Learning With Tr Aye Moh

Learning With Tr Aye Moh

Share

A teacher.

06/12/2026

ပညာဒါနဆိုတာထက် ရွာက ကလေးလေးတွေကို ပညာတတ်စေချင်လို့ စာသင်ပေးတာပါ...
ပညာတတ်မှ သူတို့ဘ၀လေးတွေ လှပမှာပါ...
ကလေးတိုင်းဟာ တစ်မျိုးစီတော်ကြပါတယ်...
ပြုစုပျိုးထောင်ပုံခြင်းကွာခြားသွားလို့ ကွဲပြားသွားတာပါ😔

#ချစ်ခြင်းများဖြင့်


#အခမဲ့သင်ကြားရေး

06/12/2026

ကဲလာပြီလေ😍
အားလုံးပျော်ပျော်ကြီး လိုက်ဆိုပြီး Father's Day နေ့လေးအတွက် အကြိုဂုဏ်ပြုသီဆိုကြရအောင်
Father's Day is just for you, just for you 🎵🎶🎼

ကျောင်းအသစ်၊ ဆရာ၊ဆရာမတွေကလည်းအသစ်၊ ကျောင်းသူ/သားတွေကလည်းအသစ် အခုမှကျောင်းဖွင့်တာ ၂ပတ်ပဲရှိသေးတာ အားလုံးအားလုံး ရင်းနှီး ပျော်နေကြလို့ ၀မ်းသာပီတိဖြစ်ရပါတယ်...❤️

#ချစ်ခြင်းများဖြင့်

06/05/2026

ကလေးကြီးကလည်းငိုတယ်။ ကလေးငယ်လည်း ငိုတယ်။ ပြီးတော့ ရိုးရိုးသားသားပြောရရင်... မိခင်ဖြစ်သူလည်း ငိုရတဲ့ အခိုက်အတန့်အခြေအနေတွေရှိခဲ့တယ်မဟုတ်လား....?

ကလေးကြီးက ပွေ့ဖက်ထားခံချင်ခဲ့တယ်။ ကလေးငယ်က အာရုံစိုက်မှုကို လိုချင်ခဲ့တယ်။ မိခင်ဖြစ်သူက အိမ်အလုပ်တွေက မပြီး.....အဝတ်တွေ ပုံထားတယ်။ ပန်းကန်တွေက စောင့်နေတယ်။ ပြီးတော့ မိခင်ဖြစ်သူကို တစ်ပြိုင်နက်တည်း အရပ်မျက်နှာတိုင်းကို ဆွဲခေါ်နေသလို ခံစားရတယ်။

ဆူညံသံတွေ အရမ်းကျယ်လောင်တယ်၊ မောပန်းနွမ်းနယ်မှုက အရမ်းလေးလံတယ်လို့ ခံစားရတဲ့အချိန်တွေ ရှိခဲ့တယ်မလဟုတ်လား.... မိခင်တိုင်က လုံလောက်အောင် လုပ်ခဲ့ရဲ့လားလို့ တွေးမိခဲ့ပါတယ်။

မိခင်ဘဝဆိုတာ အမြဲတမ်း ပြီးပြည့်စုံတယ်လို့ မဆိုနိုင်ပါဘူး။ တစ်ခါတလေ မျက်ရည်တွေ၊ ဒေါသထွက်တာတွေ၊ အိပ်မပျော်တဲ့ညတွေနဲ့ ကိုယ့်မှာရှိတဲ့ အရာအားလုံးကို ပေးဆပ်ရင်း ဗလာနတ္ထိ ပြေးလွှားနေရတာတွေ ရှိတယ်။

ဒါပေမယ့် အခက်ခဲဆုံးနေ့တွေမှာတောင် ဒီကလေးငယ်လေးတွေက အမေဖြစ်သူကို သူတို့ရဲ့ကမ္ဘာကြီးလို သတ်မှတ်ထားတာကြောင့် မိခင်တွေပြိုလဲလည်း ခဏပါပဲ.....
တစ်နေ့မှာ အိမ်က ပိုတိတ်ဆိတ်သွားမယ်၊ အရုပ်တွေ ပျောက်ကွယ်သွားလိမ့်မယ်၊ ဒီရှုပ်ထွေးတဲ့ အချိန်တွေကို မိခင်တိုင်း တွေးနိုင်တာထက် ပိုပြီး လွမ်းဆွတ်မိလိမ့်မယ်။

ဒါကြောင့် ခဏတာပြိုလဲပြီးသွားတိုင်း အသက်ကို ပြင်းပြင်းရှူပြီး ကိုယ့်ကိုလိုအပ်နေတဲ့ကလေးတွေအတွက် ပိုလို့သန်မာအောင်နေရပါတယ်.. မနက်ဖြန်အတွက် ဒီလူသားလေးတွေရဲ့အားအင်နဲ့ လဲကျနေရာကနေ ပြန်ထနိုင်‌ေအာင်ကြိုးစားရပါတယ်...

ဘာလို့လဲဆိုတော့ အဲဒါက အမေတွေ လုပ်လေ့ရှိတဲ့ အရာပဲ။ ❤️

မိခင်တွေက ကလေးတွေကို အရာအားလုံးထက် ပိုချစ်ကြပါတယ် ❣️

#အမေဘဝ

06/02/2026

မောင်နှမ(၂)ယောက်ရေးထားတဲ့ ကဗျာလေး အားပေးကြပါဦးရှင့်🙏

" #စာပေသစ္စာ "

ငါ့ဟဲ့ ယောက်ျား
ကလောင်ဓါးနှင့်
တင်စားရဲရင့်
ပညာတင့်သော်
ကိုယ်ကျင့် လည်းပြင်
လမ်းသစ်ထွင်မည်။

ငါ့ဟဲ့မိန်းမ
ဣတ္ထိယလည်း
ပညာ့တောင်ပံ
ရွက်ကုန်လှန်၍
နန်းစံအေးရိပ်
ဝဠာထိပ်မှာ
ကိုယ်၌လည်းပြင်
လမ်းသစ်ထွင်မည်။

ငါတို့ ညီဘွား
ကလောင်ဓါးနှင့်
မြင်ကြားပဲ့ပြင်
သိပ္ပ သင်ကာ
ကမ္ဘာအနှံ့
ကလောင်ဆက်မည်။
စာပေသစ္စာ တည်စေသော်။

လမင်းဝသုန်၊ မြတ်မင်းဝသုန် (ကျောက်ဆည်)

Photos from Learning With Tr Aye Moh's post 06/02/2026

ဒီကလေးတွေဟာ စာသင်ခန်းကိုမရောက်ခဲ့ရင် လမ်းဘေးရောက်သွားမှာပါ...
စာသင်ခန်းထဲကို အရောက်ပို့ပေးခဲ့ကြတဲ့ အလှူရှင်အယောက်စီတိုင်းကို ရင်ထဲကနေကျေးဇူးတင်ရှိပါတယ်ရှင့်
ဆက်လက်ပြီး တက်နိုင်သလောက် ကလေးလေးတွေပညာရေးအတွက် ပါဝင်ကူညီပေးကြဖို့မေတ္တာရပ်ခံအပ်ပါတယ်ရှင့်
မိတ်ဆွေတို့လှူဒါန်းပေးလိုက်တဲ့ ကျောင်းဝတ်စုံ၊ လွယ်အိတ်၊ စာရေးကိရိယာလေးတွေဟာ ကျောင်းတက်ဖို့ တကယ်ကိုငွေကြေးအဆင်မပြေကြတဲ့ ကလေးလေးတွေဆီကို အရောက်ပေးပို့လှူပေးထားပါတယ်ရှင့်

06/02/2026

ငွေကြေးအဆင်မပြေတဲ့သားလေးတစ်ယောက်အတွက်G-7 ပုံနှိပ်‌လေးတစ်စုံလောက် ကူညီပေးပါဦး
အဟောင်းလည်းရပါတယ်ရှင့်🙏

06/02/2026

စောစောစီးစီးမြင်ရကြားရတာ စိတ်မချမ်းသာဘူး
အခုခေတ်ကလေးတစ်ယောက်ကိုကျောင်းထားရတာလည်းမလွယ်ဘူး
စားဖို့တောင်အနိုင်နိုင် မရှိတဲ့ကြားထဲက ဖြစ်ညှစ်ပြီး ကလေးပညာတတ်ဖို့အရေး ရုန်းကန်ပြီး ‌ကျောင်းထားရပါတယ်ဆိုမှ အတန်းပိုင်ကျူရှင်တက်ရမယ်တဲ့...
အဲလိုမှကလေးက မတက်ရင် အတန်းထဲမျက်နှာငယ်ရမယ်တဲ့
ကျူရှင်တက်တဲ့ ကလေးတွေကိုလည်း အလှည့်ကျမုန့်ကျွေးရမယ်ဆိုတော့....ပြောစရာစကားလုံးတွေပျောက်သွားပါတယ်...
ကလေးလေးဘက်ကနေတွေးကြည့်ပြီး စိတ်မကောင်းဖြစ်မိတယ်...😔
ကျူရှင်သင်တာလက်ခံတယ် သင်ပါ မပြေလည်တဲ့ကလေးလေးတွေ ကျူရှင်မတက်ခဲ့ရင် အတန်းထဲမှာ ဆရာ၊ဆရာမတွေက မျက်နှာမငယ်အောင် ကာကွယ်ပေးလို့ရတယ်မလားရှင့်...

Photos from Learning With Tr Aye Moh's post 06/01/2026

ကျောင်းဖွင့်အမှီ ငွေကြေးအဆင်မပြေအခက်ခဲရှိတဲ့ ရွာဘက်က ကလေး(၃၀၀)နီးပါးခန့်ကို အလှူရှင်များရဲ့ စုပေါင်းအင်အားနဲ့ကျောင်းတက်ခွင့်ရရှိအောင် အဆင်ပြေပြေဆောင်ရွက်နိုင်ခဲ့ပါပြီရှင့်
အဖြူစိမ်းဝတ်စုံများ၊ ဗလာစာအုပ်များ၊ လွယ်အိတ်များ၊ ထမင်းဗူးများ၊ ရေဗူးများ၊ စာရေးကိယာများအားလုံးကို ရောက်ရှိလာသော ကလေးငယ်များအား အညီအမျှ ခွဲဝေလှူပေးခဲ့ပါတယ်ရှင့်
နဂိုမူလ ကလေးပေါင်း (၁၈၆)ဦးအတွက်စီစဉ်ထားပေမယ့် တကယ်တမ်းထပ်မံရောက်ရှိတိုးလာတဲ့ကလေးဦးရေဟာ (၃၀၀)နီးပါးခန့်ရှိခဲ့ပါတယ်...😊
ယခုပုံပါကလေးငယ်များကတော့ ငယ်တိုးကျေးရွာမှကလေးများဖြစ်ပါတယ်
ပါဝင်ကူညီလှူပေးကြတဲ့အလှူရှင်အယောက်စီတိုင်းကို ရင်ထဲကနေ ကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင့်❤️🙏
ကုသိုလ်များထပ်တူရရှိကြပါစေရှင့်🙏🙏🙏

05/28/2026

ကလေးလေးတွေအတွက် ဗလာစာအုပ်လေးတွေလိုနေသေးလို့ပါ ကူညီပေးပါဦးရှင့်🙏

05/28/2026

ကျောင်းတက်ဖို့ ငွေကြေးအဆင်မပြေတဲ့ ကလေးငယ်များအတွက် ဗလာစာအုပ် 72 ဒါဇင်လိုအပ်နေပါသေးတယ်
လက်ရှိ 114 ဒါဇင်လက်ခံရရှိပါပြီ
ခဲတံ၊ ဘောပင်၊ ခဲဖျက်၊ ပေတံ၊ ခဲချွန်စက်များ အလုံလောက် လက်ခံရရှိပါပြီရှင့် 🙏
ကလေးတစ်ယောက်ကို ဗလာစာအုပ်တစ်ဒါဇင် ပေးလှူမှာဖြစ်လို့ ကူညီပေးကြဖို့ မေတ္တာရပ်ခံပါတယ်ရှင့်

ဆက်သွယ်လှူဒါန်းလိုသူများ Page Messenger မှာဆက်သွယ်ပေးပါရှင့်🙏

Want your school to be the top-listed School/college in Milwaukee?

Click here to claim your Sponsored Listing.

Location

Telephone

Address


Milwaukee, WI