Thida Aung - Relationship & Inner Well-Being

Thida Aung - Relationship & Inner Well-Being

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thida Aung - Relationship & Inner Well-Being, Personal coach, Austin, TX.

I’m a Relationships & Inner Well-Being Educator who helps people transform their blind spots, heal their relationships, and create a life of awareness and possibility.

06/17/2026

“Relationships (ဆက်ဆံရေး) ဆိုတာ ဘာလဲ?

လူတစ်ဦးနဲ့တစ်ဦး (သို့မဟုတ်) တစ်ဦးထက်ပိုတဲ့သူတွေကြားထဲမှာ ရှိတဲ့ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာ ချိတ်ဆက်မှုနဲ့ ပတ်သက်မှုဆက်ဆံမှုတွေကို ခေါ်တာ ဖြစ်ပါတယ်။
ကျွန်မတို့ လူသားတွေဟာ အထီးကျန်ရပ်တည်လို့မရတဲ့ လူမှုရေးရာ သတ္တဝါတွေ ဖြစ်တာမို့ ဘဝမှာ မတူညီတဲ့ ဆက်ဆံရေးပုံစံအမျိုးမျိုးကို တည်ဆောက်ကြရပါတယ်။

ဆက်ဆံရေးတွေဟာ ပုံစံ၊ အနေအထား၊အခြေအနေအလိုက် ကွဲပြားမှုတွေ ရှိပါတယ်။

ခွဲခြားကြည့်မယ်ဆိုရင် -

၁။ မိသားစုဆက်ဆံရေး (Family Relationships)
သွေးသားတော်စပ်မှု၊ မွေးစားမှု (သို့မဟုတ်) အိမ်ထောင်ရေးအရ ချိတ်ဆက်ထားတဲ့ ဆက်ဆံရေးမျိုးပါ။ မိဘ၊ မောင်နှမ၊ သားသမီးတွေနဲ့ ဆက်ဆံရေးဖြစ်ပြီး ဒါဟာ ကျွန်မတို့ ဘဝရဲ့ ပထမဆုံးနဲ့ အခြေခံအကျဆုံး ဆက်ဆံရေး ဖြစ်ပါတယ်။

၂။ သူငယ်ချင်းအပေါင်းအသင်း ဆက်ဆံရေး (Friendships)
အပြန်အလှန် ယုံကြည်မှု၊ လေးစားမှု၊ ဝါသနာတူမှုတွေအပေါ် အခြေခံပြီး ကိုယ့်စိတ်ကြိုက် ရွေးချယ်တည်ဆောက်တဲ့ ဆက်ဆံရေးမျိုးပါ။ ဘဝအမောတွေကို ရင်ဖွင့်ဖို့နဲ့ ပျော်ရွှင်စရာတွေကို မျှဝေဖို့ သူငယ်ချင်းတွေ လိုအပ်ပါတယ်။

၃။ ချစ်သူ/အိမ်ထောင်ဖက် ဆက်ဆံရေး (Romantic Relationships)
လူတစ်ယောက်အပေါ်မှာ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ နက်နက်ရှိုင်းရှိုင်း ဆွဲဆောင်မှုရှိပြီး အချစ်၊ သံယောဇဉ်၊ ကတိကဝတ်တွေနဲ့ ရေရှည်လက်တွဲဖို့ ရည်ရွယ်တည်ဆောက်တဲ့ ဆက်ဆံရေးမျိုး ဖြစ်ပါတယ်။

၄။ လုပ်ငန်းခွင် ဆက်ဆံရေး (Professional Relationships)
အလုပ်အကိုင်၊ စီးပွားရေး တိုးတက်ဖို့အတွက် လုပ်ဖော်ကိုင်ဖက်တွေ၊ လူကြီးတွေ၊ ဖောက်သည်တွေနဲ့ တည်ဆောက်ရတဲ့ စည်းဘောင်ရှိတဲ့ ဆက်ဆံရေးမျိုး ဖြစ်ပါတယ်။

💡 ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု (Healthy Relationship) မှာ ရှိသင့်တဲ့ အချက်များ-

☘️အပြန်အလှန်လေးစားမှု (Mutual Respect)။
တစ်ယောက်ရဲ့ အမြင်၊ ခံစားချက်နဲ့ ကိုယ်ပိုင်စည်းတွေကို တစ်ယောက်က လေးစားခြင်း။

☘️ပွင့်လင်းစွာ ပြောဆိုဆက်သွယ်ခြင်း။(Effective Communication):
စိတ်ထဲရှိတာကို ဖုံးကွယ်မထားဘဲ ရိုးသားစွာ၊ အေးဆေးစွာ တိုင်ပင်ဆွေးနွေးနိုင်ခြင်း။

☘️ယုံကြည်မှု (Trust)။
တစ်ဦးအပေါ်တစ်ဦး သံသယမဝင်ဘဲ စိတ်ချအားကိုးနိုင်ခြင်း။

အကျဉ်းချုပ်ပြောရရင် ဆက်ဆံရေးဆိုတာ “အပြန်အလှန် ပေးဆပ်ခြင်းနဲ့ ရယူခြင်း (Give and Take)" မျှတနေရမယ့် အနုပညာတစ်ခု ဖြစ်ပါတယ်။

Overlap ဆက်ဆံရေးတွေကိုလဲ အထူးသတိထားရမှာ ဖြစ်ပါတယ်။
ဥပမာ- မိသားစု လုပ်ငန်းတွေမှာ မိသားစုဆက်ဆံရေးအပြင် အလုပ်ရှင်အလုပ်သမား (သို့) co-worker ဆက်ဆံရေး ဖြစ်နေတတ်တာမျိုးကို ဆိုလိုတာပါ။ သတိမထားမိလျှင် မိသားစု အချင်းချင်းကြား စိတ်ရှုပ်မှုတွေနဲ့ ကြုံတွေ့တတ်ပါတယ်။

သင်ကရော အခုလောလောဆယ် ဘယ်လိုဆက်ဆံရေးပုံစံမျိုး (ဥပမာ - ချစ်သူရည်းစား၊ မိသားစု သို့မဟုတ် သူငယ်ချင်း) နဲ့ ပါတ်သက်ပြီး ဘာအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါလဲရှင်။

🌺Relationship နဲ့ပါတ်သက်လို့ မိမိဘက်ကြိုးစားနေပေမဲ့ တဖက်က မပြောင်းလဲဘူး မိမိလိုချင်တဲ့ အနေအထားတွေဖြစ်မလာဘူး။
💡ဘယ်လိုလုပ်ရမှန်းမသိဘူး။ စိတ်အနှောင့်အယှက် အရမ်းဖြစ်နေရတယ် ဆိုရင်တော့ အခုလာမဲ့ August မှာ ဖွင့်မဲ့ DYR ( Designing Your Relationships) ကို join ပါလို့ ဖိတ်ခေါ်ချင်ပါတယ်။

သီတာအောင်🌸
June, 2026

#90%Off

06/17/2026

လူတော်တော်များများ တွေးလေ့ရှိတဲ့ 'ချမ်းသာကြွယ်ဝမှု (Abundance)' ဆိုတာ တကယ်တော့ ပိုက်ဆံအများကြီးရှိတာ တစ်ခုတည်းကိုပဲ ပြောတာလား...

ဒါမှမဟုတ် အဲ့ဒီထက်ပိုပြီး နက်ရှိုင်းတဲ့ အဓိပ္ပာယ်ရှိနေမလား?
#ချမ်းသာကြွယ်ဝမှု

06/15/2026

အတွေးဆိုတာ
စကားလုံးတွေနဲ့
အလုပ်လုပ်တာမို့
သင့်ရဲ့စကားလုံးတွေကို
သတိထားပါ။

သီတာအောင်🌸

06/14/2026

စိတ်အခံတွေရှိနေသရွေ့
စိတ်အရင်းခံတွေ
ပျောက်ဆုံးနေမှာပါ။

06/14/2026

အချစ်က အပြန်အလှန် နာကျင်စရာတွေ ဖြစ်လာတဲ့အခါ ကိုယ့်ဘက်က ဘာတွေ အရင်ပြင်ဆင်ရမလဲ

#နာကျင်ခြင်း #ပြင်ဆင်နိုင်ဖို့

06/13/2026

စစ်မှန်ရိုးသားမှု
မရှိကြခြင်းက
လူတွေမှာရှိတဲ့ပြဿနာဘဲ။

06/12/2026

“သတိသာလျှင် ဉာဏ်၏ အဓိက”

သတိ (Awareness)နဲ့ နေထိုင်ခြင်းဆိုတာ -

“မျက်မှောက်ပြုခြင်း”
အတိတ်ကို လွမ်းဆွတ်ခြင်း၊ အနာဂတ်ကို ပူပန်ခြင်းမရှိဘဲ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေကို အရှိအတိုင်း သိမြင်နေခြင်း ဖြစ်ပါတယ်။

“တုံ့ပြန်မှုမဟုတ်ဘဲ သိရှိမှု”
အရာရာကို အာရုံခံစားတဲ့အခါ စိတ်ခံစားချက်တွေနောက်ကို မလိုက်ပါသွားဘဲ၊ "ငါ" ဆိုတဲ့အတ္တကို ဖယ်ထားပြီး အခြေအနေကို ကြားနေသူတစ်ယောက်လို ကြည့်ရှုခြင်း ဖြစ်ပါတယ်။

“အမှားအမှန် ခွဲခြားနိုင်စွမ်း (ဉာဏ်)”
သတိကပ်ထားလေလေ၊ အခြေအနေကို ပိုပြီး ထင်ရှားစွာမြင်ရလေလေ ဖြစ်တဲ့အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေနဲ့ လုပ်ဆောင်ချက်တွေကို အလိုလို ဖြစ်ပေါ်စေပါတယ်။

“ရိုးသားမှုနဲ့သက်သေပြုခြင်:”
အမှားတခု ပြုမူ ကျုးလွန်နေရင်တောင် သတိလေးကပ်ပြီး အမှားအပေါ်သိနေခြင်း။
လူတယောက်အပေါ် လိမ်လည်ပြောဆိုနေရင်တောင် သတိရှိနေခြင်းက အကောင်းအဆိုးမပါ နောင်တမပါ မိမိအပြုအမူတွေကို ရပ်တန့်စေပါတယ်။

ဒါကို “သတိက ဉာဏ်ရဲ့ အစ" လို့လည်း ဆိုနိုင်ပါတယ်။ သတိမရှိရင် အသိမရှိပါဘူး အသိမရှိရင် ဉာဏ်မပွင့်သလို၊ ဉာဏ်မရှိရင်လည်း ဘဝမှာ မှားယွင်းမှုတွေ များတတ်ပါတယ်။

ဒီလိုမျိုး သတိနဲ့သာ နေထိုင်မယ်ဆိုရင် ကျွန်မတို့ရဲ့ နေ့စဉ်ဘဝမှာရော၊ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုအတွက်ပါ အကောင်းဆုံး အထောက်အကူ ဖြစ်စေမှာပါ။

သတိနဲ့ အမြဲနေထိုင်ဖို့အတွက် သင့်အတွက် ဘယ်အရာတွေက တားဆီးထားနေပါသလဲ?

သီတာအောင်🌸
June, 2026

#သတိနှင့်ဉာဏ်

#သတိဖြင့်နေထိုင်ခြင်း

#ဉာဏ်ပွင့်စေဖို့သတိကိုရှေ့ထား
#ဘဝလမ်းညွှန်
**
#သတိတရားလက်ကိုင်ထား
#ဘဝနေနည်းပညာရေး
#ဘဝနေနည်းနည်းလမ်းများ

06/11/2026

ချစ်လည်းချစ်တယ်၊ တစ်ယောက်ချင်းစီရဲ့ လွတ်လပ်မှုကိုလည်း မဆုံးရှုံးစေမယ့် အချစ်ရေးမျိုး ဘယ်လိုတည်ဆောက်မလဲ ?

06/11/2026

“လူ့တန်ဖိုး 🆚 ငွေ”

“လူ့တန်ဖိုးဆိုတာ ငွေရှာနိုင်မှုအပေါ်မှာပဲ မမူတည်ဘူး။
ကိုယ်ဖြစ်ချင်တဲ့သူ၊ ကိုယ်လုပ်ချင်တဲ့အရာကို နားလည်လာတဲ့အခါ
ကိုယ့်ရဲ့ ဖန်တီးမှုတွေကနေတဆင့်
ငွေကြေးဆိုတာ အလိုလို ဝင်လာပါလိမ့်မယ်။"
💡တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်ဖို့၊ ကိုယ့်ရဲ့ အရည်အချင်းကို အရင်မြှင့်တင်ပါ။

သီတာအောင်🌸

06/10/2026

တယောက်ထဲနေလို့
အဆင်မပြေပြန်ဘူးဆိုရင်
မိမိနဲ့ မိမိ
မတည့်ရှုလို့ဖြစ်တာပါ။

Want your school to be the top-listed School/college in Austin?

Click here to claim your Sponsored Listing.

Location

Category

Address


Austin, TX