GMC License give up လုပ်တဲ့သူတွေများလာတယ် 2024 တစ်နှစ်ထဲမှာ 4480 ရှိတယ် ဒီနောက်ပိုင်းပိုများလာမှာ , UKMLA exam demand တွေနည်းလာတယ် 40 % အထိကျသွားပြီ

ဒီကနေဘာတွေပြောလို့ရလဲ ?
⁃ UK အစိုးရက IMG workforce 40 % ကျော်မှီခိုနေရာကနေ့ အခြေအနေမပျက် လျှော့ချသွားနိုင်မှာလားဆိုတာ မရေရာဘူး

IMG တွေမပါဘဲ or only less than 10 percent လောက်လေးနဲ့ပဲ UK patients တွေကို Quality care ပေးနိုင်ဖို့
အစိုးရက
⁃ Medical school တွေအများကြီးတိုးဖွင့်မယ် 2031 မှာ School places 150000 ဖြစ်လာမယ်
⁃ Medical school တွေနဲ့ပါတ်သတ်ပြီးဘယ်လောက်ထိတောင်လုပ်မလဲဆိုရင် 5 or 6 years program တွေကနေ 4 years program အထိချုံပစ်လိုက်ပြီး မြန်မြန်အလုပ်ဝင်လို့ရအောင်လုပ်မယ်
⁃ Training position တွေထပ်တိုးမယ် Demand အရမ်းတဲ့ GP specialty training က 2031 မှာ 50 % , 6000 ကျော်အထိတိုးလာမယ်
⁃ Specialty training တွေအပြင် Physician associate , nurse associate နဲ့ Direct patient care ဘက်မှာလည်း Tranining တွေပိုတိုးမယ်

ဒီလိုတွေတိုးချဲ့ပြီး သွားမှာက ကောင်းတယ် ဒီလိုတိုးပြီးတော့ Medical school , training post တွေလုပ်မှာဖြစ်ပေမယ့် ဒါတွေလုပ်ဖို့အတွက် Challange တွေအများကြီးရှိနေတယ် ဥပမာ - Budget

အစိုးရက ဒီလောက် long term plan ကြီးကို မတည်ပေးဖို့ Budget ရှိရမယ်
⁃ Supervisor တွေ
⁃ Infrastructures , Operation theatre , lecture rooms
⁃ Teaching materials
⁃ နောက်အရေးကြီးဆုံးက IT support တွေမှာ Budget အများကြီးသုံးရမယ် Social Care
ဘက်မှာ improve ဖြစ်လာဖို့ကိုပဲ 250 billions pound invest လုပ်မယ်လို့ confirm ထားပြီးပြီး the whole NHS longterm workforce ကြီးအတွက် budget ကအတော်တွက်ယူရမယ်

သူတို့လည်းဝန်ခံတယ် ဘာမှမရေရာဘူး IMGတွေကိုမှီိခိုနေရတဲ့ဟာကိုလျှော့ချမယ် လျှော့ချဖို့အတွက် ဒါတွေလုပ်ရမယ်ဆိုပေမယ့် အားလုံးက Just prediction ပဲ

While the Plan’s model is founded on data, evidence and analysis, its projections are made with assumptions that are, by their nature, subject to a degree of uncertainty. This is unavoidable for any modelling over a 15-year timeframe.

ဒီလိုမျိုးပြောထားတာရှိတယ် ဒါကြောင့် ကျနော်ပြောချင်တဲ့ Key points က UK က IMG workforce ကို အခြေအနေမပျက် လျှော့ချသွားဖို့လုပ်တာက လက်တွေ့မှာ Challange တွေအများပြီးရှိနေတယသိပ်မလွယ်ဘူးပေ့ါ

အဲဒါကြောင့်ကျနော်တို့က မှန်းယုံပဲ NHS ကလုံးဝပိတ်သွားမှာလားဆိုရင် ဒါတော့မဖြစ်နိုင်ဘူး Market ကIMG တွေအတွက်ပြန်ပွင့်လားမလား မသေချာပေမယ့် IMG တွေက ဒီနှစ်အတောအတွင်း မြန်မြန်ဆန်ဆန်ကြီး ပစ်ပယ်လို့မရတာတော့သေချာတယ် အထူးသဖြင့် Experiences ကောင်းကောင်းရှိတဲ့သူတွေ UK membership full holder တွေက ဒီနှစ်တွေမှာ အလုပ်ကိုတွန်းပြီးလျှောက်ဖို့လိုနေပါတယ်

Negative views တွေနဲ့ overwhelm ဖြစ်နေရင် ဘာမှမသေချာဘူးဆိုတာသတိရပါ သေချာတာက NHS က IMG တွေမရှိဘဲ system run လို့မရသေးဘူးဆိုတာပါပဲ

အားလုံးပဲအဆင်ပြေကြပါစေဗျာ
Information အမှားတွေပါခဲ့ရင် အများကြီးတောင်းပန်ပါတယ်ဗျာ

With love
Dr.Naung Myat




11/06/2026

Queensland Health RMO campaign လျှောက်တဲ့အခါ Hospital preference ရွေးရတယ်

သူတို့ပြောထားတာက

Please note that some metro facilities recieve a large number of applications within 1st and 2nd preference and may not need to assess lower preferenced applications. Applicants are advised to utilise lower preferences to indicate which positions they may be interested in, if they are not selected to their 1st preference.

Metro facilities တွေကလျှောက်တဲ့လူတွေများလို့ ရနိုင်ချေနည်းတယ် အဲဒါကြောင့် Back - up အနေနဲ့ တစ်ခြား Regional / rural hospital လေးတွေလည်း တင်ထားသင့်ပါတယ်တဲ့

အဲတော့ Absolute guide တော့မဟုတ်ဘူး ဒါမယ့်ရှာလို့ရသမျှ မြန်မာဆရာဝန်တွေ Preference လုပ်သင့်တဲ့ ဆေးရုံစာရင်းတင်ပေးလိုက်ပါတယ်

Regional Hospital
⁃ Toowoomba Hospital
⁃ Sunshine Coast University Hospital
⁃ Cairns Hospital
⁃ Townsville University Hospital
⁃ Mackay Base Hospital
⁃ Bundaberg Hospital
⁃ Hervey Bay Hospital
⁃ Caboolture Hospital
⁃ Redcliffe Hospital
⁃ Ipswich Hospital
⁃ Gladstone Hospital
⁃ Rockhampton Hospital
⁃ Nambour General Hospital
⁃ Bundaberg Hospital

Rural /Remote Hospital
⁃ St George Hospital
⁃ Charleville Hospital
⁃ Longreach Hospital
⁃ Mount Isa Hospital
⁃ Roma Hospital

အဲထဲက Rockhampton , Mackey Base , Sunshine Coast , Townsville University Hospital တွေက WBA လည်းရပါတယ်

ဟိုပြောဒီပြောနဲ့ , Reddit , Youtue က list တွေဖြစ်ပါတယ် အမှားအယွင်းမဖြစ်ဖို့ လက်ရှိလုပ်နေတဲ့ Senior တွေနဲ့လည်းတိုင်ပင်သင့်ပါတယ်ဗျာ

အားလုံးပဲအဆင်ပြေကြပါစေ

With love
Dr.Naung Myat




10/06/2026

09/06/2026

ဘာပွဲမှမရှိကြဘူးလား 😄

08/06/2026

မနေ့က ညီမလေးတစ်ယောက်က Ausi Jobs Premium Serive နဲ့ပါတ်သတ်ပြီးလားစုံစမ်းတော့ Ok ပေါ့

ဖုန်းပြောချင်တယ်ဆိုတာနဲ့ Messenger call နဲ့ပြောဖြစ်ရော

NHS experience 4 months ရှိတယ် Ausi ဘက်ကိုကူချင်တာရလားဆိုပြီးမေးတာနဲ့ ပြောပြဖြစ်တယ်

ဘယ်လိုရှိပါတယ် ဘာညာပေ့ါ 😁

နောက်ပြောရင်းလည်း ဒီအသံကလေ
ရင်းနှီးနေပါတယ် နာမည်ကတော့ မရင်းနှီးဘူး

အသံကတော်တော်ရင်းနှီးတာ

နောက်တော့သူကပဲပြောတာ အကို့ဆီ CV service ယူဘူးတယ်လေတဲ့ 2025 July လောက်ကဆိုတော့မှ မေးလိုက်တယ်

ညီမလေးအကို motivatation တွေအတုံးလိုက်ပေးပြီး စကားတွေပြောဖူးတယ်မဟုတ်လားလို့ အဲတုံးက သူက MRCP part 2 ဖြေမှာလားမသိဘူး တော်တော်ရှုပ်ပြီး NHS အလုပ်လျှောက်ပေးဖို့တောင် အကူအညီတောင်းဖြစ်သေးတယ်

နောက်ပိုင်းဘာလို့မှန်းမသိဘူး ပျောက်သွားရော Interview တစ်ခုလားမသိရသွားပြီး Practice တောင်လုပ်ပေးဖြစ်သေးတယ်ထင်တယ်

အဲဟာပဲအဆင်ပြေသွားတာလား နောက်မှ ကိုယ့်ဘာသာအဆင်ပြေသွားလားမသိဘူး

ဘယ်လိုပဲဖြစ်ဖြစ် အရမ်းကျေနပ်တယ် အရင် Very feeling stuck ဖြစ်နေရာကတော့ အခုတော့ NHS အလုပ်ရပြိး အသံကလည်းမတူတော့ဘူး

အသံက Confident အပြည်နဲ့အသံမျိုးဖြစ်နေပြီး ဝမ်းသာတယ် တကယ်ပြောတာပါ

🦾🦾🦾🦾🦾
With love
Dr.Naung Myat




07/06/2026

Portfolio တစ်ခုဘယ်လိုတည်ဆောက်မလဲ ?

CV ဆိုတာ ကျနော်တို့ ဘာတွေလုပ်ခဲ့သလဲဆိုတာ ကိုယ်လျှောက်မယ့် Position အလိုက်ပြပေးတဲ့ text-based record တစ်ခုလို့ပြောလို့ရတယ်

Portfolio ကတော့ အဲဒိဟာတွေ ( ဘာတွေလုပ်ခဲ့တယ် , ဘာ traning တွေရခဲ့တယ် ) ဆိုတာလောက်နဲ့မဟုတ်တော့ဘဲ
⁃ Reflectionလုပ်တာတွေပါလာပြီ
⁃ Evidence တွေပါမယ် ရထားတဲ့ Certificate , Photo , Senior sign , Patients feedbacks notes စသည်ဖြင့်
⁃ Learning points တွေထည့်လို့ရပြီ

ဆိုရရင် Portfolio တစ်ခုက ကိုယ့် Career အကြောင်းကို အလှပဆုံး သက်သေအစုံအလင်နဲ့ ပြောပြထားတဲ့ ကိုယ်ရေးရာဇဝင်တစ်မျိုးပါပဲ

✅ Portfolio ရှိဖို့လိုအပ်လား ?
Portfolio တစ်ခုတည်ဆောက်ထားရင်
⁃ ကိုယ်ရဲ့ interest ကိုကောင်းကောင်းပြလို့ရတယ်
⁃ Not just showcase but strong evidence of who you are , what you have done ကို Employer ဒါမှာမဟုတ် တစ်ယောက်ယောက် like ကျနော်တို့ရဲ့ Supervisor , apprasor တွေကို ကောင်းကောင်းကြီးမြင်အောင်ပြလို့ရသွားတယ်
⁃ Impression က မတူတော့ဘူး CV ကကျနော်တို့ ဘယ်တုန်းကဘာလုပ်ခဲတယ်ဆိုတာမျိုးလောက်ပဲ ပြောလို့ရတာ နည်းနည်းတောင့်တောင့်ကြီးဖြစ်တယ် Portfolios ကကျတော့ feedback တွေ , သက်သေတွေနဲ့ပြတာမလို့ ပိုပြီးတော့ Visual record ဖြစ်တယ်ဆိုလိုတာက သူများဖတ်ကြည့်လိုက်တာနဲ့ ကိုယ်ဘာကောင်လဲမေးစရာမလိုတော့တာမျိုး

✅ ဘာဖြစ်လို့ Visual Record လို့ပြောတာလဲ ?

လူနာတစ်ယောက်က ကိုယ်ကုပေးလိုက်လို့ ရောဂါသက်သာသွားတယ် နောက်နေ့တော့အဲလူနာက ကိုယ့်ကို ကျေးဇူးတင်ကြောင်းစာလေးရေးပြီးပေးတယ်ပေါ့ ကျနော်နယ်မှာတုန်းက တကယ်ရဖူးတယ် အရင်ကသိမ်းထားဖူးတယ်ကြွားရအောင်လို့ ခုတော့မရှိလောက်တော့ဘူး 😁

အဲဒိစာလေးကို ဓါတ်ပုံရိုက်ပြီး Portfolio ထဲမှာထည့်လို့ရတယ် ကိုယ်ကဘာလုပ်ပေးလိုက်တာသူအဆင်ပြေသွားတယ် ဒါကအဲဟာရဲ့သက်သေပဲပေါ့

နောက်ပြီး ခွဲစိတ်စိတ်ဝင်စားတဲ့သူတွေဆိုရင် case finding တွေကို ( တကယ် Operation ခန်းထဲမှာနော် ) လူနာ ID တော့မပါရဘူး ဒါကတော့သိကြမှာပါ Confidential ဆိုတော့လေ ဥပမာ ကိုယ်က Laproscopic procedures တစ်ခုကို assist လုပ်တာ Gall blader ကိုနောက်ဆုံးထွက်လာပုံလေးကို ဓါတ်ပုံရိုက်ထားလို့ရတယ် ပြီးရင် ထည့် ဟိုထဲကို 👍

ဆိုတော့ ဒီလိုမျိုးလေးတွေ လှလှလေးလေးတွေ ခပ်မ်ိုက်မိုက်ပြလို့ရတယ် ကိုယ်လုပ်သမျှအကုန်လုံးကိုလုပ်စရာမလိုဘူး ထူးထူးခြားခြားဟာလေးတွေကိုပြောတာ

ပြီးရင် အမြဲတမ်း photo တွေခွထည့်ရမယ်လို့မဆိုလိုဘူး တစ်ခြားသက်သေတွေလည်းသုံးလို့ရတယ် Senior sign , ceritficate လိုဟာမျိုးတွေလည်းသုံးလို့ရတယ််

✅ ဒါဆိုရင်ဘယ်ကစလုပ်ရမလဲ ?

ကျနော်တော့ Canva ပဲသုံးတယ် Wordpress တို့ Google site တို့လည်းသုံးလို့ရတယ်လို့ ChatGPT ကပြောတယ် 😁 ဒါမယ့်ကျနော်က Canva pro သုံးပြီးသားဆိုတော့ တစ်ခြားဟာမသိတော့ဘူး

Canva ကိုဝင်ပြီး Portfolio presentation or website ဆိုပြီးရိုက်လိုက်ရင် template တွေကျလာလိမ့်မယ့် အဲဟာကိုဖြည်းဖြည်းချင်းရေးသွားရုံပါပဲ

Portfolio website လို့ရိုက်လိုက်ရင် Slide / template တွေတွေ့ရလိမ့်မယ် ပြီးရင် ထည့်စရာရှိတာထည့် ပြီးတာနဲ့ Website အဖြစ် Publish လုပ်ထားလို့ရပြီ အရမ်းလွယ်တယ်

အဲလို့မဟုတ်ရင် Presentation power point ပုံစံကိုပဲလုပ်လို့ရတယ်

မဟုတ်ရင်လည်း Doc နဲ့ ရိုးရိုးပုံစံပြင်လည်းကောင်းတယ် အဲမှာ table , photo , တွေထည့်လို့ရတာပဲ ပြီးရင် Banner တွေ , color, font တွေကြိုက်သလိုပြောင်း

အဓိကလှဖို့ရယ် စနစ်ကျဖို့ရယ်ပဲ

✅ OK ဘယ်လို format ချမလဲ ?

ပထမဆုံးက အမိုက်စား ကိုယ့်ဟာကိုရိုက်ထားတဲ့ ပုံလေးနဲ့ CV ရေးသလိုပဲ Professional Summary လေးနဲ့စ

ဒါကတစ်ခုနဲ့တစ်ခုတော့မတူဘူးပေါ့နော် ကိုယ်က Surgery စိတ်ဝင်စားတဲ့သူဆိုရင် တစ်ခါတည်း Intro မှာကတည်းက အဲဟာကိုပြောပြထားလို့ရတယ် ဒီအတိုင်းပဲကိုယ်လုပ်တဲ့ဟာကိုပဲ Record လုပ်ချင်တာမျိုးဆိုရင်တော့ ရိုးရိုးပဲရေးရမှာပေါ့

I am a MBBS doctor , who is currently working at ———— . I passed MRCS part A ———————————————————

အဲလိုမျိုးလေးပြောတာပါ

ပြီးရင် ( Surgery အတွက်ဥပမာပေးလိုက်မယ်နော် )

⁃ Basic surgical procedures
⁃ Surgical operation
⁃ CPD
⁃ Audit/Research
⁃ Voluteering Jobs
⁃ Awards ( Only academic )
⁃ Teaching Experience
⁃ Leadership / Management
⁃ Team working
စတာတွေကို Topic တစ်ခုချင်းစီပြောလို့ရပြီ ပြောရမယ်ဆိုရင် CV လိုဟာမျိုးကိုမှ ပိုစုံသွားတာကိုပြောတာပါ

ဥပမာ

Basic surgical procedures တွေဆိုရင် Table လေးနဲ့ပြလို့ရတယ်

Date ,Procedures Name , Senior Sign or Feedback from seniors or photo , Reflection တွေခွဲပြီးပြ

Reflection NHS ရဲ့ Reflective Practionar Guidance ဖတ်ကြည့်လိုက်သေးတယ် သူတို့ Reflection ကိုအရမ်းအလေးထားတာတွေ့ရတယ်ဘာကြောင့်လဲဆိုတော့ တစ်ခုခုလုပ်ပြီး Reflect လုပ်နိုင်မှာ personal and professional development ရှိမှာမလို့ What , So what , Now what တဲ့ - ပထမ Procedure တစ်ခုကိုလုပ်ရင်းနဲ့ Thinking လုပ်ဒါဘာလဲ , ဘာကြီးလဲပေါ့ လုပ်နေတဲ့ Step တွေကိုလေ့လာနေတာ

နောက်တော့ So what , feeling ကိုပြန်စဥ်းစား အဲ procedure လုပ်နေတဲအချိန်မှာ ကိုယ်ကကောင်းကောင်းလုပ်နိုင်တယ်ထင်လား ဘာတွေသိသွားလိုက်လဲ , ဒီ procedure ရဲ့အရေးကြီးတာကဘာလဲ - သူကသုံးသပ်တဲ့ဘက်ရောက်သွားတယ်

နောက်ဆုံးက Now what - အခုလုပ်ပြီးသွားတော့ ဘာအမှားတွေရှိခဲ့လဲ ဘာတွေပြင်ဆင်ရမလဲ နောင်တစ်ချိန်ပြန်လုပ်ရင်ပိုကောင်းအောင်ဘယ်လိုလုပ်မလဲ

ဒါကကျနော်နားလည်သလိုပြန် share ပေးတာနော် Google မှာ Reflective prationar guidance လို့ရှာဖတ်ကြည့်လို့ရပါတယ်

နောက်ပြီး Teaching သင်တဲ့ဟာပြောတော့မယ်ဆိုလည်းအဲလိုပဲ

Duration ( သင်နေတဲ့ကာလ ) , Topic like MRCP exam class , Online လား inperson လား , ပြီးရင်နောက်ဆုံးမှာမ Reflection ပြန်လုပ်ပေးလိုက်ရင်ပြီးပြီ

Ok ဗျာ ဒါကတော့ E-portfolio တစ််ခုကိုဘယ်လိုမျိုး လွယ်လွယ်ကူကူတည်ဆောက်လို့ရတဲ့အကြောင်းပြောပြပေးတာပါ

တော်တော်လေးလွယ်ပါတယ် ကျနော်လည်း Clinical ဟာတစ်ခုလုပ်ထားပြီး , နောက်အခု MedSphere နဲ့ဟာကိုလည်းလုပ်နေတာရှိတယ် ဖြ်ည်းဖြည်းချင်းဖြည့်သွားရုံပါပဲ


Summary
⁃ E-portfolio က UK မှာ Medical students , foundation years , နဲ့ doctors တွေအကုန်လုံးလုပ်ကြရပါတယ်
⁃ Speciality training မှာလည်း တင်ရသလို Apprasal လုပ်ရင်လည်းလိုပါတယ်
⁃ Non-training job တွေမှာ တင်ပေးလို့ရပါတယ်
⁃ ကိုယ့်အကြောင်းကို သေချာပြောပြပေးနိုင်တဲ့ Portfolio တစ်ခုဖြစ်လာတာမို့လို့ အရမ်းအသုံးဝင်ပါတယ်လို့ပြောရင်း
ပြီးပါပြီ 😁

With love
Dr.Naung Myat

# # #




06/06/2026

Clinical ဘက်ပဲလိုက်မယ့် ဆရာဝန်တွေက လောလောဆယ်ဘာလုပ်ထားသင့်လဲဆိုရင်
⁃ Experiences Build-up
⁃ CPD , QIP , Clinical Governance
⁃ UK membrships

ဒါပဲ licene exam တွေဖြေတာရပ်သင့်ပြီ AMC , Plab လိုမျိုး လူတွေအဖြေများတဲ့ဟာတွေက မဖြေသေးပဲ စောင့်ကြည့်နေတာအကောင်းဆုံးပါ

အထူးသဖြင့် Experiences နည်းနည်းပဲပြလိုရသေးတဲ့ Fresh graudate or Clinical gap များနေရင် License exam တွေက မလုပ်သင်ပါဘူး ပိုက်ဆံကုန်တာပဲအဖတ်တင်ပါလိမ့်မယ်

🚨🚨
ဒီကြားထဲ နံပါတ်တစ်အရေးကြီးဆုံးက

1. Experiences Build-up
အရင်ဆုံးကိုယ် Clinical ဘက်သွားမယ်ဆိုရင် ဘယ်လမ်းကြောင်းကိုသွားမှာလည်း ဆုံးဖြတ်ထားသင့်တယ် ဥပမာ - Emergency လား , Medicine ဘက်လားစသည်ဖြင့်

သေချာပြီဆိုရင် ကိုယ်လျှောက်မယ့် line of profession နဲ့ ပါတ်သတ် Experiences ကိုအသေအချာစုလို့ရပါပြီ

ပြည်ပမှာရှိတဲ့လူတွေကတော့ခက်ခဲပါလိမ့်မယ် များသောအားဖြင့် Inperson treat clinical experiences ကိုကြိုက်တာဖြစ်လို့ပါ

ပြီးရင် ကိုယ်ရထားတဲ့ Experiences ကို Document လုပ်ထားသင့်တယ် ပြောရရင် Portfolios လုပ်ထားဖို့ပေါ့

နည်းနည်းကြီးကျယ်သလိုဖြစ်နေပေမယ့် Portfolio လုပ်ရတာတကယ်မခက်ပါဘူး ကျနော့် Page မှာလည်း Portfolio လုပ်တာနဲ့ပါတ်သတ်ပြီး Post တစ်ခုရေးထားတာရှိလို့ ဖတ်ကြည့်လို့ရအောင် Comment မှာပြန် Share ပေးပါမယ်နော်

ဒီ Portfolio က အလုပ်လျှောက်တဲ့အခါပြရတာမဟုတ်ပေမယ့် ကျနော်တို့ လုပ်ချင်တဲ့ Career နဲ့ပါတ်သတ်ဆက်စပ်တဲ့ Experiences တွေကို မှတ်တမ်းတင်ထားတာဖြစ်လို့ နောက်ပိုင်း CV ရေးတဲ့အခါ အဆင်ပြေသလို ကိုယ့်ရဲ့ clinical life မှာ milestone တွေ Goal တစ်ခုပြီးတစ်ခု လုပ်ဖြစ်သွားသလိုလဲဖြစ်သွားပါတယ်

ဥပမာ - ဘာသိဘာသာနေမယ့်အစား Portfolio ထဲမှာ ဒီတစ်နှစ်အတွင်း Challanging cases ဘယ်နှစ်ခုကြည်ဖူးရမယ် , Advanced procedures ဘယ်နှစ်ခုလုပ်ပြီးရမယ် စသည်ဖြင့် စနစ်တကျ လုပ်ဖြစ်သွားပါလိမ့်မယ်

2. CPD , QIP , Clinical Governance
ဒီဟာကအလွယ်ပြောရရင် လက်လှမ်းမှီသလောက် CME , Conferences , Courses တွေတက်ထားတာမျိုးကိုဆိုလိုတာပါ

ဘယ် Course တွေတက်သင့်သလဲက ကိုယ်သွားမယ့် လမ်းကြောင်းက Emergency ဆိုရင် သူနဲ့ဆိုင်တာတွေ တက်ထားလို့ရပါတယ်

Local ဆေးရုံတွေကပေးတာပဲဖြစ်ဖြစ် , Online ကတက်လို့ရတဲ့ course တွေဖြစ်ဖြစ် အဓိကအရေးကြီးတာက ကိုယ်စိတ်ဝင်စားတဲ့ နယ်ပယ်နဲ့ဆိုင်တာလေးတွေဖြစ်ဖို့လို့ပါတယ် ဟိုဟာလည်းတက်ဒီဟာလည်းတက်ဆိုရင် ဘယ်ဘက်သွားချင်နေမှန်းမပေါ်လွင်ဘူးပေ့ါ

Clinical governance ဆိုတာကတော့ တကယ်တမ်းအခုပြောနေတဲ့ Conference ၊ CME နဲ့ QIP , ဘာညာတွေအကုန်ပါပါတယ်

ကျန်းမာရေးစနစ်တစ်ခုအမြဲတိုးတက်နေဖို့ Quality care ဖြစ်ဖို့ ကျန်းမာရေးပညာရှင်တွေ အစဉ်အမြဲလုပ်နေရမယ့် အရာတွေပါ့

ဥပမာ - Audit

Audit မလုပ်ရင် အမှားတွေ Guideline နဲ့လွဲနေတာတွေဆက်ဖြစ်နေမှာပဲ Audit က Health care တိုးတက်ဖို့ဆို လုပ်ကိုလုပ်သင့်တဲ့ Activity တစ်ခု ဒါမယ့်ကျနော်တို့နဲ့ စိမ်းနေပါသေးတယ် ပြစရာမရှိဘူးဖြစ်နေတာများတယ်

ဒီတော့ Audit တစ်ခုလောက်လုပ်ဖူးအောင်လုပ်ထားတာ နောက်ပိုင်းမှာ CV လည်းလှတယ်

ပြီးရင် Research ပေါ့ သူလည်းကျနော်တို့နဲ့စိမ်းတယ် Research တစ်ခုလောက်ကောင်းကောင်းလုပ်ဖူးထားရင်နောက်ပိုင်း နိုင်ငံတကာအလုပ်တွေလျှောက်တဲ့အခါ သိသာပါတယ် Research field သွားမယ့်လူမဟုတ်ရင် အများကြီးမလိုပါဘူး တစ်ခုလောက်ဆိုရင်ကိုလုံလောက်ပါတယ်

Internationally recognized journel like PudMed လိုမျိုးမှာ published ဖြစ်ထားရင် အရမ်းလှသွားပါပြီ တကယ်လုပ်ချင်ရင်မခက်ပါဘူးနော်

ဆိုတော့ Clinical governance activities တွေကအဲလိုမျိုးတွေပါ ဒါတွေက ကျနော်တို့ ခုလိုအချိန် အခွင့်ရေးရသမျှလုပ်ထားလို့ရပါတယ်

3. UK membership exam
ကျနော့ page မှာ MRCP , MRCEM , MRCGP​ [ INT. ] လိုမျိုး Membership exam တွေအကြောင်းသေချာလေးရှင်းပြထားပေးပါတယ် ဝင်ဖတ်ကြည့်လို့ရပါတယ်နော်

UK membership တွေက ဖြေထားတာမမှားဘူး ကိုယ်က Clinical စိတ်ဝင်စားတယ်ဆိုရင်
လတ်တစ်လော Plab , AMC တွေ လမ်းပိတ်နေတဲ့အချိန်မှာ လုပ်စရာက တွေဝေနေစရာမလိုအောင်ကို အများကြီးမရှိပါဘူး

သေချာစဥ်းစားကြည့်ရင် Uk membership တွေကလွဲရင် CV တစ်စောင်မှာ အတော်အသင့် Impression ကောင်းကောင်းပြစရာ နိုင်ငံတကာ Exam တွေမရှိဘူး

ဒီလိုမျိုးတွေးလို့တော့ရတယ် MRCP ဖြေလိုက်ရင် Surgery နဲ့ဆိုင်တဲ့အလုပ်တွေလျှောက်လို့မရတော့ဘူးလား ? ဒါကတွေးလို့ရတယ် ဒါမယ့်အစကတည်းက ကိုယ်ဘာလုပ်ချင်တာလဲ ပြတ်သားမှ ဖြစ်မှာ မဟုတ်ရင် အချိန်တွေအများကြီးကုန်ပြီး နောက်ဆုံး အစုံရ General medical officer ပဲဖြစ်လာမှာ

ရှင်းအောင်ပြောရရင် Plab ပြီးသွားရင် UK မှာကြိုက်တဲ့အလုပ်တွေလျှောက်လို့ရသွားတယ် Medicne , surgery , og , child ဘာညာ Choice များတယ် ဒါမယ့်အခုဟာက အလုပ်မရဘူး ကြိုက်တာလျှောက် Junior level က အလုပ်မပေးဘူး ဒီတော့မှာ MRCP or MRCEM တွေထပ်ဖြေပြီး Target လုပ်ပြီးလျှောက်ရရော Market ကအဲလိုဖြစ်နေတာ Ausi ဘက်လည်းအဲလိုပဲ အဲတော့ တွေဝေမနေဘဲ UK membership တစ်ခုခုဖြေထားတာက clinical life မှာ နောင်ရေးစိတ်အေးရစေပါတယ် 😁

အကောင်းပြောနေရင်း မကောင်းတာပြောရရင် MRCP full holder ဖြစ်လို့လည်း UK မှာအလုပ်ရနိုင်ချေက ဒီနှစ်ထဲမှာပဲဖြစ်နိုင်ပါတယ် Full holder တွေအလုပ်ရနေကြသေးတယ် နောက်နှစ်ဆိုရင်မသေချာနိုင်ဘူး

ပြောလို့တော့မရဘူး UK အခြေအနေက နောက်နှစ်နှစ်လောက်မှာတကယ်လို့ IMG workforce ကို ပြန်ပြီးတော့ မှီခိုလာခဲ့ရရင် အဲအချိန်ကိုယ်က အဆင်သင့်ဖြစ်နေတာပေါ့

Ausi ဘက်လည်းပြောမရဘူး Visa issue တွေပြေလျော့သွားခဲ့ရင် ဒိ Full Membership holder status ကအလကားဖြစ်မသွားဘူး CV လှသေးတယ်

နောက် Caribean , brunei , maldives ဘက်ဆိုလည်း Membership တွေကမျက်နှာလှနေတုန်းပဲ

အဲဒါကြောင့် ကျနော်ပြောချင်တာက
နံပါတ်တစ် - clinical လုပ်မှာသေချာလား ?
နံပါတ်နှစ် - Clinical မှာဆိုရင် ဘယ် line ကိုသွားမှာလဲ

ဒီမေးခွန်းနှစ်ခု ပြတ်သားတယ်ဆိုရင် အခုချိန်မှလုပ်နေသင့်တဲ့အရာက အခုပြောသွားတဲ့ အရာသုံးခုပါပဲ
⁃ Experiences build-up
⁃ CPD , QIP , Clinical governance
⁃ UK membership exam

ဒီရက်ပိုင်းတွေ Career consultation လုပ်နေရင် ခေါင်းထဲမှာပေါ်လာတဲ့ဟာလေးတွေ Share ပေးတာပါဗျာ အမှားလေးတွေပါရင်သည်းခံပေးကြပါဦးနော

အားလုံးပဲ အဆင်ပြေကြပါစေ

With love
Dr.Naung Myat

,QIP , Clinical governance


05/06/2026

ကျနော်တော့ ဘာလာလာ ဒေါင်းပဲ 😁

05/06/2026

Australian RMO Campaign Date တွေShare ပေးလိုက်ပါတယ်နော်

2027 Recruitment Campaign Dates ( Elective Recruitment )

New South Wales (NSW Health)
• Early application window: Open now (varies by role)
• Main round opens: 14 July 2026

Australian Capital Territory (ACT Health / Canberra Health Services)
• Intern applications: Open now
• Intern applications close: 4 June 2026
• RMO campaign: TBC (not yet released)

Queensland (Queensland Health)
• Applications open: 1 June 2026
• Applications close: 29 June 2026

Victoria (PMCV Match System)
• Match applications open: 27 July 2026
• Match applications close: 21 August 2026
• Health service assessment period: 24 August 2026
• Results published: 23 September 2026

Northern Territory (NT Health)
• Top End RMO Campaign: 1 June – 28 June 2026
• Central Australia RMO Campaign: 1 June – 28 June 2026

South Australia (SA Health / SAMET)
• Expressions of Interest open: 10 June 2026
• Close: 1 July 2026

Tasmania (Tasmanian Health Service)
• Applications open: 25 May 2026
• Applications close: 22 June 2026

Western Australia (WA Health)
• Applications open: 25 May 2026
• Applications close: 22 June 2026 (12:00pm)




ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่


54, 2 Soi 1 Sannam Bin , Don Mueang
Bangkok
10210