University of Co-operative and Management Information

University of Co-operative and Management Information

แชร์

Academic Information Networking/Scholarly Insight Dissemination

19/06/2026

သမဝါယမ နှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ် (သန်လျင်)
- စီးပွားရေး လုပ်ငန်းဆိုင်ရာ ဥပဒေအသိအမှတ်ပြုလက်မှတ်သင်တန်း
- စွန့်ဦးတီထွင်မှု နှင့် စီးပွားရေး စီမံခန့်ခွဲမှုပညာ အသိအမှတ်ပြု လက်မှတ်သင်တန်း
လျှောက်လွှာခေါ်ယူခြင်း
ပညာအရည်အချင်း - တက္ကသိုလ်ဝင်တန်းအောင်
www.ucmt.edu.mm

18/06/2026
Photos from University of Co-operative and Management Information's post 14/06/2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) MEBM ၊ MPA နှင့် MAR (First Batch) သင်တန်းများဖွင့်ပွဲနှင့် Orientation အခမ်းအနား ကျင်းပခြင်း

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရ ဖွင့်လှစ်ပို့ချသော Master of Entrepreneurship and Business Management (MEBM), Master of Public Administration (MPA)၊ နှင့် Master of Applied Research (MAR) (First Batch) သင်တန်းများဖွင့်ပွဲနှင့် Orientation အခမ်းအနားကို (၁၃-၆-၂၀၂၆) ရက်နေ့၊ နံနက် ၉:၃၀ နာရီတွင် တက္ကသိုလ်ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မှ ပါမောက္ခချုပ်၊ ယခင်သမဝါယမတက္ကသိုလ်(သန်လျင်) ပါမောက္ခချုပ် (ငြိမ်း)၊ ခေတ္တပါမောက္ခချုပ် (ငြိမ်း)၊ ပြင်ပပညာရှင် ဆရာကြီး ဆရာမကြီးများ၊ Programme Director များ၊ သင်ကြား/စီမံ ဌာနမှူးများ၊ သင်ကြားပို့ချမည့် ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူ (၇၀) ဦးတို့တက်ရောက်ခဲ့ကြပြီး သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(စစ်ကိုင်း) မှ ပါမောက္ခများနှင့် သင်တန်းသား၊ သင်တန်းသူ (၂၄)ဦး တို့က Zoom Online စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက အဖွင့်အမှာစကားနှင့် ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ရာ၌ ယနေ့သည် တက္ကသိုလ်ဖွံ့ဖြိုးတိုးတက်ရေး ခရီးစဉ်တွင် အရေးပါသည့် မှတ်တိုင်တစ်ခု ဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ်သည့် MEBM ၊ MPA နှင့် MAR သင်တန်းများသည် မိမိတို့တက္ကသိုလ်အနေဖြင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (Human Resource Development Programme)အရ ပထမဆုံးဖွင့်လှစ်သည့် မဟာဘွဲ့သင်တန်းများဖြစ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ရေးဖြေ၊ နှုတ်ဖြေ ဝင်ခွင့်စာမေးပွဲများကို ကြိုးစားဖြေဆိုခဲ့ကြပြီးအောင်မြင်ခဲ့ကြသဖြင့် မဟာဘွဲ့သင်တန်း အသီးသီးကို တက်ရောက်ခွင့်ရခဲ့ကြသည့်အတွက် ဝမ်းသာဂုဏ်ယူပါကြောင်းနှင့် နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ ယနေ့သင်တန်းမိတ်ဆက်ခြင်းအစီအစဉ်သည် သင်တန်းသား၊ သင်တန်းသူများ၏ ပညာရေး ခရီးလမ်းသစ်တစ်ခု၏ အစပြုခြင်းဖြစ်သဖြင့် မိမိတို့၏ပညာရေးရည်မှန်းချက်များကို ပြည့်မီအောင်ကြိုးစား သင်ယူကြရန်နှင့် လူမှုအဖွဲ့အစည်းအတွက် တန်းဖိုးရှိသောခေါင်းဆောင်များဖြစ်လာစေရေး ကြိုးပမ်း ဆောင်ရွက်ကြရန် အလေးအနက်တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက်‌ဒေါက်တာသိန်းထွန်း၊ ပါမောက္ခချုပ်(ငြိမ်း)၊ သမဝါယမတက္ကသိုလ်(သန်လျင်)နှင့် ပြင်ပပညာရှင်ဂုဏ်ထူးဆောင်ပါမောက္ခဆရာကြီး‌၊ ဆရာမကြီးများဖြစ်သည့် ဒေါက်တာကျော်မင်းထွန်း၊ ဒုတိယပါမောက္ခချုပ်(ငြိမ်း)၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ဒေါက်တာဌေးဌေးလွင်၊ တာဝန်ခံပါမောက္ခချုပ် (ငြိမ်း)၊ သမဝါယမတက္ကသိုလ်(သန်လျင်)၊ ဒေါက်တာခင်မေသန်း၊ ပါမောက္ခ၊ဌာနမှူး (ငြိမ်း)၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်၊ ဒေါ်မြတ်မြတ်သူ၊ ပါမောက္ခ၊ဌာနမှူး(ငြိမ်း)၊ မိတ္ထီလာစီးပွားရေး တက္ကသိုလ်၊ ဒေါက်တာမြင့်မြင့်ကြည်၊ ဒုတိယပါမောက္ခချုပ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်တို့က သြဝါဒအမှာစကားများ အသီးသီးပြောကြားခဲ့ကြပြီး၊ Programme Director (၃)ဦးတို့မှလည်း သင်တန်းသား၊ သင်တန်းသူများအား သင်တန်းနှင့်သက်ဆိုင်သည့် ကိစ္စရပ်များကိုရှင်းလင်း ပြောကြားခဲ့ကြပါသည်။ ၎င်းနောက် MEBM၊ MPA နှင့် MAR သင်တန်းများမှ သင်တန်းသား ကိုယ်စားလှယ် တစ်ဦးစီက သင်တန်းတက်ရောက်ခွင့်ရရှိသည့်အတွက် ဝမ်းသာပီတိစကားနှင့် ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ကြပါသည်။ ထို့နောက်ပါမောက္ခချုပ်နှင့် တက်ရောက်လာကြသည့် ပြင်ပပညာရှင်နှင့် ဂုဏ်ထူးဆောင်ပါမောက္ခဆရာကြီး၊ဆရာမကြီးများ၊ ပါမောက္ခ (ဌာနမှူး) များနှင့် သင်တန်းသား၊ သင်တန်းသူများ စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံပြီး အခမ်းအနား ကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

Photos from University of Co-operative and Management Information's post 13/06/2026

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ကြက်ခြေနီအသင်းခွဲမှ အသင်းဝင် ကျောင်းသား(၁)ဦး ပြန်ကြားဆက်သွယ်ရေးသင်တန်းတက်ရောက်

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ ပူးပေါင်းပြုလုပ်သည့် ပြန်ကြား ဆက်သွယ်ရေး သင်တန်းကို ၂၀၂၆ခုနစ်၊ ဇွန်လ(၈)ရက်နေ့နှင့် (၉)ရက်နေ့များတွင် Pan Pacific Hotel Yangon ၌ ဖွင့်လှစ်ခဲ့ရာ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ကြက်ခြေနီအသင်းခွဲမှ အသင်းဝင် စေတနာလုပ်အားရှင် ပထမနှစ်ကျောင်းသား မောင်ခန့်ထည်ဝါထွန်းသည် ရန်ကုန်တိုင်းဒေသကြီးရှိ တက္ကသိုလ်၊ ကောလိပ်များမှ စေတနာလုပ်အားရှင် (၂၀)ဦး နှင့် အတူ တက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းကို ကြက်ခြေနီလှုပ်ရှားမှု၏တန်ဖိုးများ၊ ကြက်ခြေနီ အခြေခံမူများ၊ ဆောင်ရွက်ချက်များနှင့် လုပ်ငန်းတာဝန်များ ကြက်ခြေနီလှုပ်ရှားမှု အကြောင်းအရာများကို ရှင်းရှင်းလင်းလင်းသိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ ကွင်းဆင်း ဆောင်ရွက်သူ ကြက်ခြေနီအသင်းဝင်များအတွက် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ကြက်ခြေနီ အခြေခံမူ(၇)ချက် အရေးပါပုံများ၊ အသင်းကိုယ်စားပြုသူများအနေဖြင့် ကြက်ခြေနီလူမှုဂရုဏာ လုပ်ငန်းများ လုပ်ဆောင်ရာတွင် ကွင်းဆင်းပြန်ကြားဆက်သွယ်ရေး၏ အရေးကြီးပုံများ၊ ရပ်ရွာ လူထုအား အဖွဲ့အစည်းအကြောင်း မည်ကဲ့သို့ရှင်းလင်းပြောကြားအသိပေးတင်ပြရမည်နှင့် လုပ်ငန်းဆောင်ရွက်နေစဉ် အပြန်အလှန်ပြောဆို ဆက်ဆံပြုမူရမည့် ပုံစံများနှင့် မိမိတို့၏ သက်ဆိုင်ရာအသင်းခွဲများ အနေဖြင့် ကြက်ခြေနီလူမှုဂရုဏာလုပ်ငန်းများ လုပ်ဆောင်ရာတွင် အဆင့်ဆင့်မည်သို့ဆက်သွယ်လုပ်ဆောင်ရမည်ဟူသည့်လုပ်ငန်းစဉ်များစသည့် အကျိုးကျေးဇူး များကို ရရှိခဲ့ကြောင်းသိရှိရပါ သည်။

12/06/2026

HRD Programmme
MEBM/MPA/MAR(First Batch)
Orientation Ceremony အတွက်ဖိတ်ကြားလွှာ။

11/06/2026

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် တက္ကသိုလ်စီမံခန့်ခွဲရေးစနစ် ဆော့ဖ်ဝဲလ်ပြုစုရေး ဆွေးနွေး

09/06/2026

အဂတိလိုက်စားမှုကင်းရှင်းစေရေး “1111” ကို ဖြေကြားပေးရန်ပြည်သူသို့အသိပေးနှိုးဆော်ခြင်း

05/06/2026

မြန်မာနိုင်ငံဘောဂဗေဒအသင်းနှင့်ပြည်တွင်းပြည်ပစီးပွားရေးလုပ်ငန်းရှင်များ၏အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ‌ဟောပြောဆွေးနွေးပွဲသို့ဖိတ်ကြားခြင်း

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Nakhon Si Thammarat?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Nakhon Si Thammarat