07/13/2023
အခုနောက်ပိုင်း Chat GPT ကို သုံးတဲ့အခါ
စာအရှည်တွေ မေးလို့ရတယ်
Internet Plug in , Code Interpreter လို
Features အသစ်တွေသုံးလို့ရလာတယ်
ဆိုပေမဲ့
Chat GPT ထွက်ကာစတုန်းကလောက်တောင်
အဖြေတွေက သိပ်မတိကျတာ
အဆင်မပြေတာ သတိထားမိလား ?
Open AI ရဲ့ အတွင်းလူတွေနဲ့
AI Expert တွေ သုံးသပ်ထားတာကတော့
Chat GPT ကို အသုံးပြုတဲ့သူတွေ
အရမ်းများတဲ့အခါ
ဒီမေးခွန်းတွေကို ဖြေပေးဖို့
အသုံးပြုရတဲ့ computation cost အရမ်းများလာတဲ့
အတွက်
ရေရှည်လည်ပတ်နိုင်ဖို့ စရိတ်လျှော့တဲ့ အနေနဲ့
Chat GPT ကို Run တဲ့ အခါ
GPT 3.5 , GPT-4 (Large Foundation models) တွေလို
နယ်ပါယ် အမျိုးမျိုး data အချက်အလက်
အမျိုးကို Train လုပ်ထားတဲ့
Model size အကြီးတွေကို
အသုံးပြုမဲ့ အစား
သူတို့ရဲ့ version အသေးစား
expert AI model တွေကို
နယ်ပါယ် အသီးသီးအတွက်
(Fine Tuned) သီးသန့် ပြန်လည်ဖန်တီးထားပြီး
User က chat GPT ကို မေးခွန်းမေးတဲ့ အခါ
သက်ဆိုင်တဲ့ topic ကို
သက်ဆိုင်တဲ့Expert Model အသေးလေးတွေက
စုပေါင်း ဖြေပေးတဲ့
Mixture of Expert (Moe) ဆိုတဲ့
Technique ကိုသုံးထားတယ် လို့ပြောကြတယ်
Open AI ကတော့ မငြင်းသလို ဟုတ်တယ်လို့လဲ
ဝန်မခံထားသေးဘူး
ပိုကောင်းတာကတော့ Response ပိုမြန်လာတယ်
Image , Audio , Video စတဲ့
Data အမျိုးမျိုးကို အသုံးပြုပေး
မေးလို့ရလာတယ်
လုပ်ဆောင်မှုတွေ ပိုများလာတယ်
ဒါပေမဲ့ စဉ်းစားဖြေရှင်းရခက်တဲ့
Reasoning နဲ့ ပါတ်သက်တဲ့
ပြသနာတွေကို ဖြေရှင်းတဲ့ အခါ စွမ်းဆောင်ရည်
ကျလာတယ်
Official white paper ထွက်မှပဲ GPT-4 ရဲ့
Architecture ကို တိတိကျကျသိရမယ်ထင်တယ်
07/11/2023
02/28/2023